← Chapters

စစ်ဘုရင်၏ လိုက်လံမှု၊ ရွှီယန်၏ ရောက်ရှိလာခြင်း(၂)

Vol. 16 Ch. 232

စစ်ဘုရင်၏ လိုက်လံမှု၊ ရွှီယန်၏ ရောက်ရှိလာခြင်း(၂)

Vol. 16 Ch. 232

"စစ်ဘုရင်တစ်ယောက်ပဲ.."

"ကျွန်တော်က ကျန်းကျွင်းရာက ဟူရှန်းပါ။ အလျှင်လိုနေလို့ သတင်းမပို့နိုင်တာ တောင်းပန်ပါတယ်.."

မုန့်ချုံက နှုတ်ဆက်၏။

ဒေါသထွက်နေသည့် စစ်ဘုရင်က ချက်ချင်းပင် မှင်သက်သွားပြီး သူ၏အရှိန်အဝါတို့ကို အနည်းငယ် ရုတ်သိမ်းလိုက်သည်။

ဓားသခင်ချောက်ကမ်းပါးမှ ဟူရှန်းလေလား။

ထို့နောက် ချက်ချင်းပင် ဝတ်စုံနက်နှင့် စစ်ဘုရင်ကို သတိထားမိလိုက်၏။ သူ၏အကြည့်က စူးရှသွားလေသည်။ မည်သည့်စစ်ဘုရင်က အလွန်ရဲတင်းကာ ဓားသခင်ချောက်ကမ်းပါးမှ ဟူရှန်းကို လိုက်လံရဲသနည်း။

"ခင်ဗျားကို ဒီကိစ္စထဲမှာ ဝင်မပါဖို့ ကျွန်တော် အကြံပေးတယ်.."

ဝတ်စုံနက်နှင့် စစ်ဘုရင်က အေးစက်စွာပြောပြီးနောက် မြို့တွင်းသို့ ဒုံးဆိုင်းဝင်ရောက်သည်။ မုန့်ချုံကို ဆက်လက်လိုက်၏။

"နားထောင်ကြ။ အဲ့ဒီ့ ဂတုံးပြောင်နဲ့လူကို မြို့ရဲ့အရှေ့ဘက်မှာ ဖမ်းတားထားကြ.."

ဝတ်စုံနက်နှင့်လူက ရုတ်တရက် အော်၏။

မုန့်ချုံ၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်။ မြို့ထဲတွင် တဖက် အဖွဲ့အစည်းမှ လူများ ရှိနေ၏။

အသေအချာပင်။ ပုံရိပ်နှစ်ခုတို့ သူ့ဆီသို့ ရွေ့လျားလာခဲ့သည်။ ၂ဦးစလုံးမှာ သိုင်းသခင်အဆင့် သိုင်းသမားများ ဖြစ်ကြ၏။

"မကောင်းတော့ဘူး.."

မုန့်ချုံ၏ မျက်နှာက ပြောင်းလဲသွားသည်။ သိုင်းသခင်များ၏ ဘေးတွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်လည်း လိုက်ပါလာကာ သူ့ကို တားဆီးဖို့ ကြိုးစားသည်။

"ငါအချိန်ကြန့်ကြာနေလို့ မဖြစ်ဘူး.."

တားမြစ်ခြင်းသာ ခံရပါက နောက်က စစ်ဘုရင်က လိုက်မီသွားလျှင် သူ့အနေနှင့် ပြဿနာကြီးပါပြီ။

"သွားစမ်း.."

မုန့်ချုံက ခေါင်းကိုလှည့်ကာ နောက်ထပ် လားရာတစ်ခုသို့ ထွက်ပြေးသည်။ သူ၏ ဆေဘာကို ခုတ်ပိုင်းလိုက်ပြီး ရှေ့ရှိသိုင်းဘုရင်ကို ဖယ်ရှား၏။ ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ ရွှေရောင်အလင်းတစ်ခု  လက်လာပြီး ကောင်းကင်သို့ ပျံသန်းကာ မြို့ကို နောက်တွင် ချန်ရစ်ခဲ့သည်။

