← Chapters

အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင် - ကောင်းကင်ဝတ်ရည်နှင်းစက်

Vol. 16 Ch. 238

အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင် - ကောင်းကင်ဝတ်ရည်နှင်းစက်

Vol. 16 Ch. 238

မုန့်ရှူရှူက တူးဆွရင်းမှ ရှင်းပြသည်။

"စိတ်ဝိဉာဉ်ဆေးပင်တွေကို တူးတဲ့အခါကျရင် သတိထား။ ထိခိုက်မှုတွေ ရှိမယ်ဆိုရင် ဆေးအာနိသင်တွေ ပျောက်ကွယ်သွားလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ဘာအာနိသင်မှတောင် သိပ့်ကျန်တော့မှာ မဟုတ်ဘူး.."

စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက် အနေနှင့် သူသည် စိတ်ဝိဉာဉ်ဆေးပင် မျိုးစုံတို့ကို ရင်းနှီးစွာ သိကျွမ်းပါသည်။ ရွှီယန်တို့ နှစ်ယောက်ကို ဆက်လက်ရှင်းပြ၏။

"စိတ်ဝိဉာဉ်ဆေးပင်လို အရာမျိုးက အရမ်းကြီး  အပျက်အစီးလွယ်တာတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ အထိအခိုက် အနည်းဆုံးဖြစ်အောင် တူးယူဖို့ပဲ လိုအပ်တယ်။ အဲ့ဒါဆိုရင် ဆေးအာနိသင်ကို ပျောက်ဆုံးစေမှာ မဟုတ်ဘူး။ ဒါပေမယ့် အသီးပုံစံနဲ့ စိတ်ဝိဉာဥ်ဆေးပင်တွေကို အထူး ဂရုထားဖို့ လိုအပ်တယ်။ အညှာပါ ပါအောင် ခူးရမယ်။ မြေကြီးအောက်မှာ ကြီးထွားတဲ့ အပင်တွေ... ဥပမာအားဖြင့် ‌မြေလဝါးတွေလိုမျိုးကို တူးဖော်တဲ့အခါမှာလည်း ထိခိုက်မှုသာ မရှိရင် ပြဿနာကြီးကြီးမားမား မရှိဘူး.."

"မြေကြီးအောက်မှာ ကြီးထွားတဲ့ စိတ်ဝိဉာဉ် ဆေးပင်တွေမှာ အမြဲတမ်း အကာအကွယ်အလွှာတစ်ခု ရှိနေတတ်တယ်.."

"ဒါတွေက စိတ်ဝိဉာဉ်ဆေးပင်တွေကို တူးယူတဲ့  အကြောင်းသက်သက်ပဲ။ ရေရှည် ထိန်းသိမ်းထားပြီး စိတ်ဝိဉာဉ်စွမ်းအားတွေ လွင့်ပါးမှုကို ကာကွယ်ဖို့အတွက်ကတော့ အခြားပိုပြီးတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ ရှိတယ်.."

"စိတ်ဝိဉာဉ်ဆေးပင်တွေကို ထိန်းသိမ်းရာမှာ ထန်းပေါင်စံအိမ်က အကောင်းဆုံးပဲ။ ဒါ့ကြောင့်မို့လို့ ပြောရရင် အဓိက အင်အားစုကြီးတွေအားလုံး စိတ်ဝိဉာဉ်ဆေးပင်တွေကို တူးယူပြီးရင် ထန်းပေါင်စံအိမ်မှာ သိုလှောင်ထားလေ့ရှိတယ်။ ဒါမှမဟုတ် ချိတ်ပိတ်ခိုင်းလေ့ရှိတယ်.."

ရွှီယန်နှင့် မုန့်ချုံတို့က စိတ်ဝိဉာဉ်ဆေးပင်များကို  ရွေးချယ်တူးယူရင်းက မုန့်ရှူရှူ၏ ရှင်းပြချက်များကို နားထောင်နေပါသည်။

"ထန်းပေါင်စံအိမ်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ.."

