← Chapters

#ဟွမ်ချင်း၊ ဒါကျွန်မအခန်း#

Vol. 90 Ch. 1271

#ဟွမ်ချင်း၊ ဒါကျွန်မအခန်း#

Vol. 90 Ch. 1271

အဆင့်နိမ့်ကြယ်နယ်မြေ၊ နယ်နိမိတ်မဲ့မင်းဆက်!

ဒီအခိုက်အတန့်၌ ခြံ၀င်းတစ်ခုထဲတွင် အင်မော်တယ်ဧကရာဇ်က အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နောက်ထပ်ဘယ်‌လို ခြေလှမ်းလှမ်းရမလဲဆိုတာ ဆွေးနွေးနေသည်။

ရုတ်တရက် အင်မော်တယ်ဘိုးဘေးသုံးဦး မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံးကျုံ့ကာ ကောင်းကင်ပေါ်သို့ အတူတကွ ကြည့်လိုက်ကြ၏။

အင်မော်တယ်ဧကရာဇ်ကလည်း အင်မော်တယ်ဘိုးဘေးသုံးဦး၏ အမူအရာများကြောင့် စိတ်ရှုပ်ထွေးသွားရပြီး ကောင်းကင်သို့ တစ်ခဏမျှမော့ကြည့်ပြီးနောက်တွင် သူ့အမူအရာကလည်း ပြောင်းလဲသွားသည်။

"နတ်ဆိုးဘုရင်၀င်ရောက်စွက်ဖက်ခဲ့တာလား"

ဦးဆောင်နေသည့်အင်မော်တယ်ဘိုးဘေး ခေါင်းခါယမ်းသည်။

"သူကိုယ်တိုင် ဒီလိုလုပ်ရပ်မျိုးကို လုပ်ဖို့ အစီအစဉ်မရှိလောက်ဘူး၊ ကြည့်ရတာ အဲဒီလူငယ်လေးတွေရဲ့ အံ့ဖွယ်တိုက်ခိုက်မှုတွေက သက်ရောက်မှုရှိပုံပဲ၊ မဆိုးဘူး"

အင်မော်တယ်ဧကရာဇ် မျက်မှောင်ကြုတ်သည်။

"ဒါပေမယ့် ဆရာ၊ ရန်သူက ကိုယ်တိုင်၀င်ရောက်စွက်ဖက်လာရင်ရော"

"သူတို့လုပ်မှာမဟုတ်ဘူး" မုတ်ဆိတ်ထူအင်မော်တယ်ဘိုးဘေးပြတ်သားစွာပင် ပြောသည်။

"ငါတို့သုံးယောက် အလွယ်တကူ၀င်ရောက်စွက်ဖက်မှာ မဟုတ်သလိုမျိုး သူတို့ကလည်း ခပ်ပေါ့ပေါ့လှုပ်ရှားကြမှာမဟုတ်ဘူး"

တကယ်တမ်းတွင် အလုံးစုံခွန်အားအရ ဆန့်ကျင်ဘက်အဖွဲ့၏ မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့က ဘိုးဘေးနယ်ပယ် နောက်ပိုင်းအဆင့်တွင်ရှိပြီး ပို၍ပင် ကြောက်စရာကောင်းသည်။ အင်မော်တယ်နယ်မြေဘက်တွင် မုတ်ဆိတ်ထူအင်မော်တယ်ဘိုးဘေးသာလျှင် ဘိုးဘေးနယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်ပြီး ကျန်နှစ်ယောက်က ပြိုင်ဘက်များထက် အများကြီးပိုအားနည်းသည်။

သို့စေသည့်တိုင် အင်မော်တယ်ဘိုးဘေးသုံးဦးကသာ အတိုက်အခံကို ထိန်းချုပ်ပြီး တိုက်ခိုက်ရန်အတွက် အသက်စွန့်မည်ဆိုပါက မိစ္ဆာသခင်နှင့်နတ်ဆိုးဘုရင်တို့ကို အများကြီးပေးဆပ်ရစေလောက်သည်။

ဒါကရန်သူမမြင်ချင်သည့်အရာပေတည်း။

ငရဲနတ်ဆိုးဒေသက ပိုကြီးမားသည့်နယ်မြေများစွာကို ကျူးကျော်ရန်အတွက် ရည်ရွယ်ထားသဖြင့် ရည်ရွယ်ချက်ပိုများသည်ဟု ဆို၍ရသည်။

သို့သော် အင်မော်တယ်ဘိုးဘေးသုံးဦးကရော!

