← Chapters

စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေ၊ မုန့်ချုံ၏ တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 228

စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေ၊ မုန့်ချုံ၏ တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 228

မုန့်ချုံက နာကျင်မှုအချို့ဖြင့် ပြော၏။ သူ့တွင် ထိုဆေးလုံးများ အများကြီး မကျန်တော့ပေ။

မုန့်ရှူရှူက မျက်ဆံလှည့်သည်။

၎င်းကို အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ခုဖြင့် ပြုလုပ်ထားသည်ဟု ချဲ့ကားပြောဆိုကာ သူ့ဘက်ကပင် နစ်နာသကဲ့သို့ လုပ်နေသေး၏။

သို့ပေမယ့် တစ်ဖက်လူအပေါ် သူ၏ အသက်ကိုပင်  အကြွေးတင်ထားရာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် အနည်းငယ် ထပ်မံပိုလာခြင်းက သိသာခြင်း မရှိသည့်ပုံ ရှိသည်။

"ဆွေမျိုးလေး... မင်းဒီလူတွေကို ဘယ်လိုများ ရန်သွားစခဲ့တာလဲ.."

မုန့်ချုံက သိလိုစွာ မေးသည်။

"သူတို့က ငါ့ကိုလာရှာပြီး ဆုကြေးကောင်းကောင်းနဲ့  စိတ်ဝိဉာဉ်ဆေးပင်တွေ ရှာဖွေခိုင်းခဲ့တာ။ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက် အနေနဲ့ ငါလည်း အဲ့လိုအလုပ်မျိုးတွေကို အများကြီး လက်ခံခဲ့ဖူးတယ်။ ဒါ့ကြောင့်မို့လို့ သူတို့နဲ့လည်း တစ်ခါတည်း သဘောတူညီချက် ရခဲ့တယ်.."

"ပြီးတော့ ယန်နိုင်ငံရဲ့ ထန်းချွေတောင်မှာ သူတို့လိုချင်တဲ့ စိတ်ဝိဉာဉ်ဆေးပင် အသိုက်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့တွေက ငါ့ကို တစ်ခါတည်း ထိန်းချုပ်ပြီး သူတို့ရဲ့ကျွန် လုပ်စေချင်နေတာ.."

"ငါကလည်း ဘယ်သဘောတူမလဲ။ အဲ့ဒါနဲ့ တစ်ခါတည်း အခွင့်အရေးကိုရှာပြီး ထွက်ပြေးခဲ့တာ.."

မုန့်ရှူရှူက အံကိုကြိတ်သည်။ သူ၏အသံက ဒေါသများဖြင့် ပြည့်နှက်နေ၏။

"စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက် အနေနဲ့  မင်းမှာ စွမ်းအားကြီးတဲ့ နောက်ခံတွေဘာတွေ မရှိဘူးလား.."

မုန့်ချုံက သိလိုစွာ မေးသည်။

မုန့်ရှူရှူက စိတ်ဓာတ်ကျစွာဖြင့် ပြော၏။

"ငါ့ရဲ့ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေတဲ့ ပညာကို မိသားစုဆီကနေပဲ လက်ဆင့်ကမ်းခဲ့တာ။ ငါ့အဖေက စိတ်ဝိဉာဉ်ဆေးပင်တွေ လိုက်ရှာရင်းနဲ့ သေဆုံးသွားခဲ့တယ်။ ငါ့အဘိုးလည်း မိတ်ဆွေဟောင်း တစ်ယောက်ကို ကူညီရင်းနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေဆုံးသွားခဲ့တယ်.."

"ငါတစ်ယောက်တည်း ကျန်ခဲ့တာ... ငါက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပေမယ့် ငါ့မိသားစုနဲ့ အဆက်အဆံရှိတဲ့ လူတွေက ငါပြဿနာကြုံနေတာကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်တာနဲ့ သူတို့ ပြောလာတာက သူတို့အဖွဲ့ထဲကို ဝင်ပြီး စိတ်ဝိဉာဉ်ဆေးပင်တွေ ရှာဖွေပေးဖို့ပဲ.."

