← Chapters

ခြေရာခံခြင်း

Vol. 73 Ch. 721

ခြေရာခံခြင်း

Vol. 73 Ch. 721

"ဟာ အမှောင်အမျိုးအစားမူလစွမ်းအင်ပါလား ဒီစွမ်းအင်ကို ငါ အတော်ရင်းနှီးနေတယ် လက်စသတ်တော့ ဒါ အရိပ်အကာအကွယ်ပဲကိုး"

စုချန်း တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူ အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။

အနီရောင်နှလုံးသား အသုံးပြုထားသည့် အရိပ်အကာအကွယ်မှာ အဓိကအားဖြင့် အရိပ်မူလပစ္စည်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။

အဆိုပါစွမ်းအင်အကြောင်းကို စုချန်းလောက် မည်သူမှ နားမလည်။ ယုတ်စွအဆုံး အနီရောင်နှလုံးသားပင် အရိပ်မူလပစ္စည်းနှင့်ပတ်သက်၍ စုချန်းလောက် နားလည်လိမ့်မည်မဟုတ်။

"မင်း တော်တော်ကံဆိုးတာပဲ"

စုချန်း အထက်ပါအတိုင်း ရေရွတ်ရင်း တဟဲဟဲ ရယ်မောလိုက်သည်။ ထို့နောက် သူ့ ဘယ်ဖက်လက်ရှိလက်အိပ်သည် အရောင်တချက်ဝင်းလက်သွားပြီး စုချန်း လှစ်ခနဲ ပျောက်ကွယ်သွားလေသည်။

အမှောင်ထုအတွင်း ဝင်ရောက်ပုန်းခိုလိုက်ခြင်းပင်။

အဆိုပါနည်းစနစ်သည် အနီရောင်နှလုံးသား သူ့အား စောင့်ကြည့်နေခြင်းမှ လွတ်မြောက်စေလိမ့်မည်ဟု စုချန်း လုံးဝမျှော်လင့်မထား။ ယခုတော့ အထင်နှင့်အမြင် လွဲနေခဲ့လေပြီ။

အမှောင်ထုအတွင်းရောက်နေချိန်တွင် စုချန်းသည် အရိပ်မူလပစ္စည်းများအား စုပ်ယူလိုက်၏။

ထိုခနတွင် အဆိုပါ အရိပ်မူလပစ္စည်း၏ ဇစ်မြစ်အား စုချန်း အာရုံခံမိလိုက်သည်။ တကယ်တော့ သူစုပ်ယူနေသည့့် အရိပ်မူလပစ္စည်းသည် အနီရောင်နှလုံးသား၏ ကိုယ်တွင်းမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ သို့သော် အနီရောင်နှလုံးသားသည် အရိပ်မူလပစ္စည်း၏ ဖန်ဆင်းရှင်မဟုတ်သည်ကတော့ သေချာနေ၏။ ကြည့်ရသည်မှာ အနီရောင်နှလုံးသားသည် အရိပ်နယ်ပယ်၏ တံခါးပေါက်အား ဖွင့်လှစ်ပြီး သူ့ကိုယ်ခန္ဓာအား တံတားသဖွယ်သုံးကာ တဖက်နယ်ပယ်မှ အရိပ်မူလပစ္စည်းများအား ယူငင်ထုတ်သုံးနေဟန်ပေါ်သည်။

၎င်းကိုသဘောပေါက်လိုက်သည်နှင့် ဤစွမ်းရည်မျိုးကို သုံးသည့်အတွက် အနီရောင်နှလုံးသား တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်ကြောင်း စုချန်း ချက်ချင်းသိလိုက်၏။

ဒီတော့ သူက သူ့ကိုယ်ခန္ဓာကို တခြားနယ်ပယ်နဲ့ ဆက်သွယ်ဖို့ တံတားအဖြစ် သုံးနိုင်တာပေါ့ တော်တော်ကြောက်စရာကောင်းတဲ့ အစွမ်းပါလား...

စုချန်း မှင်သက်မိသည်မှာ အမှန်ပင်။

နတ်ဆိုးသားရဲဧကရာဇ်တွေရဲ့ ခန္ဓာကိုယ်ဟာ ရတနာတပါးပဲကိုး...သူတို့ရဲ့ ကိုယ်ခန္ဓာဟာ ကမ္ဘာပေါ်က ဘယ်လိုစွမ်းအင်မျိုးကိုမဆို ထုတ်ယူသုံးစွဲနိုင်တဲ့ အစွမ်းရှိတယ်...ငါ့မှာသာ နတ်ဆိုးသားရဲဧကရာဇ်တကောင်ရဲ့ ကိုယ်ခန္ဓာရှိနေရင်...

