ဧကရာဇ်များအကြားတိုက်ပွဲ ၂
Vol. 72 Ch. 718
အနီရောင်နှလုံးသား၏ လှုပ်ရှားမှုက်ိုမြင်သည်နှင့် ဂွန်းကောက်သည် သက်ပြင်းတချက်ချပြီး ရွှာ၏ ဦးခေါင်းခွံအား လေထဲသို့ ပစ်လွှတ်လိုက်၏။ လေထဲဲသို့ ရောက်သည်နှင့် အနှီဦးခေါင်းခွံသည် ချက်ချင်းပင် ကြီးမားလာပြီး သူ့ရှေ့ရှိ မရဏမြွေလှိုင်းအား စုပ်ယူလိုက်တော့သည်။ မရေမတွက်နိုင်သော မရဏမြွေလှိုင်းများ အရိုးခေါင်းအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။
"အသက်ရှင်တုန်းကလဲ မင်း ငါ့ကို ဆန့်ကျင်တယ် သေတော့လဲ ဆန့်ကျင်တုန်းပါလား ကောင်းပြီလေ ငါကလဲ မင်းကို ဆုံးမပေးရမှာပေါ့"
အနီရောင်နှလုံးသား သက်ပြင်းချရင်း အထက်ပါအတိုင်း ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် သုံးရောင်စပ်ကျောက်မျက်တပ်တုတ်မှ အနီရောင်များ တောက်ပလာပြီး အားကောင်းလှသည့် မီးလျံစွမ်းအားလှိုင်းကြီး ရှေ့သို့ ဝုန်းခနဲ တိုးထွက်လာတော့၏။
မီးလျံအမျိုးအစား စွမ်းအားသည် ရွှာကဲ့သို့ သစ်သားနှင့်မြေကြီးစွမ်းအင်အား ထိန်းချုပ်နိုင်သူသားရဲအား အကြီးမားဆုံး ခြိမ်းခြောက်နိုင်သော အရာ ဖြစ်သည်။
ယခု အနီရောင်နှလုံးသား ထုတ်သုံးလိုက်သည့့် မီးလျံမှာ မိုးပြာရောင်နဂါးမီးလျံဟု အမည်ရပြီး လွန်စွာ ပေါက်ကွဲအား ပြင်းထန်၏။ မိုးပြာရောင်မီးလျံများ အုန်းခနဲ ပေါက်ကွဲသွားပြီးနောက် တဟုန်ထိုးမြင့်တက်လာသည့် အပူရှိန်ကြောင့် အနီးရှိ ကျောက်ဆောင်များ မွမွကြေသွားလေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အရာရာတိုင်း မီးပင်လယ်ကြီအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရွှာသည် အဆိုပါ ပေါက်ကွဲမှုအား မတောင့်ခံနိုင်။
သို့သော် ဂွန်းကောက်ကတော့ ခုခံနိုင်၏။
"ယေ"
ချက်ချင်းဆိုသလိုပင် ထူးဆန်းသော သံစဥ်တခုအား ဂွန်းကောက် ရွတ်ဆိုလိုက်သည်။
"ယေ"
ဂွန်းကောက်နောက်မှ ကျန်ဘုန်းတော်ကြီးများကလည်း အဆိုပါ သံစဥ်အား ပြိုင်တူ ရွတ်ဆိုလိုက်ကြသည်။
သံပြိုင်သီဆိုမှုနှင့်အတူ အလွန်ရှေးကျပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတခု ကောင်းကင်မှ ပဲ့တင်ထပ်လာ၏။ အချက်ကျကျ ပေါ်ထွက်နေသော သံစဥ်နှင့် ပေါင်းစပ်သွားသည့်နောက်တွင်တော့ ဟုန်းဟုန်းတောက်နေသော မီးလျံများသည် တဖြည်းဖြည်း ပြန့်ကျဲကုန်တော့သည်။
