← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း ၁

Vol. 72 Ch. 719

ထွက်ပြေးလွတ်မြောက်ခြင်း ၁

Vol. 72 Ch. 719

လတ်လတ်ဆတ်ဆတ် ပန်းထွက်နေသော သွေးများကြောင့် သိပ်မကြာမီ ရထားလုံးကိုယ်ထည်တခုလုံး ရဲရဲနီကုန်၏။

အလောင်းများ တလောင်းပြီးတလောင်း မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြသည်။ တခြားအလောင်းတော့မဟုတ်။ သတ်ဖြတ်သူများ၏ အလောင်းများပေတည်း။

စုချန်းသည် ရထားလုံးပေါ်တွင် မတ်တပ်ရပ်နေ၏။ သူ့မျက်နှာပေါ်တွင် နှစ်ထောင်းအားရဟန်ရှိသော အပြုံးတခု ပေါ်ပေါက်လျက်ရှိသည်။ ဆာလောင်မွတ်သိပ်မှုပြေပျောက်သွား၍ နှစ်သိမ့်ကျေနပ်သွားသော အပြုံးမျိုးပင်။

သို့သော် အဆိုပါ နှစ်သိမ့်ကျေနပ်မှုမှာ ဆာလောင်မှုပြေပျောက်သွားခြင်းကြောင့်သာ ဖြစ်သည်။ အင်အားတိုးပွားလာခြင်းကြောင့် မဟုတ်။

သို့သော် ၎င်းမှာ ပြသနာမရှိ။ အရာအားလုံးအတွက် အကြောင်းပြချက်ကိုယ်စီရှိသည်ဟု စုချန်း ယုံကြည်ထားသည် မဟုတ်ပါလား။

ထိုအခိုက်အတန့့်တွင် စုချန်းသည် ဘုရင်တပါးသဖွယ် မူလအရိုးတောင်ဝှေးကို ကိုင်ကာ မားမားရပ်နေ၏။ သူ့ပတ်ပတ်လည်တွင် လူသားစစ်သည်များ ရှိကြလေသည်။

ကျနေရောင်အောက်တွင် တွေ့မြင်ရသော အဆိုပါမြင်ကွင်းသည် ဆန်းကြယ်၏။ ကြောက်စရာလည်းကောင်းနေ၏။ သတ်ဖြတ်သူများ အဆိုပါမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ သူတို့၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းစသော ခံစားချက်များနှင့် ပြည့်နှက်နေ၏။

ထိုအခိုက်မှာပင် ရထားလုံးပေါ်တွင် အလင်းရောင်တချက် ဝင်းလက်သွားပြီး ဆန်းကြယ်သော အနှီမြင်ကွင်းအား ထင်ဟပ်ပြလျက်ရှိသည်။ ၎င်းမှာ အောင်ပွဲရအခိုက်အတန့့်အား မှတ်တမ်းတင်ရန် ရထားလုံးပေါ်တွင် အနူဘီ ကြိုတင်တပ်ဆင်ထားသည့့် ပုံရိပ်ဖမ်းငွေပြားပင်။

သူ့ပုံရိပ် မှတ်တမ်းတင်ခံလိုက်ရမှန်း စုချန်း မသိလိုက်။ သိလျင်လည်း သူ ဂရုမစိုက်ချေ။

သူ့ရည်မှန်းချက် ပြည့်မြောက်အောင်မြင်သွားခဲ့ပြီ မဟုတ်ပါလား။ တပ်ဆုတ်ရန် အချိန်ရောက်ပေပြီ။

"တိုက်"

ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ သတ်ဖြတ်သူစစ်သားများသည် စုချန်းအား တိုက်ခိုက်ရန် ပြေးတက်လာကြပေပြီ။

သို့သော် သူတို့ နောက်ကျသွားပြီ ဖြစ်သည်။

စုချန်းသည် လမင်းစန္ဒာယာဥ်နှင့် နေသူရိန်ယာဥ်တို့အား ပြိုင်တူဆွဲထုတ်လ််ိုက်၏။

"ယာဥ်ထဲဝင်ကြ"

