#ထန်ကျုံ့ကျောက်ရောက်လာခြင်း#
Vol. 90 Ch. 1267
ဒီအခိုက်အတန့်၌ သေမျိုးနယ်မြေ၏ တည်ဆောက်ပုံက လုံး၀ပြောင်းလဲသွားခဲ့သည်။
ရှေ့တန်းစစ်တပ်က ရှေးဟောင်းစစ်မြေပြင်ကနေ ဆုတ်ခွာခဲ့ရပြီး စစ်ကို သေမျိုးနယ်မြေတစ်ခွင် ပျံ့သွားစေခဲ့သည်။
ယခုတွင်မူ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို လုံး၀ဆုံးရှုံးလိုက်ရသည်။ ငရဲနတ်ဆိုးဒေသမှ စစ်တပ်၏ အလုံးစုံကျူးကျော်မှုနှင့် သေမျိုးနယ်မြေအတွင်း စွမ်းအားရှင်တစ်ချို့ကို ရောထွေးလှည့်စားစေသည့် ဆန်းကြယ်အင်ပါယာအစောင့်များထံမှ ပရိယာယ်ဆန်ဆန်ပူးပေါင်းမှုများကြောင့် သူတို့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အပြည့်အ၀ သိမ်းပိုက်ခဲ့ကြသည်။
ကံကောင်းစွာပင် ဟုန်ရင်၏အစီအမံများကို အချိန်မီအထောက်အထည်ဖော်ခဲ့သဖြင့် နောက်ဆုတ်မှုကမြန်ဆန်ကာ အင်အားစုများစွာက အဆင့်နိမ့်နှင့် အဆင့်မြင့်ကြယ်နယ်မြေများသို့ အမြန်ပြောင်းရွေ့ခြင်းဖြင့် ဆုံးရှုံးမှုများကို လျော့ပါးစေခဲ့သည်။
စစ်မြေပြင်ကလည်းလုံး၀ကို ကွဲပြားနေသည်။
သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများက အဆင့်နိမ့်နှင့် အဆင့်မြင့်ကြယ်နယ်မြေများတွင် ပြန့်ကျဲနေသည်။
ငရဲနတ်ဆိုးဒေသကမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အခြေစိုက်စခန်းအဖြစ်သုံးကာ နှစ်ဘက်စလုံးဆီသို့ ဖြည်းဖြည်းချင်းစိမ့်၀င် တိုးချဲ့နေသည်။
သို့စေကာမူ စစ်မျက်နှာပြင်က လုံး၀ဆုတ်ခွာသွားသည့်အတွက်ကြောင့်ပင် ငရဲနတ်ဆိုးဒေသက သိမ်းပိုက်ထားသည့် နယ်မြေတိုင်းတွင် ကာကွယ်ရေးတပ်များကို ဖြန့်ကျက်ရန်လိုအပ်သဖြင့် သူတို့၏ တိုက်ခိုက်မှုနှုန်းနှင့် အမြန်နှုန်းက အကြီးအကျယ်လျော့ကျသွားပြီး သေမျိုးနယ်မြေအား တစ်ခဏကြာ အသက်ရှူရသွားစေခဲ့သည်။
အဆင့်နိမ့်ကြယ်နယ်မြေကို အင်မော်တယ်ဧကရာဇ်ကြီးကြပ်နေသည်။
အဆင့်မြင့်ကြယ်နယ်မြေကမူ မစ္စတာနှင့် အဖိုးကြီးယန်တို့၏ အမိန့်အောက်တွင် ရှိသည်။
အမှောင်နယ်မြေက သတင်းအချက်အလက်များလွှဲပြောင်းရန်နှင့် ငရဲနတ်ဆိုးဒေသအကြောင်း ထောက်လှမ်းရေးသတင်းများ စုဆောင်မှုအတွက် တာ၀န်ယူခဲ့သည်။
......
အဆင့်နိမ့်ကြယ်နယ်မြေ!
နယ်နိမိတ်မဲ့နယ်မြေ!