"ဟွမ်...ဟွမ်"
သံစဥ်သည် တဖြည်းဖြည်း ပို၍ ထူးဆန်းလာ၏။ သံစဥ်ပြောင်းလဲမှုနှင့်အတူ ထွက်ပေါ်နေသော အသံများသည် လှောင်အိမ်ပုံစံ ဖြစ်တည်မှုတခုအဖြစ် ပြောင်းလဲသွားပြီး မီးလျံများအား ထိမ်းသိမ်းထားရန် ကြိုးစားလာတော့သည်။
"အသံလှောင်အိမ်ပေါ့လေ"
အနီရောင်နှလုံးသား မဲ့ပြုံးပြုံးလိုက်သည်။
"ဒါ ကျုပ်အတွက် ဘယ်လိုမှ အသုံးမကျပါဘူးကွာ"
စကားဆုံးသည်နှင့် သူ့လက်တဖက် မသိမသာ လှုပ်ရှားသွားသည်။ ထိုအခါ ပတ်ဝန်းကျင်လေဟာနယ်တခုလုံး သွက်သွက်ခါလာ၏။
အပြာရောင်နယ်ပယ်၏ တုန်ခါမှုပင် ဖြစ်သည်။
ထိုအခါ ရှေးဟောင်းစီးချက်လျှို့ဝှက်အနုပညာအား ရွတ်ဆိုနေသော အပြာရောင်နယ်ပယ်ရှိ ဘုန်းတော်ကြီးများအားလုံး အနှောင့်အယှက်ပေးခံရသည့်ပမာ ခံစားလိုက်ကြရသည်။
တကယ်တော့ ရှေးဟောင်းစီးချက်လျှို့ဝှက်အနုပညာဟူသည် မူလစွမ်းအင်ကိုသုံးပြီး တဖက်လူ၏ မူလစွမ်းအင်အား ကန့်သတ်ပေးသည့် နည်းစနစ်တခုပင်။ သို့သော် အပြာရောင်နယ်ပယ်ထဲတွင်တော့ အဆိုပါစွမ်းအားမျိုးပင် မတည်မငြိမ် ဖြစ်လာ၏။
ထိုအခါ ရွတ်ဆိုသံသည် တဖြည်းဖြည်း အားပျော့လာ၏။ စွမ်းအင်မှာ ဖိနှိပ်ခြင်းခံနေရပြီဖြစ်၍ စည်းချက်မှာလည်း မမှန်နိုင်တော့။ ထို့နောက် အုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး မီးလျံများ လှောင်ချိုင့်အတွင်းမှ တိုးထွက်လာတော့သည်။
လှောင်ချိုင့်အပြင်သို့ရောက်သည်နှင့် အဆိုပါ မီးလျံများသည် မီးလျံနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး တားဆီးမရသော အရှိန်အဟုန်မျိုးဖြင့် ရှေ့သို့ ပျံသန်းသွားတော့သည်။
ထိုစဥ် ဝန်းကျင်တခုလုံးရှိ မူလစွမ်းအင်များသည် စုပ်ယူခြင်းခံရသကဲ့သို့ ခြောက်ကပ်သွားပြန်၏။ သို့သော် ဤတကြိမ်တွင်တော့ ၎င်းစွမ်းအင်သည် ကစဥ့်ကလျားး ဖြစ်သွားခြင်းမရှိပဲ ဖြေးဖြေးမှန်မှန်ပင် စီးဆင်းနေလေသည်။ ထို့နောက် ဧရိယာကြီးတခုလုံးမှ စုပ်ယူခြင်းခံနေရသော စွမ်းအင်များသည် လှောင်အိမ်အတွင်းသို့ စီးဝင်သွား၏။
၎င်းမှာ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်၏ စွမ်းရည်မျိုးပင်။
