← Chapters

လူအများရှေ့တွင် ကြားနာခြင်း ၁

Vol. 73 Ch. 725

လူအများရှေ့တွင် ကြားနာခြင်း ၁

Vol. 73 Ch. 725

ဟောခန်းမကြီးတခုတွင် ဖြစ်သည်။ ဗိုလ်ချုပ်အများအပြား ထိုင်နေကြ၏။

၎င်းတို့အားလုံးသည် လီကုံးရှန်နှင့် အဆင့်တူဖြစ်ပြီး ရွှေရေခံတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသောခေါင်းဆောင်များဖြစ်ကြောင့် မြင်ရုံနှင့် သိသာနေပေသည်။

စုချန်းကား ဟောခန်းမအဆုံးတွင် မတ်တပ်ရပ်လျက်သား ရှိနေ၏။

ဟောခန်းမထိပ်တွင်တော့ ဆံပင်များ တခေါင်းလုံးဖြူနေသည့် အကြီးအကဲတဦး ထိုင်နေ၏။

၎င်းမှာ သတ်ဖြတ်သူသုတ်သင်ရေးတပ်တော်ကြီး၏ ခေါင်းဆောင်ဟုန်ချန်းစုမှန်း စုချန်း ချက်ချင်းသိလိုက်သည်။

ဟုန်ချန်းစုသည် ဟုန်မျိုးနွယ်စုဝင်ဖြစ်ပြီး နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ဆိုင်ထားသူ ဖြစ်၍ အလွန်အင်အားကြီး၏။ ငယ်စဥ်က သတ်ဖြတ်သူနယ်မြေအတွင်း ကိုးကြိမ်တိုင်တိုင် သွားလာဖူးသူ ဖြစ်သည်။ သိပ်မကြာမီကာလက ၎င်းအား စစ်နတ်ဘုရားအဖြစ် ဂုဏ်ပြုခြင်းခံရ၏။ ထို့ကြောင့် ဟုန်ချန်းစုသည် တော်ဝင်မိသားစုပြီးလျင် သြဇာအာဏာအကြီးဆုံးသူတဦးပင်။

သို့သော် ၎င်းပိုင်ဆိုင်ထားသည့် နတ်ဆိုးဧကရာဇ်သွေးဗီဇဖြစ်သော လှံပြောင်းပြန်ဘုရင်သားရဲသွေးဗီဇမှာ ကျန်းမာရေးနှင့် အသက်ရှည်ခြင်းအတွက် အထောက်အကူမဖြစ်။ ထို့ပြင် ၎င်းသည် ပြင်းထန်သောဒဏ်ရာအများအပြား ရရှိဖူးသဖြင့် အသက်စွမ်းအားမှာ ကုန်လုကုန်ခင် ဖြစ်နေခဲ့လေပြီ။ တနည်းအားဖြင့် ၎င်းသည် ဆာချာ၏ အခြေအနေနှင့် အတူတူပင်။ ထို့ကြောင့် အဖိုးကြီးသည် အတိတ်ကာလကဲ့သို့ မာန်မာနသိပ်မရှိလှတော့။

၎င်း၏ ဘေးနားရှိ လူရွယ်မှာကား ဒုခေါင်းဆောင်ဖြစ်သည့် တော်ဝင်မင်းသား လင်ဝမ်ကျွန်းပင်။ တော်ဝင်မင်းသားဖြစ်သည်နှင့်အညီ လင်ဝမ်ကျွန်း၏ ရုပ်ရည်မှာ အတော်ပင် ခန့်ညား၏။ မည်မျှပင် ခန့်ညားစေကာမူ ၎င်း၏ မျက်နှာက မဲမဲမှောင်နေလေရာ မြင်ရသူအပေါင်း စိတ်မသက်မသာ ဖြစ်နေကြရလေသည်။

စုချန်း၏ အမူအရာကိုကြည့်ရင်း လင်ဝမ်ကျွန်း၏ စိတ်ထဲတွင် အကြီးအကျယ် မကျေမနပ်ပ် ဖြစ်နေ၏။

ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ပြီး အားလုံး မျက်နှာပျက်အောင် လုပ်ခဲ့တာ ဒီကောင်တဲ့လား...

တကယ်တော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းအား သတ်ဖြတ်သူနယ်မြေအတွင်း ထိုးဖောက်တိုက်ခိုက်ခိုင်းသူမှာ လင်ဝမ်ကျွန်းပင်။ ကောင်းကင်ဘုံလက်သီးတပ်ရင်း ဘယ်တော့မှ ပြန်မလာနိုင်တော့မှန်း သူ တထစ်ချ ယုံကြည်ထားခဲ့၏။

ခုတော့ ဒီကောင်က အားလုံးကို ပြန်ကယ်လာသတဲ့လား...

