← Chapters

လေးနက်တဲ့ ကတိ

Vol. 134 Ch. 2005

လေးနက်တဲ့ ကတိ

Vol. 134 Ch. 2005

လင်းရီ မျက်လုံးလှန်လိုက်မိ၏။ “ မင်း တခြားအရာတွေ မစဉ်းစားတတ်တော့ဘူးလား …”

“ ငါလည်း ဘယ်တတ်နိုင်မှာ … ငါက နင့်ဇနီးလည်း မဟုတ်၊ နင့်ရဲ့ ချစ်သူကောင်မလေးလည်း မဟုတ် ၊ ဒီတော့ အခွင့်အရေးကို ရရင် ရသလို ယူရမှာပဲလေ… ငါ့အတွက်ရော လွယ်တယ်လို့ နင်ထင်နေလား …”

နင်ချဲ့မှာ တည်ငြိမ်သည့် အမူအရာဖြင့် အမှန်တရား တစ်ခုအား ပြောဆိုနေသည့်နှယ် ရှိကာ လင်းရီပင် သူ့ကိုယ်သူ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။

“ ဒါပေမယ့် ငါမြင်တာတော့ အာယာနဲ မစ်ဆူကလည်း နင့်အပေါ် အတော်လေး တွယ်တာတာပဲနော် … တကယ်လို့ နင့်အခြေအနေသာ ကောင်းရင် ငါတို့ သုံးယောက်အတူ ပျော်ဖို့ကောင်းတဲ့ ညလေးတစ်ညကို ဖန်တီးနိုင်မှာ .. တွေးကြည့်ရုံနဲ့တင် ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းထားလဲ …..”

နင်ချဲ့ သက်ပြင်းချလိုက်ကာ “ အိုက်ယား … စိတ်မကောင်းစရာပဲ …”

လင်းရီ ကြက်သီးဖြန်းသွားခဲ့ရ၏။ ကြည့်ရသည်မှာ သူ အမြန် နေပြန်ကောင်းလာဖို့ လိုအပ်သည့်ပုံပင်။ မည်သို့ပင်ဆိုစေ ဤအမျိုးသမီးများ၏ စားသောက်နိုင်စွမ်းက တစ်ယောက်ထက် တစ်ယောက် ပိုမိုကြီးမားပြီး သူမတို့ကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကား ယခုတိုင် မေးခွန်းပုစ္ဆာတစ်ခုအဖြစ် ကျန်ရစ်နေသည့် ကိစ္စ တစ်ခုပင်။

အချိန်က ရေအလျင်နှယ် ညိမ့်ညောင်းစွာ စီးဆင်းနေပြီး သူကိုယ်တိုင်ပင် သတိမထားမိလိုက်ခင် အချိန်လေး အတွင်း၌ သုံးရက်တာမှာ ကုန်ဆုံးသွားခဲ့သည်။

လင်းရီ၏ အနာသည်လည်း ကျက်သွားပြီ ဖြစ်၏။ သို့သော် ပြင်းထန်သည့် လှုပ်ရှားမှုတစ်ချို့ ပြုလုပ်နိုင်ဖို့ကတော့ ခက်ခဲဦးမည် ဖြစ်သည်။

အနာပြန်လည် သက်သာလာသည်နှင့် လင်းရီသည် ဤနေရာ၌ ကြာရှည်စွာ နေထိုင်ရန် စီစဉ်မထားဘဲ ပစ္စည်းများ သိမ်းဆည်း၍ သူ့နိုင်ငံသို့ပြန်ရန် အဆင်သင့် ဖြစ်နေသည်။

နောင်တရမိသည့် တစ်ခုတည်းသော အရာကတော့ သူတို့သုံးဦး ကုတင်တစ်ခုထက်၌ အချိန်အတူ ဖြုန်းခွင့် မလိုက်ရခြင်းပင်။

သို့သော် အမျိုးသမီးနှစ်ဦးလုံးက သူ့ကို သီးခြားစီ သေချာပြုစုပေးသဖြင့် မိမိကိုယ်မိမိ ကမ္ဘာပေါ်ရှိ ပျော်ရွှင်စရာ အကောင်းဆုံး လူသားအဖြစ်တော့ ခံယူမိပါသည်။