ထိုအခိုက်မှာပင် ဘုန်းတော်ကြီးဆယ့်ရှစ်ယောက်သည် အသံကိုမြှင့်ကာ ပို၍လေးလေးနက်နက် ရွတ်ဆိုလိုက်ကြ၏။ ထိုအခါ ဘေးတဖက်တချက်စီမှ ရာနှင့်ချီသော ဘုရင့်သက်တော်စောင့်များ ရှေ့သို့ ခုန်ထွက်လာကြလေသည်။
ဘုရင့်သက်တော်စောင့်များအနေနှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အနှစ်သာရမှာ ဘုရင်မင်းမြတ်အား ကာကွယ်ရန်ပင်။
၎င်းတို့၏ ကိုယ်ခန္ဓာများပေါ်တွင် မူလစွမ်းအင်အား ခုခံနိုင်သည့် ဆေးမင်တမျိုးကို ရေးထိုးထား၏။ ထိုအတွက် ၎င်းတို့ပေးဆပ်ရသည့် တန်ဖိုးမှာ ၎င်းတို့အသက်ပင်။ ထို့ကြောင့် ၎င်းတို့၏ ပူးပေါင်းစွမ်းအားကို အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်ပင် လစ်လျူမရှုနိုင်။
ရဲတင်းသုံးချောင်းသည် ကြောက်စရာကောင်းလှသည့် အရှိန်အဟုန်ဖြင့် လေထုကို ထိုးခွင်းကာ အနီရောင်နှလုံးသားထံသို့ တိုးဝင်သွား၏။ ရဲတင်းပစ်လွှတ်လိုက်သည့့် သက်တော်စောင့်သုံးဦးမှာကား ဖုန်မှုန့်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲကုန်လေသည်။ သူတို့၏ တိုက်ခိုက်မှုသည် အနီရောင်နှလုံးသားကို ဒဏ်ရာရစေသည်ဖြစ်စေ၊ မရစေသည်ဖြစ်စေ အနည်းငယ် ခြိမ်းခြောက်နိုင်လျင်ပင် လုံလောက်ပေပြီ။
၎င်းမှာ ဘုရင့်သက်တော်စောင့်များ၏ ရည်ရွယ်ချက်ပင်တည်း။
တချိန်လုံး ငြိမ်သက်နေသော အနီရောင်နှလုံးသား၏ ဘက်ဖက်လက်သည် ယခုတကြိမ်တွင်တော့ လှုပ်ရှားလာ၏။ ဘယ်ဖက် လက်ချောင်းလေးသုံးချောင်း တဖြတ်ဖြတ် လှုပ်ရှားသွားပြီးနောက်တွင်တော့ ရဲတင်းသုံးချောင်းသည် လေထဲမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။
ထိုအချိန်မှာပင် အရေအတွက်ပိုများသော သတ်ဖြတ်သူများ ရှေ့သို့ခုန်ထွက်လာ၏။ ထိုအခါ ပြင်းထန်သော အားလှိုင်းများနှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခွဲမည့်ဟန်ဆင်နေသည့် ပုဆိန်များ လေထဲတွင် ပလူပျံသွားလေသည်။
ဂွန်းကောက်၏ ရွတ်ဆိုသံသည်လည်း ပို၍ ကျယ်လောင်လာ၏။
ထို့နောက် သူ့နောက်ကျောတွင် ရဲတင်းကြီးတလက်အား ကိုင်ဆောင်ထားသည့့် အနက်ရောင်အရိပ်တရိပ် ပေါ်ပေါက်လာ၏။ အဆိုပါအရိပ်သည် သူ့လက်ထဲရှိ ရဲတင်းနှင့် အနီရောင်နှလုံးသားအား ခုတ်ချလိုက်လေသည်။ အရိပ်သည် အစစ်အမှန်မဟုတ်သော်လည်းခုတ်အားကတော့ ကြောက်စရာကောင်းလှ၏။
