← Chapters

ဧကရာဇ်များအကြားတိုက်ပွဲ ၁

Vol. 72 Ch. 717

ဧကရာဇ်များအကြားတိုက်ပွဲ ၁

Vol. 72 Ch. 717

စုချန်း ထွက်ခွာသွားသည်နှင့့် အနူဘီသည်လည်း တပ်ဆုတ်သွား၏။

သမိုင်းတွင် မှတ်တမ်းတင်ရန်ဟူသော ဆန္ဒကို သူ အလုံးစုံ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ ယခု သူ အဖြစ်ချင်ဆုံး ဆန္ဒမှာ နတ်ဆိုးဧကရာဇ်သားရဲကြီး၏ အမဲလိုက်ခြင်းမှ လွတ်မြောက်ရန်ပင်။

ထိုအခါ ဂူချာက ပြောလိုက်၏။

"အရှင်မင်းင်းကြီး ဒီနေရာက အမြန်ဆုံး ထွက်သွားပါတော့ ကျုပ် ကာကွယ်ထားမယ်"

ဘုရင်အနေနှင့် ထွက်ပြေးနိုင်သော်လည်း စစ်သူကြီးဖြစ်သည့့် ဂူချာကတော့ ထွက်မပြေးနိုင်။

အနူဘီက ဂူချာကို ဖြတ်ခနဲလှမ်းကြည့်ရင်း ပြောလိုက်သည်။

"အဲဒါဆိုရင်လဲ ဒီနေရာကို မင်းနဲ့ပဲ ကျုပ် ထားခဲ့တော့မယ်"

စကားဆုံးသည်နှင့် သူသည် အနည်းငယ်မှ တုံ့ဆိုင်းခြင်းမရှိပဲ နေရာမှ ထွက်ခွာသွားလေသည်။

အနူဘီ၏ ကသောကမြောနိင်လှသော အမူအရာကို ကြည့်ရင်း ဂူချာ သက်ပြင်းချလိုက်၏။

သူသေဆုံးသွားသည့့်နောက်တွင် အနူဘီသည် တားဆီသူမရှိတော့မည့့် ဘုရင်ဖြစ်လာတော့မည် မဟုတ်ပါလား။ ဂူချာ စိတ်ကိုတင်းရင်း အဝေးဆီသို့ လှမ်းကြည့်လိုက်၏။

ထိုအချိန်တွင် လေပေါ်နန်းတော်သည် သတ်ဖြတ်သူတပ်ကြီး၏ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုအခိုက်ဝယ် လေပေါ်နန်းတော်အတွင်းမှ သွေးကဲ့သို့နီရဲသော အမှုန်တန်းကြီးတတန်းသည် ဝုန်းခနဲ တိုးထွက်လာ၏။ ထို့နောက် ၎င်းသည် တိုက်ပွဲစည်းဝိုင်းကြီး၏ တဝက်ခန့့်ကို ဖုံးလွှမ်းသွားတော့၏။ ဂယက်ထနေသော မူလစွမ်းအင်လှိုင်းများသည်ပင် အဆိုပါ သွေးနီရောင်မီးခိုးအား ပျောက်ကွယ်သွားစေရန် စွမ်းဆောင်နိုင်ခြင်းမရှိချေ။

ထို့နောက် လေပေါ်နန်းတော်အတွင်းမှ အရိပ်တရိပ်သည် သွေးနီရောင်မီးခိုးတန်းကြီး၏ သွားရာနောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာတော့သည်။

အဆိုပါအရိပ်သည် သက်လတ်ပိုင်းအရွယ်ခန့့်ရှိပြီး ခန့့်ငြား၏။ ၎င်း၏ လက်တွင် အရောင်သုံးမျိုးစပ်ကျောက်မျက်တပ် တုတ်တချောင်းကို ကိုင်ထားပြီး မီးခိုးတန်းပေါ်တွင် တင့်တယ်စွာ လမ်းလျှောက်လျက်ရှိသည်။ ၎င်း၏ လမ်းလျှောက်ပုံမှာ သက်တောင့်သက်သာရှိလှသော်လည်း ခြေတလှမ်းစီတိုင်းသည် တာသွားလှ၏။ အမှန်အတိုင်းပြောရလျင် ၎င်းသည် လမ်းလျှောက်နေခြင်းမဟုတ်။ မီးခိုးတန်းကသာ ၎င်းကို သယ်ဆောင်လာခြင်း ဖြစ်သည်။ မျက်စေ့တမှိတ်အတွင်းမှာပင် ၎င်း ဂူချာ၏ အပေါ်သို့ ရောက်ရှိလာ၏။

