စစ်ဘုရင်ကို ထပ်မံသတ်ဖြတ်ခြင်းနှင့် အဆုံးမဲ့ရတနာနယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်း(၂)
Vol. 16 Ch. 237
ဝတ်စုံနက်တစ်ယောက် လဲကျသွားခဲ့၏။
"မကောင်းတော့ဘူး.."
ကျန်ရှိသည့် ဝတ်စုံနက်များ ကြောက်ရွံ့စွာဖြင့် ချက်ချင်း ဖြူရော်သွားကြသည်။ ဤသည်မှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှ၏။ ဓားတစ်ချက်နှင့် သူတို့၏ လူတစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။
ယခုအချိန်၌ လူ၅ယောက်သာ ကျန်တော့သည်။ ဓားချက်အနည်းငယ် အခုတ်ခံပြီးနောက် အားလုံး သေဆုံးသွားမည်လား။
သူတို့အနေနှင့် ထွက်ပြေးချင်ကြသည်။ သို့ပေမယ့် အလွန် နောက်ကျလွန်းနေပါပြီ။ မုန့်ချုံက တစ်ယောက်ပြီးတစ်ယောက်ကို ဆက်တိုက်ခုတ်ပိုင်း၏။ ၆ချက်နှင့် သိုင်းသခင်၆ယောက်လုံး အသတ်ခံခဲ့ရသည်။
လူများကို သတ်ဖြတ်ပြီးနောက် မုန့်ချုံက သူတို့၏ ခန္ဓာကိုယ်များကို ရှာဖွေကာ အိတ်များကို နှိုက်ယူသည်။
ထို့နောက် ကြီးစိုးခြင်းဓားဆန္ဒက ထွက်ပေါ်လာကာအလောင်းများကို ပြာအဖြစ် ပြောင်းလဲသွားစေ၏။
"ရိုင်းစိုင်းလိုက်တာ.."
ကောင်းကင်မှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စစ်ဘုရင်မှာ အလွန် ထိတ်လန့်သွားခဲ့၏။သူ၏ဘက်မှ သိုင်းသခင် ၆ယောက်တို့သည် ဂေါ်ဖီထုပ်များသဖွယ် တစ်ချက်တစ်ယောက် အသတ်ခံခဲ့ရလေသည်။ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိပေ။
ဤသည်မှာ သိုင်းသခင်အဆင့်များ ဖြစ်၏။ တစ်ယောက်ကို ပျိုးထောင်ရန်ပင် အရင်းအမြစ် များစွာတို့ကို ကုန်ကျသည်။ ထို့အပြင် သိုင်းသခင်အဆင့်သို့ ရောက်လာနိုင်သူများမှာ ပါရမီမြင့်မားသူများ ဖြစ်ကြ၏။
"ငါ့ရဲ့ရှေ့မှာ လာပြီးတော့ အာရုံမစိုက်ဘဲ နေရဲတာလား.."
ရွှီယန်က နှာခေါင်းရှုံ့၏။ တစ်ဖက်လူက ပိုမိုမြန်ဆန်စွာ သေဆုံးချင်နေသည်လား။
"ဝေါင်း.."
နဂါးဟိန်းသံနှင့်အတူ ဓားဆန္ဒက အရာအားလုံးတို့ကို လွှမ်းခြုံသွားသည်။ တောင်နှင့်မြစ်တို့ ပြိုကျကာ နဂါးကြီးက လှည့်လည်နေ၏။ ထို့နောက် ဓားတစ်ချက် ဆက်လက် ထွက်ပေါ်လာသည်။ ဤသည်မှာ တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များ ဖြစ်၏။
"မကောင်းတော့ဘူး.."
