#သူတော်စင်နတ်ဆိုး၏ လျှို့ဝှက်ချက်များ#
Vol. 90 Ch. 1274
ဒါကိုကြားသောအခါ လုချန်ရှန်း ဆေးဖိုးဖိုးကို လှမ်းကြည့်ပြီးနောက် သူ့မျက်ခုံးများက အနည်းငယ်ကျုံ့သွားကာ မေးသည်။
"ကပ်ဘေးကတကယ်ပဲဘာလဲ၊ ပြီးတော့ ခင်ဗျားက တကယ်ပဲဘယ်လိုလဲ"
ဒီအချိန်တွင် မု၀မ်အာနှင့် ဆေးဖိုးဖိုးတို့၏ တွေ့ဆုံမှုက တိုက်ဆိုင်မှုတစ်ခုဟု လုချန်ရှန်းလုံး၀မယုံကြည်တော့ပါ။
ဆေးဖိုးဖိုးပြုံးရင်း လုချန်ရှန်းကို စိုက်ကြည့်သည်။
အကြောင်းရင်းတစ်ချို့ကြောင့် ဆေးဖိုးဖိုး သူ့ကို ကြည့်သောအခါ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုခံစားချက်တစ်ခုကို ဖိနှိပ်ထားသည်ဟု လုချန်ရှန်းအမြဲခံစားရသည်။
ဆေးဖိုးဖိုးခေါင်းခါယမ်းသည်။
"ငါဘယ်သူလဲဆိုတာက မင်းသိဖို့မလိုပါဘူး၊ မင်းနဲ့ငါ့ကြားမှာ ဘာပဋိပက္ခမှ မရှိဘူးဆိုတာကိုပဲ နားလည်ထားပါ"
"ပြီးတော့ဒါကဘာကြောင့် ကပ်ဘေးလဲဆိုတော့..... ရှောင်ဟိုင်ရဲ့သွေးကြောက နတ်ဆိုးနယ်မြေရဲ့ အားအကောင်းဆုံးဖြစ်တဲ့ သူတော်စင်နတ်ဆိုးသွေးကြောပဲ၊ အရင်က သူတော်စင်နတ်ဆိုးသွေးကြောရဲ့ တည်ရှိမှုကြောင့်ပဲ နတ်ဆိုးနယ်မြေက အထွတ်အထိပ်ကို ရောက်ခဲ့ပြီး နတ်ဘုရားနယ်မြေနဲ့ ရင်ဆိုင်နိုင်ခဲ့တာ"
"အဲဒီနောက်မှာတော့ နတ်ဘုရားနယ်မြေက နတ်ဆိုးနယ်မြေရဲ့ သူတော်စင်နတ်ဆိုးသွေးကြောကို လုံး၀အမြစ်ဖြတ်ပစ်ခဲ့တာမို့ နတ်ဆိုးနယ်မြေက ကျဆင်းလာခဲ့တယ်"
ဒါကိုကြားသောအခါ လူတိုင်းနားလည်သွားကြ၏။
ပိုကြီးမားသည့် အကျပ်အတည်းကဘာလဲ!
