#ပိုကြီးမားသည့်အကျပ်အတည်း#
Vol. 90 Ch. 1273
သွေးကြောအရှုပ်အထွေး၊ သွေးကြောအမျက်ဒေါသတို့က တစ်ပြိုင်နက်တည်းဆိုသလို အဆုံးစွန်ထိ ထကြွလာသည်။
နတ်ဆိုးဘုရင်၏ဖိအားက အတော်လေးအားကောင်းသည်။
ဒါကမြင့်မားသည့်တောင်တစ်တောင်အလား ခံစားရစေသည်။ ရှောင်ဟိုင်အတွက်မူ ကောင်းကင်ပိုင်နက်တစ်ခုလုံး သူ့အား ဖိသိပ်နေသည့်အသွင်။
ဒီအခိုက်အတန့်၌ သူသွေးကြောစွမ်းအားကို ထုတ်လွှတ်ပေးသည်။
ရှောင်ဟိုင့်လက်များက ကြမ်းပြင်ကို ထောက်ကန်ရင်း နတ်ဆိုးဘုရင်၏ ဖိအားကို ဖြည်းဖြည်းချင်းခုခံနေသည်။
ဒီမုင်ကွင်းကိုမြင်သော် မိစ္ဆာသခင် လက်နှစ်ဖက်ကို ထောက်ကာ ရှေ့သို့အနည်းငယ် ကိုင်းရင်း သူ့နဖူးက အနည်းငယ်ကွေးညွတ်နေသည်။
နတ်ဆိုးဘုရင်၏မျက်လုံးများက အနည်းငယ် တုန်ယင်သွားပြီးနောက် ဒုတိယလက်ချောင်းကို မြှောက်လိုက်၏။
ဘန်း......!
နတ်တံဆိပ်ဂိုဏ်းတစ်ခုလုံး ပြိုလဲကျသွားရသည်။
ငရဲနတ်ဆိုးဒေသမှ အဆင့်မြင့်အရာရှိအများအပြားက နန်းတော်မပျက်စီးသေးတာကို မြင်ရသဖြင့် ထိတ်လန့်သွားကြပြီး ဘာဖြစ်ခဲ့သလဲဟု တွေးနေမိကြသည်။ နတ်ဆိုးဘုရင်ကိုယ်တိုင် လှုပ်ရှားနေတာလား!
မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့သာ နန်းတော်က အားမဖြည့်ထားပါက ပြိုလဲကျသွားလောက်သည်။
ဒီအားကောင်းလှသည့်ဖိနှိပ်အားက ရှောင်ဟိုင့်အပေါ် ဆင်းသက်လာပြီး သူ့၏ကိုယ်အထက်ပိုင်းကို ထက်ပြီးဖိနှိပ်သည်။ သူ့ညာဘက်ပါးက ကြမ်းပြင်နှင့် တင်းကျပ်စွာ ဖိသိပ်ခံထားရသည်။
ရှောင်ဟိုင်အော်ဟစ်ရင်း ဒီအခိုက်အတန့်မှာပင် သူ့သွေးကြောက အဆုံးစွန်ထိ ရောက်သွားသည်။
သူ့ကိုယ်မျက်နှာပြင်ပေါ်က သွေးကြောများက စတင်လောင်ကျွမ်းလာပုံပင်။
သူ့သွေးကြောအော်ရာက ဒီဖိနှိပ်အားကို အမှန်တကယ်ကျော်ဖြတ်ကာ ကောင်းကင်ပေါ် ထိုးတက်သွားသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် သူ့ကိုယ်သူ နောက်တစ်ကြိမ် အတင်းတွန်းတင်ထရပ်ခဲ့သည်။
ဒါကိုမြင်သော် နတ်ဆိုးဘုရင် တတိယလက်ချောင်းကို မြှောက်သည်။
ရှောင်ဟိုင်၏ကိုယ်က ပြင်းထန်စွာ တုန်ယင်နေသော်လည်း ဒီတစ်ခါတော့ လဲမကျသွားပေ။ အံတင်းတင်းကြိတ်ထားစဉ် သူ့သွားကြားကနေ အဆက်မပြတ် ညည်းတွားသံများထွက်နေပြီး သွေးကြောများက နဖူးနှင့် လည်ပင်း၌ တွားတွားသွားနေကြ၏။
ဘန်း.....ဘန်း!
