အကြံပြုချက်
Vol. 72 Ch. 712
အနူဘီသည် ထိုစကားကို ပြောရုံမျှသာ ပြောလိုက်ခြင်းမဟုတ်။
အနီရောင်နှလုံးသား၏ စိတ်ပိုင်းဆိုင်ရာကို စုချန်းက ရှင်းပြပြီးနောက် သားရဲများအား အမှန်တကယ်ပင် အပြတ်ရှင်းနိုင်မည်ဟု သူ ယုံကြည်နေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် တပ်ဖွဲ့များစုံသည်နှင့် အနူဘီက ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။
"ဘာ သူတို့ကို ဝိုင်းထားမယ် ဟုတ်လား အရှင်မင်းကြီး ဒီလိုလုပ်ဖို့ လိုမှမလိုတော့တာပဲ ကျုပ်ကိုသာ တပ်ဖွဲ့တွေကို ဦးဆောင်ခွင့်ပေးလိုက်ပါ ကျုပ် အကုန်ရှင်းပစ်လိုက်မယ်"
ပင်မရွက်ဖျင်တဲကြီးအတွင်းဝယ် မာလစ်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ၎င်းသည် အနူဘီ အယုံကြည်ရဆုံး ဗိုလ်ချုပ်တဦးဖြစ်ပြီး မီးလျံအသိုက်၏ နံပါတ်တစ် စစ်သည်တော်လည်း ဖြစ်သည်။
သူ့ပုံစံမှာ ရိုးစင်း၏။ ကြမ်းတမ်း၏။ ဒဲ့ဒိုးဆန်၏။
ကျန် ဗိုလ်ချုပ်များလည်း အနူဘီ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ကြပြန်သည်။
"တောင်သုံးလုံးနယ်မြေဟာ ရန်သူကို ဝန်းရံဖို့ ကောင်းတဲ့နေရာမဟုတ်ဘူး မြေမျက်နှာသွင်ပြင်အနေအထားက ရှုပ်ထွေးလွန်းတယ် ဒါကြောင့် ကျုပ်တို့တပ်တွေ တပ်ဖြန့်ဖို့ သိပ်ခက်တယ် ခုလို ဝန်းရံထားရင်တောင် သက်ရောက်ဖို့ ခက်တယ် "
ချင်းဘက်၏ မှတ်ချက်ပင် ဖြစ်သည်။
ချင်းဘက်သည် အနူဘီ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး တပ်ဖွဲ့၏ ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအတွက် အဓိက တာဝန်ရှိသူ ဖြစ်သည်။ ထိုမျှသာမကသေး သူသည် အနူဘီ၏ အကြံပေးတဦးလည်း ဖြစ်၏။
မည်သို့ဆိုစေ ချင်းဘက်သည် အသက်၂၀၀ရှိပြီဖြစ်၍ အိုလှပေပြီ။ ထို့ကြောင့် သူက စကားက်ို ဂရုတစိုက်နှင့်ပင် ပြောဆိုလိုက်၏။ သို့တိုင်အောင် ချင်းဘက်၏ စကားကြောင့် အနူဘီ အတော်ပင် မအီမသာ ဖြစ်သွားလေသည်။
"အမှန်အတိုင်း ပြောရရင် ဒါ တော်တော်ကို ဆိုးဝါးတဲ့အကြံပဲ မြေအနေအထားကြောင့် ရန်သူကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ကျုပ်တို့ အနည်းဆုံး တရက်အချိန်ယူရမယ် အဲဒီအချိန်မှာ သားရဲတွေ တိုက်ခိုက်လာရင် ကျုပ်တို့ ခံစစ်လိုင်းတွေ ပွင့်ထွက်သွားနိုင်တယ် သူတို့တိုက်ခိုက်မှုကို ကျုပ်တို့ ထိန်းထားနိုင်ရင်တောင် ဘာမှအသုံးမဝင်ဘူး မြေအနေအထားကြောင့် ကျုပ်တို့တပ်ဖွဲ့တွေ အကုန်ပြန့်ကျဲပြီး အဖွဲ့ငယ်လေးတွေ ဖြစ်ကုန်မှာပဲဗျ သားရဲတွေက ဒါက်ို အခွင့်ကောင်းယူပြီး အဖွဲ့ငယ်တွေကို ရှင်းပစ်လိမ့်မယ်"
