← Chapters

ချောက်တွန်းခြင်း ၂

Vol. 72 Ch. 711

ချောက်တွန်းခြင်း ၂

Vol. 72 Ch. 711

စုချန်း၏ ဆွဲဆောင်သိမ်းသွင်းမှုကြောင့် အနူဘီတယောက်က် တပ်ဖွဲ့ကြီးအား ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

သူ၏ အနှီဆုံးဖြတ်ချက် ထွက်ပေါ်လာသည်နှင့် တတိုင်းပြည်လုံး အုံးအုံးကြွက်ကြွက်ပင် ထောက်ခံကြကုန်၏။

သတ်ဖြတ်သူမျိုးစိတ်ဟူသည် သွေးဆူသူ၊ စစ်ပွဲကိုလိုလားသူများဖြစ်သည်။ ၎င်းတို့၏ အောင်ပွဲကို ဆာလောင်ပုံမှာ တိုင်းဆ၍ပင် မရပေ။ ဘုရင်ကြီး၏ ဆုံးဖြတ်ချက်သည် သတ်ဖြတ်သူငယ်တိုင်း၏ သွေးများအား ပွက်ပွက်ဆူသွားစေ၏။ ဤအခိုက်အတန့့်ဝယ် အနူဘီ၏ ဂုဏ်သိက္ခာ မြင့်မားလာသည်မှာ အမှန်ပင်။ စုချန်း၏ ဆုံးဖြတ်ချက်ကား ရေတိုအားဖြင့် မှန်ကန်နေသည်ဟု ဆိုနိုင်ပေသည်။

ထိုသတင်းကိုကြားသောအခါ ဗရီဂတ်စ်ကိုယ်တိုင်ပင် အံ့သြတကြီးနှင့် ထောက်ခံအားပေးလာ၏။

ဗရီဂတ်စ်ဟူသည် အမှန်တကယ် သစ္စာကြီးမားသူ ဖြစ်သည်။ သူ ဘုရင်အား မုန်းတီးသည်မှာ ပလ္လင်ကို မက်မော၍ မဟုတ်။

ယခု အနူဘီ၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ သူ့ဦးခေါင်းထဲတွင် ပေါ်ပေါက်လာသည့့် ပထမဦးဆုံးသော အတွေးမှာ သူတို့ဘုရင်သည် ပေါက်ပန်းစျေး ပြကွက်များနှင့် ပျော်မွေ့နေမည့့်အစား စစ်ပွဲဆင်နွှဲနေသည်ကမှ ပိုကောင်းသေးသည် ဟူ၏။

၎င်းမှာ ထူးချွန်သူ သတ်ဖြတ်သူနှင့် ထူးချွန်သူလူသားတဦးအကြား အဓိက ကွဲပြားခြားနားချက်လည်း ဖြစ်ပေသည်။

ဤဆုံးဖြတ်ချက်မျိုးသည် လူသားမျိုးစိတ်တွင်သာဆိုပါက ခေါင်းမပါသူ အရူးတဦး စစ်ထွက်တိုက်ခြင်းသည် မရေမတွက်နိုင်သော ဒုက္ခများနှင့် မမျှော်မှန်းနိုင်သော အကျိုးဆက်များကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု တွေးမိကြမည်မှာ မုချသေချာနေ၏။

သတ်ဖြတ်သူများ၏ အမြင်တွင်တော့ ထိုဒုက္ခများ၊ အကျိုးဆက်များမှာ အရေးမကြီး။ အရေးကြီးသည်မှာ သတ္တိဗြတ္တိရှိရန်သာ ဖြစ်သည်။

ပညာရှိသည်ဟု နာမည်ကြီးသော ဗရီဂတ်စ်ကိုယ်တိုင်ပင် ထိုအတွေးမျိုးကို မရှောင်လွဲနိုင်ချေ။

