← Chapters

အပြန်အလှန် ယိုးစွပ်ကြ

Vol. 134 Ch. 2008

အပြန်အလှန် ယိုးစွပ်ကြ

Vol. 134 Ch. 2008

“ အမေတို့ အခုနေနေတာ ဘယ်ခေတ်မှာလဲ … အဲ့လို လုပ်လိုက်တာနဲ့ ပြဿနာက ဖြေရှင်းပြီးသွားရောလား … အမေ အခု ရဲခေါ်ထားတယ်… နင် ဦးနှောက်မရှိတာတွေ လျှောက်မလုပ်နဲ့ …” သက်လတ်ပိုင်း အမျိုးသမီးက နှစ်သိမ့်လိုက်လေသည်။

“ ဒါဆို သားတို့ အခု ဘာလုပ်ကြမှာ … သူတို့နဲ့ ဆက်ပြီး အကျိုးသင့် အကြောင်းသင့်တွေ လုပ်နေဦးမှာလား …”

“ အမေတို့ ရဲခေါ်ထားတယ်လေ… သူတို့ ရောက်လာရင် အဆင်ပြေသွားမှာပါ …”

“ ချီးပဲ … စောက်လုပ်ကို ရှုပ်တယ်…."

လူငယ်လေးမှာ အတော်လေး ဒေါသ ထွက်နေပြီး ဒေါသအား ပုံချရန်အတွက် လက်ထဲ ကိုင်ထားသည့် ဆေးလိပ်နှင့် မီးခြစ်ကို မြေပြင်သို့ ပစ်ပေါက်ချလိုက်သည်။

မလှမ်းမကမ်းမှ လျှောက်လှမ်းလာနေသည့် လင်းရီနှင့် ကျန်းဖန့်တို့မှာ အချင်းချင်း ကြည့်မိလိုက်ကြ၏။ လူငယ်လေး၏ အကျင့်စရိုက်က အတော်လေး ဆိုးရွားလွန်းသည်ဟု သူတို့ ခံစားနေရလေသည်။

“ အမေ … ရဲတွေ ရောက်လာပြီ …”

လင်းရီနှင့် ကျန်းဖန့်တို့ ရောက်လာနေသည်ကို မြင်တော့ လူငယ်လေးက သတိပေးလိုက်၏။

အမေဖြစ်သူလည်း ခေါင်းမော့လာပြီး သူတို့နှစ်ယောက်ကို မြင်တော့ အရေးတကြီး မတ်တပ်ရပ်လာသည်။ သူမ၏ အားကိုးရာကို ရှာတွေ့သွားခဲ့သည့်နှယ် ခွန်အားအပြည့်နှင့် ဖြစ်လာခဲ့သည်။

“ ရဲအရာရှိကြီးတို့ ရောက်လာပြီလား …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ခင်များက အမှုဖွင်တဲ့ ကျန်းလီရှ ဟုတ်တယ်ဟုတ် …"

“ ကျွန်မပါပဲ ကျွန်မပါပဲ … ဒါ ကျွန်မရဲ့သား .. လီချောင်ပါ …”

“ ကောင်းပြီ အစ်မကြီး … ငိုတာတိတ်ပြီး ဘာဖြစ်လဲ ဆိုတာ ကျုပ်တို့ကို ပြောပြ … ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကျုပ်တို့ နားလည်ထားဖို့ လိုတယ်…” လင်းရီပြောလိုက်သည်။

“ ဖြစ်ပုံက ဒီလိုပါ …” ကျန်းလီရှသည် သူတို့ နံဘေးရှိ အဆင့်မြင့် လူနေအိမ်အား ညွှန်ပြ၍ “ ဒီအိမ်ကို ကျွန်မရဲ့ အဖေက ကျွန်မအတွက် ချန်ထားခဲ့ပေးတာ … သေတမ်းစာထဲမှာလည်း အဲ့တာကို သေချာရေးထားခဲ့တယ်… အခုတော့ ကျွန်မရဲ့ အစ်ကိုက မတရား ရယူသွားတယ်… အရာရှိကြီးတို့ … ကျွန်မတို့ သားအမိကို ကူညီပေးပါနော်….”