ဗိုလ်ချုပ်တဦးဖြစ်သူ ဂူချာကတော့ ပွင့်ပွင့်လင်းလင်းပင် ဝေဖန်လိုက်၏။
"ဒါ ကျုပ် အစီအစဥ်ပဲကွ ကျုပ် အနီရောင်နှလုံးသားကို အရှင်ဖမ်းချင်တယ်"
ထိုအခိုက်မှာပင် ဂူချာက သတ်ဖြတ်သူများ၏ စစ်မှန်သော အရည်အသွေးတရပ်ကို ထုတ်ပြလိုက်လေသည်။ ထိုအရည်အသွေးမှာကား ခေါင်းမာခြင်းပင်။
သူက ထပ်ပြောလိုက်ပြန်၏။
"ဒီအစီအစဥ်က တလွဲကြီးပဲ ကျုပ်တို့ အရှက်တကွဲနဲ့ ရှုံးလိမ့်မယ်"
"တိတ်စမ်း ခွေးမသား"
အနူဘီ ဒေါသတကြီးနှင့် ခုန်ထလိုက်၏။
"ငါ မင်းကို သတ်မိတော့မယ်"
ပြောပြောဆိုဆို သူက ဂူချာအား လက်သီးနှင့် လှမ်းထိုးလိုက်၏။
"ခင်ဗျား ဘုရင်ဆိုတိုင်း လုပ်ချင်ရာလုပ်လို့ရမယ် မထင်နဲ့"
ဂူချာကလည်း အထက်ပါအတိုင်း ပြန်အော်ပြီး အနူဘီအား ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ဤမျှ ကသုတ်ကရက်နိုင်သော အဖြစ်အပျက်အား စုချန်း ဤတကြိမ်သာ မြင်ဖူးခြင်းပင်။ သတ်ဖြတ်သူများ၏ ရူးသွပ်မိုက်မဲပုံက်ို အတော်အတန် သိထားပြီးသည့်တိုင် တကယ်တမ်း ကြုံလာရသောအခါ စုချန်း ပါးစပ်အဟောင်းသား မဖြစ်ပဲ မနေနိုင်တော့။
ဘုရင်နှင့် ဗိုလ်ချုပ်သည် အထက်ပါအတိုင်း ခိုက်ရန်ဖြစ်ပွားပြီး တိုက်ခိုက်နေကြ၏။ ကျန် စစ်သားများမှာကား ကြောက်ရွံ့ဖို့ဝေးစွ။ ၎င်းတို့နှစ်ဦးအား ဝန်းရံကာ အော်ဟစ်အားပေးနေကြလေသည်။
၆ကြိမ်တိုင် နှစ်ခြင်းခံထားသည့်အပြင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသူဖြစ်၍ ဂူချာ၏ အင်အားသည် အနူဘီထက်ပင် သာလွန်နေသေး၏။ သို့သော် အနူဘီသည်လည်း ဘုရင်တဦးပီပီ မာန်တော့မလျော့။
သူသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း အထက်ပါအတိုင်း အော်ဟစ်နေ၏။
"ဒါ တာကူရှာမဟုတ်ဘူး မြင့်မြတ်တဲ့ အနူဘီမီးလျံကိုယ်တိုင် မင်းကို အပြစ်ပေးနေတာကွ မင်း နောက်ဆုတ်မသွားနဲ့ ခွေးသား မင်း ငါ့ကို ဒဏ်ရာရအောင်လုပ်ရင် သစ္စာဖောက်လို့ သတ်မှတ်ခံရမယ်"
"ငါ့ကို ဒီလို ပြစ်ဒဏ်တပ်မယ်လို့ စိတ်တောင်မကူးနဲ့ကွ"
ဂူချာကလည်း အထက်ပါအတိုင်း ပြန်အော်ပြီး တိုက်ခိုက်လိုက်သည်။ သို့သော် သူ့တိုက်ခိုက်မှုမှာ အနည်းငယ်တော့ တုံ့ဆိုင်းသွား၏။