ဒါက နတ်ဘုရားနယ်မြေပေတည်း။
သူတော်စင်နတ်ဆိုးသွေးကြော ပြန်ခေါ်လာခြင်းက နတ်ဘုရားနယ်မြေအတွက် အခြိမ်းအခြောက်တစ်ခုရှိသည်ဟု ဖော်ပြနေခညင်းပင်။ နတ်ဆိုးဘုရင်နယ်မြေက သူတို့အာဏာကို စိန်ခေါ်သည့် ဒီလိုအခြေအနေမျိုးကို ဖြစ်ခွင့်ပြုမည်မဟုတ်။
အကယ်၍ နတ်ဘုရားနယ်မြေကသာ ရှောင်ဟိုင်တွင် သူတော်စင်နတ်ဆိုးသွေးကြောရှိတာကိုသိပါက သူက သူတို့၏ မလွဲဧကန် ဆူးတစ်ချောင်းဖြစ်လာပေလိမ့်မည်။
မု၀မ်အာ ပူပန်စွာမေးသည်။
"ဆေးဖိုးဖိုး၊ ဒါကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိလား"
ဆေးဖိုးဖိုးခေါင်းခါယမ်းသည်။
"နည်းလမ်းသိပ်မရှိဘူး၊ နတ်ဘုရားနယ်မြေမှာ ခေးအောစ့်နယ်မြေအပြင်ဘက်က သိသာတဲ့သူလျှိုတွေမရှိပေမယ့် သူတို့မှာ သတင်းအချက်အလက်တွေကို ရယူနိုင်ဖို့အတွက် လမ်းကြောင်းမျိုးစုံရှိတာမို့ သူတို့ဒါကို သိပြီးသားဖြစ်လောက်ပြီလို့ ငါထင်တယ်"
ဒါကိုကြားသောအခါ လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်မိသည်။
ငရဲနတ်ဆိုးဒေသ၏ စစ်ရေးကိစ္စများ၌ သူမပါ၀င်ခဲ့တာက နောက်ပိုင်း၌ ပိုအာရုံစိုက်မှုရလာမည်ကို ကြောက်သောကြောင့်ပင်။
ယခုတွင်မူ သူဒါကိုရှောင်ရှား၍မရနိုင်တော့။
မိုးမခပင်ပြောသကဲ့သို့ပင် ဒီကမ္ဘာကို သူရောက်လာကတည်းက အကြောင်းတရားနှင့် အကျိုးဆက်တစ်ချို့က သူ့ကို တွယ်ကပ်နေပြီး သူပုန်းနေ၍လည်း မရသလို ရှောင်ရှား၍လည်းမရပေ။
"ကောင်းပြီ၊ ငါသတိပေးဖို့ပဲလာခဲ့တာ၊ ဘာဆက်လုပ်မလဲဆိုတာကတော့ မင်းအပေါ်မူတည်တယ်" ထိုသို့ပြောပြီးနောက် ဆေးဖိုးဖိုး ထိုနေရာကနေ ပျောက်သွားသည်။
"ဒါပေမယ့် မင်းအဆုံးမဲ့ပင်လယ်ဒေသထဲက ရှေးဟောင်းစစ်မြေပြင်ကို သွားလည်လို့ရတယ်၊ အဲဒီမှာ အံ့ဩသင့်စရာတွေ ရှိလောက်တယ်"
ဟွမ်ချင်း လုချန်ရှန်းကို ကြည့်လိုက်၏။
"ကြည့်ရတာ အရင်က လုပ်ခဲ့တာအားလုံးက အချည်းနှီးဖြစ်သွားပုံပဲ၊ အခုဘယ်လို စီစဉ်ထားလဲ"
.....
တစ်ချိန်တည်းမှာပင် ကောင်းကင်ပိုင်နက်ထဲက မဟာခန်းမ၌ မိစ္ဆာနယ်မြေ၏ အကြီးအကဲအားလုံး ခန်းမထဲတွင် စုစည်းနေကြပြီး မျက်နှာမည်းမှောင်နေသော မိစ္ဆာသခင်ကို ကြည့်ရင်း အသံမထွက်ရဲကြပေ။
ဒီအချိန်တွင် မိစ္ဆာသခင်မေးသည်။
"အခုသတင်းအချက်အလက်ဖြန့်ဖြူးမှုက ဘယ်လိုလဲ"
အကြီးအကဲတစ်ဦးတုံ့ပြန်သည်။
"သတင်းပေးကင်းထောက်တွေက ကျွန်တော်တို့မိစ္ဆာနယ်မြေကဖြစ်ပြီး အခုဖြန့်ဖြူခြင်းက ပြီးသွားပါပြီ၊ ကျွန်တော်တို့ အလုံးစုံတိုက်ခိုက်မှုကို စတင်နိုင်ပါပြီ"
ဒါကိုကြားသောအခါ မိစ္ဆာသခင်လက်ဝှေ့ယမ်းရင်း ကြေညာသည်။
"သေမျိုးနယ်မြေကို တိုက်ခိုက်မယ့် အစီအစဉ်က မပြောင်းလဲဘူး၊ ဒါပေမယ့် နတ်ဆိုးနယ်မြေ ငါတို့အောက်က ကော်ဇောကို ဆွဲထုတ်ခြင်းကနေ တားဆီးဖို့အတွက် ဒါကိုအရှိန်မြှင့်ဖို့လိုအပ်တယ်"