ပြီးတော့ ဒီကောင်တယောက်က်တည်း ဒါတွေကို လုပ်ခဲ့တာတဲ့...

စုချန်း၏လုပ်ရပ်မှာ သူ့မျက်နှာအား ဖြတ်လိုက်ရိုက်သကဲ့သို့ပင်။

ငါ့လို တော်ဝင်မင်းသားရဲ့ရှေ့မှာ ဒီခွေးမသား ဘယ်လိုမျက်နှာထားမျိုးနဲ့ ရပ်နေတာလဲ...

အထက်ပါအတိုင်း တွေးမိသည်နှင့် လင်ဝမ်ကျွန်း ပို၍ ဒေါသထွက်လာ၏။

ထိုအခါ သူ ဟောခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ စုချန်းအား ဖမ်းလာသည့့် စာပေသမားက လင်ဝမ်ကျွန်း၏ ဆန္ဒကို ချက်ချင်းပင် သဘောပေါက်လိုက်၏။ ထိုအခါ သူက ကျယ်လောင်သောအသံဖြင့် အောက်ပါအတိုင်း အော်ဟစ်ပြောဆိုလိုက်လေသည်။

"စုချန်း မင်း ပြန်လာပြီကတည်းက သတ်ဖြတ်သူနယ်မြေဟာ ငြိမ်သက်နေတယ် စစ်သားတဦးတလေတောင်မှ မင်းကို ဟန့်တားတာမျိုး မရှိဘူး ဒါ ဘယ်လိုဖြစ်ရတာလဲ ကျုပ်တို့ကို အမှန်အတိုင်း ပြောပြ မင်း သတ်ဖြတ်သူတွေနဲ့ အပေးးအယူတခုခု လုပ်ထားတယ်မလား"

စုချန်း ပြုံးလိုက်၏။

"မင်း တမင်သက်သက် ဇာချဲ့ပြီး ပြသနာရှာနေတာပဲ ကျုပ်က မဟုတ်ဘူးပြောတော့ မင်း ယုံမှာလား"

ချူးချိန်းကျိအမည်ရှိ စာပေသမားက စားပွဲကို လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။

"ရုံးတော်က မေးတဲ့အခါ လေးလေးစားစား ဖြေပါ မထီမဲ့မြင် မလုပ်ပါနဲ့"

စုချန်း ခေတ္တစဥ်းစားဟန် ပြုလိုက်၏။

"ကျုပ် သတ်ဖြတ်သူတွေလို ပုံစံပြောင်းနိုင်တယ် ဒါ့အပြင် ကျုပ်မှာ အလွန်မြန်တဲ့ ယာဥ်ပျံတွေ ရှိတယ် ဒါကြောင့် တယောက်က်တည်းခရီးသွားတဲ့အခါ ဘယ်သတ်ဖြတ်သူမှ ကျုပ်ကို သံသယမဝင်ဘူး ဒီနည်းနဲ့ပဲ သတ်ဖြတ်သူနယ်မြေထဲ ကျုပ် ဝင်နိုင်ခဲ့တယ် ဒီနည်းနဲ့ပဲ အဲဒီနယ်မြေထဲက ကျုပ် ပြန်ထွက်လာနိုင်ခဲ့တယ်"

ချူးချိန်းကျိ မဲ့လိုက်၏။

"မင်းပြောတော့လဲ လွယ်လှပါကလားကွ"

စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"ဒါ ဘာမှမခက်ဘူး မင်းအနေနဲ့ ထိုက်သင့်တဲ့အင်အားရှိရင်ကို သတ်ဖြတ်သူနယ်မြေထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရပြီ ဒီကောင်တွေရဲ့ ခံစစ်က အထင်ကြီးလောက်စရာမှ မဟုတ်တာပဲ"

"ထောင်လွှားလိုက်လေကွာ"

စုချန်း ပြုံးလိုက်ပြန်သည်။

"ကျုပ် အမှန်အတိုင်း ပြောနေတာ ကျုပ်ပြောတာ မင်းမယုံရင် ကိုယ်တိုင်စမ်းကြည့်လေ ပြန်မလာနိုင်ခဲ့ဘူးဆိုရင် ကျုပ်အပေါ်သာ အပြစ်ပုံချလိုက်"

ချူးချိန်းကျိ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ စုချန်း၏ စကားကြောင့် ဟောခန်းမအတွင်းဝယ် ခပ်အုပ်အုပ်ရယ်သံများ ထွက်ပေါ်လာလေသည်။

ချူးချိန်းကျိ အကြီးအကျယ် မျက်နှာပျက်သွား၏။ သို့သော် သူ စုချန်း၏စကားကို မတုံ့ပြန်ရဲ။ သူ့တွင် သတ်ဖြတ်သူနယ်မြေဆီသို့ ခရီးထွက်ရဲသော သတ္တိမရှိ။