ဒီအချိန်၌ သူသည် ဒေါသမိုးကြိုး ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်အား အဆုံးစွန်တိုင်အောင် အသုံးပြုထား၏။

ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အရှိန်အဝါတို့ မြင့်တက်လာကာ ရွှေခန္ဓာ၏ သွေးကြောမှတ်အတွင်းမှ လေပူကဲ့သို့ စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အခိုက်အတန့်တစ်ခုတွင် မုန့်ချုံ၏ အမြန်နှုန်းက ကြီးစွာမြင့်တက်သွားခဲ့၏။ သူ၏ ဒေါသမိုးကြိုး ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်က အဆင့်သေးတစ်ခု ချိုးဖျက်ခဲ့လေသည်။

သူ၏ အမြန်နှုန်းက တိုးမြင့်လာပြီး သူနှင့် စစ်ဘုရင်တို့အကြားရှိ အကွာအဝေးကို ကြီးမားလာစေ၏။ သို့ပေမယ့် စစ်ဘုရင်မှာ အသဲအသန် လိုက်လံနေဆဲရှိပြီး သူ့ကိုအသက်ရှူဖို့ပင် အခွင့်အရေးမပေးပေ။

'စောက်ရူးက ဇွဲကောင်းနေတယ်..'

မုန့်ချုံက ကျိန်ဆဲကာ ခေါင်းလှည့်ကြည့်သည်။ စစ်ဘုရင်သည် စိတ်ဝိဉာဉ်ဆေးပင်ကို ထုတ်ယူပြီး ကုန်ဆုံးသွားသည့် စွမ်းအင်များအား ဖြည့်တင်းနေကြောင်းကို တွေ့လိုက်ရ၏။

'ဘယ်သူက ဘယ်သူ့ထက် ပိုပြီးတော့ ကြာရှည်ခံမလဲ ကြည့်ရတာပေါ့..'

မုန့်ချုံက မြေစိတ်ဝိဉာဉ်အမြစ်ကို ထုတ်ကာ စားလိုက်ပြန်သည်။

"အုန်း.."

ရွှေခန္ဓာ၏ စွမ်းအင်တို့က လှည့်လည်လာပြီး စိတ်ဝိဉာဉ်ဆေးပင်ကို သန့်စင်ကာ တစ်ချိန်တည်းတွင် ရွှေခန္ဓာ၏ သွေးကြောမှတ်တစ်ခုကို အားဖြင့် ဝင်ဆောင့်လိုက်သည်။ စတုတ္ထမြောက် သွေးကြောမှတ်ကို ဖွင့်လှစ်၏။

ထွက်ပြေးသူနှင့် လိုက်လံသူတို့ အကြားတွင် ဤနည်းအားဖြင့် အချိန်၃ရက်ကြာ ကုန်ဆုံးသွားခဲ့၏။ ဝတ်စုံနက်မှာ ဆက်လက် အသဲအသန် လိုက်နေဆဲရှိပြီး အမြဲတမ်း ချဉ်းကပ်ဖို့ ကြိုးစားနေကာ လက်လျော့မည့် မည်သည့် အရိပ်အယောင်မှ မပြပေ။

စစ်ဘုရင်၏ ရှဲ့လင်ဖုန်းကို လိုက်လံသတ်ဖြတ်နေသည့် သတင်းကလည်း နေရာအနှံသို့ ပျံ့နှံသွား၏။ ထို့နောက် ချက်ချင်းပင် စစ်ဘုရင်က ဟူရှန်းကို လိုက်နေသည်ဟူသည့် သတင်းအဖြစ် ပြန်လည် ပြောင်းလဲသွားပြန်လေသည်။

'တော်တော် လိုက်ချင်နေတယ်ပေါ့... ဒါဆိုလည်း မင်းကိုစိတ်ရှိသမျှ လိုက်ခွင့်ပေးလိုက်မယ်..'