တွေးရင်းနှင့် စုချန်း၏ မျက်လုံးထဲတွင် ပြင်းပြသော ဆန္ဒတရပ် ပေါ်ပေါက်လာ၏။

သာမာန်အခြေအနေမျိုးသာဆိုလျင် အနီရောင်နှလုံးသားအား ရင်ဆိုင်ရန် စုချန်း တွေးမိလိမ့်မည်မဟုတ်။ သို့သော် သူ့ရှေ့မှောက်ရှိ အနီရောင်နှလုံးသား၏ အခြေအနေမှာ ယခင်နှင့်မတူတော့။

၎င်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထား၏။ ထို့ကြောင့် စုချန်းအတွက် အခွင့်အရေးရှိလာခဲ့ပေပြီ။

စုချန်း အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် သူ့အတွက် အခွင့်အရေးဆုံးရှုံးသွားပြီမှန်း အနီရောင်နှလုံးသား သဘောပေါက်လ်ိုက်သည်။ ထိုအခါ အနီရောင်နှလုံးသား အကြီးအကျယ် ဒေါသထွက်လာတော့၏။ သို့သော် သူ့အတွက် အချိန်သိပ်မကျန်ျန်တော့မှန်း အနီရောင်နှလုံးသား သဘောပေါက်ပြီးပေပြီ။ သူ ဆုတ်မှရတော့မည်။

ထိုအချိန်မှာပင် စုချန်းတယောက်က် လေထဲသို့ လှစ်ခနဲ ခုန်ထွက်လာ၏။ သူ့လက်ထံရှိ တောင်ခွဲဓားသည် အနီရောင်နှလုံးသားဆီသို့ ဦးတည်နေလေသည်။

အနီရောင်နှလုံးသား ဒေါသစိတ်ပျောက်ပြီး ဝမ်းသာသွား၏။ ထို့နောက် သူက စုချန်းအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုစဥ်မှာပင် စုချန်း ရိပ်ခနဲ ပျောက်ကွယ်သွားပြန်၏။ အဖြူရောင်မျှော်စဥ်ပို့ဆောင်ခြင်းနည်းစနစ်အား စုချန်း နောက်တကြိမ် ထုတ်သုံးလိုက်ခြင်းပင်။

စုချန်းအနေနှင့် အနီရောင်နှလုံးသားအား သတ်ရန် ရည်ရွယ်ထားခြင်းမရှိ။ သူ့အကြံမှာ အနီရောင်နှလုံးသားအား အချိန်အနည်းငယ် ဆွဲထားရန်သာ။

ခနတာမျှ တုံ့ဆိုင်းလိုက်သည့့်အတွက် အနီရောင်နှလုံးသား ရလိုက်သည့့်အကျိုးဆက်မှာ များပြားလှသော သတ်ဖြတ်သူစစ်သားအုပ်ကြီးနှင့် နောက်တကြိမ် ရင်ဆိုင်လိုက်ရခြင်းပင်။

အနီရောင်နှလုံးသား ဒေါသအိုးပေါက်ကွဲသွားလေပြီ။ သူ့ကိုယ်မှ ထွက်ပေါ်လာသော ချီစွမ်းအားကလည်း တိုက်ခိုက်မှုအားလုံးကို ကာကွယ်လ်ိုက်၏။ သို့သော် ၎င်း၏ မျက်နှာမှာ ဖွေးဖွေးဖြူနေပြီး တကိုယ်လုံး ယိမ်းယိုင်နေ၏။ ၎င်း မားမားရပ်တည်ရန်ပင် ခက်ခဲနေခဲ့လေပြီ။

"ခွေးမသား ငါ မင်းကို မှတ်မိတယ် ဒီနေ့ကစပြီး ကမ္ဘာဆုံးထိ မင်းကို အမဲလိုက်ပြီသာမှတ်"

စကားဆုံးသည်နှင့် အလင်းတန်းတခု လေထဲတွင် ဝီခနဲ ပျံသန်းသွား၏။ အနီရောင်နှလုံးသား ထွက်ပြေးသွားလေပြီ။