သူတို့အသက်ကို စွန့်စားရန်အတွက် အချိန်ကျရောက်လာသည်နှင့် သူတို့တွင် ဘာအတားအဆီးမှ ရှိတော့မည်မဟုတ်။

ဒီတိုက်ခိုက်မှုအခြေအနေများကြားတွင် ကြီးမားသည့်ခြားနားချက်တစ်ခုရှိသည်။

"ရန်သူနောက်ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"

ထို့နောက် အင်မော်တယ်ဘိုးဘေးသုံးဦး ခြံ၀င်းထဲကနေ ပျောက်ကွယ်သွားကြ၏။

ရန်သူကလှုပ်ရှားရန်အတွက် ဖြစ်နိုင်ချေမရှိသော်လည်း သူတို့လုံလုံလောက်လောက် ပြင်ဆင်ထားရန် လိုအပ်သည်။

......

တခြားတစ်နေရာ!

ထာ၀ရသက်တမ်းကမ္ဘာ!

လုချန်ရှန်း၏နတ်အသိက သေမျိုးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နေသည်။

မတော်တဆဖြစ်မှုများကနေ တားဆီးရန်အတွက် သို့မဟုတ်ပိုမှန်ပါက စံအိမ်တော်၏ ယခင်စံအိမ်သခင်ပြောခဲ့သည့်အတိုင်း ပိုမြင့်မားသည့်လူများ ပေါ်ပေါက်လာခြင်းကနေ ကာကွယ်ထားရန် လုချန်ရှန်း ပုန်းလျှို့စွာ စိမ့်၀ငိလာခြင်းကနေ ကာကွယ်တားဆီးရန်အတွင် သူ့နတ်အသိကို အင်မော်တယ်နယ်မြေ၀င်ပေါက်အထိပင် ချဲ့ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒါကသူ့တပည့်များ၏ လုံခြုံရေးအတွက်လည်းဖြစ်ပြီး အရေးပေါ်အခြေအနေတစ်ခုပေါ်လာပါက သူတို့ဘေးကို ရောက်ရန်အတွက် သူအာကာသကို ချက်ချင်းဆုတ်ဖြဲကာသွားမည်ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးဘုရင်၏နတ်အသိက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားသောအခါ လုချန်ရှန်း နတ်အသိ၏ စူးစမ်းမှုအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

လုချန်ရှန်း အနည်းငယ်မျက်ခုံးကျုံ့လိုက်မိသည်။

ဒီအခိုက်အတန့်၌ သေမျိုးနယ်မြေ၏ လုပ်ဆောင်ချက်များက လုချန်ရှန်းစိတ်ထဲတွင် အားလုံးမီးမောင်းထိုးပြလာပြီး မကြာသေးခင်က ဖြစ်ရပ်များကို သူအထူးတလည် သတိထားမိသည်။

ဒီထဲတွင် ငရဲနတ်ဆိုးဒေသ၏ ရှောင်ဟိုင်အပေါ် လှုပ်ရှားမှုများနှင့် နတ်ဆိုးဘုရင် နတ်အသိကို ကိုယ်တိုင်ထုတ်လွှတ်ရသည့် အကြောင်းရင်းတို့လည်း ပါဝင်သည်။

ကျိူးကျောက်ယင်းက လုချန်ရှန်းဘေးတွင် အိပ်ပျော်နေသော်လည်း ဒီတဒင်္ဂ၌ ၎င်းက ဧရာမနဂါးမျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ၎င်း၏ခန္ဓာက ပိုကြီးမားလာကာ မတ်တပ်ရပ်ရင်း ကောင်းကင်သို့မော့ကြည့်ပြီး နဂါးဟိန်းသံများကို ထုတ်လွှတ်သည်။

