← Chapters

တွေ့ဆုံမှု

Vol. 134 Ch. 2002

တွေ့ဆုံမှု

Vol. 134 Ch. 2002

လင်းရီ၏ နှုတ်က ထိုစကားလုံးများကို ပြောဆိုပြီးသည်နှင့် အခန်းတွင်းရှိ လေထုမှာ တစ်မဟုတ်ချင်း ထိုးတက်သွားပြီး လူတိုင်း ခါးရှိ သေနတ်များအား ဆွဲထုတ်ကာ လင်းရီထံသို့ ချိန်ရွယ်ထားလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ လူက ဟွာရှ ၊ ကျုံးဝေ့တပ်ဖွဲ့မှ ဖြစ်၏။

“ ကျုံးဝေ့တပ်ဖွဲ့နဲ့ ငါတို့ကြားမှာ ဘာကိစ္စမှ မရှိထားဘူး … မင်း ဒီကို ဘာလာလုပ်တာလဲ …”

“ အာယာနဲ မစ်ဆူက ကျုပ်ရဲ့ မိတ်ဆွေပဲ … ခင်များတို့က သူ့ကို တိုက်ခိုက်နေကြမှတော့ ကျုပ်မိတ်ဆွေရဲ့ ရန်သူက ကျုပ်ရဲ့ ရန်သူပဲလေ… ခင်များတို့ရော အဲ့လို မထင်ဘူးလား….”

စကားပြောဆိုပြီးသည်နှင့် လင်းရီသည် အနက်ရောင် အဝတ်စကို ဖယ်ရှားလိုက်ပြီး မီခါဇူကီ ဓားအား ဓားအိမ်အတွင်းမှ ထုတ်လိုက်၏။

“ ခင်များတို့အားလုံးက အခုလို တစ်စုတစ်ဝေးတည်း ရှိနေကြတယ်ဆိုတော့ ဒီမှာပဲ အပြတ်ရှင်းလိုက်ကြတာပေါ့ …”

လင်းရီက အာယာနဲ မစ်ဆူအတွက် ရောက်လာသည်ကို ကြားသိလိုက်ရတော့ သူတို့ အကုန်လုံး အံ့အားသင့်ကုန်ကြသည်။

“ ဟွာရှန့် .. မင်းကိုယ်မင်း ဘယ်သူဆိုတာ မမေ့နဲ့ … ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ဟွာရှ အစိုးရရဲ့ တရားဝင် အဖွဲ့အစည်းပဲ … ပြီးတော့ ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စထဲ မင်းမှာ ဝင်စွက်ဖက်စရာ အကြောင်း မရှိဘူး …”

“ ဒါတွေ ကျုပ် ဂရုမစိုက်ဘူး … ခင်များတို့က အာယာနဲကို တိုက်ခိုက်ခဲ့ကြတယ်… ဒီတော့ ကျုပ်ဘက်က ခင်များတို့နဲ့ စာရင်းရှင်းရမှာ သဘာဝပဲ …”

ပြောပြီးသည်နှင့် လင်းရီ၏ အကြည့်က ဆာတိုရူထံသို့ ကျရောက်သွားခဲ့ပြီး “ ဒီကိစ္စတစ်ရပ်လုံးကို ခင်များ ကိုယ့်ဘာကိုယ်ပဲ စီစဉ်ပြီး တခြား ဘယ်သူမှ ဝင်ပတ်သက်မနေဘူးဆိုတာ သေချာလား ….”

ဆာတိုရူ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်မှု တစ်ခုက သူ့မျက်နှာထက်၌ ပေါ်ပေါက်လာသည်။

သူ့ရှေ့ရှိ လူက ဤမျှ သိရှိထားလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပါချေ။

“ မင်းက စောက်ရူးပဲ … တိုက်ကြ …”

ဆာတိုရူ အမိန့်ပေးလိုက်သူနှင့် ခန်တာ မီရာမိုတိုသည် မည်သည့်စကားမျှ မဆိုဘဲ သေနတ်ခလုတ်မောင်းအား ဆွဲချလိုက်၏။

ဘန်း ..

သေနတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပူလောင်ကျွမ်းနေသည့် ကျည်တစ်တောင့်မှာ အခန်းတွင်းရှိ လေထုထဲသို့ အရှိန်ဟုန်အပြည့်ဖြင့် ဝင်ရောက်လာသည်။

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး မီရာမိုတို မပစ်ခတ်မီတွင် ကြိုတင်လှုပ်ရှား၍ ပစ်ခတ်လာသည့် ကျည်ဆံအား ရှောင်ရှားလိုက်သည်။

ခလွမ်း …

ကျည်ဆံက လွဲချော်သွား၍ လင်းရီအနောက်ရှိ မှန် ပြတင်းပေါက်အား သွားရောက်ထိမှန်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”

ဤမြင်ကွင်းကို မြင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။ လူတစ်ယောက်က ကျည်ဆံကို ရှောင်ရှားနိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ထဲ၌ပင် ထည့်မမက်ခဲ့ဖူးကြချ။

ခန်တာမီရာမိုတိုနှင့် အခြားသူတို့ ငူငူငိုင်ငိုင် ဖြစ်နေစဉ်မှာပဲ လင်းရီသည် သူတို့အနားသို့ ရောက်ရှိလာနေပြီး ဖြစ်သည်။

လျှပ်စီးလက်သကဲ့သို့ အလင်းတန်း တစ်ချက်က မီရာမိုတို၏ မျက်ဝန်းထဲ လင်းလက်သွားခဲ့ပြီး ဓားသွားတစ်ခုက သူ၏ လည်မျိုသို့ ခုတ်ပိုင်းလာသည်အား အနှေးပြကွက်နှင့် မြင်တွေ့နေရ၏။ ထို့နောက် သူ၏ လည်ပင်း၌ စပ်ဖျဉ်းဖျဉ်းခံစားချက် တစ်ခုကို ခံစားလိုက်ရလေသည်။ သူ၏ လက်က ထိတွေ့လိုက်သည့် အချိန်၌ သွေးတို့ ရေပန်းသဖွယ် ပန်းထွက်လာခဲ့ပြီး ချက်ချင်းပဲ သွေးအိုင်ထဲ လဲကျသွားခဲ့တော့သည်။

မီရာမိုတို၏ သေဆုံးမှုက ကျန်ရှိသည့် လူအားလုံးကို အကြီးအကျယ် ရှော့ခ်ရသွားစေခဲ့၏။

ကျုံးဝေ့တပ်ဖွဲ့က ဟွာရှ အစိုးရ၏ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်သည်ကို သူတို့ သိထားကြသည်။ သို့ပေမယ့် ၎င်းတို့ မည်မျှ အားကောင်းသည်ကိုတာကိုတော့ သူတို့ ရင်ဆိုင်ကြုံတွေ့ဖူးခြင်း မရှိကြပေ။

ယခုအခါတွင်တော့ သူတို့အားလုံး မျက်မြင်ကြုံတွေ့လိုက်ကြရပြီ ဖြစ်၏။

“ ပစ် … “

ဆာတိုရူ မျက်ဝန်းနီရဲသွားခဲ့ပြီး ဒေါမာန်အပြည့်ဖြင့် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

လူတိုင်း အသိစိတ်ပြန်ဝင်လာခဲ့ပြီး သေနတ်များဖြင့် လင်းရီထံသို့ ဆက်တိုက်ပစ်ခတ်လိုက်ကြ၏။

ဘန်း ဘန်း ဘန်း ..

