← Chapters

ပုရွက်ဆိတ်လေး

Vol. 134 Ch. 2006

ပုရွက်ဆိတ်လေး

Vol. 134 Ch. 2006

ထိုညချမ်း၌ လီချူးဟန်သည် လင်းရီကို အနာ ပိုးသတ်ပေးသည့် အပြင် သူ့အနာသက်သာသည့် ဖြစ်စဉ်ကို တိုးတက်စေမည့် ဆေးနှစ်လုံးလည်း ပေးခဲ့သေး၏။

လင်းရီ ခန္ဓာကိုယ်၏ သန်မာသည့် ပြန်လည်ကုသမှုနှုန်းဖြင့် သူ၏ အခြေအနေမှာ မျက်စိဖြင့် မြင်သာနိုင်သည်အထိ တိုးတက်ကောင်းမွန်လာနေသည်။

နောက်တစ်နေ့ နံနက် သူ အိပ်ရာနိုးလာသည့် အချိန်၌ အခြားလူ၏ တွဲလျှောက်ပေးမှုကိုပင် မလိုအပ်တော့ချေ။

အလုပ်သို့ မသွားမီတွင် လီချူးဟန်သည် လင်းရီကို အဝတ်အစား လဲပေးပြီး ဆေးနောက်ထပ် တစ်လုံး ထိုးပေးလိုက်၏။

“ နင် ဒီကြားထဲ ရဲစခန်းမှာပဲ ဆက်ရှိနေဦးမှာလား….” မနက်စာ စားနေစဉ် လီချူးဟန် မေးမြန်းလာခဲ့၏။

“ ဒီနေ့တော့ မသွားသေးဘူး … ငါ မနက်ဖြန်လောက်မှ သွားမယ်…”

“ မနက်ဖြန်လား …” လီချူးဟန်သည် လင်းရီအား စူးစိုက်ကြည့်လာခဲ့၏။

“ အနာက တော်တော်ကြီးတာနော်… ငါ စိုးရိမ်တာ နင် အလုပ်လုပ်တဲ့ချိန် ဂရုမစိုက်ဘဲ အနာကို ပိုဆိုးအောင် လုပ်မိသလို ဖြစ်မှာစိုးလို့ …”

လင်းရီသည် လီချူးဟန်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး “ ငါကိုယ်တိုင်လည်း ဆရာဝန်ပဲဟာ … ဒါတွေ နားလည်တာပေါ့ …”

လက်ရှိ အခြေအနေအတိုင်းဆိုပါက လင်းရီသည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် ရက်သတ္တပတ်ခန့် အနားယူဖို့ လိုအပ်သည်ကို သူ့ကိုယ်သူ သိသည်။ သို့သော် ပြဿနာက ရဲစခန်းသို့ သွားမှသာလျှင် မစ်ရှင်သည်လည်း ထွက်ပေါ်လာနိုင်သည်။ သူ့အနာ အတွက်ကတော့ သူ့ဘက်က ဂရုစိုက်သရွေ့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ချေ။

သူ၏ လက်ရှိ ခွန်အားက စီ အဆင့် ရှိသော်လည်းပဲ သူ၏ လက်ရှိ လုပ်နိုင်စွမ်းဖြင့် ဖြစ်ပျက်နေသည့် လက်ရှိအခြေအနေကို လိုက်မီနိုင်ဖို့က အတော်လေး ခဲယဉ်းနေသည်။ ထို့ကြောင့် မစ်ရှင်များ ပြီးမြောက်အောင် ပြုလုပ်၍ ဆုလဒ်များရယူကာ မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်၏။ ထို့ကြောင့် လင်းရီသည် တစ်ရက်မျှ အနားယူပြီးနောက်တွင် ရဲစခန်း၌ အလုပ်ပြန်ဆင်းဖို့ရာ ကြံရွယ်ထား၏။

“ ဒါဆိုရင် နင်ဂရုစိုက်မှ ဖြစ်မယ်… ငါ မနက်ခင်းမှာ ခွဲစိတ်မှုရှိတော့ အခု အလုပ်သွားရတော့မယ်….” လီချူးဟန်သည် သကြားလုံးကဲ့သို့ ချိုသာသည့် အပြုံးတစ်ခု ပေးလာခဲ့ရင်း ပြောလာပြိး “ နင် တစ်ခုခု ဖြစ်တယ်ဆိုရင် ငါ့ကို ဖုန်းခေါ်ဖို့ သတိရ .. ဟုတ်ပြီလား …”

“ ဟုတ်ဆရာမ … ကျွန်တော် ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်….”