“ နေ … နေပါဦး …” လင်းရီ ပြောဆိုလိုက်ပြီး “ ခင်များဘာပြောလိုက်တယ်… ဒီ အိမ်လား …”

“ ဟုတ်တယ် .. ဒီ အဆောက်အဦးပဲ … ကျွန်မ အဖေ ချန်ထားခဲ့ပေးတာ …”

လင်းရီ “ …. “

ကျန်းဖန့် “ …. “

သူတို့ရှေ့ရှိ အဆောက်အဦးက အဆင့်မြင့် လူနေသီးသန့် အိမ်တစ်ခုဖြစ်ပြီး ခြောက်လွှာရှိကာ ယူနစ်လေးခုနှင့် ယူနစ်တစ်ခုချင်းစီက တစ်လွှာလုံးကို နေရာယူထားသည့် အိမ်တစ်ခုပင်။

ဈေးကွက်ပေါက်ဈေး ယွမ်နှစ်သောင်းဖြင့် ဆိုပါက ဤအဆောက်အဦးကြီးမှာ အနည်းဆုံးတော့ ယွမ် တစ်ဘီလီယမ်မျှ တန်ကြေးရှိ၏။

“ ကျွန်မ တစ်ခုခု မှားပြောမိလို့လား …” ကျန်းလီရှ သတိနှင့် မေးမြန်းလိုက်၏။

“ မဟုတ်ပါဘူး …” ကျန်းဖန့် တုံ့ပြန်လိုက်ပြီး “ ဆက်ပြော ... ဒီတိုင်း‌ မေးတာပါ … ခင်များရဲ့ အ‌ဖေက မသေခင် ဘာလုပ်လို့ ဒီလောက် ချမ်းသာနေတာလဲတဲ့ …”

ကျန်းလီရှတို့ သားအမိနှစ်ဦးလုံးမှာ လူချမ်းသာများ၏ သွင်ပြင် ရှိမနေဘဲ သာမန်လူများကဲ့သို့သာ ဝတ်စားထားခဲ့ကြသည်။ အဆိုပါ အဆောက်အဦးကြီးနှင့် သူမတို့မှာ လုံးဝ မအပ်စပ်သည့် အရာနှစ်ခုလိုပင်။

“ ကျွန်မတို့ အရင်က စိုက်ပျိုးရေး ကျေးလက်ဒေသမှာ ကြက်ခြံလေး တစ်ခြံ ပိုင်တာ … အဲ့ဒီနေရာက မြို့ပြစီမံကိန်းထဲ ပါလာတော့ ကျွန်မတို့ကို ဒီက အဆောက်အဦးနဲ့ ငွေသား ယွမ် ၁၀ သန်း လျော်ပေးတယ်…”

နှစ်ယောက်လုံး နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“ ဆိုတော့ … ခင်များရဲ့ အဖေက ငွေသားနဲ့ ပိုက်ဆံကို ခင်များဆီ ချန်ထားခဲ့ပေးတယ်… ဒါပေမယ့် ခင်များအစ်ကိုက အိမ်ကို ယူသွားတယ်ပေါ့ ဟုတ်လား …”

“ ငွေက ကျွန်မတို့ဆီမှာ ရှိတယ်.. ဒါပေမယ့် ကျွန်မရဲ့ အစ်ကိုက ရှေ့နေခေါ်ပြီး တရားစွဲတော့ ပိုက်ဆံလည်း သုံးလို့ မရသေးဘူး …” ကျန်းလီရှ သူမ၏ မျက်ရည်များအား သုတ်ရင်း ပြောလိုက်သည်။

“ သူက မင်းတို့ကို တရားစွဲတယ် ဟုတ်လား …” လင်းရီတို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