မုန့်ချုံက ကျိန်ဆဲပြန်၏။

သူသည် နောက်ထပ် စိတ်ဝိဉာဉ်အမြစ် တစ်ခုကို စားလိုက်သည်။ ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ရန် ဝေးကွာခြင်း မရှိတော့ပါ။

မုန့်ရှူရှူက စိတ်သက်သာရာ ရသွား၏။ မုန့်ချုံ၏ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် အဆင့်အချိုးဖျက်မှု အပြီးတွင် စစ်ဘုရင်သည် အနီးသို့ ကပ်လာနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် တိုက်ခိုက်မှု၏ အားလှိုင်းတို့ကို ခုခံစရာ မလိုတော့ပါ။ သူ၏ ဒဏ်ရာများက တဖြည်းဖြည်းနှင့် ပြန်ကောင်းလာနေ၏။

သို့ပေမယ့် သူသည် စိုးရိမ်နေဆဲ ရှိသည်။ ဝတ်စုံနက်မှာ ဇွဲမလျှော့စွာဖြင့် သူတို့ကို ဆက်လက် လိုက်နေဆဲရှိ၏။

မုန့်ချုံ၏ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းအယောင်ဆောင်သည့် သတင်းဟာ ဒီအတောအတွင်းတွင် ပျံ့နှံ့ပြီးဖြစ်ပေလိမ့်မည်။ ကျန်းကျွင်းရာ၏ စွမ်းအားကြီး ပုဂ္ဂိုလ်များသာ ထိုအကြောင်းကို သိပါက ရှင်းပြချက်တစ်ခုကို လာတောင်းနိုင်လောက်၏။

ထိုအချိန်၌ သူတို့သာ နှစ်ဖက်၏ တိုက်ခိုက်ခြင်းကို ခံရပါက အကျိုးဆက်က အလွန်ဆိုးရွားလှမှာပါ။

"ဆွေမျိုးလေး... မင်းအတွက် ငါ.. အသက်ကို စွန့်စားခဲ့ရတယ်နော်။ မြေစိတ်ဝိဉာဉ်အမြစ် ၄ခုကိုတောင်မှ စားခဲ့ရတယ်။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ.."

မုန့်ချုံက ပြော၏။

သူသာ ဤသည်ကို ဂျူနီယာညီမလေးဆီသို့ ယူဆောင်သွားပြီး ဒန်ဆေးကို သန့်စင်ပါက အာနိသင်က များစွာကောင်းမွန်နေမှာ ဖြစ်သည်။

မုန့်ချုံမှာ ပိုမိုစဉ်းစားလေလေ ပိုမိုနာကျင်စွာ ခံစားရလေ ဖြစ်လာခဲ့၏။ စုစုပေါင်း မြေစိတ်ဝိဉာဉ်အမြစ် ၈ခုသာ ရှိပါသည်။ ယခုအချိန်၌ တစ်ဝက်ကို တစ်ခါတည်း စားသုံးခဲ့ရ၏။

တစ်ခုတည်းသော ကျေးဇူးတင်စရာမှာ သူသည် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်တော့မည် ဖြစ်သည်။

"ညီလေးမုန့်.. မင်းကိုငါ တကယ် ကျေးဇူးတင်တယ်.." မုန့်ရှူရှူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ သူသည် မုန့်ချုံဆီ၌ အသက်တစ်ခုကို အကြွေးတင်နေပြီးဖြစ်၏။ ထို့ကြောင့် နောက်ထပ် အနည်းငယ်လောက် အကြွေးပိုတင်လည်း ပြဿနာ မရှိပါ။

"ဆွေမျိုးလေး... နောင်မှာ မင်းပိုပြီးတော့ ကြိုးစားသင့်တယ်။ စိတ်ဝိဉာဉ်ဆေးပင်တွေကို ပိုပြီးတော့ ရှာဖွေ။ ရှားပါးတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ပိုပြီးတော့ စုဆောင်းထား။ ပြီးတော့ ငါ့အတွက် သိုလှောင်အိတ်တစ်ခုကို အမြန်ဆုံး ဝယ်ဖို့ကြိုးစား.."

"မင်းရဲ့ အသိနဲ့ သတိတရားကို ဘယ်တော့မှ ပျက်လို့မဖြစ်ဘူး။ မဟုတ်ရင် မင်းကို ကယ်တင်ဖို့အတွက် ငါ့ရဲ့အသဲအသန် ကြိုးစားမှုတွေနဲ့ မထိုက်တန်ဘဲ နေလိမ့်မယ်.."