တိုက်ပွဲသည် သိပ်မကြာမီ အဆုံးသတ်သွား၏။ နောက်ဆုံးတွင် ဂူချာသည် အနူဘီ၏ ကန်ချက်တချို့ကို ခံလိုက်ရပြီး အနူဘီသည်လည်း ဂူချာ၏ လက်သီးဒဏ်ကို ခံလိုက်ရလေသည်။
အစည်းအဝေးကား ရန်ပွဲနှင့် အစပြုခဲ့ပြီ ဖြစ်သည်။
အနူဘီ မကျေမချမ်းနဲ့ ရေရွတ်လိုက်၏။
"ဆာချာသေသွားတာတောင် ကျုပ် လွတ်လပ်ခွင့်မရသေးပါလား"
"မင်းရဲ့ ကျပ်မပြည့်တဲ့လုပ်ရပ်ဟာ မျိုးစိတ်တခုလုံးကို ကပ်သင့်စေလိမ့်မယ် မင်းအနေနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ပိုကောင်းလိမ့်မယ်"
တဲထောင့်မှ အိုမင်းရင့့်ရော်သော အသံတသံံ ထွက်ပေါ်လာ၏။
အသံရှင်မှာ လမ်းလျှောက်တုတ်ကိုင်ထားပြီး ဆံပင်များဖြူဖွေးနေသည့့် အဖိုးကြီးတဦး ဖြစ်သည်။ ၎င်းသည် အိုမင်းလှပြီ ဖြစ်သော်လည်း သတ်ဖြတ်သူတိုင်း သူ့ကို လျော့မတွက်ရဲ။
အကြောင်းမှာ ၎င်းသည် သတ်ဖြတ်သူမျိုးစိတ် ဗဟိုနတ်ဘုရားကျောင်းတော်၏ အကြီးအကဲဖြစ်သူ ဂွန်းကောက် ဖြစ်သောကြောင့်ပင်။ တနည်းအားဖြင့် ၎င်းသည် သံနှင့်သွေးနိုင်ငံနှင့် အုပ်ချုပ်သူတိုင်းကို ကိုယ်စားပြုနေ၏။ ထို့ကြောင့် ဂွန်းကောက်အား သတ်ဖြတ်သူမျိုးစိတ်၏ သရဖူမဆောင်းထားသော ဘုရင်ဟု သတ်မှတ်နိုင်ပေသည်။ ဂွန်းကောက်၏ အထောက်အပံ့မရလျင် မည်သည့်တိုက်ပွဲမှ အောင်မြင်လေ့မရှိ။
ဂွန်းကောက်၏ ဆုံးမစကားကို ကြားလိုက်သောအခါ ခေါင်းမာပြီး အတ္တကြီးလှသော အနူဘီပင် ခေါင်းငုံ့သွားတော့၏။
"ကောင်းပြီလေ ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ မြို့တော်ကို တိုက်ရိုက်တိုက်ခိုက်ကြမလား"
အနူဘီက အောက်ကလိအာလေသံနှင့် မေးလိုက်သည်။
"ဒါ စိတ်ကူးကောင်းလို့ ကျုပ် ထင်တာပဲ"
လင်ကာရွန်းက ပြုံးစေ့စေ့နှင့် ဝင်ပြောလိုက်၏။
"ထွီ သားရဲတွေမှာ နတ်ဆိုးအရှင်သခင် အကောင်၃၀အပါ သားရဲတသိန်းလောက် ရှိသေးတယ် ဒီကောင်တွေကို လွယ်လွယ်နဲ့ ဝင်တိုက်လို့ရမယ်ထင်သလား"
ချင်းဘက်က ကန့်ကွက်လိုက်၏။
"ကျုပ်တို့ ဒီကောင်တွေနဲ့ ရင်ဆိုင်ဖို့နည်းလမ်း ရှာဖို့လိုနေသေးတယ်"
"သားရဲတွေက သိပ်မတွေးတတ်ပါဘူးလေ"
လင်ကာရွန်းက ရေရွတ်လိုက်သည်။
"ကျုပ်တို့ ထောက်ချောက်ထဲ သူတို့ဖာသာသူတို့ ဝင်လာအောင် ကျုံးသွင်းရင်ကော"
စုချန်းက ဝင်မေးလိုက်၏။