"မိစ္ဆာနယ်မြေရဲ့ အင်အားစုအားလုံးကို စစ်တပ်နှစ်တပ်ခွဲပြီး အဆင့်နိမ့်ကြယ်နယ်မြေနဲ့ အဆင့်မြင့်ကြယ်နယ်မြေကို ချီတက်ကြ"
မိစ္ဆာနယ်မြေအကြီးအကဲများ၏ မျက်လုံးများက လေးနက်သွားကြပြီး တစ်ယောက်မေးသည်။
"ခံတပ်တွေကို ကာကွယ်ဖို့အတွက် ဘယ်သူ့ကိုမှ မချန်ထားတော့ဘူးလား"
"မင်းနားမလည်ဘူးလား" မိစ္ဆာသခင် ထိုအကြီးအကဲကို ကြည့်ပြီး ခက်ထန်စွာပြောသည်။
"ငါအားလုံးကိုပြောနေတာ"
"ဒါပေမယ့်ဒီလိုလုပ်ခြင်းက ကျွန်တော်တို့ခံတပ်တွေ စီးနင်းခံရခြင်းကို မလွဲရှောင်သာ ဦးတည်သွားစေပြီး ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကလည်း သိသိသာသာ လျော့ကျသွားလိမ့်မယ်၊ ဒါက အင်မော်တယ်နယ်မြေကို ဆက်တိုက်မယ့် ကျွန်တော်တို့ရဲ့ နောက်ပိုင်းအစီအစဉ်တွေကို သက်ရောက်နိုင်တယ်"
သို့စေကာမူ မိစ္ဆာသခင်နှာခေါင်းရှုံ့သည်။
"နတ်ဆိုးနယ်မြေက အချိန်မရွေး ရန်သူ့စခန်းမှာ ပူးပေါင်းသွားနိုင်တာမို့ ငါတို့ သေမျိုးနယ်မြေကို အရင်ဆုံးသိမ်းပိုက်ဖို့ကိုပဲ စိုးရိမ်ရမယ်"
ဒါကိုကြားသော် မိစ္ဆာနယ်မြေ၏ အကြီးအကဲအားလုံးခေါင်းညိတ်ပြီး လျင်မြန်စွာအပြင်ထွက်သွားကြကာ စတင်အမိန့်များပေးကြသည်။
ယခုတွင်မူ နတ်ဆိုးနယ်မြေနှင့် ပူးပေါင်းမှုဆုံးရှုံးသွားသည့်အပေါ် အကြီးအကဲတစ်၀က်ကျော် သိသိသာသာပင်လျော့ကျသွားပြီး ငရဲတပ်မှ အင်ပါယာအစောင့် တစ်ရာ့နှစ်ဆယ်ကျော်သာ ကျန်တော့သည်။
နတ်ဆိုးနယ်မြေ၏ ပုန်ကန်မှုက မလွဲရှောင်သာဖြစ်လာနိုင်လေရာ မိစ္ဆာနယ်မြေက အလျင်အမြန် ဆောင်ရွက်ရန်လိုသည်။
မည်သို့ပင်ဆိုစေကာမူ ဒါက မိစ္ဆာနယ်မြေအထက်က အမိန့်တစ်ခုဖြစ်ပြီး မပြီးမြောက်ပါက မိစ္ဆာသခင်၏ တောင်းဆိုချက်က ကျိန်းသေပေါက် အချည်းနှီးဖြစ်သွားပေလိမ့်မည်။
......
ငရဲနတ်ဆိုးဒေသအတွင်း နတ်ဆိုးနယ်မြေ၏ မူလအပိုင်းတွင် နတ်ဆိုးဘုရင် ရှောင်ဟိုင်ကို ကျောက်မျက်နှာပြင်၌ ဆန်းကြယ်သည့်စည်းတံဆိပ်များ ဖုံးနေသည့် ဂူတစ်ခုဆီသို့ ခေါ်လာခဲ့သည်။
ဒီနေရာတွင် မရေမတွက်နိုင်လောက်သည့်စာအုပ်များစွာရှိသည်။
နတ်ဆိုးဘုရင်၏အဆိုအရ ဒီစာအုပ်များတွင် နတ်ဆိုးနယ်မြေ၏ ပေါ်ထွန်းမှုနှင့် ကျဆုံးမှုသမိုင်းကြောင်းများပါ၀င်သည်။
ရှောင်ဟိုင်လေးနက်သည့် အမူအရာဖြင့် စာအုပ်များကို ကြည့်နေစဉ် နတ်ဆိုးဘုရင် ဘေးကနေ ရှင်းပြသည်။
"အဲအချိန်တုန်းက နတ်ဆိုးနယ်မြေက နယ်မြေခြောက်ခုမှာ အားအနည်းဆုံးတည်ရှိမှုဆိုပေမယ့် သူတော်စင်နတ်ဆိုးသွေးကြော ပေါ်ပေါက်လာမှုက နတ်ဆိုးနယ်မြေကို အလျင်အမြန်ဖွံ့ဖြိုးစေခဲ့တယ်"
"နောက်ဆုံးမှာတော့ နတ်ဘုရားနယ်မြေရဲ့ ရပ်တည်မှုကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ဖြစ်လာခဲ့တယ်"
ရှေးဟောင်းမှတ်တမ်းများကို ကြည့်လိုက်စဉ် အက္ခရာများစွာက ရှောင်ဟိုင်၏ မျက်လုံးများကို အထူးဖမ်းစားသွားသည်။
နတ်ဘုရားများ အညံ့ခံရသည့် သူတော်စင်နတ်ဆိုးခန္ဓာ!