လင်းရီ ထွက်ခွာတော့မည့် သတင်းကို ကြားတော့ အာယာနဲမစ်ဆူသည် သူနှင့် နင်ချဲ့ကို လေဆိပ်သို့ လိုက်ပို့ပေးသည်။ ဤတစ်ကြိမ်တွင်တော့ သူမ၏ မျက်နှာထက်၌ မလိုလားမှု တချို့ကလွဲ၍ မည်သည့်မျက်ရည်ကိုမျှ မြင်တွေ့ရခြင်း မရှိခဲ့ပေ။ သူမအဖို့ လင်းရီသည်ကား ဟူဂျီတောင်ကဲ့သို့ဖြစ်ပြီး ယင်းအလှအား ခံစားကြည့်ရှုနိုင်သော်လည်းပဲ တစ်ကိုယ်တည်း ပိုင်ဆိုင်ခွင့် မရသည့် အရာတစ်ခု ဖြစ်၏။

သုံးနာရီခန့် ပျံသန်းပြီးနောက် လင်းရီ၏ သီးသန့်ဂျက်လေယာဉ်သည် ကျိုးဟိုင် လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။ လေယာဉ်ပေါ်က ဆင်းတော့ နင်ချဲ့က သူ့ကို တွဲပြီး ကူလျှောက်ပေး၏။

“ ဝိုး .. လင်းကော … လမ်းတောင် တွဲကူလျှောက်ပေးရတဲ့အထိကို မင်း အားနည်းနေပါလားကွ ….” လျန်ကျင်းမင် ရယ်ကျဲကျဲ အမူအရာဖြင့် ပြောဆိုလိုက်လေသည်။

သူ့ဘေးတွင်တော့ ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့က သူ့အား အသီးသီး အပြုံးကိုယ်စီဖြင့် ကြည့်ရှုနေကြလျက် ရှိသည်။

ယနေ့တွင် လင်းရီ ပြန်လာမည့် သတင်းကို ကြိုတင် သိရှိထားသောကြောင့် အကုန်လုံးက ကြိုဆိုရန် လေဆိပ်သို့ ရောက်လာခဲ့ကြလေသည်။

“ မင်း&**ကြီးကို အားနည်း…” လင်းရီ ကျိန်ဆဲလိုက်၍ “ လူက ဗိုက်မှာ ဓားထိုးခံထားရလို့ ချုပ်ထားရတာ အခုထိ အပြည့်အဝ မသက်သာသေးလို့ …”

“ လခွမ်း … မင်း ဓားထိုးခံလိုက်ရတယ် ဟုတ်လား …”

ချင်းဟန်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လင်းရီ၏ အင်္ကျီရှပ်ကို လှပ်ကြည့်လိုက်တော့ ဝမ်းဗိုက်တစ်လျှောက်တွင် ပတ်တီးအထူ စည်းထားပြီး အနာအား ကွယ်ဝှက်ထားသည်ကို မြင်တွေ့လိုက်ရသည်။

“ ဒါ ဘယ်လိုဖြစ်တာ … ဘယ်လောက်တောင်ပြင်းထန်လို့ ဘယ်နှချက်လောက် ချုပ်လိုက်ရလဲ ….”

“ အချက် သုံးဆယ်လောက် …..”

“ မသိတဲ့လူတွေကတော့ မင်းကို ဂျပန်သွားတယ် ထင်မှာမဟုတ်ဘူး… ပြဿနာသွားရှာတယ်လို့ ထင်မိမှာပဲ … ပြန်လာတိုင်း အမြဲတမ်း အနာတရနဲ့ …” ချင်းဟန် ကျိန်ဆဲလိုကသ်ည်။

“ မတော်တဆပါကွာ …” လင်းရီ ရယ်ကျဲကျဲ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် ဒီကိစ္စ မင်းတို့ငါတို့ပဲ သိပါစေနော်… တခြားသူတွေကို လျှောက်မပြောပြနဲ့ …”

“ မင်း အဲ့စကား ကောင်းကြီးကို ပြောရမှာ …” လျန်ကျင်းမင် ပြောလိုက်သည်။

“ ငါ့ကို ဘာမို့လို့ ပြောရမှာတုန်း …” ကောင်းကျုံးယွမ် ပြန်ပြီး မျက်လုံးလှန်ကြည့်လိုက်လေသည်။

“ ဘာလို့ ပြောရမှာတုန်း ဟုတ်လား … မင်းကိုယ်မင်း အသိဆုံး ဖြစ်မှာပေါ့ …” လျန်ကျင်းမင်လည်း ကျယ်လောင်စွာ ပြန်ပြောလိုက်လေသည်။

“ ကဲပါ … အဲ့တာတွေထား … သွားကြစို့ … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး … ငါ့ဆိုင်သွားပြီး တစ်ခုခု စားကြမယ်….”