"အစောင့်အရှောက်ဝိညာဥ်ပါလား အဖိုးကြီး ခင်ဗျားမှာ ပစ္စည်းကောင်းလေးတွေတော့ ရှိနေသားပဲ"
အနီရောင်နှလုံးသားပင် အံ့သြသင့်သွားလေသည်။
အစောင့်အရှောက်ဝိညာဥ်ဟူသည် မီးလျံအသိုက်တည်ထောင်သူ အလက်စန်းဒါး ဖန်တီးခဲ့သည့့် အရာဖြစ်သည်။ အလက်စန်းဒါးသည် ၎င်းသေအံ့မူးမူးအချိန်တွင် မိမိ၏ ဝိညာဥ်အား စွန့်လွှတ်ပြီး မီးလျံအသိုုက်ကို ရာသက်ပန်ကာကွယ်စောင့်ရှောက်ရန် စီမံခဲ့ခြင်းပင်။
၎င်းသည် အသက်ရှင်စဥ်က ပြိုင်ဘက်ကင်းစစ်သည်စ်သည်တော်တဦး ဖြစ်သလို သေပြီးသည့့်နောက်တွင်လည်း သူရဲကောင်းဝိညာဥ် ဖြစ်နေဆဲပင်တည်း။
ဤတကြိမ်တွင်တော့ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ခက်လှသည်ဟု အနီရောင်နှလုံးသား တကယ်ပင် ခံစားလိုက်ရ၏။
သူ သက်ပြင်းချလိုက်သည်။
သက်ပြင်းချသံနှင့်အတူ အပြာရောင်နယ်ပယ်သည် ပြန်လည်လှုပ်ရှားလာပြန်၏။ ဝန်းကျင်တခုလုံးလည်း အပြာရောင်အလင်းတန်းများနှင့် ပြည့်နှက်ကုန်လေသည်။ အပြာရောင်အလင်းတန်းများအောက်ဝယ် ရဲတင်းများအပါအဝင် အရာအားလုံး နှေးကွေးကုန်၏။
ထို့နောက် သူက လက်ကိုပြန်ရုတ်လိုက်ရာ မီးလျံနဂါးသည် တကယ့်နဂါးတကောင်ပမာ အော်ဟစ်ပြီး သူ့ထံသို့ ပြန်လည်ရောက်ရှိလာလေသည်။ တဖန် ၎င်း၏ တုတ်ချောင်းမှ ထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းသည် နဂါးပေါ်သို့ ကျရောက်သွား၏။ ထိုအခါ နဂါး၏ အသွေးအရောင်သည် အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး နဂါးအား ဖုံးအုပ်ထားသည့့် မီးလျံများသည်လည်း အနက်ရောင်အလင်းလွှာဖြင့် ဖုံးအုပ်သွားလေသည်။
"သွား အကုန်လုံးကို ဖျက်ဆီးပစ်လ်ိုက်စမ်း"
အနီရောင်နှလုံးသား အရူးပမာ အော်ဟစ်လ်ိုက်သည်။
ထိုအခါ အနီရောင်မီးတောက်များနှင့် အနက်ရောင်အလင်းများ ပေါင်းစပ်ရောယှက်သွားပြီး ကြောက်မက်ဖွယ် အိပ်မက်ဆိုးပမာ ဖြစ်ပေါ်လာတော့သည်။ ထို့နောက် လူတိုင်း၏ ရင်ထဲတွင် မူးဝေခြင်း၊ ပျို့ခြင်းစသော ဝေဒနာများကို ခံစားလိုက်ရ၏။
ဘုန်းတော်ကြီးတချို့ပင် ထိုဝေဒနာက်ို ခံစားလိုက်ရပြီး သံပြိုင်ရွတ်ဆိုသံ အားပျော့သွားလေသည်။ အနီရောင်မီးတောက်များသည် ၎င်းကို အခွင့်အရေးယူပြီး ထိုးဖောက်ဝင်ရောက်လာ၏။
သတ်ဖြတ်သူတချို့ နေရာမှာပင် အသက်ပျောက်ကုန်လေသည်။
