← Chapters

#နတ်ဆိုးနယ်မြေ၏ သူတော်စင်နတ်ဆိုးသွေးကြော#

Vol. 90 Ch. 1270

#နတ်ဆိုးနယ်မြေ၏ သူတော်စင်နတ်ဆိုးသွေးကြော#

Vol. 90 Ch. 1270

ငရဲနတ်ဆိုးဒေသက ရှောင်ဟိုင်၏ သတင်းအချက်အလက်များကို ရှင်းဟုန်ယီနှင့် နယ်မြေမျိုးစုံက ‌ထောက်လှမ်းရေးသတင်းများကနေတဆင့် တစ်ပိုင်းတစ်ပိုင်း စုဆောင်းထားပြီးဖြစ်သည်။ ဒီသတင်းအချက်အလက်အားလုံးကို ချက်ချင်းစုစည်းပြီး ငရဲနတ်ဆိုးဒေသက လူတိုင်းထံ ဖြန့်ဖြူးခဲ့သည်။ ထို့နောက် အထက်က ရှောင်ဟိုင်ကို တွေ့တာနှင့် ချက်ချင်းဖမ်းဆီးရန် သို့မဟုတ် မတတ်နိုင်ပါက သတင်းအချက်အလက်များကို ပို့ဆောင်ရန် ပြောကြားခဲ့သည်။

ယခုတွင်မူ ရှောင်ဟိုင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်သွားပုံရပြီး ငရဲနတ်ဆိုးဒေသ၏ အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များ မလှုပ်ရှားနိုင်သဖြင့် သူတို့ဒီသတင်းကို ပြန်ပို့ပြီး အထက်ပုဂ္ဂိုလ်များ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ကြည့်ရုံသာ တတ်နိုင်သည်။

သို့စေကာမူ ဒီနေရာ၌ အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်စစ်သည် သုံးဆယ်ရှိနေပြီး တစ်ဦးမှသာမန်မဟုတ်။ တစ်ယောက်ချင်းစီက သူတို့နယ်ပယ်ကို ကျော်လွန်နေသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားပုံရသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသ၏ ကာကွယ်မှု၌ ငရဲနတ်ဆိုးဒေသတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စစ်သည် တစ်ဒါဇင်ခန့်သာရှိသည်။

ယဲ့ချိုးပိုင်ကဲ့သို့ နတ်ဘုရားသတ်ဖြတ်သူမျိုးကို ပြောနေစရာပင်မလို။

သူက ဒီဆန်းကြယ်သည့် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စစ်သည်သုံးဆယ်လောက် အားမကောင်းလျှင်ပင် တိုက်ခိုက်မှုအကွာအဝေးနှင့် သေစေနိုင်မှုက တူညီစွာပင် ကြောက်စရာကောင်းသည်။

သူတို့အားလုံးနီးပါးတွင် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်များပိုင်ဆိုင်ထားတာကို ပြောနေစရာပင်မလို။

တစ်ယောက်ချင်းစီတွင်သာ ဖန်တီးခြင်းနတ်အဆောင်ရှိပြီး မု၀မ်အာ၏ ဆေးလုံးများနှင့် အားဖြည့်ခံရပါက သူတို့၏ခွန်အားက ထိုးတက်လာပေလိမ့်မည်။

ဓားတာအိုနိယာမကိုပင် နားလည်ထားလေရာ ဓားပိုင်နက်စွမ်းအားက ထိုးတက်သွားပြီး ထိန်းချုပ်နိုင်သည့် အကွာအဝေးကလည်း ပေါက်ကွဲသွားခဲ့သည်။

ဒါ့အပြင် ရှေးဟောင်းရွှေဓားအိမ်၏ ထိန်းချူပ်မှုအောက်တွင် နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်အောက်က မည်သူမှ ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။

ဟုန်ရင်၏အင်ပါယာဆန္ဒ ပေါက်ကွဲမှုက အနီးအနားတွင် တပ်စွဲထားသည့် ငရဲနတ်ဆိုးဒေသ၏ နယ်ပယ်နိမ့်ကျသူများအား အညံ့ခံလိုသည့်ခံစားချက်ကို ခံစားရစေပြီး တိုက်ပွဲမစသေးခင်မှာပင် သူတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်များကို ကုန်ခမ်းသွားစေသည်။