သူတော်စင်များ နောက်ဆုတ်ရသည့် သူတော်စင်နတ်ဆိုးသွေး!
ဒီစကားလုံးများက ရှောင်ဟိုင်ကို နတ်ဆိုးဘုရင် သူ့အတွက်ကြောင့်နှင့် မည်သည့်အတွက်ကြောင့် မိစ္ဆာနယ်မြေကိုပင် ပွင့်လင်းစွာဆန့်ကျင်ပြီး ဘက်ပြောင်းသွားတာကို နားလည်စေသည်။
နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိပ်ခံခဲ့ရသည့် မကျေနပ်ချက်များကိုပင် ခွင့်လွှတ်ကာ မေ့ပစ်နိုင်ပေသည်။
နတ်ဆိုးဘုရင်ဘေးသို့လျှောက်သွားပြီး ထိုအက္ခရာများအား စိတ်လှုပ်ရှားစွာကြည့်သည်။
"အဲဒီအချိန်တုန်းက သူတော်စင်နတ်ဆိုးတွေက သူတို့သွေးကြောထဲက စွမ်းရည်ကိုးခုကို အပြည့်အ၀ အသက်မသွင်းနိုင်ခဲ့တာတောင် နတ်ဘုရားနယ်မြေရဲ့ နှလုံးသားထဲမှာ အကြောက်တရားကို ရိုက်သွင်းနိုင်ခဲ့တယ်"
"အဲဒီတိုက်ပွဲမှာ သူတော်စင်နတ်ဆိုးကိုးပါးက နတ်ဘုရားနယ်မြေကို တိုက်ရိုက်မုန်တိုင်းထန်ပစ်ခဲ့တယ်၊ သူတို့သုံးကြိမ်တိုင်တိုင်၀င်သွားခဲ့ပြီး ထွက်လာတဲ့သုံးကြိမ်လုံးမှာ နတ်ဘုရားနယ်မြေကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်၊ အဆုံးမှာတော့ နတ်ဘုရားနယ်မြေက ဘယ်လိုနည်းမျိုးနဲ့ သူတော်စင်နတ်ဆိုးကိုးပါးစလုံးကို သတ်နိုင်ခဲ့ပြီး သွေးကြောကို ပြတ်တောက်စေနိုင်ခဲ့တာလဲဆိုတာကို ဘယ်သူမှမသိကြဘူး"
ရှောင်ဟိုင်မေးသည်။
"ဒီလိုဆိုမှတော့ သူတော်စင်နတ်ဆိုးကိုးပါးထဲကတစ်ယောက်မှ အရင်က သွေးကြောစွမ်းရည်ကိုးခုလုံးကို အပြည့်အ၀ အသက်မသွင်းနိုင်ခဲ့ဘူးဆိုရင် ဘာလို့ကျုပ်အပေါ် မျှော်လင့်ချက်အားလုံး ထားနိုင်ရတာလဲ"
ဒါကိုကြားသောအခါ နတ်ဆိုးဘုရင်၏အသံက လေးနက်လာသည်။
"ဒါက နတ်ဆိုးနယ်မြေမှာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်ပဲ၊ သူတော်စင်နတ်ဆိုးသွေးကြော ပြန်ပေါ်လာမယ်ဆိုရင် ငါတို့နတ်ဆိုးနယ်မြေကို ပြန်ခေါ်လာရပြီး ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ကာကွယ်ပေးရမယ်"
"ဘာလို့လဲဆိုတော့ သူတော်စင်နတ်ဆိုးသွေးကြောနဲ့ပဲ နတ်ဆိုးနယ်မြေရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်ပြီး လက်စားချေခွင့် ပေးနိုင်မှာမို့လို့ပဲ"
ထိုသို့ပြောပြီးနောက် နတ်ဆိုးဘုရင်၏ လေသံက ပြောင်းသွားသည်။