ထိုစဥ် စူးရှသော အော်သံတခု ထွက်ပေါ်လာပြီ ရွှာခေါင်းခွံသည် မီးတောက်များအား အငမ်းမရပင် ဝါးမြိုလိုက်၏။ တချိန်တည်းမှာပင် အစောင့်အရှောက်ဝိညာဥ်၏ရဲတင်းကြီးကလည်း လေထုကိုထိုးခွင်းပြီး အနီရောင်နှလုံးသားဆီသို့ တိုးဝင်လာပြန်သည်။
ဤတခေါက်တွင်တော့ အနီရောင်နှလုံးသား ပထမဆုံးအကြိမ် စတင်လှုပ်ရှားလာတော့၏။
၎င်း၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ ပျောက်သွားပြီး အခြားတဖက်တွင် ပြန်ပေါ်လာလေသည်။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ပိုမိုများပြားသော ပုဆိန်များ လေထဲတွင် ဝဲပျံလာ၏။
တချီတွင်တော့ ပုဆိန်သွားတခုကို အကာအကွယ်ကို ဖောက်ထွင်းပြီး အနီရောင်နှလုံးသား၏ လက်တွင်သေးငယ်သော ရှရာလေးတခု ဖြစ်ပေါ်လာစေ၏။ ဒဏ်ရာမှ ပြောပလောက်စရာမဟုတ်။ တခနတွင်းမှာပင် ပျောက်ကင်းသွားလေသည်။
သို့သော် ပိုမိုများပြားသော ပုဆိန်များ ဝဲပျံလာပြန်၏။ အနီရောင်နှလုံးသား မတတ်သာပဲ ရှောင်တိမ်းလိုက်ရပြန်သည်။
သို့သော သူ ပြန်ပေါ်လာသည့်အချိန်တွင် ကြီးမားသော အမဲရောင်အရိပ်ကြီး သူ့အား ဝန်းရံထားပြီးလေပြီ။
အား!!!
အနီရောင်နှလုံးသား နာကျင်စွာ အော်ဟစ်လိုက်၏။ အကြောင်းမှာ အစောင့်အရှောက်ဝိညာဥ်၏ ရဲတင်းသွားက သူ့အား ထိမှန်သွားသောကြောင့်ပင်။ ရဲတင်းသွားသည် သူ့အား ခုတ်ဖြတ်နိုင်ခြင်းမရှိ။ သို့သော် သူ့ဝိညာဥ်မှာကား ဆုတ်ဖြဲခံရသလို ခံစားလိုက်ရ၏။ အဆိုပါ နာကျင်မှုမှာ ပြင်ပဒဏ်ရာထက်ပင် ဆိုးဝါးနေလေရာ အနီရောင်နှလုံးသား ဤတကြိမ် ပေးဆပ်လိုက်ရသည့် တန်ဖိုးက မသေးလှဟုပင် ဆိုရပေတော့မည်။
အနီရောင်နှလုံးသား ရှေ့သို့ ဝုန်းခနဲ ရွေ့လျားသွား၏။ ထို့နောက် ဘယ်နေရာက ပေါ်လာမှန်းမသ်ိသော အနက်ရောင်လှိုင်းများသည် အပြာရောင်နယ်ပယ်အတွင်းရှိ ဘုန်းတော်ကြီးတိုင်းအား လွှမ်းခြုံသွားတော့သည်။
ဘုန်းတော်ကြီးတချို့၏ ကိုယ်ခန္ဓာသည် မြန်မြန်ဆန်ဆန်ပင် ပုပ်သိုးဆွေးမြေ့ကုန်၏။ ဂွန်းကောက်၏ ကိုယ်ခန္ဓာမှပင် ပြည်များယ်ိုစီးကျလာလေသည်။
ဂွန်းကောက်သည် မရဏလှိုင်းကို ခုခံရန် ဆေးပုလင်းရှစ်ပုလင်းခန့်ကို တပြိုင်တည်းမော့သောက်လိုက်၏။ ထိုအချိန်တွင် ကျန်ဘုန်းတော်ကြီးတချို့မှာ အရိုးပင်ကျကုန်လေပြီ။
