← Chapters

တောင်နှင့်မြစ် လောကနိယာမဓါးချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၃)

Vol. 16 Ch. 235

တောင်နှင့်မြစ် လောကနိယာမဓါးချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၃)

Vol. 16 Ch. 235

ရွှီယန်က ခေါင်းညှိတ်ကာ နွေးထွေးစွာ ပြုံးသည်။

“ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်မှတော့ ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ငါ့မှာ သိုလှောင်အိတ်တစ်ခု လိုအပ်နေတယ်။ မင်းဘယ်လိုထင်လဲ”

မုန့်ရှူရှူ “..”

စစ်မှန်သည့် ညီအစ်ကိုများပင်။ အမြဲတမ်း သိုလှောင်အိတ်အကြောင်းကို မေးနေ၏။ မုန့်ရှူရှူမှာ ထုံထိုင်းနေပါပြီ။

ဒီအချိန်၌ သူ့အနေနှင့် အံကိုကြိတ်ကာသာ ပြောနိုင်၏။

“စီနီယာအစ်ကိုရွှီ.. ကျွန်တော် အကောင်းဆုံး ကြိုးစား ပိုက်ဆံရှာပြီး သိုလှောင်အိတ်တစ်အိတ်ကို ဝယ်နိုင်အောင် လုပ်ပါမယ်”

သူသည် မျက်ရည်ကျလုမတတ် ဖြစ်နေ၏။ ယနေ့မှ စတင်ပြီး နေရာစုံသို့ လှည့်လည်ကာ စိတ်ဝိညာဉ်ဆေးပင် ပေါင်းစုံတို့ကို ရှာဖွေရပေတော့မည်။ သိုလှောင်အိတ်နှစ်ခုတို့ကို ဝယ်ယူရန်အတွက် ဖြစ်၏။

“ကောင်းတယ်။ ဒီလိုပဲ ဖြစ်ရမယ်.. မင်းမှာ ဒီလို ရည်ရွယ်ချက်မျိုးရှိတာ ငါ့ကို တကယ်ပဲ ဝမ်းသာစေတယ်။ နောင်မှာ သေချာပေါက် သိုလှောင်အိတ်တစ်ခုကို တတ်နိုင်လာမှာလို့ ငါယုံကြည်တယ်”

ရွှီယန်က ပျော်ရွှင်စွာဖြင့် သူ၏ပုခုံးကို ပုတ်သည်။

“အချိန်ဆွဲမနေကြရအောင်.. အခုပဲ စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေကို သွားပြီး စိတ်ဝိညာဉ်ဆေးပင်တွေကို သွားယူရမယ်။ မဟုတ်ရင် ညအိပ်မက်တွေ ရှည်နေလိမ့်မယ်”

ရွှီယန်က လေးနက်စွာ ပြောသည်။

“စီနီယာအစ်ကိုကြီးပြောတာ မှန်တယ်။ သူတို့သာ စစ်ဘုရင်အဆင့်တွေ အသတ်ခံရတာကို သိပြီး အထဲကို အတင်းချိုးဖျက် ဝင်ရောက်ကြရင် ဆေးပင်တွေကို ပျက်စီးသွားစေနိုင်တယ်။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေမှာ”

မုန့်ချုံက ခေါင်းညှိတ်သည်။

“အခုလောက်ဆို ဂူဝမှာလည်း စစ်ဘုရင်တစ်ယောက် ရောက်နေလောက်ပြီထင်တယ်”

မုန့်ရှူရှူက ညို့မှိုင်းစွာ ပြော၏။

ရွှီယန်၏ မျက်လုံးများက လင်းလက်သွားသည်။

“အဲ့ဒါဆို အကောင်းဆုံးပဲ။ စစ်ဘုရင်တွေက အရမ်းချမ်းသာတယ်။ တစ်ယောက်သတ်တာနဲ့ စိတ်ဝိညာဉ်ပုံဆောင်ခဲတွေ မနည်းမနော ရလာမှာ”

မုန့်ရှူရှူ “…”

ထိုသို့ဆိုပါက စစ်ဘုရင်အဆင့် သိုင်းသမားများသည် ပိုက်ဆံများ ဖြစ်လာကြသည်လား။ တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ကံကောင်းမှုတစ်ခု ရနိုင်လေသည်။

ဤသည်မှာ လုံးဝကို လွန်ကျူးလွန်းလှ၏။

မြင့်မားထည်ဝါကာ အံ့ဖွယ်ကောင်းအောင် စွမ်းအားကြီးမားကြသည့် စစ်ဘုရင်များသည် ဒီအချိန်၌ မုန့်ရှူရှူ၏ စိတ်ထဲတွင် အထင်ကြီးခဲ့သမျှ ပြိုလဲကုန်ကြ၏။

သူ့အတွက် စစ်ဘုရင်များသည် လက်လှမ်းမမှီနိုင်သည့် အထွတ်အထိပ်ရှိ သိုင်းသမားများ ဖြစ်ကြ၏။ မရေမတွက်နိုင်သည့် သိုင်းသမားတို့၏ လေးစားကိုးကွယ်ရသူများ ဖြစ်ကြသည်။