ရွှီယန်က မှတ်ချက်ပြုသည်။

အတွင်းဘက်နယ်မြေတွင် တွင်ကျယ်စွာ အသုံးပြုနိုင်သည့် စိတ်ဝိဉာဉ်စာရွက်များမှ သိုလှောင်အိတ်များ၊ စိတ်ဝိဉာဉ်ဆေးပင် ချိတ်ပိတ်မှုများအထိ အောင်မြင်စွာ စွမ်းဆောင်နိုင်ပြီး ရှင်းလင်းစွာပင် မည်သည့် အင်အားစုမှ ထန်းပေါင်စံအိမ်ကို ထိပါးရဲခြင်း မရှိပေ။

သို့ရာတွင် ထန်းပေါင်စံအိမ်သည် အမြဲတမ်း အတွင်းဘက်နယ်မြေရှိ အဖွဲ့အစည်းများ အကြားတွင် ဝင်ပါမှုမပြုသည့် နိယာမကို ကျင့်သုံးခဲ့သည်။

ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများနှင့် ကောင်းမွန်သည့် ဂုဏ်သတင်းရှိ၏။ ထို့ကြောင့်လည်း အဓိကအင်အားစုများက ထန်းပေါင်စံအိမ်သို့ ယုံကြည်မှုအား အပ်နှံကြခြင်း ဖြစ်သည်။

"ထန်းပေါင်စံအိမ်က တကယ်ပဲ စွမ်းအားကြီးတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ ခွန်အားကို ဘယ်သူမှတောင် မသိဘူး။ ခုနှစ်စင်ကြယ်အကယ်ဒမီကို စွမ်းအားကြီးတယ်လို့ ယူဆနိုင်ပေမယ့် ကျွန်တော့်အထင်တော့ သူတို့တောင်မှ ထန်းပေါင်စံအိမ်ကို မယှဥ်နိုင်လောက်ဘူး.."

မုန့်ရှူရှူက ရှင်းပြ၏။

"ဒါပေမယ့်... ခုနှစ်စင်ကြယ် အကယ်ဒမီလို အဓိက အဖွဲ့အစည်းကြီးတွေမှာ စိတ်ဝိဉာဉ်ဆေးပင်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေ ရှိတယ်။ သိုလှောင်ခြင်းနဲ့ ချိတ်ပိတ်ခြင်း အတတ်ပညာတွေ အပါအဝင်ပေါ့.."

"ထန်းပေါင်စံအိမ်က အတွင်းဘက်နယ်မြေရဲ့ မြို့အသီးသီးမှာ အကိုင်းအခွဲတွေ ရှိနေလို့သာ စိတ်ဝိဉာဉ်ဆေးပင်အချို့ကို သူတို့က သွားပြီးတော့ သိုလှောင်ထားကြတာ။ တကယ်လို့ အရေးပေါ်လိုအပ်တဲ့ အခါကျရင် စံအိမ်ကနေပြီး အလွယ်တကူ ထုတ်ယူလို့ရတယ်လေ.."

"ပြောကြတာက အဲ့ဒီ့အဓိက အင်အားစုကြီးတွေမှာ ထန်းပေါင်စံအိမ်နဲ့ လျှို့ဝှက်သဘောတူညီချက်တွေ ရှိတယ်တဲ့။ အဲ့ဒီ့သဘောတူညီချက်က သူတို့ကို ပူးပေါင်းမှုတွေ ဆောင်ရွက်ရာမှာ ခံစားခွင့်တွေ အများကြီး ရလာစေတယ်.."

မုန့်ရှူရှူက သူသိသည့် အကြောင်းအရာများကို ရှင်းပြသည်။ အတွင်းဘက်နယ်မြေ၏ ဒေသခံတစ်ယောက်အနေနှင့် သူသည် ထန်းပေါင်စံအိမ်၏ ခွန်အားကို ပိုမိုရှင်းလင်းစွာ နားလည်၏။ တွေးမိတိုင်းတွင် အံ့သြစွာဖြင့် သက်ပြင်းသာ ချမိ၏။

"အစ်ကိုကြီး... မင်းရော စိတ်ဝိဉာဉ်ဆေးပင်တွေကို ဘယ်လိုသိုလှောင်ပြီး ချိတ်ပိတ်ရမယ်ဆိုတာကို သိလား.."

မုန့်ချုံက စိတ်ဝိဉာဉ်ဆေးပင်ကို တူးယူရင်းက မေးသည်။

"ငါ့ရဲ့မိသားစုက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတွေ ဖြစ်ခဲ့တော့ ဆေးပင်တွေကို ဘယ်လိုထိန်းသိမ်းရမှာနဲ့ ချိတ်ပိတ်ရမှာကို သိကြတာပေါ့။ ဒါပေမယ့် အဲ့ဒါက အရမ်းကို အလုပ်ရှုပ်လွန်းတယ်။ စိတ်ဝိဉာဉ်ဆေးပင်တွေကို ချိတ်ပိတ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေက ပြင်ဆင်ဖို့အတွက် အရမ်းကို ပြဿနာများတယ်.."