ဝတ်စုံနက်နှင့် စစ်ဘုရင်က ကြောက်ရွံ့စွာဖြင့် ဖြူ ရော်သွားသည်။ သူ၏ အတွေးများကို အလျှင်အမြန် ပြန်လည် စုစည်း၏။
လက်ထဲရှိ ဓားကောက်က တစ်လက်မချင်းစီ ပျက်စီးကာ ကြောက်စရာကောင်းသည့် အလင်းကို ထုတ်လွှတ်နေပါသည်။
သူ ထွက်ပြေးရပေမည်။ သေခြင်း၏ အန္တရာယ်တစ်ခု သက်ဆင်းလာသည်ဟု ခံစားရ၏။
ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်သည်။ ဓားကောက်၏ ပေါက်ကွဲထွက်မှုနှင့်အတူ စွမ်းအားကြီးမားသည့် ဓားချက်တစ်ခု ထွက်ပေါ်လာ၏။ တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းမှ ချိုးဖျက်ကာ လွတ်မြောက်နိုင်ရန် ရည်ရွယ်သည်။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွား၏။ လျှို့ဝှက်အတတ်လေလား။
ဤသည်မှာ သူ၏ပထမဆုံးအကြိမ် လျှို့ဝှက်အတတ်ကို အသုံးပြုသည့် သိုင်းသမားတစ်ယောက်နှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူသည် အလယ်အလတ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။
သိုင်းပညာ လျှို့ဝှက်အတတ်များမှာ အတွင်းဘက်နယ်မြေတွင် အလွန် ရှားပါးလှသည်။ နက်ရှိုင်းသည့် အခြေခံနှင့် စွမ်းအားကြီး အင်အားစုများတွင်သာလျှင် ပိုင်ဆိုင်ကြ၏။
အထူးသဖြင့် စွမ်းအားကြီးမားသည့် လျှို့ဝှက်အတတ်များ ဖြစ်သည်။ ထိပ်တန်း အင်အားစုများ၌သာ ရှိ၏။ ခုနှစ်စင်ကြယ် အကယ်ဒမီတွင် သိုင်းပညာလျှို့ဝှက်အတတ်တို့ များစွာ ရှိပုံပေါ်သည်ဟု မတွေးလေနှင့်။
ထိုသိုင်းပညာ လျှို့ဝှက်အတတ်များနှင့် စစ်မှန်စွာ လိုက်ဖက်ညီပြီး ကျင့်ကြံနိုင်သူမှာ လူအများကြီး မရှိပေ။
သိုင်းပညာ လျှို့ဝှက်အတတ်တိုင်းက မည်သည့်သိုင်းသမားမဆို ကျင့်ကြံနိုင်ပြီး စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုခွန်အားကို ထုတ်လွှတ်နိုင်တာ မဟုတ်ပေ။
ထို့အပြင် လျှို့ဝှက်အတတ် တစ်ခုကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် ပါရမီအခြေခံလည်း လိုအပ်၏။
ကိုယ်ပိုင်ကျင့်ကြံထားသည့် ကျင့်စဉ်နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်လို့မရပေ။
ယေဘုယျအားဖြင့် သိုင်းပညာ လျှို့ဝှက်အတတ်များကို အဖွဲ့အစည်းအတွင်း၌သာ လက်ဆင့်ကမ်း သင်ကြားလေ့ရှိသည်။ ဤနည်းအားဖြင့် ပြဿနာများ မဖြစ်အောင် ကာကွယ်နိုင်ပြီး ကျင့်ကြံရန်အတွက်လည်း သင့်တော်ပေလိမ့်မည်။
ခုနှစ်စင်ကြယ် အကယ်ဒမီရှိ လျှို့ဝှက်အတတ်များမှာတော့ အလွန်ပြန့်ကျဲလှ၏။ အမျိုးအစား အသီးသီး ရှိပါသည်။
ထိုလျှို့ဝှက်အတတ်များကို ကျင့်ကြံလိုသည့် ကျောင်းသားများအနေနှင့် ၎င်းတို့နှင့် ကိုက်ညီသည့် ကျင့်စဉ်ကို ရှာဖွေရန် လိုအပ်၏။ သာမန်ကျောင်းသားများ ဆိုပါက ၎င်းတို့နှင့် ထိတွေ့ရန် အခွင့်အရေးပင် မရှိပေ။
'သိုင်းပညာ လျှို့ဝှက်အတတ်ကို သုံးတော့ရော ဘာခြားနားသွားမှာ မို့လို့လဲ။ မင်းက လွတ်နိုင်မှာလား..'