စုချန်း၏ အမိန့်သံနှင့်အတူ လူသားများ ယာဥ်ပျံထဲသို့ ခုန်ဝင်လိုက်ကြ၏။ သို့သော် လူတိုင်းတော့မဟုတ်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များနှင့် ထိုထက် အဆင့့်မြင့်သူများမှာ နောက်တွင် နေရစ်ခဲ့ကြ၏။ သူတို့ ထွက်ခွာရန် တခြားနည်းလမ်း ရှိနေသည် မဟုတ်ပါလား။

"သွား"

စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ယာဥ်ပျံနှစ်စင်း လေထုကိုခွင်းကာ တဟုန်ထ်ိုး ပျံသန်းသွားတော့၏။

"သူ့ကိုဖမ်း"

သတ်ဖြတ်သူစစ်သည်များ တဟုန်ထိုး ပြေးဝင်လာကြ၏။

သို့သော် အခြေအနေမှာ အတော်ပင် ရှုပ်ထွေးနေသော အနေအထား ဖြစ်သည်။ သတ်ဖြတ်သူဗိုလ်ချုပ်တိုင်းသည် အနူဘီအား ကာကွယ်ရန် ကြိုးပမ်းနေကြ၏။ ထို့ကြောင့် စစ်မြေပြင်တွင် အမိန့်ပေးမည့့်သူ မရှိပဲ ဖြစ်နေလေသည်။

ထိုအထဲတွင်မှ စုချန်းက အောက်ပါအတိုင်း အော်ဟစ်လိုက်ပြန်၏။

"အနူဘီ သေသွားပြီကွ"

"အနူဘီ သေသွားပြီတဲ့ဟေ့"

"ဘုရင်ကြီး သေပြီတဲ့ကွ"

"ငါတို့ ရှုံးသွားပြီ"

အော်သံသည် တိုက်ပွဲတခုလုံးသို့ မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွား၏။

လွန်စွာရှုပ်ရှက်ခတ်နေသော အခြေအနေတွင် အဆိုပါ ကောလဟလသည် တပ်ဖွဲ့ကြီးတခုလုံး၏ စိတ်ဓာတ်ကို ကိုင်လှုပ်သလို ဖြစ်သွား၏။ လွန်စွာရဲရင့့်သည့့်ဟု ဆိုစမှတ်ပြုရသော သတ်ဖြတ်သူများပင် အဆိုပါ ကောလဟလမျိုးကို ကြားရသောအခါ ကြောက်ရွံ့လာကြတော့သည်။ ကြောက်ရွံ့ခြင်းသည် ၎င်းတို့၏ ဆုံးဖြတ်နိုင်သော စွမ်းရည်ကို ထုံထ်ိုင်းသွားစေ၏။

အချိန်အနည်းငယ်အတွင်းမှာပင် သတ်ဖြတ်သူများ ရှုံးနိမ့်သွားပြီဟူသော သတင်းသည် တောမီးပမာ ပျံ့နှံ့သွားတော့သည်။ တချို့သတ်ဖြတ်သူစစ်သည်များမှာ ထိုသတင်းကြောင့် ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပဲ ရန်သူများ၏ သတ်ဖြတ်မှုကို ခံလိုက်ကြရ၏။ အများစုမှာကား တပ်ပျက်ကာ ထွက်ပြေးကြတော့သည်။

ထိုအချိန်တွင် စုချန်း၊ လီဖန်းနှင့် ကျန်လူများသည် အဝေးဆီသို့ ခုန်ထွက်လိုက်ကြ၏။ မြေပြင်သို့ ပြန်ရောက်သည့့်အချိန်တွင် ၎င်းတို့အားလုံး သတ်ဖြတ်သူများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ စုချန်း၏ ဆေးစွမ်းကြောင့် လူတိုင်း ရုပ်ပြောင်းနိုင်ကြပြီ မဟုတ်ပါလား။

သူတို့၏ နောက်ခြေလှမ်းမှာ ထိုစွမ်းရည်ကို အသုံးပြုပြီး ထွက်ပြေးရန်ပင်။

သို့သော် ပုံပြောင်းနိုင်ရုံနှင့် အန္တရာယ်ကင်းသွားသည်တော့ မဟုတ်။ သူတို့အား တွေ့မြင်သွားသည့့် သတ်ဖြတ်သူတချို့ ရှိသလို မျက်စေ့ဒေါက်ထောက်ကြည့်နေသူများလည်း ရှိနေ၏။ ထိုအထဲတွင် သားရဲများ၏ အန္တရာယ်ကလည်း ရှိနေပေသေးသည်။