"ငါမုန့်ရှူရှူက အမြဲတမ်း လွတ်လွတ်လပ်လပ်ပဲ နေခဲ့တာ။ ဘာလို့ အခြားသူတွေ ချည်နှောင်ခံမှာလဲ။ ထန်းပေါင်စံအိမ်က ငါ့ကို ငှားလာတုန်းကတောင် ငြင်းဆန်ခဲ့တာ။ သူတို့ဆိုရင် ပိုတောင်ဝေးသေး.."

ထိုအကြောင်းကို ပြောချိန်၌ မုန့်ရှူရှူမှာ အံကိုတင်းတင်းကြိတ်ထားပြီး ထိုလူအုပ်စုကို သေအောင် မုန်းတီးနေပုံပေါ်သည်။

မုန့်ချုံ နားလည်လာခဲ့၏။

"ဆွေမျိုးလေး... မင်းမှာ ငါ့ကို အသက်တစ်ခု အကြွေးတင်ထားပေမယ့် သိုလှောင်အိတ်တစ်ခုနဲ့  အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ခုဆိုရင် မင်းစိတ်ချလို့ရပြီ။ ငါမင်းကို မထိန်းချုပ်ဘူး.."

"မင်းမှတ်ထားရမှာက ငါ့ဆီမှာ သိုလှောင်အိတ်တစ်ခု  အကြွေးတင်ထားတယ် ဆိုတာကိုပဲ။ အဲ့ဒါကို မင်းရုန်းကန်ရှာဖွေရမယ့် ပန်းတိုင်တစ်ခုလို့ မှတ်ယူထားရုံပဲ။ လူကတော့ လွတ်လပ်သေးတယ်.."

မုန့်ရှူရှူ၏ ပါးစပ်က ကျယ်လောင်စွာ ဟနေ၏။ သို့ပေမယ့် ကျိန်ဆဲမှုတော့ မပြုခဲ့ပေ။

"ချီး.."

ဒီလူသန်ကြီးတွင် အဘယ်ကြောင့် လှည့်ကွက်များစွာတို့ ရှိနေသနည်း။

သံတောင်မြို့တွင်တုန်းက အဘယ်ကြောင့် သူသည် ဒီလူကို ရှာဖွေရန် ရွေးချယ်ခဲ့ရသနည်း။ မုန့်ရှူရှူမှာ ငိုချင်နေပါသည်။ သို့ပေမယ့် မျက်ရည်မကျနိုင်ဘဲ ရှိနေ၏။

သို့ရာတွင် ပြန်လည် စဉ်းစားကြည့်ပြီးနောက် မုန့်ချုံနှင့်သာ မတွေ့ရပါက ဒီအချိန်၌ သူ့အနေနှင့် အသက်ရှင်နိုင်မည်လား ဟူသည်မှာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

ယန်နိုင်ငံ၏ ထန်းချွေတောင်သို့ ခရီးစဉ်က ရှည်လျားလှသည်။ ရထားလုံးနှင့် ဆိုပါက တစ်လတာ အချိန်ယူရမည် ဖြစ်၏။

ထို့ကြောင့် ၂ရက်တာ ရထားလုံးဖြင့် ခရီးသွားအပြီးတွင် မုန့်ရှူရှူ၏ ဒဏ်ရာများ စတင်ကောင်းမွန်လာခဲ့ပြီး နှစ်ယောက်သား ရထားလုံးကို ဆက်လက် စီးမနေတော့ဘဲ ကောင်းကင်ပေါ်သို့သာ ပျံသန်းပြီး ထန်းချွေတောင်ဆီသို့ ဦးတည်ခဲ့ကြသည်။

ထန်းချွေတောင်ဟု အမည်တွင်ခြင်းမှာ တောင်ထွတ်သည် ကြီးမားသည့် တူကြီးတစ်ချောင်းအသွင် ရှိသောကြောင့် ဖြစ်၏။