“ ငါတော့ ကိစ္စလေး ရှိလို့ နင်တို့နဲ့ အတူမလိုက်တော့ဘူးနော်….” နင်ချဲ့ ပြောလိုက်သည်။

“ မကြာပါဘူး … မသွားခင် နည်းနည်းလောက် စားသွားပေါ့ …” လင်းရီ ဖိတ်ခေါ်လိုက်၏။

“ ဘော့စ်လျိုက အရေးတကြီး ပြောစရာ ရှိတယ် ပြောထားလို့ ငါ့မှာ တကယ် အချိန်မရှိတာ … နောက် ရက်နည်းနည်းနေရင် ကျိုးဟိုင်ကို ထပ်လာလည်ဦးမှာ …. အဲ့ခါကျ တွေ့ကြတာပေါ့ ….”

“ အိုကေလေ…”

နှုတ်ဆက်ပြီးသည့်နောက် နင်ချဲ့သည် လင်းရီ၏ သီးသန့်ဂျက်လေယာဉ်ဖြင့် ရန်ကျင်းသို့ ပျံသန်းသွားခဲ့၏။

လင်းရီနှင့် ကျန်သူများက ချင်းဟန်၏ ဘာဘီကျူးဆိုင်သို့ ဦးတည်၍ ကြိုဆိုသည့် ညစာစားပွဲကို ကျင်းပလိုက်ကြသည်။

“ လင်းကော … မင်း ထပ်ပြီးတော့ ထွက်သွားဦးမှာတော့ မဟုတ်ဘူးမလား …” ကောင်းကျုံးယွမ် မေးမြန်းလာခဲ့လေသည်။

“ လောလောဆယ်တော့ အရေးကြီးကိစ္စတွေ မရှိသေးဘူး …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ရှိလာရင်လည်း သွားလို့ အဆင်ပြေဦးမှာ မဟုတ်ဘူး … အခု ငါ့လက်ရှိ အနေအထားနဲ့ သွားလည်း အမြှောက်စာ ဖြစ်သွားမှာပဲ ….”

“ ဒါဆိုလည်း ကျိုးဟိုင်မှာပဲ အေးဆေးနေတော့ … မဟုတ်ရင် မင်း ဘယ်အချိန် ထပ်ပြီး တစ်ခုခု ဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မှာ …”

ချင်းဟန်၏ စကားမှာ ရှင်းလင်းလှပြီး လင်းရီအား ကျုံးဝေ့တပ်ဖွဲ့၏ အရေးကိစ္စများထဲ ဝင်မပါစေချင်တော့သည်မှာ သိသာပေသည်။

သို့ပေမယ့် ၎င်းတို့ နားမလည်သည်က အခြေအနေမှာ ရှုပ်ထွေးနေပြီး သူကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေမိသဖြင့် အကယ်၍ နောက်ပြန်ဆုတ်လိုလျှင်ပင် ပြန်ဆုတ်နိုင်သည့် အခြေအနေ၌ ရှိမနေတော့သောကြောင့်ပင်။

သူ တတ်နိုင်သည့် အရာကား စောဒကတက်ပြီး မကျေနပ်မှုကို အခြားတစ်ခုခုတွင် ပုံချဖို့သာ တတ်နိုင်သည်။

“ ငါ သိတယ်… ငါလည်း အခု ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ …”

“ ဒါဆိုလည်း အဲ့တာတွေ မပြောကြစို့ … သောက်ကြမယ်…” လျန်ကျင်းမင် ပြောဆိုလိုက်ပြီး “ ဒါ ၁၉၉၃ ခုနှစ်က မောင့်ထိုင်ပဲ … စောက်ရမ်း ပြင်းတာ …”

“ -ီး-ီးလားလားတွေ မပြောနဲ့… အနာက သေချာကျက်သေးတာ မဟုတ်ဘူး … ငါ နည်းနည်းကြာကြာလေး အသက်ရှင်ချင်သေးတယ် သိလား ….”