လေထဲတွင် ဓားရောင်များ ဝင်းလက်သွား၏။

ထိပ်ဆုံးအဆင့် ဆေးမင်ထိုးစစ်သည်တော်တဦးဖြစ်သော ဂူချာသည် သူ့အင်အားကို အစွမ်းကုန်ဖော်ထုတ်လိုက်လေသည်။ ထို့ကြောင့် အဆိုပါ ရိုးရှင်းလှသော ဓားချက်တွင် ကြောက်စရာကောင်းလှသည့့် အရှိန်အဟုန်များ ပါဝင်လာတော့၏။ ဓားချက်မှာ ပြင်းထန်လှပေရာ ဓားတချက်တည်းနှင့် တောင်ကြီးထက်ခြမ်းကွဲသွားမည်ဟု ထင်ရပေသည်။

အဆိုပါ ဓားချက်သည် သူ့တဘဝလုံး တိုက်ခိုက်ဖူးသမျှတွင် အကောင်းဆုံးဓားချက်ဟု ဂူချာခံစားလိုက်ရ၏။ အနီရောင်နှလုံးသားကိုယ်တိုင်ပင် ထိုဓားချက်ကို သတိကြီးစွာ ခုခံရပေလိမ့်မည်။

သို့သော် ဂူချာ၏ ယူဆချက်မှာ မှားယွင်းနေ၏။

အနီရောင်နှလုံးသားသည် မီးခိုးတန်းပေါ်တွင် ခပ်တည်တည်နှင့် လမ်းလျှောက်လျက်ရှိသည်။ ၎င်း၏ လမ်းလျှောက်ပုံနှင့် အမြန်နှုန်းသည် ထူးဆန်းသော မျှချှေတခုသို့ ရောက်ရှိနေပြီဟု ထင်မှတ်ရ၏။ ၎င်း၏ ဖြစ်တည်မှုကြီးတခုလုံးသည်လည်း အစစ်အမှန်မဟုတ်ဟု ထင်မှတ်ရလေသည်။

ဂူချာ၏ ဓားချက်ထွက်ပေါ်လာသော်လည်း ၎င်း ရှောင်တိမ်းရန် မကြိုးစားသလို ခုခံရန်လည်း မကြိုးစား။ လမ်းသာလျှောက်နေ၏။

ဂူချာ၏ ဓားချက်သည် အနီရောင်နှလုံးသားကို ခုတ်ဖြတ်မိသော်လည်း လေကိုသာ ခုတ်မ်ိသည်ဟု ထင်မှတ်ရသည်ည်။ တနည်းည်းအားဖြင့် အနီရောင်နှလုံးသားသည် အခြားဒိုင်မင်းရှင်းတခုသို့ ရောက်ရှိနေသည်နှင့်ပင် တူနေ၏။

တချိန်တည်းမှာပင် အနီရောင်နှလုံးသားလက်ထဲရှိ တုတ်ချောင်းမှ အနက်ရောင်ကျောက်မျက်သည် အရောင်တောက်လာ၏။ ထို့နောက် အနက်ရောင်အလင်းတန်းတခုသည် ဂူချာ၏ ကိုယ်ခန္ဓာအား ထိမှန်သွားတော့သည်။ ထိုအခါ ဂူချာ၏ တကိုယ်လုံးသည် တဖြည်းဖြည်း ညှိုးနွမ်းလာတော့၏။

ဂူချာ၏ အားကောင်းလှသော အသက်ဓာတ်စွမ်းအင်ပင် အဆိုပါ ပျက်စီးမှုကို မကာကွယ်နိုင်။ ကြည့်နေရင်းနှင့်ပင် ဂူချာသည် အိုမင်းရင့့်ရော်လာ၏။ အသက်စွမ်းအင်များ ဆုံးရှုံးလာ၏။

အနီရောင်နှလုံးသားက ဂူချာအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သိပ်တော်တဲ့ စစ်သည်တော်ပဲ ဒါပေမဲ့ ကံမကောင်းစွာပဲ မင်း သေရတော့မယ်"

စကားဆုံးသည်နှင့် အနက်ရောင်လှိုင်းများ ဂူချာ၏ တကိုယ်လုံးကို ဝါးမြိုသွားတော့သည်။

ဂူချာအား သတ်ပစ်ပြီးသည်နှင့် အနီရောင်နှလုံးသား လမ်းဆက်လျှောက်နေ၏။ ၎င်း၏ လမ်းလျှောက်ပုံမှာ မမြန်လှ။ သို့သော် ၎င်းနှင့် အနူဘီကြားအကွာအဝေးက ကျဥ်းမြောင်းလာသည်မှာ အမှန်ပင်။ သိပ်မကြာမီ ၎င်းနှင့် အနူဘီကြားအကွာအဝေးသည် ခဲတပစ်စာသာ ကျန်တော့၏။