ချူးချိန်းကျိ စုချန်းအား စူးရှစွာ စိုက်ကြည့်ရင်း တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ ထိုစဥ် ဘေးနားရှိ ဗိုလ်ချုပ်တဦးက ဝင်ပြောလိုက်၏။

"စုချန်း နားလည်မှုမလွဲပါနဲ့ လူသားမျိုးနွယ်စုကို သစ္စာဖောက်တယ်လို့ သံသယရှိလို့ ကျုပ်တို့ မင်းကို စစ်ဆေးနေတာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ပေးတဲ့အတွက် ကျုပ်တို့က မင်းကို ကျေးဇူးတင်ရမှာပါ ကျုပ်တို့ မင်းကို မေးခွန်းထုတ်နေရတယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး သူတို့ကို ကယ်တဲ့အချိန်မှာ ကျုပ်တို့လျှို့ဝှက်ချက်တွေ ပေါ်မသွားဘူးဆိုတာ သေချာအောင်လို့ပဲ"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဒါကတော့ သိပ်မဆိုးလှတဲ့ အကြောင်းပြချက်လို့ ဆိုရမှာပေါ့ ရယ်စရာကောင်းလှတဲ့ လုပ်ရပ်မျိုးတွေမှာတောင် ဂုဏ်သိက္ခာရှိတဲ့ အကြောင်းပြချက်တချို့ လိုအပ်တယ် ဗိုလ်ချုပ်ရဲ့အကြောင်းပြချက်က ခုနကထက်စာရင်တော့ တော်သေးတာပေါ့လေ"

သို့သော် အဆိုပါဗိုလ်ချုပ်က စိတ်ဆိုးဟန်မတူ။ သူက ရယ်မောရင်း ပြောလိုက်၏။

"လူပေါင်းရှစ်ထောင်ကျော်ပါတဲ့တပ်ကြီးကို တယောက်တည်း ကယ်တင်ခဲ့တဲ့ မင်းလိုသူရဲကောင်းကို ခုလိုမေးခွန်းထုတ်နေရတာကိုက ရယ်စရာကောင်းနေပါပြီကွာ ဒါပေမဲ့ ဘာလျို့ဝှက်ချက်မှ ပေါ်မသွားဘူးလို့ ကျုပ်တို့ သက်သေပြနိုင်ခဲ့ရင် မင်းအပေါ်မှာ ဘာပြသနာမှ မရှိစေရပါဘူးလို့ ကျုပ် ကတိပေးတယ်"

စုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်ပြန်၏။

"ဒါနဲ့ ဗိုလ်ချုပ်က"

"ကျုပ်နာမည် ဝေဖန်း ပါ"

"ဒီတော့ ဗိုလ်ချုပ်က မြေတပ်ဖွဲ့ရဲ့ခေါင်းဆောင်ပေါ့ ဗိုလ်ချုပ်စကားအရ သက်သေပြနိုင်ခဲ့ရင် ကျုပ်ကို ဘာပြသနာမှမရှာတော့ဘူးပေါ့ ဟုတ်လား"

ထိုစဥ် ဗိုလ်ချုပ်များ၏ အလယ်တွင် ထိုင်နေသည့့် ဟုန်ချန်းစုက ပြောလိုက်သည်။

"တကယ်တော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ခဲ့တာဟာ ကြီးမားတဲ့ စွမ်းဆောင်မှုပဲ ကျုပ်တို့ အမှန်တရားကို သိသွားပြီးရင် မင်းအနေနဲ့ ကြီးမားတဲ့ ဆုတော်လာဘ်တော်တွေ ချီးမြှင့်ခြင်း ခံရမှာပါ လတ်တလော မင်းရဲ့နစ်နာမှုဟာ ယာယီပါပဲ ဒါပေမဲ့ လိုအပ်လို့ ကျုပ်တို့ လုပ်ရတဲ့သဘောပဲ"

စုချန်း ပြုံးလိုက်သည်။

"လက်စသတ်တော့ ဒီလိုကိုး"

ထို့နောက် သူက ဟုန်ချန်းစုအား စိုက်ကြည့်ရင်း ပြောလိုက်၏။

"ဒါဆိုရင်လဲ အကြီးအကဲတို့ ဗိုလ်ချုပ်တို့ မေးစရာရှိတာကို လွတ်လွတ်လပ်လပ်သာ မေးပါ"

စုချန်း၏ လေသံတွင် လင်ဝမ်ကျွန်းကိုပင် ဂရုထားဟန် မပေါ်။ လင်ဝမ်ကျွန်း၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"ဒါဆိုရင်လဲ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဘယ်လိုကယ်တင်ခဲ့သလဲ ကျုပ်တို့ကို ပြောပြပါ"

