#ခေးအောစ့်နယ်မြေက လူများ၏ ထိတ်လန့်မှု#
Vol. 90 Ch. 1269
နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသ လူတိုင်းတိုက်ခိုက်ရန်အတွက် ဆုံးဖြတ်ခဲ့ကြသည့် ပထမဆုံးတည်နေရာပေတည်း။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် နယ်မြေများစွာပါ၀င်ပြီး အစစ်အမှန်နတ်လုရားနယ်ပယ်ကျွမ်းကျင်သူများက ၀င်ရောက်စွက်ဖက်နိုင်ခြင်း မရှိလေရာ ဒါက ငရဲနတ်ဆိုးဒေသ၏ အင်အားစုများက ပြင်းထန်စွာ ပြန့်ကျဲနေသည်ဟု ဆိုလိုသည်။
သိူ့တိုင် လူတိုင်း နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသ၏ ဆင်ခြေဖုံးကို ရောက်သောအခါ မျက်မှောင်ကြုတ်ရင်း ငရဲနတ်ဆိုးဒေသ၏ ကြီးမားသည့် အခြေခံအင်အားကို ထပ်မံခံစားရသည်။
လူတိုင်း၏မျက်လုံးထဲတွင် နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသ၏ အစွန်ပိုင်းက စောင့်ကြည့်သူအမျိုးမျိုးနှင့် ပြည့်နှက်နေပြီး ဟာကွက်ဟူ၍ မရှိသလောက်ပင်။
ဒါ့အပြင် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူများကလည်း ဒီနေရာတွင် စခန်းချနေကြသည်။
ဒါကိုမြင်ရသောအခါ ထန်ကျုံ့ကျောက် မေးလိုက်သည်။
"ကြည့်ရတာ ငါတို့အတင်းလမ်းဖောက်ထွင်းရမယ့်ပုံပဲ၊ ခိုး၀င်ဖို့ဆိုတာက မဖြစ်နိုင်သလောက်လုနီးပါးပဲ"
အတင်းအကျပ်၀င်ခြင်းက အချိန်ကုန်ဆုံးမှုကို သိသာစွာပင်တိုးလာစေပြီး ငရဲနတ်ဆိုးဒေသ၏ တပ်ကူများပင်လျှင် ရောက်လာနိုင်ချေရှိသည်။
"အင်း၊ ပြီးတော့ အမြန်ဆုံးဖောက်ထွင်းနိုင်ဖို့အတွက် လူအင်အားကိုလည်း ထပ်စုစည်းဖို့လိုတယ်" ထန်ကျုံ့ကျောက်မှတ်ချက်ချသောအခါ သူခေါ်လာသောလူသုံးဆယ်က ညင်သာစွာခေါင်းညိတ်ကြသည်။
သူတို့လက်ရှိလူအင်အားကိုသာ အားကိုးခြင်းက အရမ်းအန္တရာယ်များသည်။
ဒီအခိုက်အတန့်တွင် ဟုန်ရင် ဗလာနတ္ထိပုံတူကို ထုတ်ယူရင်းပြောသည်။
"နောက်ပိုင်းကျရင် အားလုံးပဲမခုခံကြပါနဲ့၊ ကျွန်မရှင့်တို့အားလုံးကို ဗလာနတ္ထိပုံတူထဲ ဆွဲခေါ်ပြီး ဂျူနီယာမောင်လေးကို ဦးဆောင်ခွင့်ပေးပါမယ်"
ဗလာနတ္ထိပုံတူ!
လူတိုင်းကြက်သေသေသွားကြ၏။
ခေးအောစ့်နယ်မြေကလူများပင်လျှင် ဗလာနတ္ထိပုံတူ၏ ကြီးမားသည့်ဂုဏ်သတင်းအကြောင်း ကြားဖူးသည်။
မည်သို့ပင်ဆိုစေကာမူ ဒါကရှေးခေတ်တုန်းက သေမျိုးနယ်မြေ၏ ဘိုးဘေးအဆင့်ရှေးဟောင်းပစ္စည်းများအနက် တစ်ခုဖြစ်နေသည် မဟုတ်ပေလော။ ယခုလိုအစွမ်းထက်ရှေးဟောင်းပစ္စည်းက နတ်သခင်နယ်ပယ်က ဂျူနီယာလေးတစ်ယောက်လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
သေမျိုးနယ်မြေရဲ့ အထက်အဆင့်ပုဂ္ဂိုလ်တွေ စိတ်လွတ်သွားကြတာလား!
