← Chapters

တောင်နှင့်မြစ် လောကနိယာမ- အဆုံးမဲ့ပုံရိပ်များ ဓားချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း

Vol. 16 Ch. 233

တောင်နှင့်မြစ် လောကနိယာမ- အဆုံးမဲ့ပုံရိပ်များ ဓားချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း

Vol. 16 Ch. 233

မုန့်ချုံသည် မုန့်ရှူရှူကို ကျောပေါ်တွင်တင်ကာ အသဲအသန် ထွက်ပြေးနေ၏။

"ဆွေမျိုးလေး... မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုရှိလဲ.."

မုန့်ရှူရှူ၏ မျက်နှာက ဖြူရော်နေပြီး လေးလံစွာ အသက်ရှူနေရသည်။

"ငါတောင့်ခံနိုင်သေးတယ်.."

သူက မျက်ရည်ကျလုမတတ် ဖြစ်နေပါသည်။

ရန်သူ၏ အခြားစစ်ကူများ ရောက်ရှိလာမည်ကို ကြောက်ရွံ့နေခဲ့၏။ သို့ပေမယ့် စစ်ကူများက အမှန်တကယ် ရောက်ရှိလာပြီး သူတို့၏ လမ်းကို ပိတ်လာခဲ့၏။

ကံကောင်းစွာပင် မုန့်ချုံက လျှင်လျှင်မြန်မြန်ဖြင့် တုံ့ပြန်နိုင်ခဲ့လေသည်။ ရုတ်တရက် လားရာကို ပြောင်းကာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး စစ်ဘုရင်ကို လိုက်မီနိုင်ခြင်း မရှိစေခဲ့ပေ။

သို့ရာတွင် ရန်သူက ဤသည်ကို အခွင့်ကောင်းယူကာ အားပြင်းသည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ ၎င်းက မိုးကြိုးပစ်သကဲ့သို့ ရောက်ရှိလာခဲ့၏။

ယခုအချိန်၌ အကွာအဝေးအချို့ ကွာခြားနေသေးပေမယ့် မုန့်ရှူရှူအနေနှင့် ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပါ။ သူ့ကိုယ်သူ သေတော့မည်ဟု ခံစားရ၏။

ကံကောင်းသည်မှာ မုန့်ချုံက ဆေဘာကို လွှဲရမ်းကာ တိုက်ခိုက်မှုစွမ်းအား အချို့အား ကာကွယ်ခဲ့သည်။

ပြီးနောက် ရန်သူတိုက်ခိုက်မှု၏ လက်ကျန်စွမ်းအားကို အသုံးပြုပြီး ထွက်ပြေးမှုကို အရှိန်မြှင့်တင်လိုက်၏။

အကွာအဝေးတစ်ခုအား ခြားနားသွားစေသည်။

စစ်ဘုရင်ကို နောက်တွင် ချန်ထားရစ်ခဲ့၏။

သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် မုန့်ရှူရှူမှာ ဒဏ်ရာအပြင်းအထန် ရရှိနေပါပြီ။ မုန့်ရှူရှူသာ သေဆုံးပါက ဆုံးရှုံးမှုတို့ ကြီးမားမည်ဖြစ်ရာ မုန့်ချုံမှာ ရွေးချယ်စရာမရှိဘဲ ဆေးလုံးတစ်လုံးကိုသာ တစ်ဖက်လူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရသည်။

"ညီလေးမုန့်...ထွက်ပြေးလွတ်မြောက်ဖို့ အခြေအနေမပေးတော့ဘူးဆိုရင် ငါ့ကိုသာ ထားခဲ့လိုက်။ သူတို့တွေ ငါ့ကို တကယ် မသတ်ပစ်လောက်ဘူး။ အခုလိုပဲ သယ်ပြီးတော့ ထွက်ပြေးနေမယ်ဆိုရင် မင်းကိုလည်း နှောင့်နှေးစေလိမ့်မယ်.."

မုန့်ရှူရှူက အံကိုကြိတ်ကာ ပြောသည်။

"မဟုတ်တာ မပြောနဲ့... စောက်ချီး.. မင်းသေဆုံးသွားရင် ငါ့ရဲ့ဆုံးရှုံးမှုတွေက အရမ်းကိုကြီးမှာ။ နောင်မှာ သိုလှောင်အိတ်ကို ဘယ်သူက အကြွေးပြန်ဆပ်ပေးမှာလဲ.."