“ သူပြောတာ ကျွန်မက အဖေ့ကို ဖိအားပေးပြီး သေတမ်းစာ ရေခိုင်းတယ်ပြောတယ်… ဒါကြောင့်မို့ အိမ်ကို ကျွန်မတို့ဆီ ပေးဖို့ ငြင်းတယ်… ပိုက်ဆံကိုလည်း ချိတ်ပိတ်ထားတယ်… ကျွန်မတို့ အခု အကျပ်အတည်းထဲ ရောက်နေလို့ …”

“ ခင်များရဲ့ အဖေ ကွယ်လွန်သွားခဲ့တာ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကတည်းက မဟုတ်လား … ရဲခေါ်ဖို့ကို ဘာလို့ ဒီလောက် အချိန်အကြာကြီး စောင့်နေခဲ့တာ …’

“ သူက ကျွန်မရဲ့ အစ်ကိုလေ… မောင်နှမချင်း ရုပ်ပျက်ဆင်းပျက်တွေ မဖြစ်ချင်လို့ …” ကျန်းလီရှ ရှိုက်ငင်ပြီး ပြောလိုက်၏။

“ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်လတုန်းက ကျွန်မရဲ့ ယောက်ျား ပန်ကရိယ ပြဿနာနဲ့ ဆေးရုံတက်ရတော့ ယွမ်သုံးသိန်း ကုန်သွားတယ်… ပြီးတော့ ကျွန်မတို့ဆီမှာ တစ်ပြားမှလည်း မကျန်တော့ဘူး … သူ့နားကနေ ပိုက်ဆံ မရရင် ကျွန်မ ယောက်ျား ဆက်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်လို့ပါ …”

ဤသည်ကို ကြားတော့ လင်းရီ အခြေအနေအား နားလည်သဘောပေါက်သွားခဲ့သည်။

ပန်ကရိယ ပြဿနာက အမှန်ပင် ပြင်းထန်သည့် ရောဂါဝေဒနာ တစ်ခုဖြစ်ပင်။ သို့သော် နှစ်လအတွင်း ယွမ်သုံးသိန်း ကုန်ကျသွားသည်ကတော့ မကြားဖူးသည့် အရာတစ်ခုဖြစ်၏။

ထိုကဲ့သို့ ဆေးကုသမှု ကုန်ကျစရိတ်က လူအများ တတ်နိုင်သည်ထက်ပင် ကျော်လွန်နေသည်။

“ ခင်များ အဖေရဲ့ သေတမ်းစာ ပါလား .. ကျုပ် တစ်ချက် ကြည့်မယ်…”

“ အဲ့တာက အိမ်မှာ … ဒါပေမယ့် ကျွန်မမှာဓာတ်ပုံရိုက်ထားတာ ရှိတယ်…”

ကျန်းလီရှသည် သူမဖုန်းထဲက သေတမ်းစာဓာတ်ပုံကို လင်းရီအား ပြသလိုက်သည်။ ဤအတိုင်း ဓာတ်ပုံတစ်ပုံမျှ ဆိုသော်လည်းပဲ သက်သေ အထောက်အထား တစ်ခုအဖြစ် မှတ်ယူ၍ရလေသည်။

စာပါ အကြောင်းအရာများကို တစ်ချက် အမြန် ဖတ်ကြည့်လိုက်တော့ ကျန်းလီရှ ပြောထားသည့် ဇာတ်ကြောင်းနှင့် ကိုက်ညီနေသည်ကို တွေ့ရှိလိုက်ရသည်။ နောက်တစ်ဆင့်က သူမ အစ်ကို၏ ဇာတ်လမ်းကို နားထောင်ဖို့သာ လိုသည်။

“ ခင်များအစ်ကိုက အထဲမှာ ရှိလား … သူနဲ့ စကားပြောဖို့ လိုတယ်…” လင်းရီ ပြောဆိုလိုက်သည်။

ကျန်းဖန့် ပြောဆိုခဲ့သည့်အတိုင်း ယခုကဲ့သို့ ကိစ္စရပ်မျိုး၌ နှစ်ဖက်၏ စကားကို နားထောင်ကြည့်ဖို့ လိုသည်။