နယ်နိမိတ်မဲ့မင်းဆက်အတွင်း ဒီနေရာက အင်မော်တယ်ဧကရာဇ်နှင့် ထိပ်တန်းအဆင့်ခေါင်းဆောင်များ၏ ခံတပ်ဖြစ်လာရသည်။
မူလနယ်နိမိတ်မဲ့ဒေသမှ မုကျန်းထင်နှင့် တခြားထိပ်တန်းစွမ်းအားရှင်များက ဒီလိုလူများကို ရင်ဆိုင်ရသောအခါ အနည်းငယ် မထင်မရှားဖြစ်နေပုံရပြီး ဆင်ခြေဖုံးအရပ်မှ အရင်းအမြစ်များကို သယ်ယူပို့ဆောင်ရန်အတွက်သာ စီမံနိုင်ခဲ့ကြသည်။
အင်မော်တယ်ဧကရာဇ် သူ့ရှေ့က သဲစားပွဲကြီးကို ကြည့်ရင်း နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ရန်သူရဲ့တိုက်ခိုက်မှုက နှေးကွေးသွားပြီ"
ကောင်းကင်မြေအောက်ဗိမာန်နတ်သခင်ကလည်း သက်ပြင်းချသည်။
"ဒါက အလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးကို ပေးဆပ်ပြီးရလာတာပဲ...."
နတ်သခင်ဟောင်တျန်းချေပသည်။
"ဒီလိုသာမပေးဆပ်ဘူးဆိုရင် ငါတို့အားလုံး စုပေါင်းမယ်ဆိုရင်တောင် သူတို့ရဲ့ချီတက်မှုကို မတားနိုင်ဘူး၊ ရှေ့တန်းမှာ သေတပန်သက်တဆုံးတိုက်ခိုက်ရင်တောင် မဖြစ်နိုင်တာ၊ ဒီလိုသာဆိုရင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတင်မဟုတ်ဘဲ သေမျိုးနယ်မြေတစ်ခုလုံးက လုံး၀သိမ်းပိုက်ခံရလိမ့်မယ်"
ကျန်သောနတ်သခင်များနှင့် အစစ်အမှန်နတ်ဘုရားများက သူ့အမြင်ကို သဘောတူသည့်အသွင် ခေါင်းညိတ်ကြပြီးနောက် သူတို့ဘေးက ဟုန်ရင်ကို ကြည့်လိုက်ကြ၏။
"ဒီစိတ်ပျက်အားငယ်စရာကောင်းတဲ့ အရာအတွက် အစီအမံကို အချိန်မီအကောင်အထည်ဖော်နိုင်ခဲ့တာပဲ"
သူမ၏နည်းဗျူဟု နောက်ဆုံးအကြိမ် ထူးခြားစွာအလုပ်ဖြစ်ကတည်းက ဟုန်ရင် မရေမတွက်လူများ၏ စစ်ရေးအကြံပေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ မည်သည့်အစီအစဉ်ဖြစ်နေပါစေ သူတို့ဟုန်ရင်နှင့် အရင်ဆွေးနွေးမည်သာ။
"ဒါကငါတို့ကို အသက်ရှူခွင့်ပေးခဲ့တယ်ဆိုပေမယ့် အခြေအနေက အကောင်းမြင်လို့ရမယ့်အရာနဲ့ ဝေးကွာနေတုန်းပဲ" အင်မော်တယ်ဧကရာဇ် လေးနက်သော အမူအရာဖြင့်ပြောပြီး လူတိုင်း၏ မျှော်လင့်ချက်များကို ရေအေးဖြင့် ပက်ဖြန်းလိုက်၏။
ဟုန်ရင်ကလည်း ခေါင်းညိတ်သည်။
"အခုကျွန်မတို့ အသက်အောင့်ထားပြီး ငရဲနတ်ဆိုးဒေသရဲ့ တိုက်ခိုက်ရေးတပ်မျက်နှာကို ရှည်အောင် လုပ်ခွင့်ပေးထားရုံပဲ တတ်နိုင်တယ်၊ ဒါပေမယ့် အလားတူပဲ ကျွန်မတို့ရဲ့ ကာကွယ်ရေးလိုင်းကလည်း ပိုရှည်လျားလာတယ်"