နင်းချန်ရှင်းက နတ်ဗိုလ်ချုပ်များကို ဆင့်ခေါ်ပြီး ရှီရှန်းကမူ ကြယ်များနှင့် ဖိနှိပ်သည်။

ကျောက်တုံးလေးက မိုင်တစ်ရာအတွင်းက အာကာသကိုထိန်းချုပ်ပြီး ရန်သူများကို ဖျက်ဆီးရန်အတွက် လေဟာနယ်ကို တိုက်ရိုက်ဖျစ်ညှစ်ကာ တွန့်လိပ်ပစ်သည်။

သူတို့အကြား၌ ဖန်ချန်းနှင့် မု၀မ်အာတို့တွင် အကြီးမားဆုံးသတ်ဖြတ်ခြင်းအကွာအဝေးရှိသည်။

မု၀မ်အာကိုယ်တိုင်ဖန်တီးထားသည့် အဆိပ်က အဆိပ်တိမ်တစ်ခုအဖြစ် ပြောင်းသွားပြီး အနီးအနားက ငရဲနတ်ဆိုးဒေသ၏ တပ်များကို ဖြတ်သန်းသွား၏။

ဖန်ချန်း၏ အမြစ်သုတ်သတ်ဖြတ်ခြင်းချီဓားသွား၊ အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်၊ ရှေးဦးမူလအစီအရင်နှင့် နတ်ဘုရားဓားသတ်အစီအရင်အသေးစားတို့က နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့် မဟုတ်သေးသရွေ့ မည်သူမှ ခုခံနိုင်မည်မဟုတ်။

မုဖူရှန်းတစ်ဦးတည်းသာလျှင် အပြင်လူများအတွက် သူအဆက်မပြတ်လွှဲယမ်းနေသည့် အဆောင်များက အနည်းငယ်လက်ဖွာလွန်းပြီး ပေါက်ကရလုပ်နေပုံပေါ်သည်။

သို့သော် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက နားလည်ကြသည်။

ဒီကောင်ကထပ်ပြီး ဟန်ဆောင်ပြန်ပြီ!

သူရှေးဟောင်းနတ်မိုးကြိုးကို မသုံးသလို ဝှက်ဖဲအဆောင်များကိုလည်း မသုံးပေ။

သို့သော်ထပ်ပြောရပါက မရေရာသော ကိုယ်ပိုင်လက္ခဏာများရှိသည့် လူအများကြီး ဒီကိုလာခဲ့သဖြင့် မုဖူရှန်း၏စရိုက်အရ သူ့အခြေအနေအနည်းငယ်ကို ဖုံးကွယ်ထားမည်သာ။

သို့စေသည့်တိုင် ထိုအစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်သုံးဆယ်၏ အမူအရာများက အနည်းငယ် မသာမယာဖြစ်နေကြ၏။

သူတို့က ယဲ့ချိုးပိုင်တို့ထက် ပိုမြင့်မားသည့်နယ်ပယ်တွင် ရှိနေသည့်တိုင် သတ်ဖြတ်ခြင်းအမြန်နှုန်းတွင် ယှဉ်၍မရပေ။

အဆုံးတွင် ငရဲနတ်ဆိုးဒေသက ထိုအစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်များက သူတို့အားတားဆီးရန်အတွက် လာခဲ့ကြပြီး အရေအတွက်အရ ပြိုင်ဘက်မဟုတ်သည့်တိုင် အချိန်ကာဘတစ်ခုအထိတော့ တားဆီးနိုင်ဆဲ။

ဒါကလည်း ကျောက်တုံးလေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုပင်။ သူလောင်းကြေးမထပ်ခင်ကတည်းက ဒီအချက်ကို မြင်ခဲ့သည်။

