#ထန်ကျုံ့ကျောက်၊ ကစားပွဲကပိုကြီးလာပြီ#
Vol. 90 Ch. 1264
တိုက်ပွဲက နှစ်ရက်ကြာဆက်ဖြစ်ခဲ့သည်။
အဆုံးတွင် ချန်းကျီနှင့်ကောတာလဲ့တို့ ဦးဆောင်ခဲ့သည့် ကျန်လေးယောက်က ကွင်းထဲကနေ အသီးသီးနောက်ဆုတ်သွားကြရသည်။
ထန်ကျုံ့ကျောက်အနည်းငယ်မောပန်းနေပုံရပြီး မြေပေါ်လဲကျပစ်ကာ ရယ်မောရင်း တစ်ကိုယ်လုံး အရိုးတမျှနက်ရှိုင်းသည့်ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သွေးစက်များစီးကျနေသော ရှောင်ဟိုင်ကို ကြည့်ပြီး ပြောသည်။
"ကောင်းလိုက်တဲ့ပူးပေါင်းမှု"
ထို့နောက်သူလက်သီးဆန့်ထုတ်လိုက်၏။
ရှောင်ဟိုင်ကလည်း လက်သီးဆန့်ထုတ်ရင်း
ထန်ကျုံ့ကျောက်၏ လက်သီးကို အသာလေးပုတ်လိုက်၏။
"မင်းကအရမ်းအားကောင်းတာပဲ"
နယ်ပယ်တူထဲက ပါရမီရှင်များစွာထံမှ တိုက်ခိုက်မှုများကို ဒီလောက်အကြာကြီး ခံနိုင်ရည်ရှိခြင်းက အထင်ကြီးစရာကောင်းလောက်သည့် စွမ်းဆောင်ရည်တစ်ခုပေတည်း။
ထန်ကျုံ့ကျောက်ရယ်မောသည်။
"မင်း မှောင်မိုက်တဲ့ကာလတွေမှာ ဖြတ်တောက်ခံထားရတဲ့ အမွေအနှစ်ကို ဆုပ်ကိုင်ထားရင်း မင်းသေမျိုးနယ်မြေရဲ့ ထောက်တိုင်တစ်ခုဖြစ်လာမယ်လို့ ငါခံစားချက်တစ်ခုရနေတယ်"
ထောက်တိုင်လား!
ရှောင်ဟိုင်အပြုံးတစ်ပွင့်ပြသသည်။ အကြောင်းရင်းက ထောက်တိုင်ဖြစ်လာမှာက သူတစ်ယောက်တည်းမဟုတ်ဘဲ အလားတူပင် စံအိမ်တော်က လူတိုင်းကလည်း သေမျိုးနယ်မြေ၏ အမြင့်ဆုံးကို ရောက်သွားကြမည်သာ။
ရုတ်တရက် ရှောင်ဟိုင်သိချင်စိတ်ဖြင့် မေးသည်။
"ခေးအောစ့်နယ်မြေက ဘယ်လိုနေရာမျိုးလဲ"
ခေးအောစ့်နယ်မြေ!
ထန်ကျုံ့ကျောက် အစပိုင်းကအံ့ဩသွားသော်လည်း မကြာမီ နားလည်သည့်အသွင်ခေါင်းညိတ်ကာ ရှင်းပြသည်။
"ခေးအောစ့်နယ်မြေကို တစ်ယောက်ယောက်မသိဘူးဆိုတာက အရမ်းရှားပေမယ့် အမွေအနှစ်ပြတ်တောက်မှုက သေမျိုးနယ်မြေက အချိန်ကြာရှည်အောင် သီးခြားဖြစ်သွားစေလို့ သတင်းအချက်အလက်တွေ ဆုံးရှုံးမှုက ဖြစ်နိုင်ပါတယ်"
"ဒီလိုပြောရအောင်၊ ခေးအောစ့်နယ်မြေလို့ ခေါ်ရတဲ့အကြောင်းရင်းက နယ်မြေခြောက်ခုရဲ့ ဗဟိုချက်မှာနည်ရှိလို့ပဲ၊ တကယ်လို့ အထူးနည်းလမ်းတစ်ခုခုမရှိဘူးဆိုရင် နောက်ထပ်နယ်မြေတစ်ခုခုကို ရောက်ဖို့အတွက် ခေးအောစ့်နယ်မြေကို ဖြတ်ရတယ်၊ ဘာလို့လဲဆိုတော့ နယ်မြေတွေပြားက ကြယ်တာယာပင်လယ်ရဲ့ ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်က မယုံနိုင်စရာကောင်းလောက်အောင် ရှုပ်ထွေးလို့ပဲ၊ နတ်ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတွေတောင် ဘေးကင်းကင်းဖြတ်သန်းနိုင်မယ်လို့ အာမမခံနိုင်ဘူး"