ဒီစကားနှင့်အတူ ဟုန်ရင် သဲစားပွဲဆီသို့ လျှောက်သွားပြီးနောက် အနီရောင်အလံများစွာကို နေရာချကာ မျဉ်းနှစ်ကြောင်းခွဲလိုက်သည်။ ဒီမျဉ်းနှစ်ကြောင်းအလယ်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိပြီး အထက်နှင့်အောက်ဘက်က အဆင့်မြင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေတို့ကို ကိုယ်စားပြုသည်။
"ရန်သူ့စစ်မျက်နှာရှည်လာတာက ကျွန်မတို့အတွက် ရှေ့တန်းက ပိုရှည်လာမယ်လို့ ဆိုလိုတာပဲ၊ အင်အားစုအရေအတွက်မှာ လုံး၀ကွာခြားချက်ရှိတာမို့ ကြာရှည်တဲ့စစ်ပွဲက ရေရှည်မှာ ကျွန်မတို့အတွက် အကျိုးမရှိဘူး" သူမဆက်ပြောသည်။
ဟုန်ရင်၏ ရှင်းလင်းချက်ကို ကြားပြီးနောက် ခေါင်းဆောင်အများစုကလည်း နားလည်ကြသဖြင့် သူတို့၏အမူအရာများ လေးနက်သွားကြ၏။
ဟုန်ရင် အနီရောင်မျဉ်းနှစ်ကြောင်းကို လက်ညိုးထိုးပြသည်။
"ကျွန်မတို့အခုထိ အသာစီးရနေသေးတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်၊ ရန်သူက သေမျိုးနယ်မြေ၏ မြေမျက်နှာသွင်ပြင်ဆိုရာဖြန့်ကျက်မှုကို အပြည့်အ၀နားမလည်သလို သူတို့ရဲ့ ကင်းထောက်တပ်တွေကလည်း အသုံး၀င်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနိုင်စွမ်းမရှိသေးလို့ပဲ"
"ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မတို့က သေမျိုးနယ်မြေကို ကိုယ်ပိုင်လက်ဖဝါးလိုမျိုး သိကြပြီး အမှောင်ပိုင်နက်ရဲ့ ထောက်လှမ်းရေးသတင်းစုစည်းမှုနဲ့ဆိုရင် ရန်သူကို ကြိုတင်ခန့်မှန်းနိုင်ပြီး ကာကွယ်ရေးအတွက် ပစ်မှတ်ထားတဲ့ နေရာတွေမှာ တပ်ဖွဲ့တွေကို ကြိုတင်စုဆောင်းနိုင်တယ်" သူမဆက်ပြောသည်။
အင်မော်တယ်ဧကရာဇ်ခေါင်းညိတ်ရင်း ခက်ထန်သောအသံဖြင့် စကားဝိုင်းကို လွှဲပြောင်းယူလိုက်၏။
"ဒီတော့ ငရဲနတ်ဆိုးဒေသ သေမျိုးနယ်မြေနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးသတင်းတွေကို အပြည့်အ၀စုဆောင်းနိုင်ပြီး သူတို့ကင်းထောက်တွေကို နေရာမျိုးစုံမှာ စေလွှတ်တဲ့အခါကျရင် ငါတို့ နောက်တစ်ကြိမ် လုံး၀ဆိုးကျိုးဘက်ကို ကျရောက်သွားရလိမ့်မယ်"
ဒါ့အပြင် ပိုစိုးရိမ်စရာတစ်ခုရှိသေးသည်။
သူတို့သာသေမျိုးနယ်မြေကို အပြည့်အ၀နားလည်သွားပါက ငရဲနတ်ဆိုးဒေသ အဆင့်နိမ့်နှင့် အဆင့်မြင့်ကြယ်နယ်မြေတို့ကို သိမ်းပိုက်နိုင်သည့် အမြန်နှုန်းက စိုးရိမ်စရာကောင်းလောက်အောင် မြန်ဆန်နေပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ နယ်မြေနှစ်ခုဆုံရာတွင် တည်ရှိသည့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုအရေအတွက်၌ လုံး၀အသာစီးရထားသဖြင့် ဒါက သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့အတွက် နှစ်ဘက်စလုံးကနေ ၎င်းတို့၏လွှမ်းမိုးမှုအား ခုခံရန် အင်မတန်ခက်ခဲစေသည်။