မည်သို့ဆိုစေ ဂေါလန်ရဲတိုက်၏ တပ်တော်သည် ထွက်တော်မူ နန်းကခွာရန် အချိန်ကျလေပြီ။

ဘုရင့် အိမ်တော်ဝန်ဖြစ်သလို ဤခရီးစဥ်အား စတင်အကြံပြုခဲ့သည့့် စုချန်းတယောက်က် အနူဘီနှင့်အတူ ပါလာသည်မှာ သိပ်တော့မဆန်း။ ထိုမျှသာမကသေး စုချန်းသည် မြင်းတပ်ဗိုလ်ချုပ်အဖြစ်ပါ ခန့်အပ်ခြင်း ခံထားရသေး၏။ သတ်ဖြတ်သူစစ်သည်ငါးထောင်အုပ်စုအား အုပ်ချုပ်ရသော ရာထူးဖြစ်၍ စုချန်း၏ ရာထူးမှာ ပေါ့သေးသေး မဟုတ်ချေ။ တကယ့်ဗိုလ်ချုပ်တဦး၏ အာဏာကို အပြည့်အဝ သုံးစွဲပိုင်ခွင့်ရှိသော ရာထူးမျိုး ဖြစ်သည်။

တခြားဗိုလ်ချုပ်များ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့်သာ မဟုတ်လျင် အနူဘီ၏ စိတ်ထဲတွင် စစ်သည်တသောင်းအုပ်ချုပ်ရသော ရာထူးမျိုးကို ပေးလိုက်ချင်သေး၏။ သို့သော် ဆန့်ကျင်ဘက်၏ အမြင်ကိုလက်ခံကာ စုချန်းအား ဤရာထူးမျိုး ပေးလိုက်ခြင်းအတွက် သူသည် ညဏ်ပညာကြီးသည်ဟုပင် အနူဘီ၏ စိတ်ထဲတွင် ထင်မြင်နေလေသည်။

သို့သော် အနူဘီ အတော်လေး သဘောမတွေ့ဖြစ်နေသည့် တခုတည်းသောအရာမှာ နတ်ဘုရားကျောင်းတော် ဘုန်းတော်ကြီးချုပ်၏ သဘောထားပင်တည်း။

ဘုန်းတော်ကြီးချုပ်သည် မူလအရိုးတောင်ဝှေးနှင့် ဆေးမင်သုံးမျိုးအား စစ်ပွဲအတွင်း ယူဆောင်သွားခြင်းကို ပြင်းပြင်းထန်ထန်ပင် ကန့်ကွက်၏။ သူ့စိတ်ထဲတွင် ထိုလုပ်ရပ်မှာ အရေးစွန့်ရာကျလွန်းသည်ဟု ခံစားမိလေသည်။

သို့သော် ဤအတွက် ငြင်းခုန်နေရန် အကြောင်းမရှိ။ စုချန်း အကြံမပြုလျင်ပင် အနူဘီသည် မူလအရိုးတောင်ဝှေးအား သူနှင့်အတူ ယူဆောင်သွားလိမ့်မည်သာ။ အကြောင်းမှာ မူလအရိုးတောင်ဝှေးသည် တော်ဝင်မိသားစု၏ တော်ဝင်ရတနာ ဖြစ်သည်။ ထို့ကြောင့် ဘုန်းတော်ကြီးချုပ်၏ ကန့်ကွက်မှုမှာ အဓိပ္ပာယ်မရှိ။

သို့သော် ဆေးမင်သုံးမျိုးအား ယူဆောင်သွားမည့်ကိစ္စကိုတော့ ဘုန်းတော်ကြီးချုပ်က လုံးဝ ငြင်းပယ်လိုက်လေသည်။ အနုဘီ၏ တမန်ဖြစ်သော စုချန်းကိုယ်တိုင် ထိုကိစ္စ မည်မျှ အရေးကြီးကြောင်း အထပ်ထပ်အခါခါ ပြောစေကာမူ ၎င်းကား ခေါင်းခါနေဆဲသာ။

အဖိုးကြီးကား သက်တမ်းရှည်လှပြီဖြစ်၍ သည်းခံနိုင်စွမ်း မြင့်မားလှ၏။ သူ့အမြင်တွင် အနီရောင်နှလုံးသားမှာ အရေးမကြီး။ နိုင်ငံရတနာများ မဆုံးရှုံးရန်သာ အရေးကြီး၏။ ၎င်းမှာ သက်ကြီးရွယ်အိုတိုင်းတွင် ရှိတတ်သော စိတ်ထားမျိုးဖြစ်၍ ဆန်းသည်ဟုတော့ မဆိုသာချေ။