သေနတ်သံများက အခန်းတွင် ဗလောင်ဆူသွားခဲ့ပြီး လင်းရီ ကျွမ်းလှိမ့်ကာ ကျည်ဆံ အတန်းလိုက်ကြီးအား ရှောင်ရှားသွားခဲ့သည်။

ထို့နောက် တစ်ဆက်တည်းတွင် သူ၏ ခါးရှိ သေနတ်အား ဆွဲထုတ်၍ လူတိုင်းထံ ပြန်လည်ပစ်ခတ်လိုက်၏။

ဘန်း ဘန်း ဘန်း …

သုံးချက် ဆက်တိုက် ပစ်ခတ်ပြီးနောက်တွင် လူသုံးဦး လဲကျသွားခဲ့၏။

ကျန်ရှိသည့် လူသုံးယောက်လုံးမှာ အတန်ငယ် ငိုင်တွေသွားခဲ့ပြီးနောက် သူတို့၏ နဂိုကိုယ်ဟန်ကို ပြန်လည် ရရှိလာသည်။

လင်းရီထံသို့ တရစပ် ပစ်ခတ်၍ ဖိအာပေးထားပြီး သူတို့သုံးယောက်လုံးမှာ တံခါးပေါက်ဝထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်နေကြကာ ဤနေရာမှ ထွက်ပြေးရန် စီစဉ်ထား၏။

သူတို့အားလုံးက ဤလူ၏ ပြိုင်ဘက်မဟုတ်သည်ကို ရှင်းလင်းစွာ နားလည်ထားခဲ့ကြလေသည်။

အကယ်၍ ဤနေရာ၌ ဆက်ရှိနေ၍ တိုက်ခိုက်ကြမည်ဆိုပါက သူတို့ အားလုံး အသက်ပေးလိုက်ကြရမည်မှာ အမှန်ပင်။

ဘန်း ဘန်း…

အခွင့်အရေးအား အမိအရ ဆုပ်ဖမ်း၍ လင်းရီ နှစ်ချက် ဆက်တိုက် ပစ်ခတ်လိုက်ကာ လူနှစ်ယောက်အား ထပ်မံ လဲကျသွားစေခဲ့သည်။

လဲကျသွားခဲ့သည့် လူနှစ်ယောက်မှာ သူတို့၏ ရင်ဘက်အား ဖိနှိပ်ထား၍ ချက်ချင်း မသေဆုံးသွားဘဲ ထိုအစား တန်ပြန် ပစ်ခတ်၍ လင်းရီကို သတ်ဖြတ်ရန် ကြိုးပမ်းလိုက်ကြသည်။

ထိုအချိန်မှာပဲ ဆာတိုရူနှင့် သူ့လူမှာ တံခါးဝသို့ ရောက်ရှိနေနှင့်ပြီး ထွက်ပြေးရန်အတွက် တံခါးပေါက်အား လျင်မြန်စွာ ဖွင့်ဟလိုက်သည်။

သို့သော် သူတို့ နှစ်ဦး အပြင်သို့ ထွက်လာသည်နှင့် ကိုယ်ရှိန်ကို ချက်ချင်းတန့်၍ နေရာ၌ လက်မြောက်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် တာရို ခါရာဆာဝါမှာ တံခါးပေါက်ဝတွင် သူ့လူများနှင့် ရှိနေပြီး သူတို့၏ ဦးခေါင်းများထံသို့ သေနတ်များဖြင့် ချိန်ရွယ်ထားသောကြောင့်ပင်။

“ ဟဲဟဲ .. ဆာတိုရူ … ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ မင်း မထင်ထားဘူးမလား …”

ဆာတိုရူ၏ အမူအရာမှာ အလွန်အမင်း ဒေါသထွက်နေလျက် ရှိပြီး တစ်စုံတစ်ယောက်အား အစိမ်းလတ်လတ် ဝါးမျိုချင်နေဟန်ပင်။

“ ငါ ရှုံးနိမ့်ကြောင်း ဝန်ခံတယ်… ဒါပေမယ့် မင်းလည်း လွယ်မယ် မထင်နဲ့ … ငါနဲ့ အတူ မင်းကိုပါ ခေါ်သွားမှာ …”

ဆာတိုရူ၏ မျက်နှာထက်တွင် မိုက်ရူးရဲဆန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး တာရိုခါဝါဆာဝါအား သူ၏ သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။ သို့ပေမယ့် တာရိုခါရာဆာဝါမှာ ထိုသို့ ပြုလုပ်ရန် အခွင့်အရေးမပေးဘဲ လှုပ်ရှားမှုကို မြင်သည်နှင့် ချက်ချင်း ပစ်ခတ်လိုက်၏။