“ မင်းရဲ့ အခုဟာက သောက်လို့လည်း မရဘူး … မိန်းကလေးတွေကို ထိလို့ မရဘူးဆိုတော့ ကျွတ် ကျွတ် ကျွတ် .. မင်းအတွက် အရှင်လတ်လတ် နှိပ်စက်နေသလို ဖြစ်နေတော့မှာပဲ ….”

လင်းရီ ပခုံးတွန့်ပြလိုက်ပြီး “ အဲ့တော့လည်း ဖြစ်ပါစေပေါ့ …”

“ အခုက အဲ့ဒီအတွက် အချိန်မဟုတ်သေးဘူး…” ချင်းဟန် ပြောလိုက်ပြီး “ လင်းကြီးနဲ့ ဥက္ကဌကျီကြား ကိစ္စက မဖြေရှင်းရသေးဘူးဆိုတာ မင်းတို့အသိပဲ … ငါတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း စဉ်းစားဖို့လိုတယ်….”

ကောင်းကျုံးယွမ်မှာ အကြံတစ်ခုကို ရရှိလိုက်သည့်နှယ် မျက်လုံးအရောင် လက်သွားခဲ့လေသည်။

“ လင်းကော … မင်းအတွက် အခွင့်အရေးကောင်းဖြစ်မယ့် ကိစ္စတစ်ခု မကြာခင် လာဖို့ရှိတယ်…”

“ ဘာလဲ …”

“ ငါ ယွမ်ယွမ်ဆီက ကြားတာ ဥက္ကကျီရဲ့ အမေက မကြာခင် မွေးနေ့ပွဲ ကျင်းပဖို့ ရှိတယ်ဆိုပဲ … အဲ့ဒီ အချိန်ကို အခွင့်ကောင်းယူပြီး မင်းတို့နှစ်ယောက်ကြား အခြေအနေကို သေချာရှင်းလိုက်ပါလား …”

“ မင်းထင်တာ အဲ့လိုက အလုပ်ဖြစ်မယ် ထင်နေတာလား …” လျန်ကျင်းမင် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဥက္ကဌကျီရဲ့ စိတ်က တကယ်မလွယ်တာနော်… မတော်လို့ ကမောက်ကမတွေ ဖြစ်ကုန်ရင် အကုန် ရှုပ်ကုန်လိမ့်မယ်….”

“ လုံးဝ မဖြစ်နိုင်ဘူး … ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်ပြီးကတည်းက ဥက္ကဌကျီရဲ့ စိတ်အခြေအနေကလည်း ပြောင်းသွားခဲ့ပြီ … ငါတို့ ထင်သလောက် မဆိုးနေတော့ဘူးဟ ….”

ချင်းဟန်နှင့် လျန်ကျင်းမင်တို့ ကောင်းကျုံးယွမ်အား ပြိုင်တူ ကြည့်လာခဲ့ကြသည်။

“ မင်းက ဘယ်လိုလုပ်ပြီးသိတာ …”

“ ယွမ်ယွမ် ငါ့ရှေ့မှာ လင်းကောအကြောင်း စောဒက မတက်ပြတော့ဘူးလေ …”

“ ချီးပဲ … အဲ့တာ မင်းရဲ့ အကြောင်းပြချက်လားကွ ဟမ် …” ချင်းဟန် ကျိန်ဆဲလိုက်မိသည်။

“ ငါ တကယ်ပြောတာ ….” ကောင်းကျုံးယွမ် ပြောဆိုလိုက်ပြီး “ အနည်းဆုံးတော့ သူ့ စရိုက်က အရင်ကလောက် မပြင်းထန်တော့ဘူး … ဒါ ကောင်းတဲ့ လက္ခဏာပဲလေ…”