လီချူးဟန်ကို အပြင်သို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် ဆိုဖာပေါ်တွင် လဲလျောင်းကာ ရန်စီ ၊ ဝမ်ရင်းတို့နှင့် လတ်တလော ကိစ္စရပ်များအကြောင်း စကားပြောဆိုနေခဲ့သည်။ သူ၏ လတ်တလော ဒဏ်ရာအကြောင်းကိုတော့ ထိမ်ချန်ထားလေသည်။

ကလင် ကလင် ကလင် …

နေ့လည်ခင်း အချိန်၌ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့ပြီး လီရှန်းဟွေ့က ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဟယ်လို အစ်ကိုလီ ..” လင်းရီ အပြုံးတစ်ခုဖြင့် ဖုန်းအား ဖြေဆိုလိုက်၏။

“ ပျောက်သွားတာ ခြေရာလက်ရာတောင် မမြင်ရဘူး … ဘယ်တွေလဲ ရောက်နေတာ …”

“ မိသားစု အရေးကြီး ကိစ္စပေါ်လာလို့ပါဗျာ … ခွင့်တင်ဖို့ကို အချိန်မမီဘူးဖြစ်သွားတယ်…” လင်းရီ ပြောဆိုလိုက်ပြီး “ ကျုပ်ဆီ ဖုန်းခေါ်လာတယ်ဆိုတော့ ကိစ္စ တစ်ခုခု ရှိလို့လား …”

“ မိသားစု အရေးဆိုမှတော့ ငါ မပြောတော့ဘူး … မင်းရဲ့ ကိစ္စ အရင်ပြီးအောင် ဂရုစိုက်လိုက်… ငါတို့နောက်မှ ပြောလို့ရတယ်…”

“ မဟုတ်ဘူး မဟုတ်ဘူး … တကယ်လို့ အရေးကြီး ကိစ္စဆိုရင် ပြောသာပြောလိုက်… မိသားစု ကိစ္စလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီ .. ပြီးတော့ ကျုပ်ကိုယ်တိုင်လည်း မနက်ဖြန် အလုပ်ပြန်ဆင်းဖို့ စီစဉ်ထားလို့ ….”

မစ်ရှင် တာဝန်များအပေါ် အကျိုးသက်ရောက်မှု ရှိမည်ကို စိုးရိမ်သည့်အတွက် လင်းရီ ဆက်ပြီး အချိန်မဆွဲလိုတော့ပေ။

“ ဒါဆိုလည်း ဘာလို့ မနက်ဖြန်အထိ စောင့်နေဦးမှာ…. ညနေ လာခဲ့ ….”

“ အိုကေ …”

လင်းရီ တုံ့ဆိုင်းခြင်း မရှိ သဘောတူလိုက်သည်။ ထို့နောက် ပစ္စည်းတချို့ ထုပ်ပိုး၍ ရဲစခန်းသို့ ထွက်လာသည်။

ရဲစခန်းရှိ လူများမှာ လင်းရီ ဝင်လာသည်ကို မည်သို့မျှ အံ့အားသင့်ဟန် မပြကြဘဲ ပုံမှန်အတိုင်းသာ ဝင်ထွက်သွားလာနေခဲ့ကြသည်။

မည်သို့ပင်ဆိုစေ သူက ထူးခြားသည့် တစ်စုံတစ်ဦး ဖြစ်၏။

လင်းရီသည် လီရှန်းဟွေ့၏ ရုံးခန်းထဲသို့ တိုက်ရိုက် ဦးတည်လာခဲ့ရာ ထိုနေရာကိုရောက်တော့ အခန်းထဲ၌ လူတို့ ကြပ်သိပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကူရိရန် ၊ ကျူးကျွင်းချီနှင့် ကျန်းဟွေ့တို့ အကုန်လုံး ဤနေရာသို့ ရောက်ရှိနေကြသည်။

“ မင်း ဘယ်တွေ သွားပြီး အလေလိုက်နေတာလဲ ဟမ် .. မတွေ့ဖြစ်တာတောင် လဝက်ကျော်တော့မယ်…” ကျန်းဟွေ့ စနောက်လိုက်သည်။

“ မိသားစု အရေးတချို့ရှိနေလို့ အလုပ်မလာဖြစ်တာ …” လင်းရီ အပြုံးလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“ မင်းက ဒီတိုင်း ဆင်ခြေပေးနေတာပါကွာ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ တစ်နေရာမှာ အနှိပ်ခံပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ကူညီပေးနေတာလား မှန်မှန်ပြောစမ်း …”

“ ဘယ်နားကသာ … ကျုပ်လို အလုပ်တာဝန်ကို အရေးထားတဲ့လူက မိန်းမကိစ္စနဲ့ အရေးကြီးကိစ္စတွေကို ပစ်ပယ်ထားစရာလား …”