ထန်ကျုံ့ကျောက် ရှောင်ဟိုင်ဘေးတွင်ရပ်ပြီး ရယ်မောသည်။

"အခုမင်းဆရာက ဘယ်သူလဲဆိုတာ ငါကိုယ်တိုင်တကယ်မြင်ချင်နေမိပြီ"

"ဂိုဏ်းတစ်ဂိုဏ်းတည်းကဖြစ်ပြီး လုံး၀ကွဲပြားတဲ့လမ်းကြောင်းတွေကို လေ့ကျင့်တယ်၊ ပြီးတော့ မင်းတို့လိုပါရမီရှင်တွေကို တစ်ပြိုင်နက်တည်း ပျိုးထောင်ပေးနိုင်တယ်၊ ခေးအောစ့်နယ်မြေတစ်ခုလုံးမှာ ကြည့်မယ်ဆိုရင်တောင် ဒီလိုလုပ်နိုင်တဲ့သူအများကြီးမရှိဘူး"

......

ယခု အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အလယ်ဗဟိုက အဆုံးမဲ့ကောင်းကင်နယ်မြေရှိသည်။

မူလ နတ်တံဆိပ်ဂိုဏ်းတည်နေရာအတွင်းဘက်က ဂိုဏ်းချုပ်ခန်းမအတွင်း မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့နှစ်ယောက်စလုံး ရှိနေခဲ့ကြသည်။

အောက်ကအစီရင်ခံစာကို ကြားရသောအခါ မိစ္ဆာသခင်၏ အမူအရာက မည်းမှောင်သွားပြီး အမိန့်ပေးသည်။

"အနီးအနားကတပ်စွဲထားတဲ့ တပ်တွေကို ချက်ချင်းစေလွှတ်ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသကို ချက်ချင်းပံ့ပိုးကူညီပါ၊ ပြီးတော့ မဟာအစီအရင်တွေကို အသက်သွင်းပြီး သူတို့ကို၀န်းရံပြီးသတ်ပစ်လိုက်"

သူ့ဘေးက နတ်ဆိုးဘုရင် လေးနက်စွာ ထပ်ဖြည့်ပြောဆိုသည်။

"အဲဒီရှောင်ဟိုင်ရဲ့အသက်ကို လွတ်ပေးပြီး အသက်ရှင်လျက်ဖမ်းလာခဲ့"

မိစ္ဆာသခင်မျက်မှောင်ကြုတ်ရင်း မေးသည်။

"အစီရင်ခံစာအရဆိုရင် အဲဒီလူက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုတောင် ရောက်နေပြီ၊ သူ့ကို အသက်ရှင်လျက် ဘယ်လိုဖမ်းမှာလဲ"

နတ်ဆိုးဘုရင်တုံ့ပြန်သည်။

"အစစ်အမှန်နတ်ဘုရားနယ်ပယ်က စစ်သည်တွေကိုလည်း စေလွှတ်လိုက်၊ အဲဒီအဖိုးကြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေ လှုပ်ရှားလို့မရဘူးလို့ ပြောခဲ့ပေမယ့် အစစ်အမှန်နတ်ဘုရားနယ်ပယ် စွမ်းအားရှင်အချင်းချင်း လှုပ်ရှားလို့မရဘူးလို့ မပြောခဲ့ဘူး၊ ဘာပဲဆိုဆို ရန်သူက ငါတို့မျက်နှာကို တိုက်ရိုက်အနိုင်ကျင့်စော်ကားနေပြီ"

အောက်ကလူအားလုံး ထွက်သွားပြီးနောက် မိစ္ဆာသခင်မျက်မှောင်ကြုတ်ကာ နတ်ဆိုးဘုရင်အား ကြည့်သည်။

"အဲဒီလူက မင်းအတွက် တကယ်ပဲ အဲလောက်အရေးပါတာလား"

နတ်ဆိုးဘုရင်ခေါင်းညိတ်ရင်း သူ့အမူအရာက လေးနက်နေသည်။

"ငါပြောပြီးပြီ၊ သူသာတကယ်ပဲ ငါတို့ရှာနေတဲ့လူဆိုရင် ငါတို့နတ်ဆိုးနယ်မြေမှာ တခြားသူတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခု ရလာလိမ့်မယ်"