"ထန်းပေါင်စံအိမ်မှာတော့ အဲ့ဒါတွေကို အလွယ်တကူ ဝယ်လို့ရတယ်။ ဒါပေမယ့် စျေးကြီးတာကလွဲလို့ပေါ့.."

မုန့်ရှူရှူက ခေါင်းငြိမ့်သည်။ ယနေ့ခေတ်တွင် အတွင်းဘက်နယ်မြေရှိ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ အများစုတို့သည် ထန်းပေါင်စံအိမ်၌ အလုပ်လုပ်ကြ၏။

သူကတော့ ကန့်သတ်ချုပ်ချယ်မှုများကို နှစ်သက်ခြင်း မရှိ၍သာ ထန်းပေါင်စံအိမ်၏ ခေါ်ယူမှုကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

မုန့်ချုံက ခေါင်းငြိမ့်၏။ သူသည် ထန်းပေါင်စံအိမ်က စိတ်ဝိဉာဉ်ဆေးပင် ချိတ်ပိတ်သည့် ပစ္စည်းအား  မြင်တွေ့ခဲ့ဖူး၏။

သူတို့သည် အကြည်ရောင်အလွှာတစ်ခုကို အသုံးပြုပြီး စိတ်ဝိဉာဉ်ဆေးပင်ကို ထည့်သွင်းကာ ဆေးစွမ်းအားတို့ မပျောက်ဆုံးအောင် ပြုလုပ်ကြသည်။

နေ့ဝက်ကြာပြီးနောက် စိတ်ဝိဉာဉ် ရတနာနယ်မြေအတွင်းရှိ စိတ်ဝိဉာဉ်ဆေးပင် အားလုံးတို့အား တူးယူပြီး၏။

အများစုတို့မှာ အဆင့်၈များ ဖြစ်ကြသည်။ အနည်းစုသာလျှင် အဆင့်၇ပါရှိ၏။ စုစုပေါင်း စိတ်ဝိဉာဉ်ဆေးပင် အမျိုးအစား ၂၀/၃၀လောက် ရှိပါသည်။

"စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးကို သယ်ရတာက တကယ့်ကို မသင့်တော်ဘူး။ သိုလှောင်အိတ်တစ်ခုသာ ရှိရင် တော်တော်လေးကောင်းမှာ.."

ရွှီယန်က စိတ်ဝိဉာဉ်ဆေးပင် အပုံကို ကြည့်ကာ ငြီးတွားစွာ ပြော၏။

"မုန့်ရှူရှူ... စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက်အနေနဲ့ မင်းမှာ ဘယ်လိုလုပ်ပြီးတော့ သိုလှောင်အိတ်တစ်ခုတောင် မရှိရတာလဲ။ ဒီလောက်များတဲ့ ဆေးပင်တွေကို ဘယ်လိုများ သယ်ယူလေ့ရှိလဲ။ မင်းသိုလှောင်အိတ်တစ်ခုကို ဝယ်ကို ဝယ်ထားသင့်တယ်နော်.."

ရွှီယန်က မုန့်ရှူရှူက ပုခုံးကိုပုတ်ကာ အကြံပေးသည်။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ်.."

မုန့်ရှူရှူက အကူအညီမဲ့စွာ ဖြေကြားသည်။ ကြည့်ရတာ ဒီညီအစ်ကိုနှစ်ယောက် တူးထားသည့် ချောက်နက်ထဲမှ သူ့ကိုယ်သူ နှုတ်ယူနိုင်ဖို့ အမှန်တကယ်ကို မဖြစ်နိုင်သည့်ပုံ ရှိ၏။

"မဟုတ်သေးဘူး... အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တောင် မရှိဘူး။ အဆင့်၅ဆေးပင်ဆိုရင် ပိုဆိုး.."

မုန့်ချုံက ပြော၏။

စိတ်ဝိဉာဉ်ဆေးပင်များကို ကြည့်ကာ သူက မျက်ခုံး ကျုံ့သွားသည်။

"သော့တစ်ချောင်း ကျန်သေးတယ်... ဆေးပင်စိုက်ပျိုးတဲ့ နေရာတွေမှာ အရည်အသွေးမြင့်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို ပုံမှန်အားဖြင့် တစ်သီးတစ်ခြား စိုက်ပျိုးလေ့ရှိတယ်.."

မုန့်ရှူရှူက နောက်ထပ် သော့တစ်ချောင်းကို ထုတ်ကာပြော၏။

"နောက်ထပ် စိတ်ဝိဉာဉ်ဆေးပင် စိုက်ခင်းတွေ ရှိသေးတာလား.."