သို့ပေမယ့် အချို့လူများ အတွက်မူ သူတို့သည် လမ်းလျှောက်နေသည့် ပိုက်ဆံထုပ်များ ဖြစ်လာခဲ့၏။

…

သုံးယောက်သားသည် ဆက်လက်အချိန်ဆွဲမနေကြတော့ပဲ ယန်နိုင်ငံရှိ ကောင်းကင်တူတောင်ဆီသို့ တည်မတ်စွာ ပြန်ကြသည်။ ထိုနေရာသို့ ရောက်ရှိရန် အချိန်တစ်ခု ကြာမှာဖစ်၏။

မုန့်ရှူရှူမှာ ဒဏ်ရာများ ရရှိထားပြီး ခရီးရှည်ကို သွားလာနိုင်စွမ်း မရှိပေ။ ထို့ကြောင့် မုန့်ချုံက သူ့ကို တစ်ခါတည်း ထမ်းပြီးသာ လမ်းတစ်လျှောက် သယ်ဆောင်ခဲ့သည်။

မုန့်ရှူရှူမှာ လုံးဝ မသက်မသာ ခံစားနေရသည်။ သူ့ကိုယ်သူ ကြက်တစ်ကောင်အား သယ်ဆောင်ခံနေရသကဲ့သို့ ခံစားရ၏။

“စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေထဲမှာ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်တွေ ရှိနေဖို့ ဖြစ်နိုင်မလားပဲ”

လမ်းတွင် မုန့်ချုံက စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေ၏ အကြောင်းကို အသေးစိတ် ရှင်းပြသည်။

အတွင်းထဲတွင် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် ရှိနေနိုင်ကြောင်းကို သိရပြီးနောက် ရွှီယန်က မနေနိုင်ပဲ အံ့ဩသွား၏။ ဤသည်မှာ စစ်မှန်စွာ ရှားပါးသည့် ရတနာဖြစ်သည်။

အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် တစ်ခုသာ လောကကြီးတွင် ပေါ်လာပါက စစ်ဘုရင်များကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ တိုက်ပွဲကိုပင် ဖြစ်ပွားစေနိုင်သည်။ အဖွဲ့ငယ်များဆိုလျှင် ပျောက်ပင် ပျောက်ကွယ်သွားနိုင်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အတွင်းဘက်နယ်မြေတွင် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် တစ်ပင်၏ မည်မျှ အဖိုးတန်မှုကို ပြသနေပါသည်။

ထို့ကြောင့်သာ အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင်များကို အတွင်းဘက်နယ်မြေ၏ အဆင့်အမြင့်ဆုံး ဆေးပင်ဖြစ်သည်ဟု တစ်ညီတစ်ညွှတ်တည်း လက်ခံထားတာ ဖြစ်ပေလိမ့်မည်။

“အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် ရှိနေဖို့က အခွင့်အရေး အနည်းငယ်ပဲ ရှိတာ။ ပြောရရင် အဲ့ဒါက အတွင်းဘက်နယ်မြေမှာ ပေါ်ပေါက်မလာနိုင်ဘူး။ ဘိုးဘေးတွေရဲ့ သင်ကြားမှုတွေအရ အတွင်းဘက်နယ်မြေရဲ့ စိတ်ဝိညာဉ်စွမ်အင်က စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို အဆင့်ငါးအထိ ကြီးထွားစေဖို့ ထောက်ပံ့မပေးနိုင်ဘူးတဲ့”

မုန့်ရှူရှူက ရှင်းပြသည်။

“အဲ့မှာ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် ရှိနေနိုင်တယ်လို့ ကျွန်တော် ခန့်မှန်းချက် ထုတ်ခဲ့တာက ရတနာနယ်မြေကို စိတ်ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးတဲ့ ဂိုဏ်းကြီးတစ်ခုခု ချန်ရစ်ခဲ့တယ်လို့ ထင်မိလို့ပဲ။

သူတို့၏ အထူးစီမံမှုတွေနဲ့ ရှည်လျားကြာညောင်းခဲ့တဲ့ အချိန်ကာလကြောင့် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် ဖြစ်လာစေနိုင်တယ်”

ခဏတာ စဉ်းစားပြီးနောက် သူက ထပ်ပေါင်း

ပြောသည်။

“ဒါပေမယ့် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် ရှိနေမလားလို့ မသေချာရင်တောင် အဆင့်ခြောက်နဲ့ အဆင့်ငါးအကြားရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်တော့ သေချာပေါက် ရှိလိမ့်မယ်”

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် အသံပြုသည်။

“ဒါဆို.. တစ်ဝက်တစ်ပြတ် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်ပေါ့။ ဒါလည်း မဆိုးဘူး”

ရှည်လျားသည့် ခရီးအပြီးတွင် နောက်ဆုံးတွင် သုံးယောက်သားသည် ယန်နိုင်ငံသို့ ရောက်ရှိလာခဲ့၏။ အဝေးမှ ကြည့်ပါက တူကဲ့သို့ တောင်ထွတ်တစ်ခုကို တွေ့မြင်နိုင်၏။

李 玄:

All Chapters