← Chapters

စစ်ဘုရင်၏ လိုက်လံမှု၊ ရွှီယန်၏ ရောက်ရှိလာခြင်း

Vol. 16 Ch. 231

စစ်ဘုရင်၏ လိုက်လံမှု၊ ရွှီယန်၏ ရောက်ရှိလာခြင်း

Vol. 16 Ch. 231

"အရမ်းကို မြန်တာပဲ.."

မုန့်ချုံက ခေါင်းလှည့်ကြည့်ပြီးနောက် ချက်ချင်းပင် အံ့သြသွားသည်။ ဒီစစ်ဘုရင်သည် သေချာပေါက် နှေးကွေးခြင်း မရှိပေ။

သူက ကြိုးတစ်ချောင်းကို ဆွဲထုတ်ကာ မုန့်ရှူရှူကို ချက်ချင်းပင် ကျောပေါ်၌ ချည်လိုက်၏။ ဤနည်းအားဖြင့် မုန့်ရှူရှူကို ထိန်းမထားသည့် လက်က အားသွား၏။

ကြီးမြတ်သောနေ ရွှေခန္ဓာ၏ သွေးကြောမှတ်မှ ဆေဘာဆန္ဒ အမျှင်တန်းများ စီးဆင်းလာပြီး သူ၏လက်အတွင်း၌ ဆေဘာတစ်ချောင်းအဖြစ် စုစည်းလာခဲ့သည်။

"ရွှမ်း.."

ရုတ်တရက် နောက်သို့လှည့်ကာ ဆေဘာဖြင့် ခုတ်လိုက်၏။

ကြောက်စရာကောင်းသည့် ဆေဘာအလင်းက ကောင်းကင်ကို ဖြတ်သန်းကာ အနက်ရောင်ဝတ်စုံနှင့် စစ်ဘုရင်ကို တစ်ခါတည်း ချိန်ရွယ်ထားသည်။

ဒီခုတ်ချက်တွင် မုန့်ချုံသည် သူ၏ သွေးကြောမှတ်များ အတွင်းတွင် အချိန်တစ်ခုအတွင်း ပျိုးထောင်ထားခဲ့သည့် ဓားဆန္ဒကို အသုံးပြုထား၏။

သို့ရာတွင် ပျိုးထောင်သည့် အချိန်က တိုတောင်းလှသဖြင့် စစ်ဘုရင်ကို ခြိမ်းခြောက်နိုင်မည့် စွမ်းအားတို့ ပါဝင်နေခြင်း မရှိပါ။ အနည်းငယ် အနှောင့်အယှက်ဖြစ်ရန်သာ  ရည်ရွယ်၏။

ထို့ကြောင့် ထိုဓားချက်ကို ခုတ်ပြီးနောက် သူသည် မြင့်မားသော အမြန်နှုန်းဖြင့် မိုးကြိုး ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို အဆုံးစွန်တိုင်အောင် အသုံးပြုလိုက်သည်။

ဤနည်းအားဖြင့် သူနှင့် စစ်ဘုရင်တို့၏ အကွာအဝေးကို ပိုမို ကျယ်ပြန့်စေ၏။

"ဟူရှန်းပဲဖြစ်ဖြစ်.. ရှဲ့လင်ဖုန်းပဲဖြစ်ဖြစ်.. မုန့်ရှူရှူကိုသာ ချလိုက်ရင် ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်.."

အနောက်ဘက်မှ ဝတ်စုံနက်နှင့် စစ်ဘုရင်၏ အသံက ထွက်ပေါ်လာ၏။

"ရယ်စရာပဲ... ငါဓားသခင် ချောက်ကမ်းပါးရဲ့ ဟူရှန်းက ဘယ်တော့မှ မိတ်ဆွေတစ်ယောက်ကို မစွန့်ပစ်ဘူး.."

မုန့်ချုံက နှာခေါင်းရှုံ့သည်။

"အဲ့ဒါဆိုရင်လည်း မင်းဘယ်အချိန်အထိ ပြေးနိုင်မလဲလို့ ကြည့်ရတာပေါ့.."

ဝတ်စုံနက်နှင့် စစ်ဘုရင်က နောက်မှ အရူးအမူးလိုက်၏။

အကွာအဝေးက တဖြည်းဖြည်းနှင့် နီးကပ်လာပြန်လေသည်။

"ဘုန်း.."

နောက်ထပ် ဓားအလင်းတစ်ခု သူတို့ဆီသို့ ပြေးဝင်လာပြန်၏။

"ဆွေမျိုးလေး... မြန်မြန်လေး ကာလိုက်.."