နောက်ဆုံးတွင် အနူဘီ ဒေါသထွက်လာပြီး အစေခံဆယ့်နှစ်ယောက်အား သတ်ပစ်လိုက်တော့၏။ ထိုအခါကျမှ ဘုန်းတော်ကြီးချုပ်က တမျိုးတည်းသော ဆေးမင်အား ယူဆောင်သွားရန် ခွင့်ပြုလိုက်လေသည်။

အသက်ဓာတ်ဆေးမင်။

ဤဆေးမင်သည် နတ်ဘုရားကျောင်းတော်၏ ကျန်ရစ်သော ဆေးမင်သုံးမျိုးအနက် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ သတ်ဖြတ်သူများ၏ လိုအပ်ချက်နှင့် အသင့်တော်ဆုံးလည်း ဖြစ်သည်။

ဤဆေးမင်သည် အသုံးပြုသူအား အားကောင်းလှသည့် အသက်စွမ်းအားကို ပေးပြီး မသေမျိုးဘဝက်ို ပေးစွမ်းနိုင်သော စွမ်းရည်ရှိ၏။

ဤမျှ တန်ဖိုးကြီးသော ဆေးမင်အား ဘုန်းတော်ကြီးချုပ်က အနူဘီလက်ထဲသို့ ထည့်ပေးလိုက်ခြင်းပင်။

ဤယနေ့တွင် ကောင်းကင်တခွင်သည် အလွန်ကြည်လင်ပြီး လှပနေ၏။ စစ်ထွက်ရန် အကောင်းဆုံးသော အခါသမယပေတည်း။

နန်းရင်ပြင်တွင် စစ်သားနှစ်သိန်း စုဝေးနေ၏။ သစ္စာဆိုပြီး သူတို့ တရားဝင် စတင်ထွက်ခွာကြလေသည်။

စုချန်းသည် ဝံပုလွေတကောင်၏ ကျောပေါ်တွင် အခန့်သား ထိုင်နေ၏။ သူ့နောက်တွင် သတ်ဖြတ်သူစစ်သားငါးထောင်ရှိသည်။ ထိုအထဲတွင် လူသားစစ်သူရဲကောင်းများလည်း ပါဝင်နေ၏။

"ဒီကောင်တွေကို ဘာလို့ခေါ်လာသလဲ ကျုပ်နားမလည်ဘူး စစ်တပ်ထဲ သူတို့ကို ခေါ်လာတာ သွေးဆာနေတဲ့ မြေခွေးအုပ်ထဲ အသားတစ်ယူလာသလိုပဲ မြေခွေးတွေ အသားတစ်ကို ဝိုင်းဆွဲကြမှာ သေချာသလောက်ပဲ"

မေးခွန်းထုတ်လိုက်သူမှာ ဘလက်ချ်ဟုခေါ်ပြီး စုချန်း၏ လက်ထောက်ခေါင်းဆောင် ဖြစ်သည်။

"အသားတစ်တွေဆိုရင်တောင်မှာ ရန်သူက်ို လှည့်စားဖို့ ရန်သူ့ခံစစ်လိုင်းတွေကို ကျော်ဖြတ်ဖို့ သုံးနိုင်တယ် ဒါတင်မကသေးဘူး အသေခံတပ်ဖွဲ့အနေနဲ့လဲ သုံးနိုင်တယ် ဗိုလ်ချုပ်တဦးအနေနဲ့ မင်း စဥ်းစားဖို့လိုအပ်တာဆိုလို့ မင်းလက်အောက်ငယ်သားတွေဟာ မင်းအမိန့်အတိုင်း သစ္စာရှိရှိနဲ့ လိုက်ကြမလားဆိုတာပဲ လူသားဖြစ်ဖြစ် သတ်ဖြတ်သူဖြစ်ဖြစ် သားရဲဖြစ်ဖြစ်ပေါ့"