မတ်စောက်သည့် တောင်ကမ်းပါးပေါ်တွင် ရှေးကျသည့် သစ်ပင်များက အက်ကြောင်းများအကြား၌  ကြဲတဲစွာ ပေါက်နေ၏။ ကျောက်တုံးစင်ကဲ့သို့ ကြီးမားသည့် ကျောက်တုံးများ ငေါထွက်နေကြသည်။ ထန်းချွေတောင်ပေါ်တွင် ထိုကဲ့သို့သော ကျောက်တုံးများ ၁၀ခုကျော် ရှိနေ၏။

ကြည့်ရတာ သဘာဝအတိုင်း ဖြစ်ဟန်တူသည်။ သို့ပေမယ့် အနီးကပ် သေသေချာချာ စစ်ဆေးကြည့်ပါက လူသားများ ပြုပြင်ထားသည့် သဲလွန်စအချို့ကို တွေ့မြင်နိုင်၏။

ထန်းချွေတောင်၏ တောင်ထွတ်တွင် မည်မျှနက်သည်ကို မသိနိုင်သည့် လက်သီးအရွယ် အက်ကွဲကြောင်းများ ရှိနေ၏။ တောင်စောင်းပေါ်တွင်လည်း ရေညှိတက်နေသည့် အပေါက်ငယ်အချို့ကို တွေ့မြင်နိုင်ပါသည်။

တောင်၏ အရှေ့ဘက်အောက်ခြေတွင်တော့ မြင့်မားသည့် သစ်ပင်များ ထူထဲစွာ ရှိနေ၏။ တောင်ကမ်းပါးအား ၁၀ပေကျော်လောက် ဖက်တက်သွားပါက ရှေးကျသည့် သစ်ပင်ကြီး တစ်ပင်အား အလွန်ကြီးမားစွာ တွေ့မြင်နိုင်ပါသည်။

၎င်း၏ နောက်တွင် ၁၀ပေလောက် မြင့်မားကာ ပေ ၂၀လောက် နက်ရှိုင်းသည့် ဂူတစ်ခုကို တွေ့မြင်နိုင်၏။

ဂူ၏အပြင်ဘက်တွင် ပြန့်ကျဲနေသည့် ကျောက်ပြားအပိုင်းအစများ ရှိပါသည်။ ထိုကျောက်ပြားကြီးမှာ အရင်က ဂူ၏ တံခါးဝ ဖြစ်ခဲ့၏။

ဂူ၏ ပတ်ဝန်းကျင်နှင့် သစ်ပင်ကြီးများ၏ ထိပ်တွင် ဝတ်စုံနက်နှင့် လူများ ပုန်းအောင်းနေကြသည်။ စုစုပေါင်း ၅ယောက်ရှိ၏။ အားလုံးတို့မှာ သိုင်းသခင်အဆင့် သိုင်းသမားများ ဖြစ်ကြသည်။

ထို့အပြင် ဂူနှင့် အကွာအဝေးအချို့ အကွာတွင်လည်း ဝတ်စုံနက်နှင့်လူတို့ ပုန်းအောင်းနေ၏။

ပုံရိပ်နှစ်ခုတို့ ထန်းချွေတောင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ လမ်းတလျှောက် ခရီးဆက်ခဲ့သည့် မုန့်ချုံနှင့် မုန့်ရှူရှူတို့ ဖြစ်၏။

"ဆွေမျိုးလေး... ဒီနေရာမှာ စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေရှိတာ သေချာရဲ့လား.."

မုန့်ချုံက ထန်းချွေတောင်အား ပဟေဠိဖြစ်စွာဖြင့် ကြည့်သည်။

ထန်းချွေတောင်ပေါ်တွင် သစ်ပင်အများကြီး မရှိပါ။ ဤသည်မှာ ကြီးမားသည့် ကျောက်တောင်ကြီး တစ်ခု ဖြစ်၏။

တောင်၏ အောက်ခြေမှ ၁၀ပေအကျော်လောက်တွင် ထူထဲစွာ ပေါက်ရောက်နေသည့် သစ်ပင်များမှလွဲ၍ တောင်တစ်ခုလုံးတွင် အခြားသစ်ပင် အနည်းငယ်သာ ရှိပါသည်။

တိတ်ဆိတ်ခြောက်ကပ်သည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

"ပြီးတော့ ဒီမှာသာ စိတ်ဝိဉာဉ်ဆေးပင်ရှိရင် သူများတွေ ခူးသွားလောက်ပြီ မဟုတ်ဘူးလား.."