မုန့်ချုံက တကျီကျီ ပြောပြန်၏။

မုန့်ရှူရှူမှာ ထုံထိုင်းနေပါပြီ။ ယခုကဲ့သို့ သန်မာထွားကြိုက်သည့် လူသည် အဘယ်ကြောင့် အလွန် နားပူနားဆာ နိုင်ရသနည်း။

သူ့ကို အလုပ်ကြိုးစားကာ ရှားပါးသည့် စိတ်ဝိဉာဥ်ဆေးပင်များအား ပိုမိုရှာဖွေပြီး သိုလှောင်အိတ်တစ်ခုအား ဝယ်ယူရန် အကြိမ်ကြိမ် ဆက်လက်ပြောနေပါသည်။

ဤသည်ကို နားထောင်ခြင်းက သူ၏ ခေါင်းထဲတွင်  အဆက်မပြတ် ကြိုးစားနေစေရန် အသံများ ပြည့်နက်လာစေ၏။

"ညီလေးမုန့် စိတ်ချပါ... ငါသိုလှောင်အိတ်တစ်ခုကို တတ်နိုင်ဖို့အတွက် အမြန်ဆုံး ကြိုးစားပါ့မယ်.."

မုန့်ရှူရှူက လေးနက်စွာ ပြောသည်။

"ကောင်းတယ်... ဒါက လိုအပ်နေတဲ့ ပန်းတိုင်ပဲ။ ငါမင်းကို ယုံတယ်.."

မုန့်ချုံက ဝမ်းသာစွာဖြင့် ပြောသည်။

"အုန်း.."

အခိုက်အတန့်တစ်ခုတွင် သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာက အဆင့်ချိုးဖျက်ခဲ့၏။

ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ပြီးနောက် မုန့်ချုံက ရုတ်တရက် ရပ်တန့်သွား၏။ နောက်သို့လှည့်ကာ စစ်ဘုရင်ကို ရင်ဆိုင်သည်။

သူ၏ခန္ဓာကိုယ်က ရွှေရောင်ဖြင့် လင်းလက်လာပြီး ပိုမိုကျယ်ပြန့်လာခဲ့၏။ ကြောက်စရာကောင်းသည့် အရှိန်အဝါက မုန့်ရှူရှူ၏  နှလုံးသားကို လှိုင်းထသွားစေသည်။

"ခုတ်စမ်း.."

မုန့်ချုံက အဆင့်ချိုးဖျက်သည်နှင့် ဆေဘာကို လွှဲရမ်းလိုက်၏။

"ဘုန်း.."

ကြီးစိုးလှသည့် ဆေဘာဓားချက်က ကောင်းကင်ကို ဖြတ်သန်းကာ ဝတ်စုံနက်နှင့်လူကို တည့်မတ်စွာ ဦးတည်သွားသည်။

"ငါမင်းကို အလွတ်မပေးဘူး။ သတ်ကို သတ်ပစ်မယ်.."

ဝတ်စုံနက်နှင့်လူက ဓားချက်ကို ကာလိုက်ပြီးနောက် နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ ခွန်အားက များစွာပိုမို သန်မာလာခဲ့၏။ သူ့ကို ခြိမ်းခြောက်နိုင်သည့် သက်ဆိုင်ရာ အန္တရာယ်တစ်ခု ရှိနေပါပြီ။ ဒီအတိုင်းသာ ဆက်လက် မြင့်တက်နေပါက သူ့ကို အန္တရာယ် ဖြစ်စေနိုင်၏။

'စစ်ဘုရင်တစ်ယောက်က ထင်ထားတဲ့အတိုင်းပဲ သတ်ဖြတ်ဖို့ တော်တော်ခက်ခဲတယ်..'