"အကုန်လုံး အနောက်ဘက်တောင်စောင်းမှာစု တနာရီာရီအတွင်း ကျုပ်တို့ လစ်ကြမယ်"

"ဟုတ်ကဲ့"

လီဖန်းးနှင့် ကျန်လူများ ပြိုင်တူ အော်လိုက်ကြသည်။

ထိုအချိန်မှာပင် ပုဆိန်တချို့ လေထုကို ထိုးခွင်းပျံသန်းလာ၏။

သူတို့အားလုံး ဘေးသို့ ခုန်ရှောင်ပေးလိုက်ကြသည်။

"သွားမယ်"

ထို့နောက် စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြေကြီးကိုလက်ဝါးဖြင့် ရိုက်ချလိုက်ရာ လေထဲတွင် ဖုန်မှုန့်များ ပလူပျံသွား၏။ ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်တွင် ပုံပြောင်းထားသည့့် သတ်ဖြတ်သူတစု သဲလွန်စမျှပင် မကျန်ျန်ပဲ ပျောက်ကွယ်သွားလေပြီ။

ထိုအချိန်တွင် အနူဘီ သေဆုံးသွားခြင်း၊ သတ်ဖြတ်သူများ ရှုံးနိမ့်သွားခြင်းစသော သတင်းများကြောင့် သတ်ဖြတ်သူတပ်ဖွဲ့ကြီး အကြီးအကျယ် ဖွဲ့စည်းပုံပျက်နေခဲ့ပေပြီ။

သတ်ဖြတ်သူများဟူသည် အလွန်ရဲရင့့်ကြသူများ ဖြစ်သည်။ သို့သော် မည်မျှပင် ရဲရင့်ကြစေကာမူ သူရဲဘောကြောင်သူတချို့ကတော့ ရှိနေကြသည်သာ။ အလွန်မိုက်မဲသည်ဟု နာမည်ကြီးသော မျိုးစိတ်မှ ဒန်ဘာ၊ ဆာချာနှင့် ဗရီဂတ်စ်ကဲ့သို့ ညဏ်ပညာကြီးမြတ်သူများ ပေါ်ထွက်လာတတ်သည်ကို ကြည့်လျင် ၎င်းကို မြင်သာ၏။

အယောက်၃၀မျှသော သတ်ဖြတ်သူစစ်သည်များသည် တိုက်ပွဲကို ဖြတ်ပြေးကာ အောက်ပါအတိုင်း အော်ဟစ်နေကြ၏။

"ပြေးကြဟေ့"

"မပြေးရင် အကုန်သေလိမ့်မယ်"

"ကျုပ်တို့ ရှုံးသွားပြီ"

"အိမ်မှကျန်ခဲ့တဲ့ ကလေးတွေအတွက် စဥ်းစားကြ"

အထက်ပါအတိုင်း ပြေးနေရင်းနှင့်ပင် ၎င်းတို့နောက်မှ လိုက်ပြေးသူအရေအတွက်မှာ ခုနှစ်ယောက်၊ ဆယ်ယောက်၊ တဒါဇင် စသဖြင့် တဖြည်းဖြည်း များလာ၏။ သက်ရောက်မှုမှာ မည်မျှကြီးမားကြောင်း ပြောနေစရာပင်မလို။ အကြောင်းမှာ သိပ်မကြာမီ သတ်ဖြတ်သူစစ်သည်များ အုပ်စုလိုက် တပ်ဆုတ်ကုန်ကြသောကြောင့်ပင်။