ရွှီယန်က နှာခေါင်းရှုံ့၏။ အတွင်းဘက်နယ်မြေမှ လျှို့ဝှက်အတတ်များ အတွက်လည်း သူသည် အရမ်းကြီး အထင်ကြီးခြင်း မရှိပါ။
အများစုတို့မှာ ကျင့်ကြံရန် ခက်ခဲခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကို ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေ၏။ ထွက်ပေါ်လာနိုင်သည့် စွမ်းအားမှာလည်း သူ၏အမြင်တွင် သာမန်မျှသာ ဖြစ်သည်။ ကြီးမားသည့် တိုးတက်မှု မဟုတ်ပေ။
ရွှီယန်က သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။ တောင်နှင့်မြစ်တို့ ပြိုလဲကာ ရွှေရောင်နဂါးကြီးများ လှည့်လည်လာ၏။ ချက်ချင်းပင် နဂါးကြီး၁၈ကောင်တို့ တောင်နှင့်မြစ်ကို ထိန်းချုပ်နေဟန်ရှိပြီး အောက်ရှိ အရာအားလုံးတို့ကို လွှမ်းခြုံထား၏။
"ဘုန်.."
ဝတ်စုံနက်၏ ပုံရိပ်က တောက်ပသည့် အလင်းနှင့် ပေါက်ကွဲထွက်လာခဲ့သည်။ စွမ်းအားကြီးမားသည့် အားတစ်ခု ထွက်ပေါ်လာကာ တောင်နှင့်မြစ်တို့ကိုဖျက်ဆီး၏။ ထိုတိုက်ခိုက်မှုက တောင်နှင့်မြစ် ဓားဆန္ဒကို ပျက်စီးသွားစေမည့်ပုံ ပေါ်သည်။
သို့ရာတွင် တောင်နှင့်မြစ်များမှာ အဆင့်ဆင့်ရှိနေပြီး အတောမသတ်သည့်ပုံ ရှိသည်။ မျက်စိတမှိတ်အတွင်းတွင် များပြားလှသည့် လူသားပုံရိပ်များ ပေါ်လာကြ၏။ သူတို့အားလုံးဟာ ဓားများကို ကိုင်စွဲထားကြပြီး ဓားအလင်းများက ဝတ်စုံနက်ဆီသို့ လွှမ်းခြုံနေခဲ့ပါပြီ။
"မဟုတ်ဘူး..."
ဝတ်စုံနက်နှင့် စစ်ဘုရင်၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ သူက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်မှုကို ပြု၏။ သို့ပေမယ့် ဆက်လက် အသံထွက်နိုင်ခြင်း မရှိတော့ပေ။
"ခရက်.."
သူ၏ဦးခေါင်းက ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်လာခဲ့သည်။ ဝတ်စုံနက်က ပျက်စီးကာ အိတ်တစ်အိတ် ကျဆင်းလာ၏။
ရွှီယန်က အိတ်ကို လက်ဖြင့်ကိုင်ကာ နှာခေါင်းရှုံ့သည်။
'ငါ့ရဲ့ပိုက်ဆံအိတ်ကို ထိခိုက်မှာ စိုးရိမ်နေလို့သာ မဟုတ်ရင် ဒီလောက်အကြာကြီး အသက်ရှင်နိုင်မယ် ထင်လား..'
'လျှို့ဝှက်အတတ် သုံးတာနဲ့များ လွတ်မြောက်နိုင်မယ်လို့ တွေးထားလား မသိဘူး..'
ဝတ်စုံနက်၏ ပုံရိပ်က ဆက်လက် ပျက်စီးနေပြီး နောက်ဆုံးတွင် ပြာများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ရွှီယန်က ပျော်ရွှင်စွာဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် စိတ်ဝိဉာဉ်စာရွက် တစ်ထပ်ကို တွေ့လိုက်ရ၏။ တစ်ရွက်လျှင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀ရှိလေသည်။ အရွက်၃၀ကျော်ရှိ၏။
'ကောင်းတယ်။ ကောင်းတယ်... စစ်ဘုရင်တစ်ယောက်လို့ မပြောရဘူး။ နောက်ထပ် ကံကောင်းမှုတစ်ခု ရလာခဲ့ပြီ..'