မိစ္ဆာသခင်ထိတ်လန့်သွားပြီး ရေရွတ်သည်။

"နတ်ဆိုးနယ်မြေရဲ့ သူတော်စင်နတ်ဆိုးသွေးကြောက ရှေးဟောင်းစာသားတွေမှာ ဖော်ပြထားသလို တကယ်ပဲအစွမ်းထက်တာလား"

ဒါကိုကြားသော် နတ်ဆိုးဘုရင် နက်ရှိုင်းစွာ သက်ပြင်းချသည်။

"အမှန်တရားက ရှေးဟောင်းစာအုပ်တွေမှာ ဖော်ပြထားတာထက် ပိုပြီးပိုကြီးချဲ့နိုင်တယ်၊ သွေးကြောစွမ်းရည်ကိုးခုကတောင် ပုံမှန်ထက် သာလွန်နေပြီ"

မိစ္ဆာသခင်ကြောက်ရွှံ့သွား၏။

.....

ဒီအခိုက်အတန့်၌ ငရဲနတ်ဆိုးဒေသ၏ တပ်စွဲထားသောတပ်ဖွဲ့၀င်များက ၇၀ရာခိုင်နှုန်းကျော် ဆုံးရှုံးမှုများကို ခံစားရသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်ပင်လျှင် ခုနှစ်ဦးထိကျဆုံးခဲ့သည်။

သို့စေကာမူ ငရဲနတ်ဆိုးဒေသ၏ တပ်များက ယဲ့ချိုးပိုင်တို့ကို ထိန်းချုပ်ကာ တပ်ကူများကို စောင့်နေစဉ် တစ်ဘက်လူများကို ပန်းချီစာလိပ်တစ်ခု ရုတ်တရင်လွှမ်းခြုံသွားပြီးနောက် ကျောက်တုံးလေး ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကိုသုံးရင်း စာလိပ်ကိုကိုင်ပြီး ဒီနေရာကနေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ မိုင်တစ်သောင်းခန့် လွတ်မြောက်လာပြီးနောက် သူအာကာသထဲတွင် တိုက်ရိုက်ပေါင်းစည်းကာ နယ်နိမိတ်မဲ့သမုဒ္ဒကြယ်ဒေသကနေ ထွက်လာခဲ့သည်။

အကယ်၍ သူသာ အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များရှေ့က အာကာသထဲကိုသာ တိုက်ရိုက်၀င်သွားပါက ထိုသူများ၏အာရုံက သူ့ကို ခြေရာခံနိုင်ပေဦးမည်။

ငရဲနတ်ဆိုးဒေသကလူများအားလုံး ကြက်သေသေနေကြ၏။

ဒီ....ဒီလိုနဲ့ ထွက်သွားတာလား!

ဒီအခိုက်အတန့်မှာပင် ဒီဧရိယာအတွင်းရှိ ငရဲအင်ပါယာအစောင့်များကလည်း သတင်းစကားကို ရရှိကြသည်။

သူတို့ရှောင်ဟိုင်ကို အသက်ရှင်လျက် ဖမ်းဆီးရန်အတွက် အမိန့်ပေးခြင်းခံရသည်။

သို့သော် တစ်ဘက်လူကပျောက်ကွယ်သွားပြီဖြစ်ကာ သူ့အော်ရာကို အာရုံခံရန်ပင် မဖြစ်နိုင်တော့။

ငရဲအင်ပါယာအစောင့်တစ်ဦး ခက်ထန်စွာ အော်ဟစ်သည်။

"အနီးအနားက ကြယ်ဒေသအားလုံးကို အသိပေးလိုက်၊ သူတို့ကို သတိထားနေရင်း အဆက်အသွယ်မပြတ်မေပြီး အချိန်အရွေး စုရုံးပြီး ရှာတွေ့တာနဲ့ ချက်ချင်းတိုက်ခိုက်ဖို့ ပြောလိုက်"

"သူတို့တစ်ကြိမ်တည်းပဲ ၀င်ရောက်တိုက်ခိုက်မှာမဟုတ်ဘူး၊ ပြီးတော့ သေချာပေါက် အဝေးကြီးသွားကြမှာမဟုတ်ဘူး"

.......