မုန့်ချုံက ကျိန်ဆဲရင်းက ပြော၏။

မုန့်ရှူရှူ၏ မျက်နှာက မဲမှောင်သွားသည်။ ထိုသို့ဆိုပါက မုန့်ချုံသည် သိုလှောင်အိတ်ကိုသာ ဂရုစိုက်နေသည်လား။

ဒီတစ်ကြိမ်တွင် အသက်ရှင်နိုင်ခဲ့လျှင်တောင် သူ့အနေနှင့် နောင်တွင် မုန့်ချုံ၏ အလုပ်ကိုသာ လုပ်ကာ သိုလှောင်အိတ်အား ဝယ်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဟု ခံစားရနေသည်။

နေ့စဉ်နေ့တိုင်း တောတောင်များ အတွင်းတွင်သာ လှည့်လည်ကာ ရှားပါးသည့် အဖိုးတန်စိတ်ဝိဉာဉ်ဆေးပင်များကို ရှာဖွေနေရလောက်၏။ ဤသည်မှာ သူနေထိုင်လိုသည့် ဘဝ မဟုတ်ပေ။

စစ်ဘုရင်တစ်ယောက်က အသဲအသန် လိုက်နေကာ  အခြားစစ်ဘုရင် တစ်ယောက်ကလည်း အကွာအဝေးတစ်ခုမှ လိုက်ပါလာ နေသေး၏။ ဤသည်မှာ သူတို့ကို စတင် လိုက်လံဖမ်းဆီးခဲ့သည့် ပထမဆုံး စစ်ဘုရင်ဖြစ်သည်။

သူတို့သည် ထိုစစ်ဘုရင်နှင့် အကွာအဝေး တော်တော်ဝေးဝေးသို့ ပြေးလာနိုင်ခဲ့ပြီးဖြစ်ရာ ပုံရိပ်များကိုပင် တွေ့မြင်နိုင်ခြင်း မရှိတော့ပေမယ့် လွဲချော်ခြင်းမရှိဘဲ ဆက်လက်လိုက်နေဆဲ ရှိပါသေးသည်။

"ညီလေးမုန့်... တတိယမြောက် စစ်ဘုရင် ရောက်လာရင်ရော ဘယ်လိုလုပ်မလဲ.."

မုန့်ရှူရှူ၏ အသံက စိုးရိမ်စွာ ထွက်ပေါ်လာခဲ့သည်။

"စစ်ဘုရင်တွေက ဂေါ်ဖီထုပ်တွေလို့ပဲ ပေါများတာလား။ တစ်ယောက်ပြီးတစ်ယောက် လာနေမှာလား.."

မုန့်ချုံက ညှို့မှိုင်းစွာဖြင့် ပြော၏။ သူသည် နှလုံးသားထဲတွင် တိတ်တဆိတ် အံ့သြသွားသည်။ ဂျူနီယာညီမလေး၏ ရန်သူများကား အလွန် အင်အားတောင့်လှ၏။

စစ်ဘုရင်၃ယောက်တို့ ပေါ်လာခဲ့ပြီး ဖြစ်၏။ တစ်ယောက်မှာ စွန့်ပစ်ဒေသ၌ အသတ်ခံခဲ့ရသည်။ ယခုအချိန်၌ နှစ်ယောက်က သူ့ကိုလိုက်နေ၏။ ရှင်းလင်းစွာပင် ဤသည်မှာ ရန်သူအင်အားစု၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိပါသည်။

"ဆွေမျိုးလေး... သူတို့တွေ ဘယ်အဖွဲ့ကလဲ ဆိုတာကို  မင်းမမှတ်မိဘူးလား.."

မုန့်ချုံက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

သူ့ကိုလိုက်လံသတ်ဖြတ်ရဲရာ နောင်တွင် အဆင့်သာ မြင့်တက်လာပါက သေချာပေါက် လက်စားချေရပေမည်။

"ငါလည်း မသေချာဘူး... မြေအောက် အဖွဲ့အစည်းတွေက အရမ်းနှိပ့်ချကြတယ်။ ဒီလူတွေဆိုရင် စစ်ဘုရင်တွေ အများကြီးကို ပိုင်ဆိုင်ထားတာတောင် အရမ်းကို လျှို့ဝှက်လွန်းတယ်။ သူတို့က  တော်တော်လေး လူသိနည်းကြတယ်.."

"အဲ့ဒီအပြင် သူတို့ အဖွဲ့အစည်းအကြောင်းကိုလည်း ဘယ်တော့မှ ထုတ်မပြောကြဘူး.."