မုန့်ချုံက ထိုစကားကို ကြားရပြီးနောက် ပတ်ဝန်းကျင်ကို လိုက်လံကြည့်၏။

"ဟိုမှာ.."

၃ယောက်သား လျှောက်သွားလိုက်ပြီးနောက် အပေါက်တစ်ခုကို တွေ့ရ၏။

မုန့်ရှူရှူက စိတ်လှုပ်ရှားစွာဖြင့် သော့ကို ထိုးစိုက်ကာ  လှည့်ပြီးဖွင့်သည်။ ကျောက်နံရံကို တွန်းလိုက်ပြီးနောက် ဖုန်မှုန့်များ ကျဆင်းလာကာ ကျောက်တံခါးက ပွင့်လာခဲ့သည်။

ကျောက်တံခါး၏ အနောက်ဘက်ရှိ အလင်းရောင်က အနည်းငယ် ပိုမိုလင်းလက်၏။ အထူးသဖြင့် အလယ်ခေါင်တွင် အလွန်တောက်ပသည့် အလင်းလမ်းတစ်ခု ရှိပါသည်။

၃ယောက်သား အလင်းရှိရာနေရာသို့ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မှင်သက်သွားကြသည်။

ထိုနေရာတွင် မြစိမ်းရောင် အရွက်များနှင့် တစ်ပေလောက် မြင့်သည့် အပင်တစ်ခုရှိ၏။ အရွက်များ၏ အောက်ဖျားတွင် သေးငယ်သည့် နွယ်လေးတစ်ခု တွဲကြနေပါသည်။

နွယ်၏အဖျားတွင် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် နှင်းစက်တစ်စက် တွဲခိုနေ၏။ အလင်းရောင်အောက်တွင် ၎င်းက တောက်ပစွာ ရှိနေပါသည်။

သာမန်အရာတစ်ခုနှင့် တူညီခြင်း လုံးဝမရှိပေ။

"ဒါက ဘယ်လို စိတ်ဝိဉာဉ်ဆေးပင်မျိုးလဲ.."

ရွှီယန်က ဂရုတစိုက် ချဥ်းကပ်သွားပြီးနောက် သိလိုစွာဖြင့် မေးသည်။

အနီးကပ် စစ်ဆေးကြည့်ပြီးနောက် မြစိမ်းရောင်သစ်ရွက်များအောက်တွင် တွဲကျနေသည့် နှင်းစက်ကဲ့သို့ အရာမှာ သေးငယ်သည့် အသီးလေး ဖြစ်ကြောင်းကို တွေ့လိုက်ရ၏။

သို့ပေမယ့် အလုံးလေး တစ်လုံးကဲ့သို့ ရှိနေပါသည်။ ၎င်းသည် နှင်းစက်ကဲ့သို့ အကြည်ရောင်ရှိပြီး လှပစွာလင်းလက်နေ၏။

မုန့်ရှူရှူက သစ်ပင်ငယ်၏ အနီးသို့ လျှောက်ထွက်သွားသည်။ သူသည် ကြည့်လေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။

ရွှီယန်နှင့် မုန့်ချုံတို့က ပဟေဠိ ဖြစ်သွားကြသည်။ သူတို့သည် ၎င်းကို မှတ်မိနိုင်ခြင်း မရှိပေ။ စုလင်းရှူံက ထိုကဲ့သို့သော စိတ်ဝိဉာဉ်ဆေးပင်မျိုးကို ဘယ်တုန်းကမှ မပြောပြခဲ့ပါ။

"အစ်ကိုကြီး... မင်းသိလား.."

မုန့်ချုံက ခေါင်းမော့ကာ မေး၏။

"ဒီစိတ်ဝိဉာဉ်ဆေးပင်ဟာ ထူးကဲလှပြီး သေချာပေါက် သာမန်အဆင့်၇ သို့မဟုတ် အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်တွေ မဟုတ်ပေ။

"ဒါက... ဒါက ကောင်းကင်ဝတ်ရည် နှင်းစက်ပဲ... စာအုပ်ထဲတွေမှာပဲ ငါမြင်ဖူးတယ်။ ပြောကြတာက အရွက်တွေက မြစိမ်းရောင်ရှိပြီး အောက်မှာ နှင်းစက်လိုမျိုး ဝတ်ရည်က တွဲခိုနေတယ်တဲ့.."

မုန့်ရှူရှူ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာခဲ့၏။

All Chapters