ဒီအခိုက်အတန့်မှာပင် စတုတ္ထလက်ချောင်းကို မြှောက်လာခဲ့သည်။
တစ်ချိန်တည်းတွင် ရှောင်ဟိုင်ကိုယ်ပေါ်၌ ပုံစံအဆင်းခုနှစ်ခုပေါ်လာပြီး တစ်ခုစီက နိယာမစွမ်းအားနှင့် ပြည့်နှက်နေသည်။ နတ်ဆိုးဘုရင်ချပ်၀တ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး နှလုံးနေရာ၌ ရွှေရောင်အလင်းတစ်ခု တောက်ပနေသည်။
သူ့အော်ရာစွမ်းအားက ခန်းမကြီးတစ်ခုလုံးအတွင်း ပျံ့သွားသည်။
အထဲက သွေးကြောအော်ရာကို ခံစားမိသောအခါ နတ်ဆိုးဘုရင်၏ ထူးမခြားနားစွာရှိနေသည့် မျက်လုံးများက ရေခဲကဲ့သို့ အရည်ပျော်သွားပုံရပြီး စိတ်လှုပ်ရှားလာသည်။
သူ့လက်ချောင်းကျဆင်းသွားသောအခါ ဖိနှိပ်အားက ပျောက်ကွယ်သွား၏။
ရှောင်ဟိုင်၏ ကိုယ်က တုန်ယင်သွားပြီး ရုတ်တရက် လေးလံသည့်ဖိအားကြီး ပျောက်ကွယ်သွားသောအခါ ဟန်ချက်ပျောက်သွားရသည်။
၎င်းနောက် နတ်ဆိုးဘုရင် ကျယ်လောင်စွာ ရယ်မောသည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်"
သူအလျင်အမြန် ရှောင်ဟိုင်ထံလျှောက်သွားပြီး မိစ္ဆာသခင်၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာနှင့် လေးစားစွာပြောသည်။
"သူတော်စင်နတ်ဆိုးကို ကြိုဆိုပါတယ်"
ရှောင်ဟိုင်အနည်းငယ်ထိတ်လန့်သွားပြီး နားမလည်နိုင်ဖြစ်သွားရသည်။
အထက်တွင်ထိုင်နေသေးသည့် မိစ္ဆာသခင်မှာမူ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးများက တဖျပ်ဖျပ်လက်နေပြီး အတွေးနက်နေပုံရသည်။
နတ်ဆိုးဘုရင်ထရပ်ပြီး ရှောင်ဟိုင်ကို စိတ်လှုပ်ရှားစွာကြည့်သည်။
"သူတော်စင်နတ်ဆိုး နတ်ဆိုးနယ်မြေကို ပြန်လာသရွေ့ ငါတို့်နယ်မြေရဲ့ အရင်ဂုဏ်ကျက်သရေကို ပြန်ရဖို့ဆိုတာက သိပ်မကြာတော့ပါဘူး"
ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။
"နတ်ဆိုးနယ်မြေကို ပြန်သွားရမယ်၊ ကျုပ်က သေမျိုးနယ်မြေကလေ၊ ဘာလို့နတ်ဆိုးနယ်မြေကို ပြန်သွားဖို့ပြောနေရတာလဲ"
ဒါကိုကြားသော် နတ်ဆိုးဘုရင်ခေါင်းခါယမ်းသည်။
"သူတော်စင်နတ်ဆိုးမသိလောက်ပါဘူး၊ မင်းကိုယ်ထဲကသွေးကြောက နတ်ဆိုးနယ်မြေရဲ့ အမြင့်မြတ်ဆုံးသူတော်စင်နတ်ဆိုးသွေးကြောပဲ၊ ဒါကြောင့် မင်းက ငါတို့ထဲက တစ်ယောက်ပဲလေ"