“ သူ ရှိတယ်… ကျွန်မတို့ အစောပိုင်းတုန်းက သွားတွေ့ခဲ့တယ်ဆိုပေမယ့် ကျွန်မတို့ကို အဝင်မခံဘူး … မောင်းထုတ်တယ်…”

ကျန်းလီရှသည် သူတို့နှစ်ဦးအား တံခါးပေါက်ဝသို့ ခေါ်သွား၍ လူခေါ်ခေါင်းလောင်းအား နှိပ်လိုက်သည်။

ဆယ်စက္ကန့်ကြာပြီးသည့်နောက် intercom မှ အသံမြည်လာပြီး လင်းရီ ပြန်ဖြေလိုက်၏။

“ ငါက ရှင်းရှန်းခရိုင် ရဲစခန်းက အရာရှိ လင်းရီပဲ … တံခါးဖွင့် … ငါတို့ မင်းနဲ့ စကားပြောစရာ ရှိတယ်…”

“ ကောင်းပြီ … ခဏလေးစောင့် …”

အမျိုးသား၏ လေသံမှာ စိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ရဲအရာရှိတစ်ဦး၏ စကားကိုတော့ မနာခံဘဲ မနေဝံ့ချေ။

မကြာမီ တံခါး ပွင့်လာခဲ့ပြီး လင်းရီနှင့် ကျန်သူများအားလုံး သုံးလွှာသို့ တက်လာခဲ့ကြ၏။

တစ်လွှာတွင် ယူနစ်တစ်ခုသာလျှင် ပါရှိပြီး တံခါးက ဟလျက် ရှိနေသည်။

လင်းရီ အနားသို့ ရောက်လာ၍ တံခါးဖွင့်လိုက်၏။ အထဲတွင် သက်လတ်ပိုင်း စုံတွဲ နှစ်ဦး ရှိနေပြီး အသက် ငါးဆယ် အစောပိုင်းများပင်။ အမျိုးသမီးကတော့ ပိုပြီး ငယ်ရွယ်ပုံရပြီး လေးဆယ်ကျော်မျှသာ ထင်ရ၏။

အမျိုးသား၏ နာမည်က ကျန်းကော်ဖျင်ဖြစ်ပြီး အမျိုးသမီး၏ နာမည်ကတော့ ဖန်လန်ကျွင်းပင်။ ၎င်းတို့က ကျန်းလီရှ၏ အစ်ကိုနှင့် ယောင်းမ ဖြစ်၏။

သူတို့လေးယောက် ဝင်လာသည်ကို မြင်တော့ ကျန်းကော်ဖျင်နှင့် ဖန်လန်ကျွင်းတို့မှာ သဘောကျဟန် မရဘဲ ကျန်းကော်ဖျင်မှ ပြောဆိုလာသည်။

“ ငါတို့ မင်းဆီ မလာတာနဲ့ မင်းက ရဲခေါ်လာတယ်ပေါ့ ဟုတ်လား … ဘာအတွက်လဲ …”

“ အဖေက ဒီအိမ်ကို ငါ့အတွက် ချန်ထားခဲ့ပေးတာ … သေတမ်းစာထဲမှာ ဒီလောက်ထိ ရှင်းလင်းအောင် ရေးထားပြီးသားကို နင်ဘာလို့ ငါ့အိမ်ကို အပိုင်စီးထားရတာလဲ …”

“ နင့်ကို ချန်ထားခဲ့ပေးတယ်ဆိုတာက ဘာစကားလဲ …”

ကျန်းကော်ဖျင် မပြောရသေးခင် ဖန်လန်ကျွင်းက ဦးစွာ ပြောဆိုလာသည်။

“ ငါတို့က သူ့ရဲ့သားနဲ့ ချွေးမပဲ … အဖေက အိမ်နဲ့ ပိုက်ဆံကို နင့်လက်ထဲ ချန်ထားခဲ့ပေးတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …” ဖန်လန်ကျွင်း ပြောဆိုလိုက်ပြီး “ နင် ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးပြီး အဖေ့ကို သေတမ်းစာမှာ လက်မှတ်ထိုးခိုင်းခဲ့တာ မဟုတ်လား … နင် အရှက်လေး ဘာလေး ရှိပါဦးလား …”