မုန့်ချုံက ပြင်းထန်စွာ ဆက်လက်ပြေးရင်းမှသူ၏ကျောပေါ်တွင်ရှိသည့် မုန့်ရှူရှူမှာ သွေးပျက်လုမတတ် ဖြစ်သွားသည်။ လာပြန်လေပြီလား။

"သတ်.."

သူသည် အသည်းအသန် တန်ပြန် တိုက်ခိုက်ရ၏။ စစ်ဘုရင်၏ တိုက်ခိုက်မှုကို ကာကွယ်ဖို့ ကြိုးစားသည်။

"ဝေါ့.."

နောက်ထပ် သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။

"ညီလေးမုန့်... ငါဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး.."

မုန့်ရှူရှူ၏ မျက်နှာက လုံးဝဖြူရော်နေပါပြီ။ အကွာအဝေး ခြားနားချက်ကြောင့် စစ်ဘုရင်အဆင့်မှ လာသည့် တိုက်ခိုက်ချက်တွင် အားအနည်းငယ်သာ ပါရှိ၏။

သို့ပေမယ့် ဤသည်မှာ စစ်ဘုရင်တစ်ယောက်၏ အားဖြစ်သည်။ သူ့အနေနှင့် ကာကွယ်နိုင်ခြင်း ရှိလျှင်တောင် ဒဏ်ရာများက ဆိုးရွားလာဆဲ ရှိသည်။

"မကြောက်နဲ့.."

မုန့်ချုံက ဒဏ်ရာကုသခြင်း ဆေးလုံးတစ်လုံးကို ထုတ်ကာပေးသည်။

"ဆွေမျိုးလေး ပါးစပ်ကိုဟ.."

မုန့်ရှူရှူမှာ ခါးသက်သော မျက်နှာဖြင့်သာ ပါးစပ်ကိုဟပြီး ဆေးလုံးကို မျိုချလိုက်၏။ ပြောရလျှင် ဒီဒဏ်ရာကုသခြင်းဆေးသည် အမှန်တကယ်ကို အာနိသင် ကောင်းလှပါသည်။ မုန့်ရှူရှူကို ချက်ချင်းပင် များစွာပိုမို သက်သာလာစေ၏။

"ဆွေမျိုးလေး... မင်းငါ့ကို အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ပင် အကြွေးတင်ပြန်ပြီ.."

မုန့်ချုံက ထွက်ပြေးနေရင်းက ပြော၏။

နေ့ဝက်ကြာအောင် လိုက်လံမှုအပြီးတွင် ဝတ်စုံနက်နှင့် စစ်ဘုရင်သည် ၅ကြိမ်တိုင်အောင် တိုက်ခိုက်ခဲ့၏။

အကြိမ်တိုင်းတွင် မုန့်ရှူရှူက ရောက်ရှိလာသည့်  လက်ကျန်အားတို့ကို ကာကွယ်နိုင်ခဲ့လေသည်။ သို့ပေမယ့် ဒဏ်ရာကုသခြင်း ဆေးများနှင့် ဆိုလျှင်တောင် သူ၏ ဒဏ်ရာများက ကောင်းမွန်လာခြင်း မရှိပေ။

"ငါဒီလိုမျိုး ဆက်ပြီးတော့ မခံနိုင်တော့ဘူး.."

မုန့်ရှူရှူ၏ မျက်နှာက ဖြူရော်နေ၏။

"ရှေ့မှာ မြို့တစ်မြို့ရှိတယ်.."

မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွားပြီး မြို့အတွင်းသို့ အမြန်ပြေးဝင်သည်။ စစ်ဘုရင်ကို လူများအကြား၌ လမ်းပျောက်သွားရန် ရည်ရွယ်၏။

သို့ရာတွင် ဝတ်စုံနက်နှင့် စစ်ဘုရင်က အေးစက်စွာ ပြောသည်။

"မြို့ထဲက သိုင်းသခင်တွေအားလုံး နားထောင်ကြ။ ငါက ဒီလူကို သတ်ဖို့အတွက် ရောက်လာတာ။ မင်းတို့တွေ အကူအညီမပေးဘူးဆိုရင် အပြစ်မဲ့တဲ့လူတွေ ထိခိုက်မှ ငါ့ကို အပြစ်မတင်နဲ့.."