ဒီဝတ်စုံနက်တို့၏ အဖွဲ့အစည်းသည် အလွန် ချမ်းသာကြွယ်ဝလှပါသည်။ သူတို့၏စခန်း ဘယ်မှာလဲ မသိပေ။
ရွှီယန်အနေနှင့် အမှန်တကယ်ကို သွားရောက်ဖျက်ဆီးကာ ငွေရှာလိုမိ၏။
ရွှီယန်က စဉ်းစားသည်။ စခန်းကိုသာ ဝင်ရောက်ရှင်းလင်းလိုက်ပါက သူသည် ဘယ်တော့မှ ထပ်မံဆင်းရဲနေမည် မဟုတ်တော့ပေ။
'ဒီအင်အားစုက တစ်ယောက်တည်း မဟုတ်ဘူး... အထွတ်အထိပ် စစ်ဘုရင်တွေတောင်မှ အများကြီးရှိသလိုပဲ။ ငါ့ရဲ့ လက်ရှိခွန်အားနဲ့ သူတို့ရဲ့စခန်းကို ဖျက်စီးဖို့က တော်တော်လေး ခက်ခဲမှာ..'
'အလျှင်မလိုပါဘူး... ငါ့သာ မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရင် သို့မဟုတ် ထုံးရွှမ်အဆင့်ကို နားလည်သဘောပေါက်မှု ရလာခဲ့ရင် သူတို့ရဲ့ စခန်းကို သွားဖျက်လို့ရပြီ။ ဂျူနီယာ ညီမလေးကို အတွင်းဘက်နယ်မြေကို ခေါ်တဲ့အခါကျရင် သူတို့တွေ ထွက်မလာဘူးလို့ ငါမယုံဘူး..'
'သူတို့သာ ထွက်လာရင် သူတို့ရဲ့စခန်းကို ငါရှာတွေ့မှာဘဲ..'
ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ဂူဝသို့ လျှောက်သွားလိုက်ပြီးနောက် မျှော်လင့်စွာဖြင့် ကြည့်၏။
'"ဒါက စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေကို ဝင်တဲ့ အပေါက်လား.."
"ဟုတ်တယ်.."
မုန့်ရှူရှူက ခေါင်းငြိမ့်သည်။
သူက ကြီးစွာ အံ့ဩနေ၏။ ဤသည်မှာ အလယ်အလတ်အဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ပါသည်။ ဓားချက်တစ်ချက်ကိုပင် ခုခံနိုင်ခြင်းမရှိဘဲ သုတ်သင်ခံခဲ့ရ၏။ ရွှီယန်၏ စွမ်းအားက အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှသည်။
သို့ရာတွင် မကြာခင် သူသည် တက်ကြွလာခဲ့၏။ သူ့အနေနှင့် အကြွေးများစွာ တင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ယခုကဲ့သို့ စွမ်းအားကြီးမားသည့် နောက်ခံတစ်ခုကို ရလာခဲ့ရာ တန်သည်ဟု ခံစားရ၏။
"သွားမယ်... ဝင်ကြရအောင်.."
ရွှီယန်က လက်ကိုဝှေ့ရမ်းကာ ပြောသည်။ ဂူအတွင်းထဲတွင် ကျောက်နံရံများသာ ရှိပြီး မည်သည့် တံခါးဝကိုမှ မတွေ့ရပေ။
ကျောက်နံရံ၏ မျက်နှာသာတစ်ခုတွင် သေးငယ်သည့် အဝိုင်းပေါက်လေး တစ်ခုကိုသာ တွေ့ရ၏။ မုန့်ရှူရှူက သော့ကို ထုတ်သည်။
ဤသည်မှာ သေးငယ်သည့် တူဖြစ်၏။ အဝိုင်းပုံအပေါက်ထဲသို့ ထိုးသွင်းလိုက်ပြီးနောက် သူ၏လက်ကိုင်ကို လှည့်လိုက်သည်။
ကလစ်ဟူသည့် အသံတစ်ခုနှင့်အတူ သော့၏ ဦးခေါင်းက ကွဲထွက်လာပြီး အတွင်းထဲတွင် တစ်ခုခုနှင့် ချိတ်သွားသည့်ပုံ ရှိသည်။ ပြင်းထန်စွာ လှည့်လိုက်ပြီးနောက် အက်ကွဲသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ကျောက်နံရံက တုန်ခါကာ ဖုန်များ ပြုတ်ကျလာခဲ့သည်။ အခိုက်အတန့်တစ်ခုတွင် အသံတစ်ခု ထွက်ပေါ်လာပြီး တစ်ခုခုဘေးသို့ ရွေ့လျားသွားပုံ ပေါ်၏။
မုန့်ရှူရှူက ကျောက်နံရံကို တွန်းလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ၎င်းက ပွင့်ထွက်သွား၏။ အတွင်းထဲမှ အလင်းရောင်တစ်ခုကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။
"သွားရအောင်... တံခါးပွင့်သွားပြီ.."