ဆွေးနွေးတိုင်ပင်နေသူများထဲတွင် စုချန်းသည် ရာထူးအားဖြင့် အငယ်ဆုံးဆိုသော်လည်း ဘုရင်၏ အယုံကြည်ရဆုံးသူဖြစ်၍ သူ့အနေနှင့် ဝင်ရောက်ပြောဆိုခွင့် ရှိနေ၏။
"တိတ်စမ်း ခွေးသား မင်း ပါးစပ်ကို ပိတ်ထားစမ်း"
သို့သော် ဂူချာက စုချန်းအား ဆဲဆိုလိုက်၏။
"သူ ပြောစမ်းပါစေဂူချာ ပညာရှိသူဟာ ရနိုင်သမျှ အကြံညဏ်တွေကို ယူရတယ်ကွ"
ဂွန်းကောက်က အေးဆေးသော လေသံနှင့် ဟန့့်တားလိုက်သည်။
စုချန်း ပုခုံးတွန့်လိုက်၏။
"ရှင်းပါတယ် အနီရောင်နှလုံးသား ဘာကြောင့် နောက်မဆုတ်သွားသေးမှန်း ကျုပ်တို့ သိနေတာပဲ သူ မူလအရိုးတောင်ဝှေးနောက်ကို လိုက်နေတာ ကျုပ်တို့ သူ့ကို အခွင့်အရေးပေးလိုက်ရင် သူ ရှေ့တိုးလာမှာ သေချာတယ်"
ဂူချာ အံ့သြသင့်သွား၏။
"မင်း ပြောနေတာက အရှင်မင်းကြီးဟာ"
"ကျုပ်ဆိုလိုတာ အဲဒီသဘောပါပဲ အရှင်မင်းကြီးရဲ့ စစ်ရထားသာ ချီတက်လာရင် သူအခွင့်အရေးရပြီလို့ အနီရောင်နှလုံးသား ထင်မှာပဲ"
"မင်းဟာက အရှင်မင်းကြီးကို အန္တရာယ်ကြားထဲ တွန်းပို့နေတာပဲကွ"
ချင်းဘက်က ထအော်လိုက်၏။
"အရှင်မင်းကြီး ဘာအန္တရာယ်မှ ကျရောက်စရာမရှိပါဘူးဗျာ ကျုပ်တို့ အရှင်မင်းကြီးနေရာမှာ အစားထိုးလို့ရတာပဲ တခုတော့ရှိတယ် အစားထိုးမဲ့သူဆီမှာ မူလအရိုးတောင်ဝှေးအစစ်နဲ့ အသက်ဓာတ်ဆေးမင် ပါသွားဖို့တော့ လိုတာပေါ့"
စုချန်း၏ အကြံညဏ်ကြောင့် ဗိုလ်ချုပ်တိုင်း တယောက်က်မျက်နှာကို တယောက်က် ကြည့်မိလိုက်ကြ၏။
"ဒါ ထောင်ချောက်မှန်းမသိပဲ အနီရောင်နှလုံးသား တကယ်လိုက်လာမယ်ဆိုတာ မင်း သေချာရဲ့လား"
"သူ လိုက်လာမှာ သေချာတယ် ရတနာတွေကို မြင်တာနဲ့ သူ အငမ်းမရကို လိုက်လာလိမ့်မယ် သူ့ရဲ့အစောပိုင်းလုပ်ရပ်တွေက ဒါက်ို သက်သေပြပြီးခဲ့ပြီ"
စုချန်းက ယုံကြည်မှုရှိသောလေသံနှင့် ဖြေလိုက်သည်။
"ဒါပေမဲ့ အနီရောင်နှလုံးသားကို အလွယ်တကူ လှည့်စားလို့မရဘူး သာမာန်ရုပ်ဖျက်တာလောက်ကို သူက ရယ်လိမ့်မယ်"
ဂူချာက ပြောလိုက်ပြန်သည်။
"လူသားတွေမှာ ရုပ်ပြောင်းလို့ရတဲ့ လျှို့ဝှက်နည်းစနစ်တရပ်ရှိတယ်လို့ သိရတယ် ဟုတ်သလား"
စုချန်း၏ မေးခွန်း ဖြစ်သည်။ ဂူချာက အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။
"မှန်တယ် ဒါပေမဲ့ အဲဒီနည်းလမ်းက်ို လူတချို့လောက်ပဲ တတ်တာ"
ဂူချာ၏ အဖြေကို ကြားသည်နှင့် စုချန်းက ပြုံးလိုက်သည်။