ပြီးတော့ သူပြောတာက ဂျူနီယာမောင်လေးက ငါတို့ကို ဦးခေါ်ဆောင်သွားမှာတဲ့လား!
အဲဒါ ခုနကလေးက ကျောက်တုံးလေးမလား!
သူလည်းနတ်သခင်နယ်ပယ်ပဲလေ၊ ဘယ်လိုလုပ်ဦးဆောင်နိုင်မှာလဲ!
ဒီလိုအပြစ်အနာအဆာကင်းလွန်းသည့် ကာကွယ်မှုအပေါ် ထန်ကျုံ့ကျောက်ပင်လျှင် အတင်းလမ်းဖောက်ရန်သာ တွေးနိုင်သည်။
သို့သော် ဟုန်ရင်ကမူ သူတို့အမြင်ကို ဂရုမစိုက်ဘဲ ဗလာနတ္ထိပုံတူကို တိုက်ရိုက်အသက်သွင်းလိုက်၏။ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အရင်ဆုံး၀င်သွားပြီးနောက်တွင် ထန်ကျုံ့ကျောက် လက်အစုံကို ဖြန့်လိုက်၏။
"မင်းကျေးဇူးကြောင့် ငါဒီဗလာနတ္ထိပုံတူရဲ့ စွမ်းအားကို မြင်တွေ့ရတော့မယ်"
ထိုသို့ဆိုပြီးနောက် သူအထဲသို့ဆွဲသွင်းခံလိုက်ရသည်။
ထန်ကျုံ့ကျောက်ခုခံဆန့်ကျင်ခြင်းမရှိတာကို မြင်ရသောအခါ ကျန်သုံးဆယ်ကလည်း မယုံကြည်သည့်အသွင် တွန့်ဆုတ်စွာ ၀င်လိုက်ကြ၏။
နောက်ဆုံးတွင် အပြင်ဘက်၌ ကျောက်တုံးလေးတစ်ယောက်သာကျန်ခဲ့သည်။ ဗလာနတ္ထိပုံတူကိုကိုင်ရင်း သူတိုက်ရိုက်ပင် ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်ထားသည့်အလား အာကာသထဲတွင် ရောသွားသည်။
ဒါကိုမြင်သောအခါ ဗလာနတ္ထိပုံတူထဲက လူများ အံ့ဩသင့်သွားကြရသည်။
ထန်ကျုံ့ကျောက်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့မျက်သူငယ်အိမ်များက တုန်ယင်နေသည်။
"မွေးရာပါတာအိုခန္ဓာ၊ ပြီးတော့ အစွမ်းထက်ဆုံးခန္ဓာတွေထဲက တစ်ခုဖြစ်တဲ့ ဟင်းလင်းပြင်တာအိုခန္ဓာလား"
၎င်းနောက် သူရှောင်ဟိုင်ကို ကြည့်ရင်း လေးနက်စွာပြောသည်။
"ငါအရင်ကပြောခဲ့တာကို ငါယုံသွားပြီ"
ခေးအောစ့်နယ်မြေတွင် တာအိုခန္ဓာများ မရှိခြင်းမဟုတ်ပါ။ သို့သော် ဟင်းလင်းပြင်တာအိုခန္ဓာဆိုပါက အလွန်အမင်းရှားပါးသည်။
သမိုင်းတစ်လျှောက်လုံး၌ ဟင်းလင်းပြင်တာအိုခန္ဓာကို ပိုင်ဆိုင်သူအရေအတွက်သာ လက်ဆစ်ဆုပ်စာထက် မပိုပေ။
ကျန်သောသူများကလည်း ခက်ခက်ခဲခဲ တံတွေးမျိုချရင်း သူတို့၏ အမူအရာများက ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။
အနည်းငယ်မရင့်ကျက်သေးပုံရသည့်ကလေးလေးက ဒီလိုပါရမီမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
ယခုတွင်မူ ထန်ကျုံ့ကျောက် ဘာကြောင့် ဒီကိစ္စအပေါ် အများကြီးအလေးထားရသလဲဆိုတာ သူတို့အနည်းငယ် နားလည်လာရသည်။ ရှောင်ဟိုင်ကို တန်ဖိုးထားရုံအပြင် ယခုဟင်းလင်းပြင်တာအိုခန္ဓာကလည်း တန်ဖိုးထားရပေမည်။ တကယ်တမ်း၌ ထန်ကျုံ့ကျောက်မှန်ပေသည်။