မုန့်ချုံက သက်ပြင်းချသည်။ သူ၏ အဆင့်ချိုးဖျက်မှုအပြီး၌ ခွန်အားအားလုံးကို အသုံးပြုကာ တိုက်ခိုက်ခဲ့လျှင်တောင် စစ်ဘုရင်ကို ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်ဘဲ ရှိနေ၏။

မုန့်ရှူရှူက မျက်စံလှည့်သည်။ စစ်ဘုရင်ကို ဓားတစ်ချက်နှင့် လှီးဖြတ်နိုင်သည့် ဂေါ်ဖီထုပ်များ ထင်နေသည်လား။

မုန့်ချုံက ဆက်လက် ထွက်ပြေး၏။

"ကြီးမြတ်သောနေ ရွှေခန္ဓာ အကြီးစား ကျွမ်းကျင်မှုအဆင့်ကို ရောက်မှပဲ ငါ့မှာသူ့ကို သတ်ဖြတ်ဖို့ ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ အဆင့်ချိုးဖျက်ဖို့က မဖြစ်နိုင်ဘူး"

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ သူ့အနေနှင့် စိတ်ဝိဉာဉ်ဆေးပင် အားလုံးတို့ကို စားသုံးလိုက်လျှင်တောင် ကြီးမြတ်သောနေ ရွှေခန္ဓာအား အဆင့်ထပ်မံ ချိုးဖျက်မှုပြုအောင် လုပ်နိုင်မည် မဟုတ်ပေ။

ဒီအတိုင်းပဲ ဆက်တိုက် ပြေးနေရမည်လား။ အနည်းငယ်မျှသော ကြန့်ကြာမှုက ပြောင်းလဲမှုများကို ဖြစ်ပွားစေမှာပါ။

'စီနီယာအစ်ကိုကြီးရော ဘယ်ရောက်နေလဲ မသိဘူး..'

မုန့်ချုံတစ်ယောက် အကူအညီမဲ့စွာ ခံစားလိုက်ရသည်။ သူ၏ စီနီယာအစ်ကိုကြီး ရွှီယန်ကို တွေးမိ၏။

သူသာ ရွှီယန်နှင့် ပူးပေါင်းနိုင်ပါက နောက်မှလိုက်လာသည့် စစ်ဘုရင်ကို ရင်ဆိုင်နိုင်လောက်ပါသည်။

'စီနီယာအစ်ကိုကြီးသာ မူလအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ချိုးဖျက်ပြီးရင် သူစစ်ဘုရင်တွေကို သတ်ဖြတ်နိုင်နေလောက်ပြီ..'

ယခုအချိန်၌ သူသည် အလွန်ခေါင်းခဲစွာ ခံစားနေရသည်။

'ငါရှဲ့လင်ဖုန်းကို သွားရှာသင့်လား..'

မုန့်ချုံသည် ရှဲ့လင်ဖုန်းကိုလည်း စဉ်းစားမိ၏။ သူသာ ဓားသခင်ချောက်ကမ်းပါးသို့ သွားရောက်ပြီး ရှဲ့လင်ဖုန်းကို ရှာဖွေပါက ဒီလိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည်လား။

'အခုတော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ ပြေးတာပေါ့။ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ကြည့်ရမယ်။ လုံးဝ ထွက်ပေါက် မရှိရင်တော့ ဓားသခင်ချောက်ကမ်းပါးဆီကိုပဲ ပြေးတာပေါ့ကွာ..'

'မဟုတ်ဘူး... ငါ.. ရှဲ့လင်ဖုန်းနဲ့ ဟူရှန်းရဲ့အမည်ကို သုံးပြီးနေပြီးပြီ။ ဓားသခင် ချောက်ကမ်းပါးက လူတွေ သိသွားကြရင် သူတို့ ငါ့ဆီကို လာလောက်မှာ။ ဒီအကြောင်းကို ရှဲ့လင်ဖုန်းသိရင် ငါဆိုတာကို ခန့်မှန်းနိုင်လောက်မှာပဲ..'

ထိုအတွေးများကို စဉ်းစားပြီးနောက် မုန့်ချုံက  ဆက်လက် ထွက်ပြေး၏။ မည်သူက ပိုမိုကြာရှည်စွာ ပြေးနိုင်မည်နည်း။

'ဂျူနီယာညီမလေးရဲ့ ရန်သူက ဘယ်သူပါလိမ့်။ စစ်ဘုရင်တွေ တစ်ယောက် မကဘူး။ အရမ်းစွမ်းအားကြီးတဲ့ လူတွေတောင်မှ ရှိနေလောက်တယ်..'