"ပြီးတော့ သူတော်စင်နတ်ဆိုးကသာလျှင် ငါတို့ရဲ့ နတ်ဆိုးနယ်မြေကို ဆန်းသစ်မှုဆီကို ဦးဆောင်ဖို့အတွက် အရည်အချင်းပြည့်မီတယ်"
သို့စေကာမူ ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
"ကျုပ်က သေမျိုးနယ်မြေကနေ၊ ခင်ဗျားက အခုကျုပ်ရဲ့ဇာတိမြေကို ကျူးကျော်နေတာတောင် နတ်ဆိုးနယ်မြေကို ပြန်သွားဖို့အတွက် တောင်းဆိုနေတာလား၊ ဒါက နည်းနည်းရယ်စရာကောင်းမနေဘူးလား"
"ဒါ့အပြင် ဒီသူတော်စင်နတ်ဆိုးဆိုတာကဘာလဲ"
နတ်ဆိုးဘုရင်ခေါင်းညိတ်သည်။
"မင်းသေမျိုးနယ်မြေမှာ အကြာကြီးနေခဲတော့ ဒီအရာတွေကိုမသိတာက ပုံမှန်ပါပဲ"
ဒီနေရာတွင် နတ်ဆိုးဘုရင် အနည်းငယ် လက်ဝှေ့ယမ်းသောအခါ အနက်ရောင်အတားအဆီးတစ်ခုက အပြင်လူများ ဒီမြင်ကွင်းကို သူလျှိုလုပ်နေခြင်းကနေ ကာကွယ်တားဆီးရန်အတွက် ခန်းမတစ်ခုလုံးကို လွှမ်းခုံသွား၏။ ထို့နောက် သူပြောသည်။
"သူတော်စင်နတ်ဆိုးသွေးကြောက နတ်ဆိုးနယ်မြေရဲ့ အလေးထားခံရဆုံးဖြစ်ပြီး နယ်မြေခြောက်ခုလုံးရဲ အားအကောင်းဆုံးသွေးကြောတွေထဲက တစ်ခုပဲ"
"နှစ်သန်းပေါင်းများစွာက သူတော်စင်နတ်ဆိုးကလန်ရဲ့ ဦးဆောင်မှုအောက်မှာ နတ်ဆိုးနယ်မြေက နတ်ဘုရားနယ်မြေကို ယှဉ်ပြိုင်တဲ့ တစ်ခုတည်းသော နယ်မြေဖြစ်လာခဲ့တယ်၊ ဒါပေမယ့် နတ်ဘုရားနယ်မြေရဲ့ နည်းဗျူဟာတွေပြောင့် နတ်ဆိုးနယ်မြေက ရှုံးနိမ့်သွားခဲ့ရပြီး သူတော်စင်နတ်ဆိုးကလန် ဖျက်ဆီးခံလိုက်ရတာမို့ နတ်ဆိုးနယ်မြေကို ထာ၀ရကျဆင်းမှုထဲကို ဦးဆောင်သွားခဲ့တယ်"
သူတော်စင်နတ်ဆိုးသွေးကြော!
ရှောင်ဟိုင်ဒါကို တကယ်ယုံကြည်လာသည်။ အဘယ်ကြောင့်ဆိုသော် ဒါက အရင်သတင်းအချက်အားလုံး တစ်ခုနှင့်တစ်ခု ကိုက်ညီစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသောကြောင့်ပင်။
နတ်ဆိုးဘုရင်ပြုံးသည်။
"မင်းဒါကို အခုချက်ချင်းလက်မခံနိုင်တာ ငါသိပေမယ့် နတ်ဆိုးနယ်မြေကို ပြန်သွားမှ မင်းရဲ့သူတော်စင်နတ်ဆိုးသွေးကြောကို အပြည့်အ၀အသက်သွင်းပြီး သွေးကြောစွမ်းရည်ခြောက်ခုကို ဖွင့်ဖို့ အလားအလာရှိမယ်"
"ဒါကြောင့် မင်းခွန်အားကို တိုးမြှင့်ဖို့အတွက် နတ်ဆိုးနယ်မြေကို ပြန်သွားဖို့လိုတယ်"
ရှောင်ဟိုင်မေးသည်။