“ ကောက်ကျစ်တဲ့ နည်းလမ်းဆိုတာ နင် အဲ့တာ ဘာစကားလဲ …” ကျန်းလီရှ ငြင်းဆန်လိုက်ပြီး “ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အဖေ နှလုံးရောဂါနဲ့ အိပ်ရာထဲ လဲနေတဲ့အချိန် နင်တို့တွေ လာလည်ဖူးလား … သူလေဖြတ်တဲ့ အချိန်တုန်းကရော နင်တို့ အသီးလေး တစ်လုံးတစ်လေ ယူလာပေးဖူးလား … အခုကျတော့ နင်တို့က အိမ်ကို အပိုင်စီးထားတယ်… နင်တို့ရဲ့ အသိတရားက ဘယ်မှာလဲ …”

“ ငါတို့က မျှတမှုအကြောင်း ပြောနေတာ … မိဘရဲ့ အမွေဆိုတာ သားဖြစ်သူပဲ ဆက်ခံပိုင်ခွင့်ရှိတယ်… သမီးဖြစ်တဲ့ နင်နဲ့ ဘာဆိုင်လို့ …” ဖန်လန်ကျွင်း ပြောဆိုလိုက်ပြီး “ ပေါက်ကရတွေ ပြောနေတာတော်ပြီး အဖေချန်ထားခဲ့တဲ့ ပိုက်ဆံတွေ ငါတို့လက်ထဲ အမြန်အပ်လိုက် … မဟုတ်ရင် ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ကုန်မယ်….”

“ နင် … “

ကျန်းလီရှသည် ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေပြီး ကျန်းကော်ဖျင်အား လက်ညှိုးငေါက်ငေါက် ထိုးလိုက်၏။

“ နင် ဘာလို့ စကားတစ်လုံးတောင် ဝင်မပြောတာလဲ … သားဖြစ်ပြီး နင့်တာဝန်နင် ကျေပွန်တယ်ထင်လား … အဖေ နေမကောင်းဖြစ်တုန်းက နင် ဘယ်တွေ ပျောက်နေခဲ့လဲ …”

ကျန်းကော်ဖျင်သည် သူ့လက်အား လက်မရှည်စွာ ဝှေ့ယမ်း၍ “ ပေါက်ကရတွေ လာပြောမနေနဲ့ … ငါက အဖေ့ရဲ့ တစ်ဦးတည်းသောသား … အဖေ့အမွေကို ငါပဲ ဆက်ခံပိုင်ခွင့်ရှတယ်… မင်းနဲ့ ဘာမှမဆိုင်ဘူး …”

“ တော်ပြီ … ငြင်းခုန်မနေကြနဲ့တော့ …”

ကျန်းဖန့် ဆက်လက် သည်းမခံနိုင်တော့ဘဲ ကျန်းကော်ဖျင်ဘက်သို့ လှည့်၍ “ ငါတို့အခု ဥပဒေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းပဲ … သားဖြစ်တာနဲ့ပဲ အမွေကို အလိုအလျောက် ဆက်ခံခွင့် ရှိမယ်ဆိုပြီး မင်းကို ဘယ်သူပြောလဲ …”

“ ဒါ ဟိုးတုန်းကနေ လက်ခံကျင့်သုံးလာခဲ့တဲ့ အစဉ်အလာပဲ မဟုတ်ဘူးလား … ပြီးတော့ ဒါ ငါတို့ မိသားစု ကိစ္စ … မင်းနဲ့ မဆိုင်ဘူး …” ကျန်းကော်ဖျင်သည် ကျန်းဖန့်အား လက်ညှိုးထိုးလိုက်ပြီး “ မင်းနဲ့ မဆိုင်ရင် ဝင်မပါနဲ့ …”

All Chapters