ထိုစဥ် ဘုရင်သက်တော်စောင့်များသည် ရှေ့သို့ပြိုင်တူပင် တိုးလာပြီး ၎င်းတို့အသက်က်ို စွန့်လွှတ်ကာ ပုဆိိန်များကို ပြိုင်တူပစ်လွှတ်လိုက်ကြလေသည်။
အစောင့်အရှောက်ဝိညာဥ်၏ ပုဆိန်သွားကလည်း ပြိုင်တူပင် တိုးဝင်လာပြန်၏။ ဂွန်းကောက်ကလည်း အရိုးစုဆယ့့်နှစ်စုအား ထိန်းချုပ်ကာ တိုက်ခိုက်လိုက်၏
ဤတကြိမ်တွင်လည်း အနီရောင်နှလုံးသားသည် ဘယ်တိုက်ခိုက်မှုကို တောင့်ခံကာ ဘယ်တိုက်ခိုက်မှုကို ရှောင်တိမ်းရမည်ဟု ရွေးချယ်ရသော အခြေအနေသို့ ဆိုက်ရောက်သွားပြန်သည်။ အနီရောင်နှလုံးသား ပုဆိန်သွားတိုက်ခိုက်မှုကို တောင့်ခံရန် ဆုံးဖြတ်လိုက်၏။
များပြားလှသော ပုဆိန်သွားများသည် ကြယ်များကြွေသကဲ့သို့ အနီရောင်နှလုံးသား၏ ကိုယ်ခန္ဓာအနှံ့အပြားအား ထိမှန်သွားလေသည်။ သွေးများ နေရာအနှံ့ ရဲခနဲ ဖြစ်ကုန်၏။
ထိုစဥ် မီးလျံနဂါးကြီးထံမှာ ထွက်ပေါ်လာသော မီးလျံများသည် ဝုန်းခနဲ ပြန့်ကားလာပြီး ရာနှင့်ချီသော ဘုရင့့်စစ်သည်တော်များအား ဖုံးလွှမ်းကုန်လေသည်။ တချီတည်းနှင့် ဘုရင့်စစ်သည်တော်အများအပြား အရိုးကျကုန်၏။
နောက်တကျော့တွင် အစောင့်အရှောက်ဝိညာဥ်၏ ရဲတင်းသွားသည် အနီရောင်နှလုံးသားအား ထိမှန်သွားပြန်၏။ နောက်တကြိမ် ပြင်းပြလှသော နာကျင်မှုကို သူ ခံစားလိုက်ရ၏။ ထိုစဥ် ရွှာ၏ အရိုးခေါင်းသည် အနီရောင်နှလုံးသားအနီးသို့ ဝုန်းခနဲ တိုးကပ်သွားလေသည်။ ချွန်ထက်လှသော အစွယ်နှစ်ချောင်းသည် သူ့ကိုယ်တွင်းသို့ စိုက်ဝင်သွား၏။ အရိုးခေါင်းကြွေမွသွားပြီး အားလှိုင်းတခုက သူ့က်ိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
"အား"
အနီရောင်နှလုံးသား နာကျင်စွာ အော်ဟစ်လ်ိုက်သည်။
ထိုအချိန်မှာပင် သူ့လက်ထဲရှိ တုတ်ချောင်းမှ အနီ၊ အပြာ၊ အနက် အလင်းတန်းသုံးခု တပြိုင်နက်တည်း ထွက်ပေါ်လာပြီ ကြီးမားသော လှိုင်းကြီးတခုအဖြစ် ပေါင်းစပ်ကာ ရှေ့သို့ တိုးထွက်သွားတော့သည်။
တပြိုင်နက်တည်းမှာပင် အစောင့်အရှောက်ဝိညာဥ်သည် ဂွန်းကောက်၏ အကူအညီနှင့်ပေါင်းစပ်ကာ သူ့လက်ထဲရှိ ရဲတင်းကြီးကို လွှဲယမ်း်းလ်ိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်တခွင်လုံး အားလှိုင်းများဖြင့် ပြည့်နှက်သွားလေသည်။
***