“ မေးတာကို ကွေ့ဝိုက်ပြီး ရှောင်မနေနဲ့ … ဒီထဲ အပြင်လူမပါဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ အရေးကြီးတယ်ဆိုရင်တောင် ခွင့်တောင်းသွား … ဘာမပြော ညာမပြောနဲ့ ပျောက်ပျောက်မသွားနဲ့ … အဲ့တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး …”

“ နားလည်ပါပြီ …” လင်းရီ အပြုံးလေးဖြင့် ပြောဆိုလိုက်သည်။

“ အစ်ကိုလီ … ကျုပ်ဆီ ဖုန်းခေါ်လာတယ်ဆိုတော့ အမှုကြီး တစ်ခုခု ရှိလို့လား …”

“ လတ်တလော နှစ်ခု ရှိတယ်… ဒါပေမယ့် အကုန် ပိတ်ထားပြီ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါမင်းကို ဆက်သွယ်လိုက်တယ်ဆိုတာက လူမိုက်ဂိုဏ်းတွေကို နှိမ်နှင်းတော့မလို့ … ငါ မင်းကို အရင်က ပြောခဲ့ဖူးတာ မှတ်မိလား ..”

“ အင်း … ကျုပ် မှတ်မိတယ်…”

“ ငါတို့ အခု အမိန့်ကျလာမှာကို စောင့်နေတာ … အမိန့်က ဒီနေ့လည်း ရောက်လာနိုင်သလို မနက်ဖြန်လည်း ရောက်လာနိုင်တယ်… သေချာ ပြင်ဆင်ထား …” လီရှန်းဟွေ့ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် မင်းတို့ကို ငါ အတွင်းသတင်းတချို့တော့ ပေးလို့ရတယ်….”

“ လျှို့ဝှက်တဲ့ဟာလား …”

“ အဲ့လောက်ကြီးလည်း မဟုတ်ဘူး … ဒါပေမယ့် စစ်ဆင်ရေးကို ထမ်းဆောင်ရမှာက ငါတို့ချည်းသပ်သပ်ပဲ မဟုတ်ဘူး … စုန့်ကျန်းခရိုင်က စခန်းနဲ့ အတူ ပူးပေါင်းပြီး ဆောင်ရွက်ရမှာ …”

“ ပူးပေါင်းရမှာလား …” လင်းရီ အံ့အားသင့်သွားခဲ့သည်။ “ လူမိုက်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆို ကိုယ့်ဧရိယာထဲမှာ ရှိတဲ့ ဂိုဏ်းတွေကို ကိုင်တွယ်လိုက်ရင် အဆင်ပြေနေပြီပဲ မဟုတ်လား … ဘာလို့ ပူးပေါင်းဆောင်ရွက်ရမှာလဲ ….”

အတွင်းဌာန ပူးပေါင်းဆောင်မှုက လင်းရီအတွက် အသစ်အဆန်းတော့မဟုတ်ပေ။ ယခင်ကာလ၌ ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးလေသည်။ သို့သော် ဤတစ်ကြိမ်တွင် လူမိုက်ဂိုဏ်းများ နှိမ်နှင်းရမည့် ကိစ္စ၏ ရှုပ်ထွေးမှုက မတူညီသည့် အဆင့်၌ ရှိ၏။

“ ဒီတစ်ကြိမ် သံသယ တရားခံ နာမည်က ပိုင်ရုံရှို … တရားမဝင် မူးယစ်ဆေးဝါးနဲ့ လူသတ်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်ထားတဲ့လူပဲ .. သူက ငါတို့အတွက် အတော်လေး အန္တရာယ်ရှိတယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ သူ့လုပ်ငန်းတွေက ရှင်းကျန်းနဲ့ စုန့်ကျန်းခရိုင်တွေမှာ အဓိက လည်ပတ်နေတယ်… ဒါကြောင့်မို့ အထက်က ငါတို့ စခန်းနှစ်ခုကို အတူပူးပေါင်းပြီး လှုပ်ရှားစေချင်တာပဲ …”

“ အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အမှတ်ကျတော့ ဘယ်လိုလဲ ဝေခွဲကြမှာ ..” လင်းရီ မေးမြန်းလိုက်သည်။ “ တကယ်လို့ စုန့်ကျန်း ရဲစခန်းက ပိုင်ရုံရှိုကို ဖမ်းဆီးလိုက်နိုင်တယ်ဆိုရင် ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို အရှက်ခွဲသလို ဖြစ်သွားမှာ မဟုတ်ဘူးလား …”