ကောင်းကင်က အလင်းကနေ အမှောင်သို့ ပြောင်းသွားသည်။

ဟွမ်ချင်း လုချန်ရှန်းကိုကြည့်လိုက်၏။

"ရှင့်လှုပ်ရှားတော့မှာလား"

လုချန်ရှန်းမတ်တပ်ရပ်သည်။

"သူတို့လှုပ်ရှားရဲမှတော့ ငါကလည်း အလားတူတုံ့ပြန်နိုင်တာပေါ့"

ဒီအခိုက်အတန့်မှာပင် မိုးမခပင်၏ အသံထွက်လာသည်။

"မင်းအချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်သင့်တယ်လို့ ငါထင်တယ်" သူအကြံပြုသည်။

လုချန်ရှန်း မိုးမခပင်ကိုလှည့်ကြည့်ရင်း စိတ်ရှုပ်ထွေးစွာမေးသည်။

"ဘာလို့လဲ"

မိုးမခပင်ပြန်ဖြေသည်။

"အရင်ကတည်းက ရှောင်ဟိုင့်သွေးကြောနဲ့ပတ်သက်ပြီး ငါတစ်ခုခုခံစားမိပေမယ့် ဘယ်မျိုးနွယ်က လာသလဲဆိုတာကို ငါအတိအကျမေ့နေခဲ့တာ၊ အခုတော့ ငါ့ထင်မြင်ချက်သာမမှားဘူးဆိုရင် ရှောင်ဟိုင်ရဲ့သွေးကြောက နတ်ဆိုးနယ်မြေရဲ့ သူတော်စင်နတ်ဆိုးသွေးကြောဖြစ်ရမယ်၊ ဒဏ္ဍာရီအရဆိုရင် ဒီသွေးကြောက နတ်ဆိုးနယ်မြေရဲ့ ရှိဖူးသမျှသွေးကြော အားအကောင်းဆုံးပဲ"

ရှိဖူးသမျှထဲအားအကောင်းဆုံးလား...!

"နယ်မြေခြောက်ခုအတွင်းမှာ နယ်မြေတိုင်းမှာ အထွတ်အထိပ်ကာလဆိုတာရှိပြီးတော့ နတ်ဆိုးနယ်မြေ၏ အထွတ်အထိပ်က သေမျိုးနယ်မြေရဲ့ ရွှေခေတ်နဲ့ ယှဉ်မယ်ဆိုရင်တော့ အများကြီးပိုရှေးကျတယ်၊ အဲဒီတုန်းက နတ်ဆိုးနယ်မြေက နတ်ဘုရားနယ်မြေနဲ့တောင် ယှဉ်နိုင်တယ်"

"အကြောင်းရင်းက သူတော်စင်နတ်ဆိုးသွေးကြောပဲ၊ သူတော်စင်နတ်ဆိုးသွေးကြောရဲ့ မဟာစွမ်းရည်ကိုးခုတို့က အရမ်းအစွမ်းထက်တယ်၊ ပြောရရင် ရှောင်ဟိုင်မကြာသေးခင်က နိုးထစေခဲ့တဲ့ အလိုလိုကုစားခြင်းစွမ်းရည်နဲ့ သွေးကြောအရှုပ်အထွေးပေါ့"

"နတ်ဆိုးနယ်မြေမှာ နတ်ဘုရားနယ်မြေကို ယှဉ်ပြီး ရပ်တည်နိုင်တာက သူတော်စင်နတ်ဆိုးသွေးကြောကြောင့်ပဲ"

"ဒါပေမယ့် အဲဒီနှစ်မှာပဲ နတ်ဘုရားနယ်မြေနဲ့ နတ်ဆိုးနယ်မြေကြားမှာ လျှို့ဝှက်စစ်ပွဲကြီးတစ်ခုဖြစ်ပျက်ခဲ့တယ်၊ ဒီဖြစ်စဉ်ကို မသိရပေမယ့် နတ်ဆိုးနယ်မြေက တကယ်ရှုံးနိမ့်သွားပြီး သူတော်စင်နတ်ဆိုးသွေးကြောကလည်း ပြတ်တောက်သွားခဲ့တယ်၊ အဲဒီအချိန်ကစပြီး နတ်ဆိုးနယ်မြေက ဘယ်တော့မှ နလန်မထူနိုင်တော့ဘူး..."