"ဒါက ခေးအောစ့်နယ်မြေထဲမှာ နယ်မြေအားလုံးက ကျင့်ကြံသူတွေကို ရောထွေးသွားစေတယ်၊ ခေးအောစ့်နယ်မြေက ရှေးခေတ်တုန်းက သေမျိုးနယ်မြေလောက် အားမကောင်းဘူး၊ မင်းတို့လူသားဘိုးဘေးတွေတောင် တစ်ခါက ခေးအောစ့်နယ်မြေထဲမှာ ဂုဏ်သတင်းကြီးမားခဲ့တယ်"
"နယ်မြေအားလုံးက လူတွေရဲ့ရောနှောမှုကြောင့်ပဲ ခေးအောစ့်နယ်မြေမှာ တခြားနယ်မြေငါးခုနဲ့ ဆက်စပ်နေတဲ့ စွမ်းအားအဆင့်တစ်ခုမရှိဘဲ ခြွင်းချက်တစ်ခုအဖြစ် မှတ်ယူခံရတယ်"
ရှောင်ဟိုင်အနည်းငယ်ခေါင်းညိတ်ရင်း မေးသည်။
"ဒါဆို နယ်မြေတွေကို သီးခြားပိုင်းဖြတ်ကြည့်မယ်ဆိုရင် ခေးအောစ့်နယ်မြေမှာ စွမ်းအားအဆင့်အရ ဘယ်နေရာမှာရပ်တည်လဲ"
ထန်ကျုံ့ကျောက် ခပ်ရေးရေးပြုံးရင်း ရှောင်ဟိုင်ကို ဂုဏ်ယူ၀င့်ကြားစွာကြည့်သည်။
"ခေးအောစ့်နယ်မြေရဲ့နက်ရှိုင်းမှုကို ဘယ်သူမှမသိဘူး၊ ဒါပေမယ့် အကြီးကျယ်ဆုံးကာလက သေမျိုးနယ်မြေနဲ့ယှဉ်ရမယ် ဆိုရင်တောင် နည်းနည်းပိုသေးတယ်"
ဒါကိုကြားသောအခါ ရှောင်ဟိုင်ရုတ်တရက် နားလည်သွားရသည်။
ခေးအောစ့်နယ်မြေက ပါရမီရှင်များ ဒီလောက်ကြောက်စရာကောင်းနေသည်မှာ အံ့ဩသင့်စရာမရှိတော့။
ထန်ကျုံ့ကျောက် မြေပြင်၌လဲကာ လက်နှစ်ဖက်ကိုဖြန့်ထားပြီး ကောင်းကင်ကို မော့ကြည့်ရင်း ညင်သာစွာပြောသည်။
"မင်းလည်း နောက်ဆုံးမှာတော့ မှတ်တိုင်တစ်ခုစိုက်ထူဖို့ ခေးအောစ့်နယ်မြေကို ရောက်လာမှာပါ၊ အဲဒီအချိန်ရောက်လာခဲ့ရင် မင်းဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ၀င်မယ်လို့ မျှော်လင့်ပါတယ်"
"ဘာလို့အင်အားစုတစ်ခုခုမှာ ၀င်ဖို့လိုတာလဲ" ရှောင်ဟိုင်သိချင်နေမိသည်။
"ဘာလို့လဲဆိုတော့ ခေးအောစ့်နယ်မြေမှာ မင်းအင်အားစုတစ်ခုမှာ မ၀င်ဘူးဆိုရင် လူသားဘိုးဘေးတွေအတွက်တောင် တစ်လက်မလောက်ရွေ့ဖို့ဆိုတာ ခက်ခဲတယ်" ထန်ကျုံ့ကျောက်အပြုံးဖြင့် ပြောသည်။
"အမွေအနှစ်မြေတစ်ခုကို၀င်ဖို့ဖြစ်ဖြစ်၊ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ၀ယ်ဖို့ဖြစ်ဖြစ်၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အတွက် ပုံမှန်လမ်းကြောင်းတွေဆိုတာ မရှိဘူး၊ အနက်ရောင်ဈေးကွက်ထဲမှာ သတ်ဖြတ်တာ၊ ဒါမှမဟုတ် အတင်းဖမ်းပြီး လုယက်တာမျိုးအတွက်ပဲ စွန့်စားလို့ရမယ်"