အာကာသနှင့်ပေါင်းစပ်နေသည့် အခြေအနေအောက်တွင် ကျောက်တုံးလေး အော်ရာကို မထုတ်လွှတ်သရွေ့ အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်များပင်လျှင် သူ့တည်ရှိမှုကို မဖော်ထုတ်နိုင်။
လုချန်ရှန်းပေးထားသည့် အော်ရာကို ဖုံးကွယ်ထားရန်အတွက် အကူအညီဖြစ်သော မှော်ရတနာများစွာကိုပါ ပေါင်းစပ်ပါက ကျောက်တုံးလေးဆန္ဒရှိသရွေ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်များပင်လျှင် သူ့တည်ရှိမှုကို လွယ်လွယ်နှင့် ထုတ်ဖော်နိုင်မည်မဟုတ်ပါ။ သူတို့စောင့်ကြည့်သူများကို လျင်မြန်စွာဖောက်ထွင်းရင်း နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသကို အောင်မြင်စွာ ၀င်နိုင်ခဲ့သည်။
ဗလာနတ္ထိပုံတူထဲတွင် ယဲ့ချိုးပိုင်အမိန့်ပေးသည်။
"လူကြီးမင်းတို့၊ သူတို့ခံတပ်ကိုရောက်တာနဲ့ အစွမ်းကုန်တိုက်ခိုက်ကြပါ"
လူသုံးဆယ်က အနည်းငယ်မျက်နှာမဲ့လိုက်ပြီး မကျေမနပ်ဖြစ်သွားကြပုံရသည်။
"မင်းမပြောဘူးဆိုရင်တောင် ငါတို့သိပါတယ်"
မည်သို့ပင်ဆိုစေကာမူ ဘယ်သူက နယ်ပယ်နိမ့်ကျသောသူတစ်ယောက်ဆီက အမိန့်ကို နာခံချင်မည်နည်း။
ဒီအခိုက်အတန့်မှာပင် ယဲ့ချိုးပိုင် ရှေးဟောင်းရွှေနတ်ဓားကို တိုက်ရိုက်ထုတ်ယူရင်း စကားပြောလိုက်သည့်လူအား ကြည့်လိုက်စဉ် သူ့မျက်နှာက အေးစက်နေပြီး အသံက ခက်ထန်ကာ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။
"တခြားအချိန်တွေမှာ ငါတို့အကြောင်းကို မင်းထင်သလိုတွေးလို့ရတယ်၊ ဒါပေမယ့် တပ်မှူးတစ်ယောက်ပဲရှိတယ်၊ မင်းနာမခံဘူးဆိုရင် ပြီးသွားတဲ့အထိ ဗလာနတ္ထိပုံတူထဲမှာပဲ နေပြီးမှ ကိုယ့်ဘာသာထွက်သွားလို့ရတယ်"
"မင်း...." ထိုလူ၏ မျက်နှာကလည်း ဒေါသနှင့်ပြည့်နှက်သွားပြီး လှုပ်ရှားချင်သည့်အလား ရှေ့တိုးလိုက်၏။
ထန်ကျုံ့ကျောက် အပြင်းအထန်ချောင်းဟန့်လိုက်သည်။
"လင်းထောင်၊ ဒီတာအိုမိတ်ဆွေလေးရဲ့စကားကို နားထောင်"
ယင်းနောက်တွင်သာ လင်းထောင်အေးစက်စွာ နှာခေါင်းရှုံ့သည်။
ဗလာနတ္ထိပုံတူကို ရောက်လာသောအခါ ရှီရှန်းဗလာနတ္ထိပုံတူကို ဖြန့်လိုက်၏။
ယဲ့ချိုးပိုင်ဆီက အမိန့်အတိုင်း လုပ်ဆောင်ပြီးနောက် ဟုန်ရင် ဗလာနတ္ထိပုံတူကို အသက်သွင်းလိုက်သည်။
ယဲ့ချိုးပိုင်တို့အုပ်စုက ဦးဆောင်ကာ တိုက်ရိုက်ပင် လှုပ်ရှားလိုက်ကြသည်။