ဒါကိုကြား‌ရသောအခါ ဟွမ်ချင်းဖြစ်စေ ရှန်းလျိုဖြစ်စေ လူတိုင်စ၏ အမူအရာများက လေးနက်သွားကြ၏။

လုချန်ရှန်း၏ တဖြည်းဖြည်းနားလည်လာသည့် အမူအရာကို မြင်ရသောအခါ မိုးမခပင် ဆက်လက်ရှင်းပြသည်။

"ဒီတော့ နတ်ဆိုးနယ်မြေက ရှောင်ဟိုင်ကို တခြားသူတွေထက် ပိုရှင်သန်စေချင်တယ်၊ ကုန်ကုန်ပြောရရင် သူ့ကိုနတ်ဆိုးနယ်မြေရဲ့ အရှင်သခင်ဖြစ်လာဖို့အတွက် ပျိုးထောင်ပေးဖို့ သူတို့နည်းလမ်းတိုင်းကို ကြိုးစားကြလိမ့်မယ်၊ ပြီးတော့ သူ့သွေးကြောစွမ်းအားကို အပြည့်အ၀လှုံ့ဆော်နိုင်ဖို့အတွက်လည်း သူတို့နည်းလမ်းမှန်သမျှ ကြိုးစားလိမ့်မယ်"

လုချန်ရှန်းပြောသည်။

"ဒါဆိုငါစိုးရိမ်စရာမလိုဘူးပေါ့"

မိုးမခပင် ၎င်း၏အကိုင်းများကို လှုပ်ယမ်းသည်။

"မင်းစိုးရိမ်စရာမလိုဘူး၊ ရှောင်ဟိုင့်မှာသာ တကယ်ပဲ သူတော်စင်နတ်ဆိုးသွေးကြောရှိတယ်ဆိုရင် နတ်ဆိုးနယ်မြေကို ပြန်သွားတာက သူ့သွေးကြောစွမ်းအားကို အပြည့်အ၀အသက်သွင်းဖို့အတွက် အခွင့်အလမ်းတစ်ခုပေးလိုက်သလိုပဲ၊ တကယ်လို့ စိုးရိမ်စရာတစ်ခုခုရှိလာမယ်ဆိုရင်တော့ မင်းစိုးရိမ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက ရှောင်ဟိုင် နတ်ဆိုးနယ်မြေကို ပြန်သွားဖို့ဆန္ဒရှိလား၊ ဒါမှမဟုတ် မင်းကို ဆရာအဖြစ် ဆက်အသိအမှတ်ပြုဦးမလားဆိုတာကိုပဲ"

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနယ်မြေက သေမျိုးနယ်မြေနှင့် ဆန့်ကျင်ဘက်ပင် ရပ်တည်နေသည်။

ဒါကိုကြားသောအခါ လုချန်ရှန်းရယ်မောရင်း လက်ဝှေ့ယမ်းသည်။

"မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ"

ထို့နောက် သူလှည့်ကာ တဲအိမ်ဆီသို့ လျှောက်သွားသည်။

လုချန်ရှန်းသွားရာလမ်းကို ကြည့်ပြီး ဟွမ်ချင်းမေးသည်။

"ရှင့်ဘာသွားလုပ်မလို့လဲ"

လုချန်ရှန်းပြန်ဖြေသည်။

"တစ်မှေးလောက်အိပ်မလို့လေ"

"ဒါပေမယ့်...ဒါက ကျွန်မအခန်းလေ"

လုချန်ရှန်း၏ခြေလှမ်းက ဒယိမ်းဒယိုင်ဖြစ်သွားပြီး မျက်နှာကိုဖုံးရင်း တခြားတစ်ဘက်သို့လှည့်ရင်း သူ့အခန်းထဲသို့ ပြေး၀င်သွား၏။

ထို့နောက် 'ဘန်း' ဟူသောအသံနှင့်အတူ သူတံခါးကို ပြင်းထန်စွာ ပိတ်ပစ်သည်။

.....