ဘလက်ချ် ခေါင်းညိတ်လိုက်၏။

"မှန်ပါတယ်ဗိုလ်ချုပ် သတ်ဖြတ်သူတွေဟာ သားရဲအချင်းချင်း တိုက်ခိုက်စေနိုင်ရင် လူသားတွေနဲ့ သားရဲတွေကိုလဲ တိုက်ခိုက်စေနိုင်ရမှာပေါ့ တခါတလေမှာ ကျုပ်တို့အနေနဲ့ တန်ဖိုးကိုပဲ တွက်နေလို့မရဘူး စိတ်ပိုင်းဆိုင်ရာကိုလဲ စဥ်းစားသင့်တယ်"

စုချန်း ပြုံးလိုက်သည်။

"မှန်တယ် စိတ်ပိုင်းဆိုင်ရာဟာ သိပ်အရေးကြီးတယ် ဒါပေမဲ့ မင်းအမြင်မှာ လူသားတွေ ပါလာတာ ကျုပ်တို့ကို စိတ်ဓာတ်ကျသွားစေမယ်လို့ မင်း မြင်နေတယ်မလား ကျုပ်ကတော့ စိတ်ဓာတ်တက်ကြွစရာလို့ မြင်နေတယ်"

"စိတ်ဓာတ်တက်ကြွစရာ ဟုတ်လား"

ဘလက်ချ် အံ့သြသွား၏။

"သတ်ဖြတ်သူအုပ်လ်ိုက်ကြီးထဲမှာ လူတစု ရောပါနေတာ မနှစ်မြို့စရာပဲ ဟုတ်သလား ဒါကြောင့် သတ်ဖြတ်သူတွေ စိတ်ပျက်ကုန်မယ်လို့ မင်း မြင်နေပုံပေါ်တယ် ဟုတ်သလား"

"မှန်ပါတယ်ဗိုလ်ချုပ်"

"ဒါပေမဲ့ ဒီလူသားတွေ တိုက်ပွဲအတွင်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တယ်ဆိုရင်ကောကွာ သတ်ဖြတ်သူတွေ ဘယ်လိုတုံ့ပြန်မယ်ထင်သလဲ"

"ကျုပ်အထင် သူတို့ စိတ်မသက်မသာ ဖြစ်ကုန်မယ်"

"စိတ်မသက်မသာဖြစ်ရုံတင် ဘယ်ကမလဲ ဒေါသထွက်ကုန်ကြမှာကွ ကျုပ်တို့ကသာ ဒီဒေါသကို သားရဲတွေဆီ ပြောင်းပေးနိုင်ခဲ့ရင် သိပ်က််ိုကြောက်စရာကောင်းတဲ့ တိုက်စစ်မျိုး ဖြစ်လာမယ်"

ထိုအခါကျမှ ဘလက်ချ် နားလည်သွား၏။

"မှန်လိုက်တာဗိုလ်ချုပ် သတ်ဖြတ်သူတွေဟာ အနိုင်ရလိုစိတ်ကြီးမားတယ် လူသားအကျဥ်းသားတွေ သူတို့ထက် စွမ်းရည်ကောင်းပြတာကို သူတို့ ကြည့်နိုင်မှာမဟုတ်ဘူး မီးကုန်ယမ်းကုန်ကို တိုက်ခိုက်ကြလိမ့်မယ် ကောင်းလိုက်တဲ့စိတ်ကူး ဒီစိတ်ကူးကို ဗိုလ်ချုပ် ဘယ်လိုရလာတာလဲ"

စုချန်း ခပ်တည်တည်နှင့် အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။

"ညဏ်နည်းသူတွေဟာ သူ့မျက်စေ့ရှေ့က အရာလောက်ကိုပဲ မြင်နိုင်တယ် ဒါပေမဲ့ ပညာရှိတွေကတော့ အနာဂတ်ကို မြင်နိုင်ကြတယ်"

__________×××________________×××_____________

ခုနှစ်ရက်အကြာတွင် သူတို့တပ်ကြီးသည် မိုးပျံဒီလှိုင်းမြစ်ဆီသို့ ရောက်ရှိလာ၏။

မိုးပျံဒီလှိုင်းမြစ်သည် အရှေ့နှင့် အနောက်အား ဆက်သွယ်နေပြီး သတ်ဖြတ်သူများ၏ ကျတ်တီးမြေအား အသက်ရှင်စေရန် အထောက်အပံ့ပေးလျက်ရှိသည်။ တနည်းအားဖြင့် ဤမြစ်သည် မြောက်ပိုင်းနယ်မြေတွင် နေထိုင်ကြသည့် သတ်ဖြတ်သူများအတွက် အသက်သွေးကြောပင် ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းသားများက ဤမြစ်အား မိခင်မြစ်ဟု ခေါ်ဝေါ်ကြ၏။