ထိုအခါ အနီရောင်နှလုံးသားက ပြောလိုက်၏။

"ဘုရင်ကြီး အနူဘီ ကျုပ်လက်ထဲ ရတနာတွေ ပြန်ထည့့်ပေးလိုက်ရင် အတိတ်မှာ ဖြစ်ခဲ့သမျှတွေကို ကျုပ် မေ့ပစ်လိုက်မယ် ယုတ်စွအဆုံး ကျုပ် လက်အောက်ငယ်သား ဒီသားရဲတွေက်ိုပါ မင်း ယူသွားနိုင်တယ်"

အနူဘီ ခေါင်းခါလိုက်၏။

"မင်း ဘာတွေပြောနေမှန်း ကျုပ် မသ်ိဘူး"

အနီရောင်နှလုံးသား မျက်မှောင်ကုတ်သွား၏။

"ကျုပ် ကြားချင်တာ ဒီစကားမဟုတ်ဘူး"

"မင်း ဒါပဲရမယ်"

ထိုအချိန်တွင် သတ်ဖြတ်သူစစ်သည်တော်တဦးက ပုဆိန်ဖြင့် အနီရောင်နှလုံးသားအား လှမ်းပစ်လိုက်သည်။

သို့သော် အနီရောင်နှလုံးသားက ဂရုပင်မစိုက်။ သူက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ပုဆိန်သည် လေထဲမှာပင် ရပ်တန့့်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဒါ မင်းရဲ့ နောက်ဆုံးအဖြေပဲလား"

ထိုအချိန်ထိ အနူဘီကား တလကြမ်း ဆုတ်ခွာနေဆဲပင်။

အနီရောင်နှလုံးသား သည်းခံစိတ်များ ကုန်ဆုံးသွားဟန်တူသည်။

"သနားစရာကောင်းလိုက်လေ"

တဆက်တည်းမှာပင် သူ့လက်ထဲရှိ တုတ်တိုမှ အပြာရောင်အလင်းတန်းတခု တိုးထွက်လာလေသည်။ အနီအလင်းတန်း အနူဘီအား ထိခါနီးဆဲဆဲမှာပင် အိုမင်းရင့့်ရော်သော လက်တစုံက ၎င်း၏ လမ်းကြောင်းအား ပိတ်ဆို့လိုက်၏။

၎င်းမှာ ဂွန်းကောက်ပင်။

ဂွန်းကောက်က အနီရောင်နှလုံးသားအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သားရဲဧကရာဇ်ကြီး ဒီမှာ မင်းလိုချင်တာ မရှိဘူး"

အနီရောင်နှလုံးသား လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင်အလင်းတန်းများသည် အလင်းမှုန်များအဖြစ် ပြောင်းလဲပြီး လေထဲတွင် ပျောက်ကွယ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဒါပေမဲ့ အငွေ့အသက်တွေကို ကျုပ် အာရုံခံမိနေတယ်"

ဂွန်းကောက်၏ အမူအရာမှာ တည်ကြည်လေးနက်လာ၏။

"ကြီးကြီးမားမားတခုခု နားလည်မှုလွဲနေပြီလို့ ကျုပ်ကတော့ ထင်တယ်"

"ဘာမှ နားလည်မှုလွဲနေတာမရှိဘူး ကျုပ်တို့ အချိန်ဖြုန်းနေတာပဲကွ"

စကားဆုံးသည်နှင့် အနီရောင်နှလုံးသား စတင်တိုက်ခိုက်လိုက်တော့သည်။

အပြာရောင်အလင်းတန်း ပြန်လည်တောက်ပလာသည်နှင့် အရာအားလုံး နှေးကွေးသွား၏။ ယုတ်စွအဆုံး လေထုသည်ပင် နှေးကွေးသွားသည်ဟု ထင်မှတ်ရသည်။ ၎င်းသည် ရှီကိုင်းဟွမ်၏ ဆူမာရုလေဟာနယ်နှင့် ခပ်ဆင်ဆင်တူ၏။ သို့သော် ၎င်းတို့အကြား အကြီးမားဆုံး ကွဲပြားခြားနားချက်မှာ ရှီက်ိုင်းဟွမ်၏ ဆူမာရုလေဟာနယ်သည် မူလစွမ်းရည် ဖြစ်နေ၏။ အနီရောင်နှလုံးသား၏ အပြာရောင်အလင်းတန်းသည်ကား အပြာရောင်ပိုင်နက်အမည်ရှိ အနီရောင်နှလုံးသား၏ သီးခြားပိုင်ဆိုင်သော စွမ်းရည်တခု ဖြစ်နေခြင်းပင်။ မူလစွမ်းရည်ဟူသည် တကြိမ်သာ အစွမ်းရှိပြီး ကြာရှည်ထိမ်းသိမ်းထားရန် ခက်ခဲ၏။ အနီရောင်နှလုံးသား၏ အထူးစွမ်းရည်မှာကား ကြာရှည်ထိမ်းသိမ်းထားနိုင်၏။ ပို၍ အရေးကြီးသည်မှာ ၎င်းကို အစွမ်းပြယ်အောင် ပြုလုပ်၍ မရခြင်းပင်။