စိတ်ဓာတ်ပျက်ပြားသွားပြီဖြစ်၍ ၎င်းတို့အား ထိန်းချုပ်ရန် အလွန်ခက်ခဲသွားလေပြီ။

ထိုအခိုက်အတန့့်တွင် သတ်ဖြတ်သူစစ်သည်များသည် ကြိုးပြတ်သွားသော ပုလဲလုံးများနှင့်တူနေပြီး နေရာအနှံ့တွင် ပြန့်ကျဲကုန်တော့သည်။ ၎င်းတို့သည် ခေါင်းမပါသော ယင်ကောင်များပမာ သွေးရူးသွေးတန်းနှင့် ထွက်ပြေးနေကြ၏။ ၎င်းတို့၏ ဗိုလ်ချုပ်များပင် ခြေမကိုင်မိလက်မက်ိုက်ိုင်မိ ဖြစ်ကုန်ကြလေပြီ။

ကံကောင်းသည်မှာ တိုက်ပွဲသည် နှစ်ခြမ်းကွဲနေသောကြောင့် လေပေါ်နန်းတော်ဘက်အခြမ်းတွင် ရှုံးနိမ့်မှုမှာ သိပ်မသိသာလှ။ သို့သော် တဖက်တွင် အလဲအကွဲရှုံးနိမ့်နေသော အခြေအနေကြောင့် အချိန်ကြာသည်နှင့် သက်ရောက်မှု ရှိလာလိမ့်မည်သာ။ မည်သို့ဆိုစေ အောင်နိုင်သူ မည်သူမည်ဝါမှန်း ပြောရန်တော့ စောနေသေး၏။

သို့သော် စုချန်းတို့လူစုအတွက်တော့ အဆိုပါ အခြေအနေက အခွင့်အရေးကြီးပင်။

"ဒန်ဘာ မင်းကတော့ ကျုပ်ကို တကယ်ကျေးဇူးတင်သင့့်ပြီ"

ရှုပ်ရှက်ခတ်နေသော တိုက်ပွဲကိုကြည့်ရင်း ယဲ့ယဲ့မျှပြုံးကာ စုချန်း အထက်ပါအတိုင်း ရေရွတ်လိုက်သည်။

တိုက်ပွဲရလဒ်မည်သို့ပင် ဖြစ်စေကာမူ မီးလျံအသိုက်ကား တန်ဖိုးကြီးကြီးမားမား ပေးဆပ်လိုက်ရလေပြီ။ ဒန်ဘာသည် ၎င်းကို အခွင့်အရေးယူပြီး သြဇာတက်လာအောင် ကြိုးစားပေလိမ့်မည်။ သတ်ဖြတ်သူမျိုးစိတ်သည်လည်း အတွင်းရေးပဋိပက္ခကြောင့် လောင်စန်းနိုင်ငံအား အချိန်အတော်ကြာသည်အထိ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်။

အထက်ပါအတိုင်း စဥ်းစားပြီး စုချန်း ဆက်လက်ပြေးလွှားနေ၏။

ထိုအချိန်တွင် စုချန်းသည် တိုက်ပွဲ၏ အလယ်ဗဟိုမှ ရှောင်ခွာပြီး တိုက်ပွဲနံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့ဘေးနားတွင် များပြားသော သတ်ဖြတ်သူစစ်သည်များ ကစဥ့်ကလျားးနှင့် ပြေးလွှားနေကြ၏။ အခြေအနေအရ သူ ဘေးကင်းသွားလေပြီ။

စုချန်း ကြိတ်၍ သက်ပြင်းချလိုက်၏။

ထိုအချိန်မှာပင် ကောင်းကင်တွင် အလင်းရောင်တချက် ဝင်းလက်သွားကြောင်း စုချန်း တွေ့လိုက်ရသည်ည်။

ဟာ...နေသူရိန်ယာဥ်ပါလား...သူတို့ မလွတ်သေးဘူးလားဟ...

မြင်ရုံနှင့် အခြေအနေမကောင်းမှန်း စုချန်း သဘောပေါက်လိုက်၏။ ငွေအမောက်လင်းတတစု ယာဥ်ပျံနောက်သို့ လိုက်နေသည် မဟုတ်ပါလား။ ငွေအမောင်လင်းတဟူသည် ထိပ်တန်းအဆင့့် နတ်ဆိုးသားရဲဖြစ်၍ အန္တရာယ်အတော်ပင် ကြီးမား၏။

လမင်းစန္ဒာယာဥ်သည် မြန်ဆန်သည်ဖြစ်၍ ငွေအမောက်လင်းတများအား ရှောင်တိမ်းနိုင်စွမ်းရှိ၏။ သို့သော် နေသူရိန်ယာဥ်ကား ကံမကောင်းရှာ။