ဤတကြိမ်တွင်လည်း စုချန်း အနီရောင်နှလုံးသားကို တိုက်ခိုက်ခြင်းမပြု။

အနီရောင်နှလုံးသား ထွက်ပြေးသွားသည်ကို ကြည့်ရင်း သူ တီးတိုးရေရွတ်လိုက်၏။

"မင်း ထွက်ပြေးသွားလဲ ပြသနာမရှိပါဘူးလေ ငါ မင်းကို မှတ်မိနေတာပဲ"

အနီရောင်နှလုံးသား ထွက်ခွာသွားသည်နှင့် စုချန်းသည် အမှောင်ထုအတွင်းမှ ပြန်ပေါ်လာ၏။ သူ့ပုံစံမှာလည်း နောက်ထပ်သတ်ဖြတ်သူတဦးအဖြစ် ပြောင်းလဲနေခဲ့လေပြီ။

ဤတကြိမ်တွင်လည်း စုချန်းသည် အခြားသတ်ဖြတ်သူများနှင့် အလွယ်တကူ ရောနှောနိုင်ခဲ့ပြန်၏။ ထို့နောက်သူသည် သတ်ဖြတ်သူအုပ်ကြီးမှ ခွဲထွက်ပြီး မိုးမခတောင်ကုန်းဆီသို့ ခရီးနှင်လာခဲ့၏။ ထိုနေရာတွင် ကျန်လူများနှင့် သူ ချိန်းထားသည် မဟုတ်ပါလား။

စုချန်းရောက်သည့့်အချိန်တွင် လီဖန်းးတို့လူစုမှာ လည်ပင်းရှည်နေခဲ့လေပြီ။

စုချန်းကိုမြင်သည်နှင့် သူတို့အားလုံး စိတ်လှုပ်ရှားသွား၏။

"ဟာ ခေါင်းဆောင်စု ဘာမှမဖြစ်ဘူးနော်"

ထိုစဥ် ယွန်ကိုင်းတို့လူစုက စုချန်းရှေ့တွင် ဒူးထောက်ချလိုက်၏။

"ကျုပ်တို့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်စု"

"ရပြီ ထကြတော့ မင်းတို့ကို ကျုပ်ကယ်တာ ဒီတကြိမ်တည်း မဟုတ်တော့ဘူးလေကွ ခုလောက်ဆို မင်းတို့ အသားကျသင့့်နေပြီ"

စုချန်းက တဟဲဟဲ ရယ်မောရင်း ပြောလ်ိုက်သည်။

စုချန်း၏စကားကြောင့် လူတိုင်း ရယ်မောလိုက်ကြ၏။

ထိုစဥ် ကျန်းလျူက ပြောလိုက်ပြန်၏။

"ခေါင်းဆောင်စုရောက်ပြီဆိုတော့ ကျုပ်တို့သွားကြမယ်"

"မင်းတို့ကို ကျုပ် လမ်းပြောလိုက်မယ် မင်းတို့ပဲ သွားကြပေတော့ ကျုပ်ကတော့ မင်းတို့နဲ့ အတူ မလိုက်နိုင်သေးဘူး"

လူတိုင်း အံ့သြသွား၏။

"ခေါင်းဆောင်စု မလိုက်ဘူး ဟုတ်လား"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကျုပ် မလိုက်သေးဘူး လုပ်စရာတခု ကျန်နေသေးလို့ မင်းတို့ဘာမှ စိတ်မပူနဲ့ ဒီနယ်မြေမှာ သတ်ဖြတ်သူတွေ ကျုပ်ကို ဖမ်းမိနိုင်စွမ်း မရှိတော့ဘူး"

စုချန်း၏ ဆုံးဖြတ်ချက်ကို ကြားသည်နှင့် လီဖန်းတို့လူစု အထွန့်မတက်တော့ပဲ ယာဥ်နှစ်စီးပေါ်သို့ အသီးသီး တက်လိုက်ကြလေသည်။

စုချန်းလည်း ထိိုနေရာမှ ထွက်ခွာလာခဲ့၏။ ထိုစဥ် နောက်ကျောဆီမှ လှမ်းအော်ပြောသံကို စုချန်း ကြားလိုက်ရသည်ည်။

"ခေါင်းဆောင်စု လောင်စန်းနိုင်ငံကိုရောက်ရင် ကျုပ်တို့ကို လာရှာဖို့မမေ့ပါနဲ့ ကျုပ်တို့အားလုံး ခေါင်းဆောင်စုရဲ့ နောက်လိုက်တွေ ဖြစ်စေရမယ်"