မုန့်ရှူရှူက ခေါင်းကိုရမ်း၏။

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ တစ်ကြိမ်မကတော့ပေ။ သူလည်းပဲ တစ်ဖက်လူ၏ အဖွဲ့အမည်ကို မေးမြန်းခဲ့၏။ သို့ပေမယ့် ဘယ်တုန်းကမှ ဖော်ထုတ်ပြောကြားခြင်း မရှိပေ။ အဖွဲ့အစည်းအမည်ကို ပြောဆိုရန်ပင် လုံးဝနှုတ်ပိတ်နေကြ၏။

"ဒီလောက် အရှက်မဲ့တဲ့ ကောင်တွေ။ ဂုဏ်သိက္ခာကြီးမားတဲ့ စစ်ဘုရင်တစ်ယောက် ဖြစ်ရင်တောင် မျက်နှာဖုံးကို အုပ်ထားပြီး မျက်လုံးတွေပဲ ပြတယ်။ တကယ့်ကို လူကောင်းတွေမဟုတ်တာ သိသာတယ်.."

မုန့်ချုံက ကျိန်ဆဲပြီးနောက် အရူးအမူး ဆက်လက်ပြေးသည်။ သူလည်းပဲ နောက်ထပ်စစ်ဘုရင်တို့ ပေါ်လာမည်ကို ကြောက်ရွံ့နေပါသည်။ အဝိုင်းသာ ခံရပါက အမှန်တကယ် အန္တရာယ်များလာမှာ ဖြစ်၏။

'ငါသူတို့ကို ချန်ရစ်ခဲ့ဖို့အတွက် နည်းလမ်းတစ်ခုကို ရှာရမယ်..'

မုန့်ချုံက မျက်မှောင်ကျုံ့ကာ တွေးသည်။ ရုတ်တရက် မယုံကြည်နိုင်စရာ ကောင်းလှသည့် အမြန်နှုန်းနှင့် ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့၏။

မုန့်ချုံဟာ ထိတ်လန့်သွားသည်။ သူက လားရာကို ပြောင်းကာ ထွက်ပြေးတော့မှာပါ။ သို့ပေမယ့် အံ့သြစရာကောင်းလောက်အောင် ဤသည်မှာ စီနီယာအကို ရွှီယန်ဖြစ်ကြောင်းအား တွေ့လိုက်ရ၏။

"စီနီယာအကို.."

မုန့်ချုံက ဝမ်းသာသွားသည်။ ရွှီယန်က ရှေ့သို့တက်လာခဲ့၏။ မုန့်ချုံ၏ အနည်းငယ် ပျက်စီးနေသည့်  အဝတ်အစားများကို တွေ့လိုက်ရသည်။

သို့ပေမယ့် ဒဏ်ရာကြီးကြီးမားမား မရှိပေ။ သူ၏ နောက်ကျောရှိ လူသာလျှင် ကံမကောင်းစွာ ရှိနေ၏။

ဒဏ်ရာအပြင်းအထန် ရနေပြီး အလွန်ဖြူရော်နေပါသည်။

"ဂျူနီယာညီလေး... မင်းဒဏ်ရာ ရသေးလား.."

"မရဘူး.."

မုန့်ချုံက ရပ်တန့်သွားပြီးနောက်သို့ ခေါင်းလှည့်ကြည့်သည်။

"စီနီယာအကို... နောက်မှာ စစ်ဘုရင်ပါတယ်။ ပြီးတော့ သူ့ရဲ့ဝတ်စုံကိုလည်း ကြည့်လိုက်ဦး.."

ရွှီယန်က ခေါင်းမော့ကြည့်၏။ ဝတ်စုံနက်မှာ အလွန်ရင်းနှီးလှပါသည်။ သူက ပိုမိုကာပင် ဒေါသထွက်နေခဲ့၏။

"ဂျူနီယာညီလေး ခဏစောင့်... ငါသွားပြီးတော့ သူ့ကိုသတ်လိုက်မယ်.."

"မျက်နှာကိုအုပ်ပြီး အမြှီးပဲပြရဲတဲ့ ကောင်တွေကမြန်း ငါ့ရဲ့ဂျူနီယာညီလေးကို လိုက်သတ်ရဲတယ်။ ကြည့်ရတာ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်.."