မုန့်ချုံက ဆက်လက်မေးသည်။

"စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေက တောင်ရဲ့  အတွင်းထဲမှာ ရှိတာ။ အဲ့ဒီ့မှာ ရှာတွေ့ဖို့ မလွယ်ကူတဲ့  နေရာတစ်ခုရှိတယ်။ ဝင်ရောက်ဖို့အတွက် သော့ကို လိုအပ်တယ်.."

"တစ်ယောက်ယောက်က အတင်းချိုးဖျက်ပြီးတော့ ဝင်ရောက်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် စိတ်ဝိဉာဉ်ဆေးပင်တွေကို အလွယ်တကူ ထိခိုက်သွားစေမှာ။ ပြီးတော့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်ချင်းစီတိုင်းက အဖိုး အရမ်းတန်လွန်းတယ်.."

"အဲ့ဒါကြောင့် သူတို့တွေ အတင်းချိုးဖျက်ပြီး မဝင်ရဲကြဘူး.."

မုန့်ရှူရှူက လမ်းတလျှောက်တွင် ရှင်းပြသည်။ ထူထဲသည့် သစ်ပင်များကို ညွှန်ပြကာ ပြော၏။

"ဝင်ပေါက်က အဲ့ဒီ့မှာပဲ။ ဒါပေမယ့် သိုင်းသခင်အဆင့် သိုင်းသမားတွေ သေချာပေါက် စောင့်နေလောက်မှာ.."

"စိတ်ဝိဉာဉ်ဆေးပင်တွေ ရှိမှာသာ သေချာရင် ဘာမှမဖြစ်ဘူး။ ဘယ်သိုင်းသခင်တွေပဲ လာလာ အကုန်လုံးကို ငါရှင်းပစ်မယ်.."

မုန့်ချုံက ဆေဘာ၏ ဓားရိုးကိုကိုင်ကာ ပြောသည်။

"သွားကြစို့.."

သူသည် သစ်ပင်များဆီသို့ တည့်မတ်စွာ ဦးတည်လိုက်၏။

မုန့်ရှူရှူလည်း စိတ်ပူခြင်းမရှိဘဲ မုန့်ချုံ၏နောက်မှ အသာတိတ်ဆိတ်စွာ လိုက်လာခဲ့၏။ အနားတွင် မုန့်ချုံရှိနေရာ ယုံကြည်ချက်တို့ များစွာ မြင့်တက်နေပါသည်။

"မုန့်ရှူရှူ... မင်းငါတို့ဆီကို လာရဲသေးတယ်ပေါ့။ သော့ကို ပေးစမ်း.."

နှစ်ယောက်သား သစ်ပင်များဆီသို့ ရောက်လာသည်နှင့် ပုံရိပ်၅ခုတို့က ဝန်းရံလာခဲ့သည်။

မုန့်ချုံက ဆေဘာ၏ ဓားရိုးကိုကိုင်ကာ နက်ရှိုင်းသည့်အသံဖြင့် ပြောသ၏။

"မိတ်ဆွေတို့... အခုအချိန်မှာ ဒီနေရာက ငါ့အပိုင် ဖြစ်သွားပြီ။ ဦးနှောက်ရှိတဲ့ လူတွေ ထွက်သွားသင့်တယ်။ အဲ့ဒါဆိုရင် စိတ်မချမ်းမြေ့စရာတွေ ကြုံမှာ မဟုတ်တော့ဘူး.."