"နောက်ခံမရှိဘူးဆိုရင် အရင်းအမြစ်တွေ သယ်သွားရင်တောင် ပစ်မှတ်ထားခံရလိမ့်မယ်"
ခေးအောစ့်နယ်မြေက ပရမ်းပတာဖြစ်နေသည်။
သေမျိုးနယ်မြေအပါအ၀င် တခြားနယ်မြေများ၌ ပွင့်လင်းသည့်စည်းမျဉ်းများရှိပြီး မလိုက်နာ၍မရဟုဆိုပါက ခေးအောစ့်နယ်မြေတွင် ပွင့်လင်းထင်ရှားသော စည်းမျဉ်းများဟူ၍မရှိ။ ဘာမဆိုဖြစ်ပျက်သွားနိုင်ပြီး ဒါက ဥပဒေမဲ့ဇုန်တစ်ခုပင်။
"မင်းဆက်လက်တိုးတက်ချင်တယ်ဆိုရင် နယ်မြေအားလုံးက ပါရမီရှင်တွေ တောက်ပနိုင်မယ့် တယ့်နေရာနစ်ခုဖြစ်တဲ့ ခေးအောစ့်နယ်မြေကို လာခဲ့ပါ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ငါသေချာပေါက်သွားမှာပါ၊ ဒါပေမယ့် ငါတစ်ယောက်တည်းတော့မဟုတ်ဘူး"
ထန်ကျုံ့ကျောက် အံ့ဩသင့်သွားရသည်။
"မင်းတစ်ယောက်တည်းမဟုတ်ဘူးလား၊ သေမျိုးနယ်မြေမှာ မင်းနဲ့ယှဉ်နိုင်တဲ့ တခြားပါရမီရှင်တွေရှိသေးလို့လား"
ဒါကိုကြားသော် ရှောင်ဟိုင်ရယ်မောသည်။
"ငါ့နဲ့ယှဉ်နိုင်တာလား၊ ငါ့ဆရာတူညီအစ်ကိုမောင်နှမတွေထဲမှာ ငါက ခန္ဓာကျင့်ကြံခြင်းမှာ ပိုအားကောင်းလောက်ပေမယ့် တခြားရှုထောင့်တွေမှာ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ထူးခြားတဲ့ကျင့်ကြံခြင်းလမ်းစဉ်ရှိကြတယ်၊ ငါ့အမြင်မှာတော့ သူတို့က ကိုယ်စားပြု နယ်ပယ်အသီးသီးမှာ ထိပ်တန်းပါရမီရှင်တွေပဲ"
ဆရာတူညီအစ်ကိုမောင်နှမတွေလား!
"အခုလက်ရှိသေမျိုးနယ်မြေ အခြေအနေနဲ့ မင်းလိုမျိုး ပါရမီရှင်တွေကို နယ်ပယ်စုံမှာ တစ်ပြိုင်နက်တည်း ပျိုးထောင်ပေးဖို့ဆိုတာ ဖြစ်နိုင်သေးတာလား"
ထန်ကျုံ့ကျောက်တွင် သံသယများရှိနေခြင်းက အံ့ဩသင့်စရာမဟုတ်ပါ။ ရှေးခေတ်က သေမျိုးနယ်မြေသာဆိုပါက အဇူရာကောင်းကင်ကျောင်းတော်ကဲ့သို့ တည်ရှိမှုမျိုးအရ သူယုံမည်သာ။
သို့သော် သေမျိုးနယ်မြေ၏ လက်ရှိအခြေအနေနှင့် ဒီလိုအရင်းအမြစ်တွေ အမှန်တကယ်ရှိနိုင်မည်လား။
"အချိန်တန်ရင် မင်းသိလာရမှာပါ"
အရာများက ရှောင်ဟိုင်ပြောသလို တကယ်သာဖြစ်ခဲ့ပါက သူရတနာတစ်ခုကို အမှတ်မထင်တွေ့မိသွားခဲ့သည်ဟု ထန်ကျုံ့ကျောက် ခံစားရပေလိမ့်မည်။ ထို့ကြောင့် စိတ်လှုပ်ရှားစွာပြောလာသည်။