မကြာမီ အခန်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး တာရိုခါရာဆာဝါသည် လင်းရီအနားသို့ လျှောက်လှမ်းလာခဲ့၏။

“ လူကြီးမင်းလင်း … မင်း ဒဏ်ရာရထားသေးလား …”

“ မရဘူး …” လင်းရီ ခေါင်းခါရမ်း၍ သူ၏ စိတ်အခြေအနေမှာတော့ ကောင်းမွန်မနေချေ။

သူ နဂိုစီစဉ်ထားသည်မှာ ဆာတိုရူအား အသက်ရှင်လျက်လွှတ်ပေးလိုက်၍ အသုံးဝင်မည့် သတင်းအချက် အလက် တစ်ချို့ ရရှိရန် ကြံရွယ်ထားသည်။ သို့ပေမယ့်လည်း ယခုလို ရလဒ်မျိုး ဖြစ်ပေါ်လာလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့ပါချေ။

ဤအတွက်လည်း အခြားသူကို အပြစ်တင်၍ မရချေ။ ဆာတိုရူဘက်က စတင် ပစ်ခတ်လာခဲ့သဖြင့် သူ့ဘက်ကလည်း အသက်သေမှာကို ငြိမ်ပြီး ထိုင်စောင့်နေ၍ မဖြစ်ပြန်ချေ။

ကောင်းကင်က သူဖြစ်ချင်စေသည့်အတိုင်း ဖြစ်ခွင့် မပေးဟူ၍သာ ယူဆလိုက်တော့သည်။

“ တခြားသူတွေကို ကိုင်တွယ်ပြီးပြီလား …” လင်းရီ မေးမြန်းလိုက်သည်။

တာရိုခါရာဆာဝါ ခေါင်းညိတ်လိုက်၏။ “ လူကြီးမင်းလင်းရဲ့ အကူအညီနဲ့ ဆာတိုရူရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးကို ဖမ်းဆီးထားပြီးပါပြီ … “

“ ဒါဆိုလည်း သံကို ပူတုန်း နာနာထုပြီး ဆာတိုရူနဲ့ ရိုရှီဇာခီရဲ့ ပိုင်နက်တွေကို သိမ်းပိုက်လိုက်ကြတာပေါ့ .. ရာမာဂူခီဂိုဏ်းကို ဒီလိုမျိုး တကွဲတပြားနဲ့ ထားတာက မကောင်းဘူး …”

“ နားလည်ပါပြီ … ကျုပ် အခုပဲ စီစဉ်လိုက်မယ်…”

လင်းရီ လက်ဝှေ့ရမ်း၍ “ ဒီက ကိစ္စတွေကို ငါ ကြီးကြပ်လိုက်မယ်.. မင်က ရိုရှီဇာခီဘက်ခြမ်းကို သွားပြီး ကိုင်တွယ်လိုက် … ရာမာဂူချီဂိုဏ်းကို မြန်နိုင်သမျှ မြန်မြန် ပြန်ပြီး စုစည်းဖို့ပြင် …”

“ ဟုတ်ကဲ့ … လူကြီးလင်းရဲ့ အားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်…”

လင်းရီ၏ ညွှန်ကြားမှုအတိုင်း လိုက်နာ၍ တာရိုခါရာဆာဝါသည် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

လင်းရီသည် စားပွဲတွင် ထိုင်ချ၍ သူ၏ နောက်ဆက်တွဲ ခြေလှမ်းများအား စဉ်းစားနေလျက် ရှိ၏။