စစ်ဘုရင်တစ်ယောက်သည် မည်သည့်မြို့၏ မဆို  စည်းမျဉ်းများကို လျစ်လျူရှု့နိုင်၏။

ထိုစကားကို ကြားရပြီးနောက် မြို့ထဲရှိ သိုင်းသခင်များ အားလုံးတို့ ထိတ်လန့်သွားကြသည်။ ကောင်းကင်ပေါ်သို့ ပျံတက်ပြီး မုန့်ချုံဆီသို့ အသီးသီး ရွေ့လျားလာခဲ့၏။

မုန့်ချုံက ဒေါသတကြီး ဖြစ်သွားသည်။ စစ်ဘုရင်တစ်ယောက်ဖြစ်တာ ထိုမျှ ကြီးကျယ်လှသည်လား။

"မောက်မာလိုက်တာ... ငါက ဓားသခင်ချောက်ကမ်းပါးက ရှဲ့လင်ဖုန်းပဲ။ မင်းတို့ကောင်တွေ ဓားသခင် ချောက်ကမ်းပါးကို မကြောက်ကြဘူးလား.."

အရေးကြီးသည့် အချိန်အခါတွင် မုန့်ချုံက ဒေါသတကြီး အော်၏။

ချဥ်းကပ်လာနေသည့် သိုင်းသခင်များအားလုံး ထိတ်လန့်စွာဖြင့် ကဗျာကယာ ရပ်တန့်သွားကြသည်။

သူတို့၏ နှလုံးသားထဲ၌ အကြောက်တရားဖြင့် ပြည့်နှက်လာခဲ့၏။ ဓားသခင်ချောက်ကမ်းပါးမှ ရှဲ့လင်ဖုန်းလေလား။

ဓားသခင်ချောက်ကမ်းပါး၏ ပါရမီရှင်ကို မည်သူက  သတ်ဖြတ်ရဲသနည်း။ ထို့အပြင် ဤသည်မှာ ရှဲ့ထန်းဟန်၏ တစ်ဦးတည်းသောသား ဖြစ်သည်။ တစ်ဖက်လူက စစ်ဘုရင်တစ်ယောက် ဆိုလျှင်တောင် သေချာပေါက် သေဆုံးရမှာပါ။

သူတို့၏ နှောင့်နှေးမှုကို အခွင့်ကောင်းယူကာ မုန့်ချုံက လမ်းများစွာ အတွင်းသို့ ပြေးဝင်သွားပြီး သူနှင့် စစ်ဘုရင်၏ အကွာအဝေးကို ခြားနားလိုက်၏။

လေထဲသို့ ပျံတက်ကာ မြို့အပြင်ဘက်သို့ ပြေးထွက်သည်။

မြို့အတွင်းတွင် နေပါက အပြစ်မဲ့သည့် ပြည်သူများကို ထိခိုက်မှာ ဖြစ်သည်။ ဒီစစ်ဘုရင်သည် ရှင်းလင်းစွာပင် အလွန် ရက်စက်လှ၏။ မုန့်ချုံက ထွက်ပြေးသည်နှင့် သူ၏နောက်မှ  အဆောက်အအုံကို ရိုက်ချပြီး ဖျက်ဆီးလိုက်သည်။

"မင်းပြေးလို့ မလွတ်ဘူး.."

ဝတ်စုံနက်နှင့် စစ်ဘုရင်က ဒေါသတကြီးပင် ဆက်လက်လိုက်၏။

မုန့်ချုံက ပြေးရင်းနှင့် ကျိန်ဆဲသည်။

"မင်းကို ငါမချန်ထားခဲ့နိုင်ဘူးလို့ မယုံဘူး.."

မုန့်ရှူရှူက မောဟိုက်စွာဖြင့် ပြော၏။

"မင်းသူ့ကို ကျန်ရစ်ခဲ့အောင် မပြေးနိုင်ဘူး.."

လူသားဒိုင်း ဖြစ်ရတာ အလွန် ဆိုးရွားလှသည့် ဘဝပင်။

"မကြောက်နဲ့... လာခဲ့ ဆေးသောက်လိုက်.."

မုန့်ချုံက သူ့ကို နောက်ထပ် ဆေးတစ်လုံးအား ကျွေးသည်။

"ညီလေးမုန့်... မြေစိတ်ဝိဉာဉ်အမြစ်ကို စားလိုက်။ မဟုတ်ရင် မင်းစစ်ဘုရင်တစ်ယောက်ရဲ့ လက်ကနေ လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူး.."