"ဒါဆို မင်း ငါတို့ရဲ့ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို လာရမယ်၊ အဲဒီမှာ မင်းလွတ်လပ်မှုကို အပြည့်အ၀ခံစားလို့ရတယ်၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကသာလျှင် ကျောင်းသားတွေကို အာဏာနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းရင်း လွတ်လပ်စွာ ဖွံ့ဖြိုးလာနိုင်ဖို့အတွက် နေရာပေးနိုင်တယ်"
ရှောင်ဟိုင်ပြုံးရင်း ပြန်ဖြေသည်။
"ကြည့်ကြတာပေါ့"
မည်သို့ပင်ဆိုစေကာမူ စီနီယာအစ်ကိုနင်းနှင့် ဒုတိယစီနီယာအစ်မတို့က အဇူရာကောင်းကင်ကျောင်းတော်၏ တာ၀န်များကို ယူထားပုံပေါ်သည်။
ဒီအခိုက်အတန့်မှာပင် ကောင်းကင်ကနေ အသံတစ်သံထွက်လာသည်။
"ပဉ္စမမြောက်စမ်းသပ်မှုအတွက် မင်းတို့နှစ်ယောက် ထိပ်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရသူက အမွေခံဖြစ်လာမယ်"
ရှောင်ဟိုင် ထန်ကျုံ့ကျောက်ကို စိုက်ကြည့်ပြီးပြောသည်။
"မင်းပြန်ကောင်းလာတဲ့အခါကြမှ တိုက်ခိုက်ကြရအောင်"
ထန်ကျုံ့ကျောက် အပြည့်အ၀ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည့် ရှောင်ဟိုင်၏ခန္ဓာကို ကြည့်လိုက်၏။ ဒဏ်ရာများက မကြာသေးခင်က တိုက်ပွဲက ဘယ်တော့မှ မဖြစ်ပျက်ခဲ့သည့်အလား ပျောက်ကွယ်သွားလေရာ သူရေရွတ်လိုက်မိသည်။
"မင်းသွေးကြောကို ခေးအောစ့်နယ်မြေမှာတောင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်လို့ရတယ်၊ ဒါပေမယ့်....."
ဒီနေရာတွင် ထန်ကျုံ့ကျောက် ရုတ်တရက်ပြုံးလိုက်ပြီး ကောင်းကင်ဆီသို့ ပြန်လှည့်လိုက်၏။
"မင်းခေးအောစ့်နယ်မြေကို ရောက်တဲ့အခါကျမှ ဒီတိုက်ပွဲကို ဆက်ကြတာပေါ့"
ရှောင်ဟိုင်အနည်းငယ်အံ့ဩသွားရသည်။
"မင်းဘာကိုဆိုလိုတာလဲ"
"ဆိုလိုတာက ငါဒီပဉ္စမမြောက်စိန်ခေါ်မှုကို အရှုံးပေးလိုက်တာပဲ၊ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အမွေဆက်ခံသူနေရာက မင်းအတွက်ပါ" ထန်ကျုံ့ကျောက်ရှင်းပြသည်။
ထန်ကျုံ့ကျောက်၏ အတွေးအခေါ်က ရှင်းပါသည်။ ငရဲကိုးဘုံမြေအောက်ကမ္ဘာ၏ အဆင့်မြင့်အရာရှိနှစ်ဦး ရှောင်ဟိုင်ကို ဒီနေရာသို့ ကိုယ်တိုင်လိုက်ပို့တာကို မြင်ရသောအခလ ရှောင်ဟိုင်က ငရဲကိုးဘုံမြေအောက်ကမ္ဘာ၏ အထက်ပုဂ္ဂိုလ်များ တန်ဖိုးထားသည့် လူတစ်ယောက်ဆိုတာ သူသိလိုက်ရသည်။
ငရဲကိုးဘုံမြေအောက်ကမ္ဘာ၏ တန်ဖိုးထားခြင်းကို ခံရသည့်လူတစ်ယောက်၏ ပါရမီက မည်သို့မည်ပုံချို့တဲ့နိုင်မည်နည်း။
ဒါ့အပြင် မကြာသေးခင်က တိုက်ပွဲများကို မြင်ပြီးနောက် ရှောင်ဟိုင်က ကမ္ဘာတစ်လွှား၌ ကျော်ကြားရန်အတွက် ကံသတ်မှတ်ခံထားရသည်ဟု ထန်ကျုံ့ကျောက် ကြိုခံစားနေရသည်။