"ဒါပြောဖို့အတွက် ခင်ဗျားကျုပ်ကို ဒီကို ခေါ်ခဲ့တာလား"
နတ်ဆိုးဘုရင်ခေါင်းညိတ်သည်။
"ငရဲနတ်ဆိုးဒေသနဲ့ သေမျိုးနယ်မြေက လက်ရှိစစ်ဖြစ်နေတယ်၊ ကျုပ် အစကတည်းက နတ်ဆိုးနယ်မြေက ဆိုရင်တောင် အခုပြန်သွားဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ"
သွေးကြောက နတ်ဆိုးနယ်မြေနှင့် သက်ဆိုင်သော်လည်း ရှောင်ဟိုင်၏ အမှတ်တရအားလုံးက သေမျိုးနယ်မြေတွင် တည်ရှိသည်။
ဒီနေရာတွင် သူဂရုစိုက်သည့်လူတိုင်းရှိသည်။ သူ့ဆရာ၊ စံအိမ်တော်က သူ့စီနီယာဂျူနီယာများအပြင် အစ်မဟွမ်ချင်း၊ ဦးလေးလျိုနှင့် မိုချင်းချင်းတို့ရှိသည်။ ရှောင်ဟိုင်အတွက် နတ်ဆိုးနယ်မြေနှင့် ဘာမှ ပတ်သက်စရာအကြောင်းမရှိ။
သို့စေကာမူ နတ်ဆိုးဘုရင် နောက်ထပ်ပြောသည့်စကားလုံးများက မိစ္ဆာသခင်၏ မျက်နှာကို အရောင်ပြောင်းသွားစေပြီး ရှောင်ဟိုင်ကိုလည်း ကြက်သေသေသွားစေသည်။
"မင်းနတ်ဆိုးနယ်မြေကို ပြန်လာဖို့အတွက် သဘောတူမယ်ဆိုရင် နတ်ဆိုးနယ်မြေက ဒီစစ်ပွဲမှာ ပါ၀င်ပတ်သက်မှုကိုရပ်ပြီး မင်းရဲ့ အားအကောင်းဆုံးအထောက်အကူ ဖြစ်လာနိုင်တယ်"
တစ်နည်းအားဖြင့် ရှောင်ဟိုင်သာ နတ်ဆိုးနယ်မြေကို ပြန်သွားပါက သူတို့ ပဋိပက္ခကနေ နောက်ဆုတ်ရုံသာမက မိစ္ဆာနယ်မြေကနေ လုံး၀ခွဲထွက်ကာ မိစ္ဆာနယ်မြေအား ပြန်လည်တိုက်ခိုက်ရန်အတွက် သေမျိုးနယ်မြေကိုပင် ကူညီမည်ဖြစ်သည်။
မိစ္ဆာသခင် ရုတ်တရက်ထရပ်ကာ အော်ဟစ်သည်။
"မင်းရူးသွားတာလား"
နတ်ဆိုးဘုရင်ခေါင်းခါယမ်းသည်။
"ငါမရူးသေးဘူး၊ သူတော်စင်နတ်ဆိုးသွေးကြောနဲ့ဆိုရင် အဲဒီသူတော်စင်တစ်၀က်အဆင့် လက်နက်ကို အားမကိုးဘူးဆိုရင်တောင် ငါတို့အရင်ဂုဏ်ကျက်သရေဆီကို ပြန်သွားနိုင်တယ်၊ ဒီတော့ ဘာလို့ ဒီသူတော်စင်တစ်၀က်လက်နက်ကို လက်မလျှော့နိုင်ရမှာလဲ"
မူလက ငရဲနတ်ဆိုးဒေသပေါင်းစည်းခြင်း၏ အကြောင်းရင်းက ထိုသူတော်စင်တစ်၀က်လက်နက်အတွက်ကြောင့်ပင်။
သို့သော် ကမ်းလှမ်းမှုက သူတော်စင်တစ်၀က်လက်နက်ကို သူတော်စင်နတ်ဆိုးသွေးကြောပြန်လာခြင်းနှင့် အစားထိုးရန်ဆိုပါက နတ်ဆိုးဘုရင် သူတော်စင်နတ်ဆိုးသွေးကြောကို အတုံ့အဆိုင်းမရှိ ရွေးချယ်မည်သာ။
မည်သို့ပင်ဆိုစေကာမူ လက်နက်က ပြင်ပအကြောင်းအရာတစ်ခုသာဖြစ်သည်။