သို့သော် သတ်ဖြတ်သူများအဖို့ အမြင့်ဆုံးအဆင့့်ထိ နှစ်ခြင်းခံပြီးပါက မည်သည့့် မူလစွမ်းရည်မှ အထူးတလည် ထုတ်သုံးနေရန် မလ်ိုိုတော့။ အနီရောင်နှလုံးသား၏ အထူးစွမ်းရည်မျိုးကို ၎င်းတို့၏ အာကောင်းလှသော ရုပ်ပိုင်းဆိုင်ရာသက်သက်နှင့်ပင် တောင့်ခံနိုင်၏။

ပြသနာမှာ မီးလျံအသိုက်တွင် အဆိုပါအဆင့့်ထိ ရောက်ပြီးသူ နှစ်ဦးသာ ရှိ၏။ထိုနှစ်ဦးအနက် တဦးမှာ ဆာချာဖြစ်ပြီး ကျန်တဦးမှာ ဗရီဂတ်စ် ဖြစ်သည်။ ဆာချာမှာ သေဆုံးသွားပြီ ဖြစ်ပြီး ဗရီဂတ်စ်မှာ ဤနေရာတွင် မရှိ။

ကံကောင်းသည်မှာ ဂွန်းကောက်သည်လည်း ထင်သလောက် အားနည်းမနေခြင်းပင်။

၎င်းသည် ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသော်လည်း မူလစွမ်းရည်ကို အသုံးပြုနိုင်၏။ ပို၍အရေးကြီးသည်မှာ ၎င်းသည် တဦးတည်းတိုက်ခိုက်ခြင်းမဟုတ်။

အသံတချက်ပြုပြီး ဂွန်းကောက်သည် အရိုးခေါင်းတခုကို ဆွဲထုတ်လိုက်သည်။

အဆိုပါအရိုးခေါင်းသည် အလွန်သေးငယ်သည့့် သားရဲတကောင်၏ အရိုးခေါင်းဖြစ်ပြီး ဆေးပေါင်းစုံ ဖြည့်တင်းထား၏။ ၎င်းထံမှ ကြမ်းကြုတ်သော အရှိန်အဝါတမျိုး ထွက်ပေါ်နေပေသည်။ ကြီးမားသော သွားကြီးနှစ်ချောင်း ၎င်းပါးစပ်အတွင်းမှ တိုးထွက်နေ၏။ ၎င်း ထွက်ပေါ်လာသည်နှင့် အနီရောင်နှလုံးသား၏ အပြာရောင်နယ်ပယ်ပင် မှေးမိန်သွားသည်ဟု ထင်ရသည်။

"ဟာ ရွှာ ပါလား နောက်ဆုံးတော့ မင်း ဒီကောင်တွေသတ်တာခံလိုက်ရပြီး မူလကိရိယာအဖြစ် ပြောင်းလဲခံလိုက်ရတာပေါ့လေ"

အရိုးခေါင်းကို မြင်သည်နှင့် အနီရောင်နှလုံးသား အထက်ပါအတိုင်း ရေရွတ်လိုက်၏။

အဆိုပါအရိုးခေါင်းကား အနီရောင်နှလုံးသား၏ သူငယ်ချင်းဖြစ်သူ ယခင် နတ်ဆိုးဧကရာဇ်သားရဲတကောင်၏ အရိုးခေါင်းပင်။

"တခြားနတ်ဆိုးဧကရာဇ်တွေရဲ့ အရိုးခေါင်းတွေကိုလဲ မင်း ဒီကနေ့ တွေ့ရအုံးမယ်"

ဂွန်းကောက်က အထက်ပါအတိုင်း တုံ့ပြန်လိုက်လေသည်။

အနီရောင်နှလုံးသား အချိန်ဖြုန်းမနေတော့။ သူ့လက်ထဲရှိ တုတ်ချောင်းကို မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်းများသည် အနက်ရောင်မြွေများသဖွယ် ဂွန်းကောက်ဆီသို့ တိုးဝင်သွားတော့သည်။

၎င်းမှာ မရဏမြွေ အမည်ပြီး အနီရောင်နှလုံးသား၏မူပိုငနည်းစနစ်တခုပင်။

စတိုက်ုက်ပြီဆိုကတည်းက အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံးသော တိုက်ကွက်ကို အနီရောင်နှလုံးသား ထုတ်သုံးလိုက်ပေပြီ။

***

All Chapters