မုန့်ရှူရှူက သူ၏လက်ချောင်းများကို ဝှေ့ရမ်းလိုက်ကာ အားစီးကြောင်းများစွာတို့ အတွင်းထဲသို့ ဝင်ရောက်သွား၏။ တစ်ခုခုကို စူးစမ်းနေပုံ ပေါ်သည်။
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် တံခါးပေါက်မှ ဝင်ရောက်သွားသည်။
ရွှီယန်နှင့် မုန့်ချုံတို့က သူ၏နောက်မှ နီးကပ်စွာ လိုက်ကြ၏။ အပေါက်သို့ ဝင်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ချိန်တွင် လမ်းကြောင်း၏ အမိုးရှိ ကျောက်နံရံ၌ ဆက်ကြောင်းများ ရှိပုံပေါ်သည်။ အတင်းဖွင့်လှစ်ပါက ချက်ချင်း ပြိုကျနိုင်၏။
"ဒါက တကယ့်ကို ပါးနပ်တဲ့ တည်ဆောက်မှုပဲ.."
ရွှီယန်က အသံပြုသည်။
မုန့်ရှူရှူက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
"သေချာသွားပြီ။ ဒီနေရာက ပြီးခဲ့တုန်းက စိတ်ဝိဉာဉ်ဆေးပင် ဂိုဏ်းတစ်ခု စိတ်ဝိဉာဉ်ဆေးပင်တွေကို စိုက်ပျိုးတဲ့နေရာပဲ.."
အရှေ့ဘက်တွင် အဖြူရောင်အလင်းက တဖြည်းဖြည်းနှင့် ပိုမို ပီပြင်လာခဲ့သည်။ သူတို့သည် လမ်းကြောင်းအတိုင်း လျှောက်သွားကြပြီးနောက် သုံးယောက်သား ရှေ့ရှိ မြင်ကွင်းကြောင့် အံ့သြသွားကြ၏။
ယခုမျှအထိ အချိန်ကြာပြီးသည့် တိုင်အောင် လူတစ်ယောက်အနေနှင့် အပိုင်းလိုက်ရှိသည့် စိတ်ဝိဉာဉ်ဆေးပင် ကွင်းများကို ရေတေးတေး တွေ့မြင်နိုင်သေးသည်။
ကွင်းပြင်တစ်ခုချင်းစီတိုင်းတွင် စိတ်ဝိဉာဉ်ဆေးပင်များကို စိုက်ပျိုးထား၏။ မုန့်ရှူရှူပြောသည့် အတိုင်းပင် ဤသည်မှာ တစ်ချိန်က စိတ်ဝိဉာဉ်ဆေးပင် ဂိုဏ်းတစ်ခု၏ စိုက်ပျိုးရာနေရာ ဖြစ်ပေလိမ့်မည်။
အလင်းတန်းများက အရပ်မျက်နှာ အားလုံးတို့နှင့် ဦးခေါင်းထက်မှ ထွက်ပေါ်နေ၏။ ထိုအလင်းတန်းများကို သေသေချာချာ ကြည့်ရှု့ပြီးနောက် ၃ယောက်သားအနေနှင့် သေးငယ်သော အပေါက်များမှတစ်ဆင့် အလင်းတို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
တောင်အတွင်းရှိ နေရာတစ်ခုလုံးကို အလင်းရောင်ပေးစွမ်း၏။ သူတို့၏ ဦးခေါင်းပေါ်သို့ ကြည့်လိုက်ပါကလည်း အက်ကွဲကြောင်းအချို့ကို တွေ့မြင်နိုင်ပါသည်။
တောင်အပြင်ဘက်ရှိ အလင်းက ထိုအပ်ကွဲကြောင်းမှတစ်ဆင့် ဝင်ရောက်လာကာ အတွင်းထဲရှိ လေဟာနယ်ကို မြင်နေစေရန် စွမ်းဆောင်ပေးသည်။
"ဒီတောင်က လူလုပ်ထားတာပဲ.."