ဆေးလုံးကို သောက်ကာ အနည်းငယ် သက်သာလာပြီးနောက် မုန့်ရှူရှူက အကြံပေးသည်။

မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွား၏။ မြေစိတ်ဝိဉာဉ်အမြစ် တစ်ခုကို သေသေချာချာဖြင့် ထုတ်ယူပြီး တစ်စိတ်ကို ချိုးကာ ပါးစပ်ထဲသို့ ထည့်သည်။

ချက်ချင်းပင် ကြွယ်ဝသည့် စိတ်ဝိဉာဉ်စွမ်းအင်တို့ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာခဲ့၏။ မြေစိတ်ဝိဉာဉ်အမြစ်၏ အာနိသင်က ညင်သာစွာ ရေရှည်ခံပါသည်။

မျက်စိတစ်မှိတ်အတွင်းတွင် မုန့်ချုံသည် သူ၏ရွှေခန္ဓာရှိ သွေးကြောမှတ်တို့ အားပြည့်လာသည်ဟု  ခံစားရ၏။

"မြန်မြန်လေးစားလိုက်.."

ကျန်ရှိသည့် မြေစိတ်ဝိဉာဉ်အမြစ် တစ်ဝက်ကို မုန့်ရှူရှူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မုန့်ရှူရှူသည် သေဆုံးလို့ မဖြစ်ပေ။ မဟုတ်ပါက သူ၏ ကြိုးစားအားထုတ်မှု အားလုံး အလကား မဖြစ်သွားပေဘူးလား။

မုန့်ချုံသည် စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ၏ တန်ဖိုးကို တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။ မုန့်ရှူရှူနှင့်သာ ဆိုပါက သူ၏ ရှားပါးသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ရရှိနိုင်သည့် အခွင့်အရေးမှာ များစွာ တိုးတက်လာမှာ ဖြစ်၏။

"မုန့်ရှူရှူ.. မင်းဘယ်အချိန်အထိ တောင့်ခံနိုင်ဦးမလဲ။ ငါတကယ် တွေ့ချင်သေးတယ်.."

စစ်ဘုရင်က ရုတ်တရက် အရှိန်ကိုမြှင့်ကာ ချဉ်းကပ်လာပြီး ဓားဖြင့် ခုတ်လိုက်ပြန်၏။

မုန့်ရှူရှူမှာ ၎င်းကို နေသားကျနေပြီး ဖြစ်သည်။ သူက အော်လိုက်ပြီးနောက် ခွန်အားအားလုံးတို့ကို စုစည်းကာ ထိုဓားချက်၏ လက်ကျန်အားလှိုင်းအား ကာလိုက်၏။

"အဟွတ် အဟွတ်.."

နောက်ထပ် ထိုးနှက်ချက်တစ်ခုကို တောင့်ခံပြီးနောက် သူ၏အနည်းငယ် ကောင်းမွန်လာခဲ့သည့်  ဒဏ်ရာများက ဆိုးရွားသွားပြန်သည်။

ကံကောင်းစွာပင် မုန့်ချုံက စစ်ဘုရင်နှင့် အကွာအဝေးကို ထပ်မံခြားနားနိုင်ခဲ့၏။

"ဆွေမျိုးလေး... အရှေ့မှာ မြို့ကြီးတစ်ခု ရှိတယ်။ ငါအထဲကို ဝင်ပြီးတော့ သွားပုန်းနေရမလား.."

မုန့်ချုံက မျက်မှောင် ကျုံ့သွားပြီးမေးသည်။

"မြို့ကြီးလား... အဲ့ဒီ့မှာ စစ်ဘုရင်တစ်ယောက်ယောက် ရှိရင် ငါတို့တွေ စမ်းသပ်ကြည့်လို့ရတယ်.."

မုန့်ရှူရှူက ဖြေကြားသည်။

"ဒီလောက်ကြီးတဲ့ မြို့ကြီးမှာ စစ်ဘုရင်တစ်ယောက်တော့ ရှိလောက်မှာ မလား.."

မုန့်ချုံက အမြန်နှုန်းကို မြင့်ကာ မြို့အတွင်းသို့ သက်ဆင်းသွား၏။

"ဘယ်သူက မောက်မာရဲတင်းပြီး စည်းမျဉ်းတွေကို  လျစ်လျူရှု့ရဲတာလဲ..."

ရုတ်တရက် မြို့ထဲမှ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောက်စရာကောင်းသည့် အရှိန်အဝါက မြင့်တက်လာခဲ့၏။

All Chapters