"နတ်ဆိုးနယ်မြေရဲ့ သွေးကြောကို သယ်ဆောင်ထားခြင်းက ဘယ်လိုစရိုက်မျိုးကို တိုက်ရိုက်ပြောင်းလဲဖြစ်ပေါ်လာစေသလဲဆိုတာ မင်းလည်းသိမှာပါ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ယခုသူနားလည်သွားလေပြီ။
ဒါက နတ်ဆိုးဘုရင်ပိုင်နက်ကဲ့သို့ပင်ဖြစ်ပြီး သူကိုယ်တိုင်က အညံ့ခံရန်ဆန္ဒမရှိဘဲ လက်စားချေလိုသည့် စိတ်သဘောထားနှင့်အတူ အလွန်အမင်းဂုဏ်ယူကာ အလျှော့မပေးသည့် စရိုက်မျိုးရှိသည်။
ရှောင်ဟိုင်ခေါင်းညိတ်တာကို မြင်သောအခါ နတ်ဆိုးဘုရင်ဒူးထောက်ပြီးနောက် ပြင်းထန်စွာပြောသည်။
"ဒီနေ့ကစပြီး သူတော်စင်နတ်ဆိုးက နတ်ဆိုးနယ်မြေရဲ့ အရှင်သခင်ဖြစ်လာပါပြီ၊ အခုကစပြီး နတ်ဆိုးနယ်မြေရဲ့ အရင်းအမြစ်အားလုံးကို သူတော်စင်နတ်ဆိုးအသုံးပြုဖို့အတွက် အသုံးချသွားမှာပါ"
ဒါကိုမြင်သော် ရှောင်ဟိုင် နတ်ဆိုးဘုရင်ကို ထရပ်ရန်ကူညီပေးပြီးနောက် ပြောသည်။
"သွေးကြောကို ဘယ်လိုအသက်သွင်းရမလဲ"
ဒီစကားလုံးများအပေါ် နတ်ဆိုးဘုရင် စာအုပ်စင်ရှိရာသို့လျှောက်သွားသည်။ စာအုပ်စင်၏ ညာဘက်အောက်ခြေတွင် ရောင်စုံစာအုပ်သုံးအုပ်ရှိသည်။ နတ်ဆိုးဘုရင်ငုံ့ပြီး ဘေးသို့ရွေးလိုက်သောအခါ ချက်ချင်းဆိုသလို ဂူတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာသည်။
ရှောင်ဟိုင်ရှေ့တွင် ဧရာမစာအုပ်စင်ကြီးက ဘေးနှက်ဘက်စလုံးသို့ စတင်ရွေ့သွားပြီး မှောင်မိုက်နေသည့်လမ်းကြောင်းတစ်ခုကို ဖော်ပြသည်။
ဒီလမ်းကြောင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အလွန်အမင်းပြင်းထန်သည့် သွေးကြောအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။
နတ်ဆိုးဘုရင် ချက်ချင်းနောက်ဆုတ်လိုက်ရသည်။
သို့သော် ရှောင်ဟိုင်ကမူ ဒီသွေးကြောအော်ရာဖြင့် ဆေးကြောခံရသောအခါ အင်မတန် ရင်းနှီးသည့်ခံစားချက်တစ်ခုကို ခံစားရသည်။
နတ်ဆိုးဘုရင် သူ့ဘေးကနေပြောသည်။
"ဒီလမ်းကြောင်းထဲကို သူတော်စင်နတ်ဆိုးသွေးကြောနဲ့ လူတစ်ယောက်ကပဲ ၀င်နိုင်တယ်၊ ဖြစ်နိုင်တာက သူတော်စင်နတ်ဆိုးသွေးကြောကို အသက်သွင်းတဲ့နည်းကို အထဲမှာ တွေ့ရလောက်တယ်"
အပိုင်း(1275) coming။