ရွှီယန်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။ တောင်၏ အပြင်ဘက်တွင် ပြုပြင်ဖန်တီးထားသည့် မည်သည့် သဲလွန်စမှ မရှိပေ။ သို့ပေမယ့် အတွင်းဘက်မှ ကြည့်လျှင်တော့ လက္ခဏာရပ်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်၏။
သိုင်းပညာ အဆင့်နိမ့်ပါးသည့် သိုင်းသမားတစ်ယောက်သည် ဒီနေရာသို့ အတင်း ချိုးဖျက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သိုင်းသခင်အဆင့်၏ အထက်ရှိ သိုင်းသမားတစ်ယောက် အတင်းချိုးဖျက် ဝင်ရောက်လျှင်လည်း ပြောင်းလဲမှုများ ကြုံလာမှာ ဖြစ်၏။
တောင်တစ်ခုလုံး ပြိုကျကာ စိတ်ဝိဉာဉ်ဆေးပင်များ အကုန်ပိကုန်ပြီး မည်သည်ကိုမှ ရရှိမည် မဟုတ်ပေ။
"ဒီနေရာမှာရှိတဲ့ အနိမ့်ဆုံးဆေးပင်က အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်ပဲ.."
မုန့်ရှူရှူက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
စိတ်ဝိဉာဉ်ကွင်းပြင် တစ်ခုချင်းစီ၌ စိတ်ဝိဉာဉ်ဆေးပင် အများအပြား မရှိပေမယ့် အတူတူ စုပေါင်းလိုက်ပါက အရေအတွက်မှာ တော်တော်လေး များပြားပါသေးသည်။
"ဒီတောင်ထဲမှာ စိုက်ပျိုးတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေက မှောင်မိုက်တဲ့ နေရာတွေမှာ အထူးပေါက်ရောက်တဲ့ အမျိုးအစားတွေပဲ။ အဲ့ဒါကြောင့်မို့လို့ အရမ်းကို ရှားပါးပြီး ရှာဖွေဖို့ခက်ခဲတယ်.."
မုန့်ရှူရှူက ဆေးပင်များကို စတင်တူးရင်းမှ ရှင်းပြသည်။
"ဥပမာအားဖြင့် ဒီမြေလဝါးက မှောင်မိုက်တဲ့ နေရာတွေမှာပဲ ကြီးပြင်းတယ်။ အကိုင်းအခက်တွေက သေးသွယ်ပြီးတော့ ၃ပေထက် မကျော်ဘူး..."
မုန့်ရှူရှူက သူ၏ရှေ့ရှိ သေးငယ်သည့် ဝါးပင်တစ်ခုကို လက်ညှိုးထိုးကာ ပြောသည်။ လျှင်မြန်စွာဖြင့် မြေလဝါးကို မြေကြီးထဲမှ တူးယူလိုက်၏။
ဤသည်မှာ ကလေးငယ်တစ်ယောက်၏ လက်သီးအရွယ်အစားလောက် ရှိသည်။ ပေဝက်လောက်ရှည်လျားက အဖြူရောင် ဝါးရိုးနုများဖြင့် ရစ်ပတ်နေပါသည်။
တူးလိုက်သည်နှင့် ဝါး၏ရနံ့က လေထဲတွင် သင်းပျံ့လာခဲ့၏။
"မုန့်ရှူရှူ... မင်းက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူပဲ။ စိတ်ဝိဉာဉ်ဆေးပင်တွေကို ဘယ်လိုတူးယူပြီးတော့ ထိန်းသိမ်းရမယ်ဆိုတာကို မင်းသိမှာပေါ့။ ဒါတွေကိုရော ဘယ်လိုတူယူပြီးတော့ ထိန်းသိမ်းရမလဲ.."
မုန့်ချုံနှင့် ရွှီယန်တို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝိဉာဉ်ဆေးတွေများကို တူးယူဖို့လုပ်သည်။ ဒီဆေးပင်များထဲမှ အများစုမှာ စုလင်းရှုံ၏ စာရင်းအတွင်းတွင် ပါဝင်သည်များ ဖြစ်ကြ၏။