စုချန်း နောက်သို့လှည့်ကြည့်လိုက်သည်။ ယာဥ်များပေါ်ရှိလူအုပ်ကြီးသည် သူရှိရာဖက်သို့ မျက်နှာမူပြီး ဒူးထောက်နေကြ၏။

စုချန်း ပြုံးလိုက်သည်။

"သေချာတာပေါ့ကွာ"

______________××××_____________××××____________

လီဖန်းးတို့လူစု ထွက်ခွာသွားသည်နှင့် စုချန်း ခရီးဆက်ရပြန်သည်။

တရက်ခန့့်အကြာတွင် သူ သတ်ဖြတ်သူစစ်သားတအုပ်နှင့့် စုချန်း ဆုံတွေ့မ်ိလေသည်။ ထိုစစ်သားခေါင်းဆောင်အား စစ်ဆေးမေးမြန်းရာမှာ သားရဲများသည် လွန်ခဲ့သောတရက်တိုက်ပွဲကတည်းက ရှုံးနိမ့်သွားပြီဖြစ်ကြောင်း၊ သားရဲပေါင်း သိန်းချီ သေဆုံးသွားကြောင်း၊ သတ်ဖြတ်သူများဘက်မှ အနိုင်ရလိုက်သော်လည်း ဂူချာ၊ ဂွန်းကောက်အပါအဝင် သတ်ဖြတ်သူအကြီးအကဲ အများအပြား သေဆုံးသွားပြီး မူလအရိုးတောင်ဝှေးနှင့် အသက်ဓာတ်ဆေးမင်ကို ဆုံးရှုံးလိုက်ရ၍ အရင်းအနှီးများစွာ ပေးဆပ်လိုက်ရသော အောင်ပွဲဖြစ်ကြောင်း စုချန်း သိလိုက်ရသည်။

ဂူလန်ရဲတိုက်သို့ ပြန်ရောက်ပါက အနူဘီတယောက်က် ပြသနာတက်တော့မည်မှာ သေချာနေတော့၏။

စစ်သားခေါင်းဆောင်အား ရှင်းပစ်ပြီးသည်နှင့် စုချန်း အနောက်ဘက်သို့ ခရီးဆက်ခဲ့ပြန်သည်။ နှစ်ရက်ခန့့်အကြာ တောအုပ်တခုသို့ သူ ရောက်ရှိလာ၏။

သူ လေချွန်သံပြုလိုက်ရာ တောအုပ်အတွင်းမှ စက္ကူဖြူအရုပ် ထွက်ပေါ်လာလေသည်။

"သခင်"

စုချန်း မေးလိုက်၏။

"ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ အခြေအနေ ဘယ်လိုရှိသလဲ"

"သူတို့ ကောင်းကင်ဘုံမြစ်ရှေးဟောင်းလမ်းကို အန္တာရာယ်ကင်းကင်းပဲ ဖြတ်သန်းသွားပါပြီ သခင် သံမဏိ တာဝန်ကျေသွားပါပြီ"

"ဒီတော့ မင်း သံမဏိနဲ့ တွေ့ခဲ့တယ်ပေါ့"

"မှန်ပါတယ်သခင်"

"သူ့အခြေအနေ ဘယ်လိုရှိသလဲ"

"သူ အခု ဟာရီကိန်းအသိုက်ရဲ့ ခေါင်းဆောင်ဖြစ်နေပြီ ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် လမ်းကြောင်းဖွင့်ဖို့ သူတို့အတော် ပေးဆပ်လိုက်ရတယ် ဆယ့့်နှစ်ယောက် သေတယ် အယောက်သုံးဆယ် ဒဏ်ရာရတယ် ဒီအတွက် သူတို့ကို ဆုချဖို့ သံမဏိ မျှော်လင့့်နေတယ်"

"သူ ဘာလိုချင်တာတဲ့လဲ"

"သူ့မျိုးစိတ်ဝင်တွေအတွက် နေလို့ရမဲ့ နေရာလေးပေါ့သခင်"

"ပြသနာမရှိဘူး သူ ရစေရမယ်"

သံမဏိက အသိုက်ခေါင်းဆောင်ဖြစ်ပြီးနောက် အတွေးအခေါ် များစွာ ရင့်ကျက်လာခဲ့ပေပြီ။

"ကိစ္စပြီးပြီဆိုတော့ ကျုပ်တ်ို့ ပြန်ကြတော့မလား သခင်"