တကယ်တမ်းတွင် စစ်အင်အားကွာဟချက်က ကြီးမားလွန်းသည်။
"ဒါဆိုဘာလုပ်လို့ရနိုင်လဲ" ဘေးက နတ်သခင်ဟောင်တျန်း၏ မျက်နှာက သုန်မှုန်လာသည်။
"ဒီနည်းအတိုင်းသာဆိုရင် ငါတို့မျက်စိတစ်ချက်မှိတ်ပြီး ရန်သူကို သူတို့ရဲ့သတင်းအချက်အလက်ကင်းထောက်တပ်တွေကို စေလွှတ်ခွင့်ပေးလိုက်မယ်ဆိုရင် အဆုံးမှာ ငါတို့အရှုံးနဲ့ အဆုံးသတ်သွားရမှာပဲ"
"ဒါကြောင့်လည်း ကျွန်မတို့ ဒီအတိုင်းထိုင်ကြည့်နေလို့ မရနိုင်တာ" ဟုန်ရင်ချက်ချင်းပြောသည်။ သူမ၏မျက်လုံးများက နယ်မြေများကို သိမ်းပိုက်ရန်အတွက် အင်ပါယာလက်ရွေးစင်စစ်တပ်တစ်ခုကို အမိန့်ပေးနေသည့်အလား သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။
"ရန်သူရဲ့ သတင်းပေးကင်းထောက်တွေ အပြည့်မ၀ မဖြန့်ကျက်နိုင်ခင် ကျွန်မတို့ သူတို့အကာအကွယ်ခံတပ်တွေကို တိုက်ခိုက်ဖို့အတွက် ပဏာမခြေလှမ်းလှမ်းပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့စည်းချက်ညီမှုကို နှောင့်ယှက်ဖျက်ဆီးပစ်ရမယ်"
ဟုန်ရင်၏လူသတ်လိုသောစကားလုံးများကို ကြားရသောအခါ လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
"ဒါပေမယ့် လက်ရှိမှာ ငါတို့တပ်တွေက အတော်လေးကိုကွဲပြားနေတာမို့ ရန်သူ့ခံတပ်တွေကို ဦးတည်ဖို့အတွက် အသင်းတစ်သင်းကို စုစည်းဖို့ကြိုးစားတာက နည်းနည်း အန္တရာယ်များမနေဘူးလား"
ယဲ့ချိုးပိုင်ရှေ့တိုးပြီး သူတို့သွားမည်ဟု အကြံပြုတော့မည့်အချိန်တွင် ရုတ်တရက်ရပ်သွားကာ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး အထဲက သတင်းစကားကို နားထောင်ပြီးနောက် သူရှုပ်ထွေးသွားရသည်။
"ထူးဆန်းလိုက်တာ၊ ရှောင်ဟိုင်ရဲ့အသံလွှင့်ကျောက်စိမ်းဆွဲသီးက ဘယ်လိုလုပ် တခြားတစ်ယောက်ဆီမှာ အဆုံးသတ်သွားရတာလဲ"
မျက်မှောင်ကြုတ်ရင်း သူ့ဘေးက မုဖူရှန်းမျက်မှောင်ကြုတ်သည်။
"အစ်ကိုရှောင်ဟိုင်တစ်ခုခုဖြစ်သွားတာများလား၊ ကျောက်စိမ်းဆွဲသီးကို ရန်သူက ယူသွားတာဖြစ်လောက်တယ်"
ခေါင်းခါယမ်းရင်း ယဲ့ချိုးပိုင်ပြောသည်။
"ငါတို့သွားကြည့်ရင် သိရမှာပဲလေ"
"လက်ရှိအထူးအခြေအနေတွေကို ထောက်ဆရမယ်ဆိုရင် သတိထားပြီးသွားရမယ်" မုဖူရှန်းအဆောင်များစွာကို ထုတ်ယူပြီး သူ့ကိုယ်ပေါ်ကပ်လိုက်ပြီးနောက် ယဲ့ချိုးပိုင်၏ ၀တ်ရုံပေါ်တွင်လည်း ကပ်ပေးကာ ဆွံအမှင်သက်နေသည့် အမူအရာအောက်တွင် အရင်ဆုံးထွက်သွားလေတော့သည်။
မဟုတ်သေးပါဘူး၊ ငါကိုယ့်ဘာသာသွားဖို့ စီစဉ်နေတာလေ!