မီးပြာရောင်ကြယ်ဒေသက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ဆုံးဖြတ်ခဲ့သည့် နောက်ဆုံးရပ်နားရာနေရာပင်။

သို့သော် သူတို့ရောက်လာပြီး တပ်စွဲထားသည့် စခန်းဗဟိုချက်ထဲကို ၀င်သွားကာ ကျောက်တုံးလေး ဗလာနတ္ထိပုံတူကို ထုတ်ယူရင်း လူတိုင်းကို ထုတ်ပေးသည့်အခိုက်အတန့်၌ အစီအရင်တစ်ခု ရုတ်တရက် ထိုးတက်လာသည်။

တစ်ချိန်တည်းမှာပင် လေထဲတွင်ရောမြေပြင်မှာပါ ငရဲနတ်ဆိုးဒေသ၏ စစ်တပ်၏ ထူထဲလှသောဝိုင်းရံမှုက လူတိုင်းကို လွှမ်းခြုံပစ်သည်။

ထွက်စရာလမ်းဟူ၍မရှိ။

သူတို့အကြားတွင် ငရဲအင်ပါယာအစောင့်တပ်မှ အစစ်အမှန်နတ်ဘုရားနယ်ပယ်စစ်သည်တစ်ဒါဇင်ကျော်ပါ၀င်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စွမ်းအားရှင်အများအပြားရှိသည်။

မုဖူရှန်းကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးရန်ကြိုးစားသော်လည်း အစီအရင်က ဒီနေရာရှိ တာအိုနိယာမကို လုံး၀ဖယ်ရှားပစ်ခဲ့သည်။

ဒီအဆင့်အစီအရင်က ဘိုးဘေးနယ်ပယ်နှင့်ပင် အဆုံးမဲ့နီးစပ်နိုင်တာ ရှင်းနေသည်။

ဒီတဒင်္ဂ၌ ငရဲနတ်ဆိုးဒေသ၏ မဟာအကြီးအကဲ စစ်တပ်ရှေ့တွင်ပေါ်လာပြီး ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား အေးစက်သည့်အပြုံးဖြင့် ကြည့်နေသည်။

"ငါတို့ငရဲနတ်ဆိုးဒေသကသာ မင်းတို့လိုလူငယ်တစ်စုရဲ့ ဆော့ကစားခြင်းကို ခံနေရမယ်ဆိုရင် မင်းတို့ငါတို့ကို နည်းနည်းလျှော့တွက်လွန်းနေတယ်လို့ မဆိုလိုနေဘူစလား"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ တစ်ဦးကိုတစ်ဦး အနည်းငယ်လေးနက်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

သူတို့၏တည်နေရာကို အလွယ်တကူရှာတွေ့ရန်ဟူသည် မဖြစ်နိုင်ပေ။ တစ်ခုတည်းသောဖြစ်နိုင်ချေက ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦးကြောင့်ပင်။

သို့စေကာမူ သူတို့စွမ်းအားနှင့်နယ်ပယ်အဆင့်အရ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦး၏ နတ်အသိကို ရှာဖွေရန်ဟူသည်မဖြစ်နိုင်။

ထန်ကျုံ့ကျောက်ကလည်း မျက်ခုံးကျုံ့ရင်း ရှောင်ဟိုင်ဖက်လှည့်ကာ ပြောသည်။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ငါ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ဖော်ပြလိုက်သင့်လား၊ ဒါဆိုတစ်ဖက်က လေးစားမှုတစ်ခုခုတော့ ပြနိုင်တာပဲ"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"အရင်ဆုံးအခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်"

သို့သော် ဒီအခိုက်အတန့်မှာပင် မဟာအကြီးအကဲ၏ အကြည့်က ရှောင်ဟိုင်ထံ တည့်တည့်ကျရောက်သွား၏။

"မင်းငါတို့နဲ့အတူ လာဖို့ဆန္ဒရှိရင် ငါတို့ မင်းရဲ့ဆရာတူညီအစ်ကိုတွေကို လွှတ်ပေးဖို့အတွက် စဉ်းစားကောင်းစဉ်းစားပေးနိုင်တာပေါ့"

အပိုင်း(1272) coming။

All Chapters