မုန့်ချုံက တိတ်တဆိတ် အံ့သြသွားသည်။ ဂျူနီယာညီမလေးသည် စွန့်ပစ်ဒေသ၌ သွားရောက်ရှောင်တိမ်းခဲ့ရတာ အံ့သြစရာ မဟုတ်ပေ။ ရန်သူ၏ စွမ်းအားက အလွန်ကြီးမားလှ၏။

"ညီလေးမုန့်... နောက်ထပ် စစ်ဘုရင်တစ်ယောက် ငါတို့ဆီကို လာရင်ရော.."

မုန့်ရှူရှူက စိုးရိမ်စွာ မေးသည်။ ဝတ်စုံနက်နှင့်လူသည် အလွန် ဇွဲကြီးလှ၏။ သူတို့ကို သေသည်အထိ လိုက်ရန် ကျိန်ဆိုထားဟန် ရှိသည်။

ထို့အပြင် တစ်ဖက်လူ၏ ဘက်တွင် တစ်ယောက်ထက်ပိုသည့် စစ်ဘုရင်များ ရှိနေလောက်မှာပါ။ မုန့်ချုံက စွမ်းအားကြီးပါသည်။ သူနှင့် ထိုအင်အားစုက ရန်သူဖြစ်လာခဲ့ရာ ဝတ်စုံနက်များက နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို သေချာပေါက် ချန်ထားမည် မဟုတ်ဘဲ နည်းမျိုးစုံကို အသုံးပြုပြီး ရှင်းလင်းမည် ဖြစ်သည်။

ထို့ကြောင့် နောက်ထပ် စစ်ဘုရင်တစ်ယောက် ထပ်မံရောက်လာနိုင်၏။

"အဲ့လိုသာ အမှန်တကယ်ဖြစ်ရင် ငါဓားသခင်ချောက်ကမ်းပါးကို တစ်ခါတည်းပြေးမယ်.."

မုန့်ချုံက အံကိုကြိတ်ကာ ပြော၏။

"ဒါပေမယ့် ဓားသခင်ချောက်ကမ်းပါးက ဒီနေရာကနေ အရမ်းဝေးတယ်လေ.."

မုန့်ရှူရှူက အကူအညီမဲ့စွာ ဆို၏။

"အဲ့ဒါဆိုလည်း ယွဲ့နိုင်ငံကို ပြန်တာပေါ့.."

မုန့်ချုံက လေးနက်စွာ ပြောသည်။

သူအနေနှင့် နောက်မှ လိုက်လံသူများကို ချန်ထားရစ်နိုင်ခြင်း မရှိခြင်း သို့မဟုတ် နောက်ထပ် စစ်ဘုရင်အဆင့် နှစ်ယောက်သုံးယောက်လောက် ထပ်မံ ရောက်ရှိလာပါက ရွေးချယ်စရာမရှိဘဲ ယွင်ရှန်းမြို့ငယ်ဆီသို့သာ ပြန်ပြေးရမှာ ဖြစ်သည်။

သူတို့ဆရာ၏ ခွန်အားမှာ အနှိုင်းမဲ့လှ၏။ စစ်ဘုရင်ဘယ်လောက်များများ ရိုက်သတ်ခံရလောက်မှာ ဖြစ်သည်။

ထိုလူများကိုသာ သတ်ဖြတ်နိုင်ပါက စွန့်ပစ်ဒေသသို့ သူထွက်ပြေးခဲ့သည့် အကြောင်းကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ဤသည်မှာ မုန့်ချုံ၏ အတွေးများဖြစ်၏။

မုန့်ချုံအား စစ်ဘုရင်က လိုက်လံသတ်ဖြတ်နေကြောင်းကို သိရပြီးနောက် ရွှီယန်သည် ဒေါသတို့ဖြင့် ပြည့်နက်သွား၏။ မည်သည့် နှောင့်နှေးမှုမှမရှိဘဲ ယန်နိုင်ငံ၏ နယ်စပ်ဆီသို့ တစ်ခါတည်း ဦးတည်လာခဲ့သည်။ ကြီးမားသော အရှိန်အဝါနှင့် မြို့ကြီးများအပေါ်သို့  ဖြတ်သန်းခဲ့၏။