သို့သော် နာရီ၀က်အကြာတွင် ကောင်းကင်ကြယ်ဒေသနှင့် ၀န်းရံနေသည့် ကြယ်ဒေသအကြီးနှင့်အသေးတစ်ဒါဇင်ကျော် တိုက်ခိုက်ခံရသည်ဟု အစီရင်ခံတင်ပြလာသည်။

ဒီသတင်းက ငရဲနတ်ဆိုးဒေသ၏ ထိပ်တန်းပုဂ္ဂိုလ်များကို အကြီးအကျယ်စိုးရိမ်စေသည်။

တိုက်ခိုက်သူများက မည်သည့်အတွက်ကြောင့် ဒီလောက်မြန်မြန်သွားနိုင်ရလေသနည်း။

ဒါ့အပြင် သူတို့ရောက်သွားသည့်အချိန်တွင် တိုက်ခိုက်သူများက ရှေ့ဆက်နေလေပြီ။

ကောင်းကင်ကြယ်ဒေသ၏ ဆုံးရှုံးမှုများက ၈၀ရာခိုင်နှုန်းလောက်ရှိသည်။

ဒီအခိုက်အတန့်မှာပင် နတ်ဆိုးဘုရင်ပိုင်နက်၏ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် တပ်စွဲထားသည့်စစ်တပ်များက ဒီဖြစ်ရပ်ကြောင့် ထိတ်လန့်နေကြပြီး အနည်းဆုံးနှောင့်ယှက်ခံရမှုအပေါ်တွင်ပင် နိုးကြားနေရန်အဆင်သင့်ဖြစ်နေကြသည်။

အထက်ပုဂ္ဂိုလ်များကလည်း တစ်ဘက်လူ၏ရည်ရွယ်ချက်များကို လျင်မြန်စွာ သဘောပေါက်သွားကြ၏။

ဒါကသူတို့၏အစီအစဉ်များကို နှောင့်ယှက်ပြီး ထောက်လှမ်းရေးသတင်းများ စုဆောင်းခြင်းကနေ တားဆီးရန်ပင်။

သတင်းများက အဆုံးမဲ့ကောင်းကင်နယ်မြေကို ရောက်ရှိခဲ့သည်။

ဒါကိုကြားသောအခါ နတ်ဆိုးဘုရင် ချက်ချင်းထရပ်လာပြီး သူ့၏ကြီးမားသည့်နတ်ဆိုးစွမ်းအားက အဆုံးမဲ့ကောင်းကင်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားသည်။

အနီးအနယးရှိ ကြယ်ဒေသအကြီးများနှင့်အသေးများပင်လျှင် ဒီအားကြောင့် တုန်လှုပ်သွားကြရသည်။

အစွမ်းထက်နတ်အသိစွမ်းအားတစ်ခုကို ထုတ်လွှတ်ခဲ့သည်။

နတ်ဆိုးဘုရင်ကိုယ်တိုင် ယဲ့ချိုးပိုင်နှင့် သူတို့တည်နေရာကို ကိုယ်တိုင်ရှာဖွေရန် စီစဉ်ခဲ့သည်။ အတိအကျဆိုပါက ရှောင်ဟိုင်ကို ရှာရန်အတွက်ပင်။

သို့စေကာမူ နတ်ဆိုးဘုရင်လှုပ်ရှားသောအခါ လူတိုင်းကိုပဟေဠိဖြစ်စေတာက စွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းလှသည့် ဆေးဖိုးဖိုး သူ့ကို မတားဆီးခဲ့ခြင်းပင်။

ဒါကဘာကိုဆိုလိုတာလဲ!

ဒါမှမဟုတ် သူတို့တိုက်ရိုက်၀င်မစွက်ဖက်သရွေ့ သူလည်း၀င်မစွက်ဖက်ဘူးလား!

ဘယ်သူမှမသိပါ။

အပိုင်း(1271) coming။

All Chapters