“ မင်းက မြင်နိုင်သားပဲ …” လီရှန်းဟွေ့ တဟားဟား ရယ်မောလိုက်လေသည်။ “ ဒါကြောင့်မို့ သူ ဂုဏ်ယူနိုင်အောင် ငါတို့က ပိုပြီး အလုပ်ကြိုးစားသင့်တာပေါ့ … မင်းကို ခေါ်လိုက်တာလည်း ဒါကြောင့်ပဲ … မင်းလည်း ပါမယ်ဆို ငါ ယုံကြည်ချက် ပိုရှိတယ်…”

“ အစ်ကိုလီကတော့ ကျုပ်ကို အထင်တွေ ဇွတ်ကြီးနေပါပြီ…”

“ မင်းရဲ့ အစွမ်းအစကို ငါမသိတာလည်း မဟုတ် … နှိမ့်ချပြီး ဂုဏ်ယူမနေစမ်းပါနဲ့ကွာ …” လီရှန်းဟွေ့ ရယ်မောလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်သင့် ပြင်ထား … အမိန့်က အချိန်မရွေး ကျလာနိုင်တယ်….”

“ နားလည်ပြီ ..” လင်းရီ တုံ့ပြန်လိုက်သည်။ “ ဒါပေမယ့် ကျုပ် အရင်က ပိုင်ရုံရှိုဆိုတဲ့ နာမည်ကို တစ်ခါမှလည်း မကြားမိပါဘူး … ဒါပေမယ့် ကျိုးဟိုင်မှာ အတော်လေး လွှမ်းမိုးမှုရှိတဲ့ ဝေရိဟွာဆိုတဲ့ လူကိုတော့ သိတယ်…”

“ ဝေရိဟွာက အရင်အတိတ်ကပဲ … အခုတလော သူ့လုပ်ရပ်သူ ပြန်သန့်ရှင်းအောင် လုပ်ပြီး ကောင်းတဲ့ ကိစ္စတွေ လုပ်လာနေပြီ .. သူသာ ပြန်ပြီး မမွှေရင် ဒါမှမဟုတ် အာဏာပိုင် တစ်ယောက်ယောက်ကို ပစ်မှတ်မထားဘူးဆိုရင် အေးဆေးလေး အနားယူလို့ ရနေပြီ…” လီရှန်းဟွေ့ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် ပိုင်ရုံရှိုကတော့ ကွဲပြားတယ်… သူက ရက်စက်ပြီး ငွေတစ်ခုတည်းကိုပဲ ဂရုစိုက်တယ်… ဒါကြောင့်မို့ပဲ လူတော်တော်များက ကျိုးဟိုင် လူမိုက်လောကရဲ့ ဘော့စ်ဆိုရင် ဝေရိဟွာလောက် ပြေးမြင်မိကြတာ …”

ဤသည်ကို ကြားတော့ လင်းရီ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

လူတော်တော်များက ဝေရိဟွာကို လူမိုက်လောက၏ ဘော့စ်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့် သူသည်လည်း အဆိုပါ ဂုဏ်သတင်း၏ လွှမ်းမိုးမှု၏ အကျိုးအမြတ်ကို ခံစားနိုင်လေသည်။

သို့သော် စင်စစ်တွင်မူကား အာဏာပိုင်များက အရာအားလုံးကို ရှင်းလင်းစွာ သိရှိထားကြ၏။

သူ့အား ကိုင်တွယ်ရန် မိနစ် အနည်းငယ်မျှသာ လိုသော်လည်း ရှုပ်ထွေးသည့် ကွန်ယက် ပတ်သက်မှုတို့က သူတို့အား လှုပ်ရှားရန်အတွက် တုံ့ဆိုင်းစေသည်။ အကယ်၍ အဆိုပါ နေ့ရက်သို့ ရောက်လာခဲ့မည်ဆိုပါက ဝေရိဟွာသည် မည်သူက သူ့ကို ရိုက်ချလိုက်မှန်းပင် သိလိုက်မှာ မဟုတ်ချေ။

ယခု သူ၏ ဩဇာ လွှမ်းမိုးမှုက အပေါ်ယံမျှသာ ဖြစ်ပြီး ပုရွတ်လေးသဖွယ် သေးငယ်လွန်းလှသည်။

ထောက် …

လီရှန်းဟွေ့ ဆေးလိပ်မီးညှိလိုက်ပြီး ဆက်ပြောသည်။

“ မင်းကို ခေါ်လိုက်တာ ဒီကိစ္စကြောင့်ပဲ … ပိုင်ရုံရှိုကို ဖမ်းပြီး ငါတို့ ခေါင်းဆောင်အတွက် အမှတ်တချို့ ရအောင် ကြိုးစားကြတာပေါ့ … ဝေရိဟွာကိုတော့ … ၊ ငါတို့ သူ့ကို ကိုင်တွယ်နိုင်မယ်ဆိုလည်း ကောင်းတယ်… သူကတော့ ဘောနပ်စ်ပေါ့ …”

All Chapters