သို့ပေမယ့် မြို့အတွင်းရှိ မည်သည့် စစ်ဘုရင်မှ လာရောက်ပြဿနာရှာခြင်း မရှိပါ။ သူတို့အားလုံးသည် မမြင်ချင်ယောင် ဆောင်နေကြ၏။ ကြောက်စရာကောင်းသည့် စွမ်းအားတို့ လှိုင်းထနေသည့် လူငယ်ကို ချဉ်းကပ်ရဲခြင်း မရှိပေ။

ရွှီယန်က ဝတ်စုံပြောင်နှင့် မိန်းကလေးက ပေးထားခဲ့သည့် ကျောက်စိမ်း တံဆိပ်ပြားကို ယူဆောင်ပြီး ထန်းပေါင်စံအိမ်သို့ သွားရောက်ကာ နောက်ဆုံးသတင်းအချက်အလက်များကို ဝယ်ယူသည်။

သတင်းကို ရရှိပြီးနောက် ကောင်းကင်သို့ ပျံသန်းကာ မုန့်ချုံထွက်ပြေးသွားသည့် လားရာဆီသို့  ဆက်လက်လိုက်၏။

လမ်းတလျှောက်တွင် မုန့်ချုံ၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရပါ။ သူသည် စိုးရိမ်စွာ  ခံစားလာရ၏။

မြို့ငယ်တစ်ခုသို့ ထပ်မံရောက်ပြီးနောက် ထန်းပေါင်စံအိမ်သို့ ဝင်ရောက်ပြီး ကျောက်စိမ်းတံဆိပ်ပြားနှင့် သတင်းအသစ်တို့ကို ထပ်မံရရှိခဲ့၏။

အသစ်ရရှိသည့် သတင်းမှာ မုန့်ချုံသည် သက်ဆိုင်ရာ မြို့ကြီးတစ်ခုမှ ထွက်ခွာပြီး ယွဲ့နိုင်ငံဆီသို့ ဦးတည်နေသည်ဟု ယူဆရခြင်း ဖြစ်သည်။

'ဂျူနီယာညီလေးရဲ့ သွားမဲ့လမ်းကြောင်းကို ငါအကြမ်းဖျင်း သိသွားပြီးပြီဆိုတော့ ရန်သူလည်း သိမှာပဲ..'

ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ပိုမိုစိုးရိမ်လာခဲ့၏။ မြို့ငယ်မှ ထွက်ခွာသွားတော့မည့် အချိန်၌  လင်းယုန်တစ်ကောင် သက်ဆင်းလာခဲ့သည်။

ဤသည်မှာ ဓားသခင်ချောက်ကမ်းပါးမှ လင်းယုန်ဖြစ်၏။ ရွှီယန်က ပါလာသည့် စာကို ဖြုတ်ကာ လျှင်မြန်စွာ ဖတ်ကြည့်လိုက်သည်။ ပြီးနောက် လားရာတစ်ခုသို့ ကြည့်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

'ဂျူနီယာညီလေးက ဒီလမ်းကို ဦးတည်လာတာပဲ။ အကွာအဝေးက အရမ်းကြီး မဝေးလောက်ဘူး။ စစ်ဘုရင်တစ်ယောက်ရဲ့ အရှိန်အဝါက အရမ်းကို  ပြင်းထန်တယ်။ ငါအာရုံခံဖို့ အလွယ်ကူမှာပါ..'

ရွှီယန်က မြင့်မားသည့် တောင်ကုန်းထိပ်တစ်ခုပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်သည်။ ရုတ်တရက် အဝေးမှ ရွှေရောင်အလင်းတစ်ခု  ကောင်းကင်မှ ဖြတ်သန်းပျံသန်နေခြင်းကို တွေ့လိုက်ရ၏။

"ဂျူနီယာညီလေး.."

သူက ဝမ်းသာသွားသည်။ ခြေလှမ်းတစ်ချက်နှင့်အတူ နေရာမှ ပျောက်ကွယ်သွားပြီး မုန့်ချုံဆီသို့ တည့်မတ်စွာ သွားရောက်၏။

All Chapters