နေသူရိန်သည် နှေးကွေး၏။ ထိုအထဲတွင်မှ လူပေါင်းများစွာ သယ်ဆောင်ထားရသည်ည်ဖြစ်၍ ငွေအမောက်လင်းတများ၏ တိုက်ခိုက်မှုကို မည်သို့မျှ ရှောင်တိမ်းနိုင်ဖွယ်မရှိ။

ပို၍ အရေးကြီးသည်မှာ နေသူရိန်ယာဥ်ပျံ၏ အမြောက်ပစ်ခတ်ရေးအပေါက်များသည် လူအများကြောင့် ပိတ်ဆို့မှု ဖြစ်နေ၏။ ထို့ကြောင့် လင်းတများအား အနိုင်ရအောင် မည်သို့မှ တိုက်နိုင်စွမ်းမရှိ။ ထိုအခိုက်အတန့့်တွင် နေသူရိန်ယာဥ်သည် အလင်းတန်းအမြောက် အနည်းငယ်ကိုသာ အားပြုပြီး လင်းတများအား ရင်ဆိုင်နေရလေသည်။

၎င်းကို မြင်သည်နှင့် စုချန်းသည် ဆက်သွယ်ရေးငွေပြားကို ထုတ်ပြီး နေသူရိန်ယာဥ်၏ ယာဥ်မောင်းကို ဆက်သွယ်လိုက်၏။

"ယွန်ကိုင်း မင်း ယာဥ်ပျံကို အလယ်လက်ညိုးတောင်ထိပ်ဆီ မောင်းလာခဲ့"

ထိုသို့ အမိန့်ပေးပြီးသည်နှင့် စုချန်းသည် မီဝူးတောင်ပေါ်သို့ တဟုန်ထိုး ပြေးတက်လိုက်တော့သည်။ မီဝူးတောင်ဟူသည် တောင်သုံးလုံးအနက် တလုံးဖြစ်ပြီး တောင်၏ အမြင့်ဆုံးတောင်ထိပ်က်ို အလယ်လက်ညိုးတောင်ထိပ်ဟု ခေါ်၏။ လက်ညိုးတချောင်း မိုးပေါ်သို့ ထောင်နေသော အနေအထားကြောင့်ပင်။

စုချန်းသည် ပျံသန်းခြင်းမပြု။ ထိုအစား သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်က်ို သုံးလိုက်သည်။ ဆယ်ကြိမ်ခန့့် ခုန်အပြီး စုချန်း တောင်ထိပ်သို့ ရောက်လာလေသည်။ သူ့နဖူးပေါ်တွင်ကား ချွေးများစို့နေ၏။

တောင်ထိပ်သ်ို့ ရောက်သည်နှင့် စုချန်းသည် ကျောက်ရုပ်ကြီးပမာ ငြိမ်သက်စွာ မတ်တပ်ရပ်နေတော့သည်။

ထိုအချိန်တွင် နေသူရိန်ယာဥ်သည် လင်းတများ၏ တိုက်ခိုက်မှုကို တတ်နိုင်သမျှ ခုခံရင်း အလယ်လက်ညိုးတောင်ထိပ်ဆီသို့ ချဥ်းကပ်လာ၏။ လင်းတများကလည်း နေသူရိန်ယာဥ် ပျက်ကျစေရန် ကြိုးစားအားထုတ်နေကြလေသည်။ ထိုအချိန်တွင် အဝေးဆီမှ သားရဲကျီးကန်းအုပ်တအုပ်ကလည်း နေသူရိန်ယာဥ်ဆီသို့ ချဥ်းကပ်လာနေ၏။

အခြေအနေမှာ အလွန်အန္တရာယ်များနေခဲ့လေပြီ။

စုချန်းသည် လင်းတအုပ်အား စိုက်ကြည့်နေ၏။

ကပ်ထားစမ်း...ကပ်ထားစမ်း....

လင်းတအုပ်သည်လည်း အလယ်လက်ညိုးတောင်ထိပ်အနီးသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

တိုက်ခိုက်ရန် အချိန်ရောက်ပေပြီ။

***

All Chapters