ထိုသို့ပြောပြီး မိစ္ဆာသခင်၏ ဆိုးယုတ်သည့်အကြည့်ကို လျစ်လျူရှုကာသူရှေ့တိုးပြီး ရှောင်ဟိုင်အားမေးသည်။
"ဒီတော့ မင်းအခုဘယ်လိုထင်လဲ"
ရှောင်ဟိုင်တုံ့ပြန်သည်။
"ကျုပ်ဒီသူတော်စင်နတ်ဆိုးသွေးကြောက တကယ်ပဲဘာလဲဆိုတာကို ပိုနားလည်ဖို့လိုတယ်လို့ထင်တယ်"
ဒါကိုကြားသောအခါ နတ်ဆိုးဘုရင်အပြုံးဖြင့် ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ငါနဲ့အတူလာခဲ့"
ဒီနေရာတွင် နတ်ဆိုးဘုရင် နတ်ဆိုးချီပမာဏအများအပြားကို လမ်းညွှန်ကာ သတင်းစကားတစ်ခုပို့လိုက်၏။
"နတ်ဆိုးနယ်မြေကလူတိုင်း၊ ငါပြန်မလာမချင်း မင်းတို့ရှိရာနေရာမှာပဲနေကြ၊ မိစ္ဆာသခင် တိုက်ခိုက်ဖို့ အမိန့်ထုတ်ရင်တောင် လိုက်နာစရာမလိုဘူး"
ထို့နောက် သူရှောင်ဟိုင်နှင့်အတူ ထိုနေရာကနေ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက် ပျောက်ကွယ်သွားတာကို ကြည့်ရင်း မိစ္ဆာသခင် ဒေါသတကြီး အော်ဟစ်ပြီးနောက် တုံကင်တစ်ခုကို ထုတ်ယူကာ နှာခေါင်းရှုံ့သည်။
"မင်းရဲ့နတ်ဆိုးနယ်မြေက ဘာကပိုကောင်းသလဲဆိုတာကို မသိဘူးဆိုမှတော့....ဟမ့်... ပြန်လည်ရှင်သန်မယ်၊ အထက်လူကြီးတွေက မင်းကို ဒီအခွင့်အလမ်းပေးမှာတဲ့လား"
....
တစ်ချိန်တည်းမှာပင် နယ်နိမိတ်မဲ့မင်းဆက်၏ သီးခြားခြံ၀င်းတစ်ခုတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတင်မဟုတ်ဘဲ လုချန်ရှန်းနှင့် ဟွမ်ချင်းတို့ကလည်း ရောက်လာကြသည်။
ဒီအခိုက်အတန့်မှာပင် အသက်အရွယ်ကြီးရင့်သည့်လူတစ်ယောက် ရုတ်တရက် သူတို့ရှေ့တွင် ပေါ်လာသည်။
ထိုလူကရယ်မောရင်းပြောသည်။
"မင်းတို့မှာ မေးခွန်းအများကြီးရှိတာ ငါသိပါတယ်၊ စိတ်မပူပါနဲ့၊ ငါ့ခရီးစဉ်ရဲ့ရည်ရွယ်ချက်က မင်းတို့ရဲ့ သံသယတွေကို ရှင်းလင်းပေးဖို့ပါပဲ"
"ဒါပေမယ့် သံသယတွေကို မဖြေရှင်းသေးခင် ငါမင်းတို့ကို အရင်သတိပေးဖို့လိုတယ်"
လုချန်ရှန်းနှင့် ကျန်သောသူများ ကြည့်လိုက်ကြ၏။
ဆေးဖိုးဖိုး လေးနက်စွာပြောသည်။
"ပိုကြီးမားတဲ့ကပ်ဘေးတစ်ခုအတွက် ပြင်ဆင်ထားကြပါ......၊ ငရဲနတ်ဆိုးဒေသထက် ပိုအားကောင်းတဲ့ရန်သူက မကြာခင် ရောက်လာတော့မယ်"
အပိုင်း(1274) coming။