ကနေဦးအစမှသည့်တိုင် ရာမာဂူချီဂိုဏ်းသည် သူ့အပေါ် မည်သည့် ခြိမ်းခြောက်မှုမျှ မပြုနိုင်ခဲ့ချေ။ သူ စိုးရိမ်ပူပန်မိသည်က ဆာတိုရူ၏ နောက်ကွယ်တွင် ထိန်းချုပ်နေသည့်လူကိုပင်။ ယခု ဆာတိုရူကလည်း သေသွားပြီ ဖြစ်သဖြင့် ချည်မျှင်စများလည်း ပြတ်တောက်သွားပြီး နောက်ကွယ်ရှိ ထိုလူအား ရှာတွေ့ရန်က ခက်ခဲသွားပြီ ဖြစ်သည်။

ဤသည်က အာယာနဲ မစ်ဆူသည် အန္တရာယ်နွံထဲမှ လုံးဝ လွတ်မြောက်ခြင်း မရှိသေးဟူ၍ပင်။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် မီနာအီတိုသည် လင်းရီအနားသို့ ရောက်လာခဲ့ပြီး “ လူကြီးမင်းလင်း .. ဟိုတယ်က ပြဿနာတွေကို ဖြေရှင်းပြီးပါပြီ … ဆာတိုရူရဲ့ ပိုင်နက် ခုနစ်ဆယ် ရာခိုင်နှုန်းနဲ့ သူ့လူတွေအားလုံးကိုလည်း ထိန်းချုပ်ထားပြီးပါပြီ .. ကျွန်မတို့ အခု ပြန်ကြတော့မလား …”

“ ကောင်းပြီ .. ငါ နားလည်ပြီ …”

……

အစောပိုင်း မိနစ်နှစ်ဆယ်ခန့်၌။

အနက်ရောင် Lexus တစ်စင်းမှာ ဟိုတယ်ဝင်ပေါက်ဝ၌ ပါဝင်ထိုးလာခဲ့ပြီး သာမန်လျှံကာ အဝတ်အစားနှင့် လူဖြူတစ်ဦး ကားထဲက ထွက်လာသည်။

သံသယ ရှိရန် မလိုပါဘဲ ထိုလူကတော့ ဝေါ်ကာ ဖြစ်၏။

သို့သော် သူ ဟိုတယ်ထဲ ဝင်ရောက်တော့မည့် အချိန်မှာပဲ တစ်စုံတစ်ရာ မူမမှန်သည်အား သတိပြုမိသွားခဲ့သည်။ ကြည့်ရသည်မှာ ဤနေရာ၌ ရုန်းရင်းဆန်ခတ် တစ်ခုခု ဖြစ်ပွားခဲ့ဟန်ပင်။

မဟုတ်ပါက လူအများအပြားမှာ ဒဏ်ရာများနှင့် လဲလျောင်းနေမှာ မဟုတ်ချေ။

ဤသည်ကို တွေးတောမိတော့ ဝေါ်ကာသည် မျက်လုံးမှေးကျဉ်း၍ လှေကားထစ်များ ဘေးတွင်ထိုင်ပြီး အခြေအနေကို သေချာ အကဲခတ်ကာ တဇွတ်ထိုးဆန်သည့် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ချေ။

မကြာမီ လင်းရီနှင့် မီနာအီတိုတို့နှစ်ဦး ဓာတ်လှေကားထဲက ထွက်လာခဲ့ပြီး အာယာနဲ မစ်ဆူနှင့် တွေ့ဆုံရန် ဟန်ပြင်သည်။ သို့သော် ဟိုတယ်ထဲက ထွက်လာသည်နှင့် လင်းရီသည် တစ်စုံတစ်ယောက်က သူ့အား ကြည့်ရှုနေသည်ဟူသော ခံစားချက်ကို ရရှိလိုက်သည်။ လင်းရီ ရုတ်ချည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းရှိ လှေကားထစ်များတွင် ထိုင်နေသည့် ဝေါ်ကာအား မြင်တွေ့သွားခဲ့သည်။

သူတို့၏ မျက်ဝန်းအကြည့်တို့က လေထုအလယ်တွင် ဆုံတွေ့သွားခဲ့ပြီး ထိတွေ့ပွတ်တိုက်မှုကြောင့် မီးစမီးနတို့ ဖြစ်ပွားလာခဲ့၏။

All Chapters