“ ဘယ်လိုပဲ ဖြစ်ဖြစ် အခွင့်အရေးဆိုမှတော့ ယူသင့်တယ်လို့ ငါတော့ ထင်တာပဲ …” လျန်ကျင်းမင် ပြောဆိုလိုက်ပြီး “ သွားပြီး ဘယ်လိုနေမလဲ တစ်ချက်ကြည့်ကြည့်တာပေါ့ … မကောင်းဘူးလား …”

လင်းရီ အမဲသား တစ်ဖဲ့ကို ကောက်ယူလိုက်ပြီး ဖြည်းညင်းစွာ အရသာခံလိုက်သည်။

ယင်းက အမှန်ပင် အခွင့်ကောင်းတစ်ရပ်ဖြစ်၏။ သို့သော် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်ရသည့် ကိစ္စက ဂရုတစိုက်နှင့် စဉ်းစားဆင်ခြင်ရမည့် အရာပင်။ တစ်ခါတစ်ရံ စိတ်ကူးနှင့် လက်တွေ့တို့က ထပ်တူမကျတတ်သည့် အရာများ ဖြစ်သည်။

စားသောက်ပြီးနောက် လင်းရီသည် ချင်းဟန်ကို လီချူးဟန်၏ နေအိမ်သို့ လိုက်ပို့ခိုင်းလိုက်သည်။

သူ့ဒဏ်ရာကို ဂရုစိုက် ၊ ပိုးသတ်ပေးရန် လိုအပ်ပြီး ထိုအရာအတွက် လီချူးဟန်ကို သူ ယုံကြည်သည်။

“ နောက်ထပ် မစ်ရှင်လား …”

လင်းရီ၏ အနာကို မြင်တော့ လီချူးဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။

လင်းရီ ဆိုဖာနောက်ကျောသို့ မှီ၍ “ မစ်ရှင် မဟုတ်ဘူး … မတော်တဆ ရလာခဲ့တာ …”

လီချူးဟန်သည် ပိုးသတ်သည့် ကိရိယာများ ထုတ်၍ လင်းရီ၏ အနာကို စတင်ကုသပေးလေသည်။

“ နင့်ကို ဘယ်သူလဲ ချုပ်ပေးတာ … လက်ရာကလည်း ဆိုးရွားနေရောပဲ ….”

“ တိုကျို မီဟာရူ ဆေးရုံမှာလေ….” လင်းရီ တစ်ချက် ရယ်ရင်း ပြောဆိုလိုက်ပြီး “ အတော်လေး မဆိုးပါဘူး …. မင်းစိတ်ထဲ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်းတော့ ဘယ်ဖြစ်နိုင်မှာ … ဟုတ်တယ်မလား….”

“ ဟွန့် ….”

လီချူးဟန် မျက်စောင်းခဲလိုက်ပြီး “ အခု နင်က အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီကို ဒီလို အန္တရာယ်များတဲ့ မစ်ရှင်တွေ နင်ကိုယ်တိုင် လုပ်ဖို့ လိုသေးတာလား …”

လီချူးဟန်က တိုက်ရိုက် မပြောဆိုသော်လည်းပဲ သူမ ညွှန်းဆိုချင်သည့် အဓိပ္ပာယ်အား နားလည်ရ မခက်ပေ။

“ ဒီတိုင်း မတော်တဆ ဖြစ်ခဲ့တာပါကွာ .. နောက်ဆို မဖြစ်တော့ပါဘူး …”

လင်းရီ၏ လေသံမှာ အတော်လေး လေးနက်တည်ကြည်နေပြီး အခြားသူများထံ တုံ့ပြန်သည့် သာမန်လျှံကာ တုံ့ပြန်မှုမျိုး မဟုတ်ပေ။ အကယ်၍ သူသာ တစ်ခုခု ဖြစ်ပျက်ခဲ့မည်ဆိုပါက လီချူးဟန်လည်း သူ့နောက်အတူ လိုက်ပါလာမည်ကို သေချာ တပ်အပ်သိနေသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် သူမအတွက် မဟုတ်လျှင်ပင် သူကိုယ်တိုင်လည်း အသက်ကို စွန့်စားရသည့် အလုပ်မျိုး ထပ်မလုပ်နိုင်တော့ပေ။

“ အင်း … နင် ဂရုစိုက် …”

လီချူးဟန် ညင်သာမှု အပြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

All Chapters