ထို့ကြောင့် လိုအပ်သည့်အချိန်တွင် ခင်မင်ရင်းနှီးမှုကို ပြသခြင်းကပိုကောင်းသည်။ ၎င်းနောက် ရေစီးကြောင်းနှင့်အတူ စီးဆင်းသောအခါ ကူညီပေးသည့်လက်ကို ဆန့်တန်းပေးထားရမည်။ ဒီနည်းနှင့် မိတ်ဆွေဖွဲ့ခြင်းအားဖြင့် ထန်ကျုံ့ကျောက်အတွက် ပို၍ပင် အထောက်အကူဖြစ်ပေလိမ့်မည်။
ဒါ့အပြင် ရှောင်ဟိုင်က ငရဲကိုးဘုံမြေအောက်ကမ္ဘာက တန်ဖိုးထားခံရသည့်လူတစ်ယောက်ဖြစ်လေရာ ဒီလိုလှုပ်ရှားမှုမျိုးက မြေအောက်ကမ္ဘာ၏ ကျေးဇူးကိုလည်းရရှိနိုင်ပြီး သူ့၏ ကျယ်ပြန့်သော စိတ်နေသဘောထားကိုလည်း ပြသနေသည်။
မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် သူ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က တန်ဖိုးထားရသည့် ပါရမီရှင်တစ်ယောက်ကို အနိုင်ယူခဲ့လျှင်ပင် အထက်ပုဂ္ဂိုလ်များက သူ့ကို အထင်အမြင်သေးကြမည်သာ။
အစကတည်းက ထန်ကျုံ့ကျောက် ဒီမြင်ကွင်းကို စိတ်ထဲတွင် ရေးဆွဲထားပြီးဖြစ်သည်။
ထို့နောက် နှစ်များစွာအကြာတွင် တပည့်များနှင့် မဟာအကြီးအကဲများ ထန်ကျုံ့ကျောက်ကို သူ့ဘ၀၌ လုပ်ဖူးသမျှအရာများထဲတွင် အမြော်အမြင်အရှိဆုံးအရာက ဘာလဲဟု မေးလာသောအခါ ထန်ကျုံ့ကျောက် ဒီဖြစ်ရပ်ကို ပြောပေလိမ့်မည်။
ထန်ကျုံ့ကျောက်၏တုံ့ပြန်မှုကို ကြားသောအခါ ရှောင်ဟိုင်တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။
"ငါမင်းကိုကျေးဇူးကြွေးတစ်ခုတင်သွားပြီ၊ မင်းငါ့ကို အချိန်အများကြီးသက်သာစေခဲ့တာပဲ"
ထန်ကျုံ့ကျောက်ရယ်မောသည်။
"ငရဲနတ်ဆိုးဒေသ သေမျိုးနယ်မြေကို တိုက်ခိုက်နေတာအတွက် မင်းအလျင်လိုနေတာမလား"
"ဆရာနဲ့ကျန်တဲ့သူတွေကိုတော့ ငါနားမချနိုင်လောက်ဘူး၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်က နယ်မြေတွေကြားက စစ်ပွဲကြီးတွေမှာ ပါ၀င်မှာမဟုတ်ဘူး၊ ပြီးတော့ ငါ့ဩဇာကလည်း သိပ်မကြီးမားဘူး၊ ဒါပေမယ့် အချိန်ကျလာတဲ့အခါကျရင် မင်းကိုကူညီပေးဖို့အတွက် ငါ့သူငယ်ချင်းတစ်ချို့ကို ခေါ်လာပေးတာကတော့ ပြဿာနာမရှိပါဘူး"
ရှောင်ဟိုင်ရယ်မောသည်။
"ဒီအတွက်ကျေးဇူးပဲ....ဒါနဲ့စကားမစပ်၊ ဘယ်နှစ်ယောက်လဲ"
ထန်ကျုံ့ကျောက်ရယ်မောကာ ထရပ်ပြီး ရှောင်ဟိုင့်ပခုံးကိုပုတ်သည်။
"မစိုးရိမ်ပါနဲ့၊ ငါ့မှာသူငယ်ချင်းအများကြီးရှိပါတယ်"
အပိုင်း(1265) coming။