သူ၏ ခန္ဓာကိုယ်မှ ကြမ်းကြုတ်သည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ရွှေရောင်အလင်း ရေးတေးတေးတစ်ခုကို ထုတ်လွှတ်ကာ ဝတ်စုံနက်နှင့် လူ၅ယောက်တို့ကို စူးစိုက်စွာ ကြည့်သည်။

အကြောင်းပြချက် အချို့ကြောင့် ဒီလူများကို ရင်းနှီးနေသည်ဟု သူခံစားရ၏။

"သူများကိစ္စကို ဝင်ပါပြီး ဘာလို့ ကိုယ့်အသက်ကို  စတေးနေမှာလဲ။ ဒါပေမယ့် မင်းက ဝင်ရှုပ်ပြီးပြီဆိုတော့ အသက်ကို ဆုံးရှုံးဖို့ ပြင်ထား.."

ဝတ်စုံနက်နှင့် လူတစ်ယောက်က လေးနက်စွာပြောသည်။

"သူ့ကိုသတ်ကြ.."

လက်တစ်ဝှေ့နှင့်အတူ ဝတ်စုံနက်တစ်ယောက်က ရှေ့သို့တက်လာပြီး မုန့်ချုံကို တိုက်ခိုက်၏။

"ဟန့်... မင်းက သေချင်နေမှတော့ ငါကလည်း သတ်ပေးရတာပေါ့.."

မုန့်ချုံက ပြုံးသည်။

သူ၏ ဆေဘာအလင်းနှင့်အတူ ကြီးမားသည့် ဖိအားက ချက်ချင်းပင် ထွက်ပေါ်လာ၏။ လောကကြီးကို ကြီးစိုးသည့် အငွေ့အသက်က မြင့်တက်လာခဲ့သည်။

မုန့်ချုံ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းဖြင့် လင်းလက်နေပြီး ယခုအချိန်၌ သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာက စွမ်းအားကို ပြသလာခဲ့ပါပြီ။

တိုက်ခိုက်လိုက်ချိန်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ဖျက်ဆီးခြင်း ဓားချက်ကို အသုံးပြုလိုက်၏။

"ဘုန်း.."

တစ်ချက်တည်းနှင့် သိုင်းသခင်တစ်ယောက်၏ အသက်ကို ယူငင်သွားသည်။ သူ၏ အနှိုင်းမဲ့သည့် အရှိန်အဝါက ဖြတ်သန်းသွားပြီးနောက် ရန်သူကို ပြာအဖြစ် ပြောင်းလဲသွားစေခဲ့၏။

"တိုက်ကြ.."

ကျန်ရှိသည့် ဝတ်စုံနက်များမှာ ထိတ်လန့်သွားကြသည်။ သူတို့သည် အလျှင်အမြန် ဝိုင်းဝန်း တိုက်ခိုက်ကြ၏။

သို့ရာတွင် မုန့်ချုံက ကိုယ့်ကိုယ်ကို ခုခံခြင်းပင် မပြုပါ။ ဆက်တိုက်သာ တိုက်ခိုက်မှုပြုပြီး သိုင်းသခင်၄ယောက်တို့ကို လျှပ်တပြက်အတွင်း သတ်ဖြတ်လိုက်၏။

"ဟစ်.."

မုန့်ရှူရှူမှာ မှင်သက်သွားရ ပြန်လေသည်။ ဒီတစ်ကြိမ်တွင် မုန့်ချုံက ပြသခဲ့သည့် စွမ်းအားမှာ ပိုမို အံ့ဩစရာ ကောင်းလာခဲ့၏။

"ဒီလူတွေကို ရှင်းပြီးပြီ... စိတ်ဝိဉာဉ်ဆေးပင်ကို သွားယူရအောင်.."

သိုင်းသခင်၅ယောက်တို့ကို မျက်တောင်ခတ်ခြင်း မရှိဘဲ သတ်ဖြတ်ပြီးနောက် မုန့်ချုံက မုန့်ရှူရှူကို လှည့်ကြည့်ကာ ခေါ်၏။

"ကောင်းပြီ.."

မုန့်ရှူရှူက ဂူအတွင်းသို့ ဝင်ရောက်တော့မှာပါ။ ရုတ်တရက် သူ၏ မျက်နှာက ပြောင်းလဲသွားပြီး  ခေါင်းမော့ကြည့်၏။

"ဘုန်း.."

ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ ချက်ချင်းပင် ပျက်စီးလွင့်စင်သွားကြ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကဲ့သို့ စွမ်းအားက သက်ဆင်းလာခဲ့သည်။

မုန့်ချုံ၏ ပုံစံလည်း ပြောင်းလဲသွား၏။

"စစ်ဘုရင်တစ်ယောက်လား.."

ပြီးနောက် သူက အံ့သြသွားသည်။

"တစ်ခုခု မှားနေပြီ။ ဘာလို့ အားနည်းနေရတာလဲ.."

"မင်းက သေချင်နေတာပဲ.."

ကောင်းကင်၌ ဝတ်စုံနက်နှင့် ပုံရိပ်၃ခုတို့ ပေါ်လာကြသည်။ ဦးဆောင်လာသည့် တစ်ယောက်မှာ အားမာန်အပြည့်ဖြင့် ရှိနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏  စွမ်းအားကို အသုံးပြုနိုင်သည့်ပုံ ရှိသည်။

ဒီနေရာတွင် တိုက်ပွဲဖြစ်ပေါ်မှုကို သတိထားမိပြီး သူက ချက်ချင်းလာခဲ့ခြင်း ဖြစ်၏။ သို့ပေမယ့် စောင့်ကြပ်နေကြသည့် သိုင်းသခင် ၅ယောက်တို့ အားလုံး သေဆုံးခဲ့ရလေသည်။ အံ့ဩမိသလို ဒေါသလည်း ထွက်သွား၏။

မုန့်ရှူရှူသည် ဒီစစ်ကူကို မည်သည့်နေရာမှ ရှာခဲ့သနည်း။ အလွန် စွမ်းအားကြီးမားလှပါသည်။ သူက လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။

"ညီလေးမုန့် သတိထား... သူက တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ပဲ.."

မုန့်ရှူရှူက သတိကြီးစွာဖြင့် အော်၏။

မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွားသည်။

"ဒါဆိုရင် တစ်ဝက်တစ်ပြက် အဆင့်ပဲ ရှိတာပေါ့။ အားနည်းတယ်လို့ ခံစားရတာ အံ့သြစရာမရှိဘူး.."

"မင်းက တစ်ဝက်လေးပဲ မီးဖုတ်ထားတဲ့ ကောင်ပဲ။ ငါ့ရှေ့မှာများ လာပြီးတော့ မောက်မာရဲနေတယ်.."

မုန့်ချုံ၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာခဲ့သည်။

စွမ်းအားကြီးမားသည့် အရှိန်အဝါက ပိုမိုကာပင်  ကြောက်စရာကောင်းလာခဲ့၏။ သူ၏ ပတ်ဝန်းကျင်တွင် လေနှင့်မိုးကြိုးတို့ လှိုင်းထလာသည့်ပုံ ရှိသည်။

အနှိုင်းမဲ့သည့် ဆေဘာဆန္ဒက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ဖြန့်ကျက်လာပြီး ဆေဘာအလင်းက အထက်သို့ ဆန်တက်သွား၏။ တစ်ဝက်တစ်ပြက် စစ်ဘုရင်အား သတ်ဖြတ်ရန် တာဆူနေပါသည်။

တစ်ဖက်လူသည် စစ်ဘုရင်တစ်ယောက် မဟုတ်ပေမယ့် ခွန်အားက အလွန် စွမ်းအားကြီးမားလှဆဲ ရှိ၏။ မုန့်ချုံအနေနှင့် သတိမထား ပြုရဲခြင်း မရှိပေ။

စွမ်းအားကြီးမားသည့် လူနှစ်ယောက်တို့ တိုက်ပွဲဖြစ်ပွားရာ မုန့်ရှူရှူက အလျှင်အမြန် နောက်ဆုတ်သွားသည်။ သက်ရောက်ခြင်း ခံရမည်ကို ကြောက်ရွံ့သွား၏။

ထိုပုံကို တွေ့ရပြီးနောက် ဝတ်စုံနက်နှင့် အခြားသိုင်းသမားနှစ်ယောက်တို့က ရှေ့သို့ ခုန်ပျံတတ်ကာ မုန့်ရှူရှူကို ဖမ်းဆီးလိုသည်။