ရွှီယန်က မျက်နှာချင်းဆိုင်ကာ တစ်ခါတည်းသွားသတ်၏။ မုန့်ရှူရှူက အံ့သြသွားသည်။ ဒီလူငယ်သည် မုန့်ချုံ၏ စီနီယာအကို လေလား။  ထို့အပြင် အလွန်ကြမ်းကြုတ်လှပါသည်။ စစ်ဘုရင်တစ်ယောက်ကို တစ်ခါတည်း သွားရောက်သတ်ဖြတ်၏။ ဤသည်မှာ စစ်ဘုရင်ဖြစ်သည်။

"စီနီယာအကို... သတိထား... သူ့နောက်မှာ နောက်ထပ် စစ်ဘုရင်တစ်ယောက် ရှိသေးတယ်.."

မုန့်ချုံက သတိပေးသည်။

"အဲ့ဒါဆိုကောင်းတယ်။ နှစ်ယောက်စလုံးကို တစ်ခါတည်းသတ်တာပေါ့.."

ရွှီယန်၏ပုံက ဂရုစိုက်ခြင်းမရှိပါ။

ဝတ်စုံနက်နှင့်လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီးအော်၏။

"မင်းကဘယ်သူလဲ... ဒီကိစ္စမှာ ဘာကိစ္စဝင်ရှုပ်တာလဲ.."

"မျက်နှာအုပ်ပြီး အမြှီးပဲပြရဲတဲ့ကောင်တွေ ငါ့ရဲ့ဂျူနီယာညီကိုများ လိုက်သတ်ရဲတယ်။ ဒီနေ့မှာ မင်းတို့တွေ အကုန်သေရမယ်.."

ရွှီယန်က သူ၏ဓားဖြင့် ခုတ်ပိုင်း၏။

"နဂါးဟိန်းခြင်းတောင်နှင့်မြစ်..."

"ဝေါင်း.."

တောင်နှင့်မြစ်တို့ ပေါ်လာကြပြီး နဂါးကြီး၏ ဟိန်းသံက ပဲ့တင်ထက်လာခဲ့သည်။

ဝတ်စုံနက်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဒေါသတကြီး အော်လိုက်ပြီးနောက် လက်ထဲရှိ ဓားကောက်ဖြင့် ခုတ်ပိုင်းလိုက်သည်။

ကြောက်စရာကောင်းသည့် ဓားအလင်းက လှိုင်းတစ်ခုသဖွယ် ပြေးဝင်လာခဲ့၏။ ဒီလူငယ်သည် သူ့ကိုအန္တရာယ်များသည့် ခံစားချက်တစ်ခုအား ပေးစွမ်းနေပါသည်။

"ဘုန်း.."

တောင်နှင့်မြစ်တို့ ပြိုလဲပြီး နဂါးဟိန်းသံက ရိုက်ခတ်လာကာ သက်ရှိအားလုံးတို့ကို မြေမြှုပ်ပစ်တော့မည့်ပုံ ရှိသည်။

ဒီစစ်ဘုရင်မှာ အဆင့်ချိုးဖျက်ခါစသာ ရှိသေးသည့်  ယင်ဟုန်ထက် သိသာစွာ ပိုမိုသန်မာပါသည်။ တစ်ချက်တည်းနှင့် အနိုင်ယူလို့ မရပေ။

သို့ပေမယ့် ရွှီယန်အတွက် ရန်သူကို သတ်ဖြတ်ရန်မှာ ခက်ခဲနေသည် မဟုတ်ပါ။

နောက်တွင် နောက်ထပ် စစ်ဘုရင်တစ်ယောက် ပါလာရာ သူ့အနေနှင့် ထွက်ပြေးလွတ်မြောက်မှုတို့ မဖြစ်စေရန်အတွက် ဒီလူကို လျှင်လျှင်မြန်မြန်  သတ်ဖြတ်ရပေမည်။

သူ၏ ဓားချက်တိုင်းက နဂါးဟိန်းခြင်း တောင်နှင့်မြစ်ကို သယ်ဆောင်ထားသည်။

"ဝေါင်း.."

ဘာပဲဖြစ်ဖြစ် စစ်ဘုရင်မှာ စစ်ဘုရင်ဖြစ်ပါသည်။

နဂါးဟိန်းခြင်းတောင်နှင့်မြစ် ပေါ်လာခြင်းက တစ်ဖက်လူ၏ စိတ်ကို ခဏတာသာ လှုပ်ခါသွားစေ၏။ နစ်မျောသွားမှုတို့ မဖြစ်စေခဲ့ပေ။

ကြောက်စရာကောင်းသည့် ဓားကောက်အလင်းကို ဆက်တိုက် ထုတ်လွှတ်နေပြီး တောင်နှင့်မြစ်တို့ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လို၏။

All Chapters