"ကျုပ်ဆီမှာ လူသားတွေရှိနေတာ ခင်ဗျားတို့ မမေ့နဲ့လေ တိုက်ဆိုင်စွာပဲ အဲဒီထဲကတယောက်မှာ ဒီလိုစွမ်းရည်မျိုး ရှိနေတယ်"
ထိုစဥ် ဂွန်းကောက်က မေးလိုက်၏။
"ဒါဆို အဲဒီစွမ်းရည်ကို အသုံးချပြီး ဒီကောင် ဘာလို့ မထွက်ပြေးလဲ"
"ဒီနည်းစနစ်က သိမ်းငှက်မျက်လုံးကို မလှည့်စားနိုင်ပါဘူးခင်ဗျာ"
ထိုအခါ ဂွန်းကောက်က ပြောလိုက်၏။
"ဒါဆို ရှင်းနေပြီပဲ သူ သိမ်းငှက်မျက်လုံးကို မလှည့်စားနိုင်ဘူးဆိုရင် အနီရောင်နှလုံးသားကိုလဲ လှည့်စားနိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကျုပ်တို့အနေနဲ့ အနီရောင်နှလုံးသားက်ို အလုံးစုံ လှည့်စားနေစရာလဲ မလိုဘူးလေ ဒီလူသား ရုပ်ပြောင်းထားတာကို အနီရောင်နှလုံးသား သတိမထားမိအောင် ခနတဖြုတ် အချိန်ဆွဲထားရုံပဲ ဟုတ်တယ်မလား"
"ဒီတော့ ကျုပ်တို့က မူလအရိုးတောင်ဝှေးနဲ့ အသက်ဓတ်ဆေးမင်ကို လူသားတယောက်က်လက်ထဲ ထည့်ပေးလိုက်ရမှာပေါ့ ဟုတ်လား"
ဂူချာက မေးလိုက်ပြန်၏။
"သတ်ဖြတ်သူစစ်သည်နှစ်သိန်း ဝန်းရံထားတဲ့ လူသားတယောက်ပါ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ပြီးတော့ ကျုပ်က အကြံပြုရုံသက်သက်ပါလေ ခင်ဗျားတို့မှာ ဒီထက်ကောင်းတဲ့ အကြံရှိရင် ပြောကြပါ"
______________×××____________×××______________
တောင်သုံးလုံးရဲတိုက်။
အနီရောင်နှလုံးသားသည် မိကျောင်းကြီးရှစ်ကောင်ထမ်းပိုးထားသည့် သွေးနန်းတော်ထဲတွင် အခန့်သား ထိုင်နေ၏။
ပလ္လင်ပေါ်ရှိ အနီရောင်နှလုံးသား၏ ပုံစံသည် အလွန်တင့်တယ်သော သက်လတ်ပိုင်းအရွယ်လူတယောက်ပုံစံ ရှိ၏။ သို့သော် သူ့ကိုယ်တွင်းမှ ထွက်ပေါ်နေသော အနက်ရောင်အခိုးအငွေ့များကြောင့် မြင်ရသည်မှာ တမျိုးတဖုံ ဆန်းကြယ်နေလေသည်။
အရိုးခေါင်းများနှင့် ဖန်တီးထားသည့် ပလ္လင်ပေါ်တွင် ထိုင်နေသော အနီရောင်နှလုံးသားသည် ခေါင်းမော့ကာ အိပ်မောကျနေ၏။ သို့သော် သူ့လက်ထဲရှိ အနီ၊ အနက်၊ အပြာ ရတနာသုံးပါးမြုပ်နှံထားသော တောင်ဝှေးသည် အလှည့်ကျစီ အရောင်တောက်နေခြင်းကြောင့် ၎င်း အမှန်တကယ် အိပ်ပျော်နေခြင်းမဟုတ်မှန်း သိသာနေသည်။
ထိုအခိုက်မှာပင် အနီရောင်နှလုံးသား၏ မျက်လုံးအစုံသည် ဖြတ်ခနဲ ပွင့်လာ၏။
ထို့နောက် သူက အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ရတနာတွေ...ငါ့ရတနာတွေရဲ့ အငွေ့အသက်က်ို ငါ ကောင်းကောင်းခံစားမိနေတယ်"
***