စုချန်း ခေါင်းခါလိုက်သည်။

"မပြန်သေးဘူး ဒီနယ်မြေထဲမှာ ကျုပ် လုပ်စရာတခု ကျန်နေသေးတယ်"

"ဘာများလဲ သခင်"

စုချန်း ဘာမှပြန်မပြော။ ကောင်းကင်ကိုသာ မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

"သိပ်အလျင်လိုစရာ မလိုပါဘူးကွာ"

ထို့နောက် စုချန်းသည် လမ်းကြောင်းပြောင်းကာ ခရီးဆက်ခဲ့ပြန်၏။ စက္ကဖြူအရုပ်လည်း ဘာမှမပြောပဲ စုချန်းနောက်မှ ထပ်ချပ်မကွာွာ လိုက်ပါလာခဲ့လေသည်။

နှစ်ရက်ခန့်အကြာ စိန်းလန်းစ်ိုပြေလှသော တောင်ကြီးတလုံးကို သူတို့ တွေ့မြင်လိုက်ရသည်ည်။ တောင်ခြေမှ တောအုပ်ကို ကြည့့်ရင်း စုချန်း ရေရွတ်လိုက်၏။

"ကြည့်ရတာ ဒီနေရာပဲ ဖြစ်ရမယ် အချိန်ကျပြီ"

တောအုပ်အလယ်တွင် ကွင်းပြောင်လေး ဖြစ်နေ၏။ အမှန်က ထိုနေရာတွင် သစ်ပင်များပေါက်ရောက်နေသင့့်သော်လည်း ဘာကြောင့်မှန်းမသိ ပြောင်သလင်းခါနေလေသည်။ ကွင်းပြောင်ပြောင်အား အနီရောင်သဲများဖြင့် ဖုံးလွှမ်းထား၏။

၎င်းကိုကြည့်ရင်း စုချန်း ပြုံးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ကဲ တချက်လောက် သွားပြီး စစ်ဆေးကြည့်စမ်းကွာ"

"ဟုတ်ကဲ့သခင်"

စက္ကူဖြူအရုပ် ကွင်းဘေးနားသို့ လျှောက်သွားပြီး အနီရောင်သဲများအား ကောက်ယူလိုက်သည်။ ထိုအချိန်မှာပင် သဲအောက်မှ အရှိန်အဝါတခု ထွက်ပေါ်လာတော့သည်။

စက္ကူဖြူအရုပ် ကြက်သေသေသွား၏။

ဒါ...နတ်ဆိုးဧကရာဇ်သားရဲရဲ့ အရှိန်အဝါပါလား..

"သခင် ဒါ ဧ...ဧကရာဇ်ပဲ"

"ကျုပ် သိတယ်"

ပြောပြောဆိုဆို စုချန်းသည် စက္ကူဖြူအရုပ်အား သဲပုံဆီသို့ ပစ်ထည့့်လိုက်၏။

အား!!!!

စက္ကူဖြူအရုပ် ကြောက်လန့့်တကြားနှင့် ထအော်လိုက်သည်။ သဲပုံအတွင်းမှ ထွက်ပေါ်လာသော အားလှိုင်းကြောင့် စက္ကူဖြူအရုပ် လွင့်စင်သွား၏။

မြေကြီးပေါ်ရောက်သည်နှင့် သူ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် စုချန်း၏ ထိန်းချုပ်မှုကြောင့် သူ့ခမျာ ထွက်ပြေး၍ မရရှာ။

"သခင်...ဒါ နတ်ဆိုးဧကရာဇ်သားရဲကြီးနော်"

"ဒါပေမဲ့ အဲဒီနတ်ဆိုးဧကရာဇ်ကြီး အတော်ကို အားနည်းနေတာ မင်း မခံစားမိဘူးလား"

ထိုအခါကျမှ နတ်ဆိုးဧကရာဇ်သားရဲ၏ တိုက်ခိုက်မှုခံလိုက်ရသည့်တိုင် သူ မသေသေးမှန် စက္ကူဖြူအရုပ် သတိရလာတော့သည်။

"ကြည့်ရတာ ဒီလိုအချိန်မှာ ကျုပ် ဒါမျိုးမလုပ်သင့့်ဘူးနဲ့တူတယ် ဟုတ်သလား အနီရောင်နှလုံးသား"

စုချန်း၏ အေးဆေးတည်ငြိမ်လှသော အသံ ထွက်ပေါ်လာလေသည်။

***

All Chapters