ထန်ကျုံ့ကျောက်နှင့်ကျန်နှစ်ယောက်အပါအ၀င် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စစ်သည်သုံးဆယ် ထွက်လာကြသောအခါ သူတို့၏မျက်လုံးများက တုန်ယင်သွားကြ၏။
ယဲ့ချိုးပိုင် ဓားသေတ္တာတစ်ခုကို မြေပေါ်သို့ ပစ်ချလိုက်တာကို သူတို့မြင်ရသည်။
ဓားတာအိုနိယာမဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး မိုင်တစ်ထောင်၀န်းကျင်ကနေရာကို လွှမ်းခြုံသွား၏။
ဓားတာအိုနိယာမက ဓားများကိုထိန်းချုပ်နေပြီး သေတ္တာကနေ ပြေးထွက်လာကာ သူတို့၀န်းကျင်က ကြက်သေသေနေသည့် ငရဲနတ်ဆိုးဒေသကလူများအား ပိုင်းဖြတ်ပစ်သည်။
နိယာမတာအိုစွမ်းအား! အစစ်အမှန်နတ်ဘုရားနယ်ပယ်တွင်ပင် နိယာမတာအိုကို ကျင့်ကြံနိုင်ခြင်းက ခေးအောစ့်နယ်မြေတစ်ခုလုံး၌ ထိပ်တန်းအဆင့်များကြားမှ ပါရမီရှင်တစ်ဦးဟု ခေါ်နိုင်ပေသည်။
ယဲ့ချိုးပိုင်ကရော!
သူကနတ်သခင်နယ်ပယ်သာရှိသေးသည်။
နတ်သခင်နယ်ပယ်တွင်ပင် သူက တာအိုနိယာမစွမ်းအားကို ဖမ်းဆုပ်နိုင်နေလေပြီ။
ဒါကလည်း မဟာတာအို၃၀၀၀အတွင်း အခက်အခဲဆုံးများထဲကတစ်ခုဖြစ်သည့် ဓားတာအိုနိယာမဖြစ်သည်။
ယဲ့ချိုးပိုင်တင်မဟုတ်။
ဟုန်ရင်၏ အင်ပါယာဆန္ဒကလည်း အပြည့်အ၀ပေါက်ကွဲသွားပြီး ဧကရီတစ်ပါးရောက်ရှိလာခြင်းနှင့်ဆင်တူကာ ပြန်လည်မွေးဖွားခြင်းတာအိုနိယာမက အထဲတွင် ပေါင်းစပ်နေသဖြင့် သူတို့နှလုံးသားထဲတွင် အမိန့်နာခံမှုခံစားချက်တစ်ခုကို အလိုမတူဘဲ မြှင့်တက်လာစေသည်။
နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအို!
မုဖူရှန်း၏ ရှေးခေတ်မှ မိုးကြိုးစွမ်းအားများနှင့် အဆောင်များ!
ရှီရှန်း၏ ကြယ်တာအိုနိယာမစွမ်းအား!
မု၀မ်အာ၏ အဆိပ်ဆေးလုံးနည်းစနစ်ကျွမ်းကျင်မှု!
ကျောက်တုံးလေး၏ တာအိုခန္ဓာနှင့် ဖန်ချန်း၏ အစီအရင်!
အားလုံးက လူသုံးဆယ်ကို လုံး၀အတိ အံ့ဩသင့်သွားစေသည်။
သူတို့ရှေးခေတ်က သေမျိုးနယ်မြေကို ရောက်သွားသည့်အလားပင်။
ရှေးခေတ်ကဆိုပါက ဒီလိုအုပ်စုတစ်စု ပေါ်ပေါက်လာမှုကို နားလည်နိုင်ပါသေးသည်။
သို့သော်ယခု နတ်သခင်နယ်ပယ်ကို အားအကောင်းဆုံးအဖြစ် မှတ်ယူ၍ရသည့် သေမျိုးနယ်မြေက ဒီလိုပါရမီရှင်များ၏ ကြီးထွားနှုန်းကို ဘယ်လိုလုပ်ကူညီထောက်ပံ့ပေးနိုင်လေသနည်း။
ထန်ကျုံ့ကျောက်ဘေးက အစစ်အမှန်နတ်ဘုရားနယ်ပယ် စစ်သည်နှစ်ဦးကလည်း အနည်းငယ်ကြက်သေသေနေသည်။
"အစ်ကိုထန်၊ မင်းဒီတစ်ခါတော့ မှန်ကန်တဲ့ရတနာတစ်ခုအပေါ် တကယ်လောင်းကြေးထပ်မိသွားတာပဲ..."