မြစ်အလွန်တွင်တော့ အဲမ်းတောင်၊ လမ့်တောင်နှင့် မီဝိုးတောင်ဟူ၍ တောင်သုံးသွယ် ရှိနေ၏။ ဤတောင်သုံးသွယ်အား မိုးပျံဒီလှိုင်းတောင်သုံးသွယ်ဟု ခေါ်ဝေါ်ကြလေသည်။

အဆိုပါ တောင်သုံးသွယ်၏ အလယ်ဗဟိုတွင် တောင်သုံးလုံးရဲတိုက် တည်ရှိ၏။

တောင်သုံးလုံးရဲတိုက်ကား သိပ်မကြာသေးခင်က သားရဲများ ဝင်ရောက်တိုက်ခိုက်ခဲ့သော ရဲတိုက်ပင်။

တောင်သုံးလုံးရဲတိုက်အား သိမ်းယူပြီးနောက် သားရဲများသည် ဆက်လက်ချီတက်ခြင်းမရှိတော့ပဲ နေရာတွင် အခြေပြုကာ ပြန်လည်စုဖွဲ့နေကြ၏။ ရှည်လျားသော တိုက်ပွဲကြောင့် သေဆုံးကုန်သော၊ ဒဏ်ရာရကုန်သော သားရဲများ များပြားလှလေရာ ၎င်းတို့အနေနှင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိကြတော့။

တောင်သုံးလုံးရဲတိုက်တိုက်ပွဲသည် သားရဲများ၏ နောက်ဆုံးတိုက်ပွဲပင် ဖြစ်သည်။

အနီရောင်နှလုံးသားသည်လည်း ထွက်ခွာသွားခြင်း မရှိသေး။ အကြောင်းမှာ အနူဘီတယောက် မူလအရိုးတောင်ဝှေးနှင့် အသက်ဓာတ်ဆေးမင်တို့အား အတူတကွ ယူဆောင်လာသည်ဟူသော သတင်းကို သူ ရထားသောကြောင့်ပင်။

ပို၍အရေးကြီးသည်မှာကား ခိုးယူခံလိုက်ရသော ရတနာများ၏ အငွေ့အသက်ကို သတ်ဖြတ်သူများအကြားဝယ် အနီရောင်နှလုံးသား အာရုံခံမိနေခြင်းပင် ဖြစ်သည်။

လူသားများ ခိုးယူသွားသည့် ရတနာများ သတ်ဖြတ်သူများထံ မည်သို့မည်ပုံ ရောက်နေမှန်း အနီရောင်နှလုံးသားမသိ။ အာရုံခံမိရုံနှင့်ပင် ရူးသွပ်လုမတတ် သူ ခံစားနေရခဲ့လေပြီ။

ထိုအခါ အနီရောင်နှလုံးသား ဆုံးဖြတ်ချက်ချလိုက်၏။ မည်သည့် တန်ရာတန်ကြေးမျိုး ပေးရစေကာမူ ဆုံးရှုံးသွားသော ရတနာများအား သူ ရအောင် ပြန်ယူတော့မည်။

_____________×××______________×××_____________

တရက်တာခန့် အနားယူပြီးသည့့်နောက် သတ်ဖြတ်သူစစ်သားနှစ်သိန်းပါဝင်သည့့် တပ်ဖွဲ့ကြီးသည် တောင်သုံးလုံးနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာ၏။

ဤတကြိမ်တွင်တော့ သတ်ဖြတ်သူများက တိုက်စစ်အနေအထား ဖြစ်သည်။

"တချီတည်းနဲ့ ဒီကောင်တွေကို လက်ရဖမ်းကြတာပေါ့ကွာ"

အနူဘီ ဟိတ်ကြီးဟန်ကြီးနှင့် ရေရွတ်လိုက်လေသည်။

***

All Chapters