....
များမကြာမီ နယ်နိမိတ်မဲ့မင်းဆက်၏ မဟာခန်းမအတွင်း ယဲ့ချိုးပိုင် လူတစ်ဒါဇင်ကျောက်နှင့်အတူ ရောက်လာသည်။
လူအုပ်စုက အံ့ဩသင့်သွားရသည်။
ဒီလူများအကြားမှ ရှေ့ဆုံးကသုံးဦးက အစစ်အမှန်နတ်ဘုရားနယ်ပယ်ခွန်အားကို ပိုင်ဆိုင်ထားသည်မှာ ရှင်းနေသည်။
သူတို့နောက်က လူသုံးဆယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။
ဒီလူတွေဘယ်ကလာကြတာလဲ!
သေမျိုးနယ်မြေမှာ ဒီလိုအင်အားစုမျိုး တည်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား!
ပြုံးရင်း ရှေ့ဆုံးက အသားအရေလတ်ဆတ်သောလူပြောလာသည်။
"အာ၊ ကြည့်ရတာ ညီအစ်ကိုရှောင်ဟိုင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ပြန်မလာသေးပုံပဲ"
တကယ်တမ်းတွင် ဧည့်သည်က ထန်ကျုံ့ကျောက်ပေတည်း။
ထို့နောက် ထန်ကျုံ့ကျောက်သူ့ကိုယ်သူ မိတ်ဆက်ပေးပြီး အခြေအနေကို ရှင်းပြသောအခါ လူတိုင်း ထိတ်လန့်နေသည့် အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
နတ်သခင်နယ်ပယ်က သေမျိုးနယ်မြေ၏ အစွမ်းထက်ပုဂ္ဂိုလ်များမှာ ခေးအောစ့်နယ်မြေက်ု မကြားဖူးကြသဖြင့် လုံး၀စိတ်ရှုပ်ထွေးနေကြသည်။
နတ်သခင်ဖုတျန်းနှင့် ခေးအောစ့်အနှစ်သာရဓားသခင်တို့ကသာလျှင် အံ့သြသင့်သွားခြင်းမရှိပါ။
သို့သော် အင်မော်တယ်နယ်မြေက အဆင့်မြင့်ပုဂ္ဂိုလ်များကလည်း အနည်းငယ် ထိတ်လန့်သွားကြ၏။
ရှောင်ဟိုင်က ခေးအောစ့်နယ်မြေက ပါရမီရှင်တစ်ဦးနှင့် ရင်းနှီးကျွမ်း၀င်သွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
ထန်ကျုံ့ကျောက်ပြုံးရင်းပြောသည်။
"အစ်ကိုယဲ့ကလည်း ငါနဲ့အစီအစဉ်ကို မျှဝေပြီးပါပြီ၊ ငါယူလာတဲ့ ဒီအစစ်အမှန်နတ်ဘုရားတစ်၀က်တွေကို ထပ်ဖြည့်လိုက်မယ်ဆိုရင် ဒါကကျေနပ်စေလောက်တယ်မလား"
ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင်ကလည်း အပြင်ကနေ၀င်လာပြီး ပြောသည်။
"ဒါကလုံလောက်ပါပြီ၊ ကျေးဇူးပါ ညီအစ်ကိုထန်"
ဒါကိုမြင်သောါ လူတိုင်း စိတ်လှုပ်ရှားသည့် အမူအရာများကို မျက်နှာထက်တွင် ပြသကြသည်။
လက်တစ်ကမ်း၌ လူများစွာရှိနေပြီဖြစ်လေရာ ယခုသူတို့တွင် ပြန်တိုက်ခိုက်ရန် အခွင့်အလမ်းရှိနေလေပြီ။
အပိုင်း(1268) coming။