ထန်ကျုံ့ကျောက်ကလည်း အတော်လေးစိတ်လှုပ်ရှားနေပြီး သူ့ဘေးက ရှောင်ဟိုင်ကို ကြည့်လိုက်မိစဉ် သူတစ်ခဏကြာ ပြောစကားကင်းမဲ့နေမိသည်။
ရှောင်ဟိုင်နှင့် ဆက်ဆံရေးကောင်းရှိခြင်းက ယဲ့ချိုးပိုင်တို့နှင့် ဆက်နွှယ်မှုတစ်ချို့ သွယ်ဝိုက်ဖန်တီးနေခြင်းပင်။
နောက်ပိုင်း သူတို့ခေးအောစ့်နယ်မြေကို သွားပါက သူတို့၏အောင်မြင်မှုက သံသယမရှိ ပိုမြင့်သွားပေလိမ့်မည်။
ရှောင်ဟိုင်ရယ်မောသည်။
"ငါမင်းကိုပြောသားပဲ၊ ငါ့ဆရာတူညီအစ်ကိုတွေက စီနီယာတွေဖြစ်ဖြစ်၊ ဂျူနီယာတွေဖြစ်ဖြစ် ကိုယ်ပိုင်ရှုထောင့်အသီးသီးမှာ ဒုတိယမဟုတ်သူတွေပဲ"
ဒီအချိန်မှာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသတစ်ခုလုံးက ငရဲနတ်ဆိုးဒေသ၏ အော်ဟစ်သံများနှင့် ပဲ့တင်ထပ်သွားသည်။
"ရန်သူတိုက်ခိုက်နေပြီ၊ ရန်သူတိုက်ခိုက်နေပြီ"
အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ဦးတဖြစ်လဲ ငရဲအင်ပါယာအစောင့်များက ကောင်းကင်ပေါ် ထိုးတက်သွားကြပြီး ဒေါသတကြီးအော်ဟစ်သည်။
"ဘယ်သူ ငရဲနတ်ဆိုးဒေသရဲ့ပိုင်နက်ကို ကျူးကျော်ရဲတာလဲ"
ဒါကိုမြင်သော် ရှောင်ဟိုင်ကလည်း ကောင်းကင်ပေါ် ထိုးတက်သွား၏။
"အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေက ၀င်ရောက်စွက်ဖက်လို့မရဘူး၊ ငရဲနတ်ဆိုးဒေသက မေ့သွားတာများလား"
ရှောင်ဟိုင်ကိုကြည့်လိုက်စဉ် အစစ်အမှန်နတ်ဘုရားနယ်ပယ် စစ်သည်နှစ်ဦး အံ့ဩသင့်သွားကြသည်။
"မင်းလား"
ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။
သို့စေကာမူ အောက်ဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပြေးလွှားတိုက်ခိုက်ပြီး သောင်းကျန်းနေတာကို မြင်ရသောအခါ အစစ်အမှန်နတ်ဘုရားနယ်ပယ်စစ်သည်နှစ်ဦး၏ အမူအရာများက အလွန်အမင်း ကြည့်ရဆိုးသွားကြ၏။
"ဒါကိုနတ်ဆိုးဘုရင်ကို အစီရင်ခံတင်ကြပြ၊ ပြီးတော့တစ်ချိန်တည်းမှာပဲ သူတို့အားလုံးကို ဒီမှာဖမ်းနိုင်ဖို့အတွက် ပတ်၀န်းကျင်ဒေသတွေက စစ်တပ်ကို ဆင့်ခေါ်လိုက်ကြ"
အပိုင်း(1270) coming။