ရလဒ်အနေနှင့် မုန့်ချုံက သူ၏ အနှိုင်းမဲ့သည့် ဆေဘာအားကို အသုံးပြုကာ တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်ကို နောက်သို့ အနည်းငယ် ဆုတ်သွားစေပြီးနောက် အနောက်ဘက်သို့ လှည့်ကာ ပိုင်းလိုက်၏။ ဝတ်စုံနက် နှစ်ယောက်မှ တစ်ယောက်ကို ချိန်ရွယ်ထားသည်။

"မကောင်းတော့ဘူး.."

ဝတ်စုံနက်မှာ ထိတ်လန့်တကြား ဖြစ်သွား၏။

"ဘုန်း.."

တစ်ချက်တည်းနှင့် သူသည် နေရာမှာတင် သေဆုံးခဲ့ရသည်။

အခြားဝတ်စုံနက်လည်း ကြောက်ရွံ့စွာဖြင့် ဖြူရော်သွားပြီး အဝေးသို့ အလျှင်အမြန် ဆုတ်ခွာသွား၏။

"ငါနဲ့တိုက်ခိုက်တဲ့ အချိန်မှာတောင် အခြားဆီကို စိတ်ရောက်ရဲသေးတယ်.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်က အလွန် ဒေါသထွက်သွားသည်။ မုန့်ချုံ၏ အနောက်ဘက်သို့ လှည့်နေမှုကို အခွင့်ကောင်းယူကာ ကြောက်စရာကောင်းသည့် ခွန်အားနှင့် လက်သီးချက်ကို ထုတ်လိုက်၏။ ကြီးမားသည့် တောင်ကြီးတစ်လုံး ပြိုကျလာသည့်နှယ် ဖိနှိပ်လာခဲ့သည်။

မုန့်ချုံက လက်သီးတစ်လုံးဖြင့် ပြန်ထိုးသည်။

"ဘုန်း.."

သူသည် တစ်ဖက်ရန်သူ၏ တိုက်ခိုက်မှုကို အကြွင်းမဲ့ ကာကွယ်နိုင်ခြင်း မရှိပါ။ သို့ပေမယ့်  ခွန်အား၆၀%လောက်ကို လျော့ကျသွားစေခဲ့၏။ ကျန်ရှိသည့် ၄၀%က မုန့်ချုံ၏ ခန္ဓာကိုယ်အပေါ်သို့ ထိမှန်သည်။

မုန့်ချုံ၏ ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းက ဝန်းရံနေပြီး ခဏတာ တုန်ခါသွားပြီးနောက် ဒဏ်ရာရရှိခြင်း လုံးဝမရှိပေ။ ခွန်အား ၄၀%လောက်က သူ့ကို ထိခိုက်စေနိုင်ရန် တတ်စွမ်းခြင်း မရှိပါ။ ဒီအချိန်၌ ခန္ဓာကိုယ်၏ စွမ်းအားက ပြသလာခဲ့၏။

"တစ်ဝက်တစ်ပြတ် စစ်ဘုရင်ဆိုတာလည်း ဘာမှမဟုတ်ပါဘူး.."

မုန့်ချုံ၏ မျက်လုံးများ၌ ရွှေရောင်အလင်းတို့  လက်သွားသည်။ သူကဆေဘာကို မြှောက်ကာ ခုတ်လိုက်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ကြီးစိုးသည့် ဓားချက်များက တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ဝတ်စုံနက်မှာ ထိတ်လန့်သွား၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က ကြောက်စရာ ကောင်းလွန်းလှသည်။

သူ၏ မျက်လုံးများက ကြမ်းကြုတ်သွားပြီး ဓားကောက်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ကြောက်စရာကောင်းသည့် ဓားအလင်းက မုန်တိုင်းတစ်ခုသဖွယ် သက်ဆင်းလာပြီး မုန့်ချုံကို ဝါးမြိုရန် ကြိုးစားသည်။

All Chapters