ဤတကြိမ် မေးခွန်းထုတ်လိုက်သူမှာ ရှောက်ဖေးနန်ပင် ဖြစ်သည်။

ထိုမေးခွန်းကို ရှောက်ဖေးနန် ရည်ရွယ်ချက်ရှိရှိ မေးလိုက်ခြင်းပင်။ သဘောမှာ စုချန်း၏ စွမ်းဆောင်ရည်ကို လူအများရှေ့တွင် နောက်တကြိမ် တင်ပြခွင့်ပြုလိုက်သည့် သဘောပင်။

တကယ်လည်း စုချန်းက ရှောက်ဖေးနန်အား စိတ်မပျက်စေခဲ့။ စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း သတ်ဖြတ်သူနယ်မြေထဲတွင် လမ်းပျောက်နေခဲ့ပုံ၊ သူ စစ်သားများအတွက် ရိက္ခာအများအပြား သယ်ယူသွားခဲ့ပုံ၊ ထို့နောက် သားရဲနယ်စပ်သို့ ထိုးဖောက်ဝင်ရောက်ပြီး သားရဲလှိုင်းအား ဖြစ်ပေါ်စေခဲ့ပုံ၊ နောက်ဆုံးတွင် သံမဏိအား ကြိုတင်စေလွှတ်ပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် ထွက်ပြေးရန် လမ်းကြောင်းတရပ် ဖန်တီးခဲ့ပုံတို့ကို လူအများရှေ့တွင် စီကာပတ်ကုံးပင် ပြောပြလိုက်၏။

ထိုအကြောင်းအရာများအား လူတိုင်းသိပြီးသားပင် ဖြစ်သော်ငြား စုချန်း စကားကိုနားထောင်ရင် လူတိုင်း သွေးများဆူဝေလာတော့သည်။

စုချန်းစကားဆုံးသွားသည်နှင့် ဟောခန်းမတခုလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အတန်ကြာမှ ဟုန်ချန်းစု လက်နှစ်ဖက်ကို မြောက်လိုက်၏။

လက်ခုပ်တီးသံ။

ထို့နောက် ဟောခန်းမတခုလုံး လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်။

ယုတ်စွအဆုံး လက်ခုပ်တီးသူများထဲတွင် လင်ဝမ်ကျွန်းပင် ပါဝင်နေ၏။ သူသည် ခေါင်းဆောင်ကောင်းမဟုတ်သော်လည်း သရုပ်ဆောင်ကောင်းတော့ ဟုတ်ပေသည်။

စုချန်းသည် သူ အချိန်အတော်ကြာအောင် မကြားခဲ့ရသည့် လက်ခုပ်တီးသံများအား ငြိမ်ငြိမ်သက်သက်ပင် နားထောင်နေ၏။

လက်ခုပ်တီးသံများ ရပ်သွားပြီး ဟောခန်းမတခုလုံး တိတ်ဆိတ်သွားပြန်၏။

ထိုအခါ ဟုန်ချန်းစုက ပြောလိုက်သည်။

"ကျုပ်ကတော့ မေးစရာရှိတာ မေးပြီးပြီ တခြားလူတွေမှာကော မေးစရာကျန်သေးလား"

လင်ဝမ်ကျွန်း၏ စကားသံ ထွက်ပေါ်လာ၏။

"ကျုပ် နည်းနည်း မေးချင်သေးတယ်"

ထို့နောက် သူက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်းသားလေးစုဟာ သတ်ဖြတ်သူနယ်မြေထဲဝင်ပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ခဲ့တယ် ဒါ အင်မတန် ထူးကဲလှတဲ့ စွမ်းဆောင်မှုကြီးပဲ ကျုပ် သိချင်တာက သတ်ဖြတ်သူတွေရဲ့ အနေအထားကို နားလည်အောင် မင်းသားလေးစု ဘယ်လိုများ စီမံခဲ့သလဲ"

စုချန်း ပြန်မဖြေနိုင်သေးခင်မှာပင် လင်ဝမ်ကျွန်းက စကားဆက်လိုက်ပြန်သည်။

"ကျုပ် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မေးပါ့မယ် မင်း သံနဲ့သွေးနိုင်ငံပတ်ပတ်လည်ထိ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့တာဟာ မင်းရဲ့ပုံပြောင်းခြင်းနည်းစနစ်ကြောင့်တင်မကပဲ မြေပုံကြောင့်လဲ ပါတယ် ဟုတ်တယ်မလား မြေပုံဆိုတဲ့ အင်မတန် တန်ဖိုးကြီးတဲ့ ရတနာပဲ ဒီမြေပုံကို မင်း ဘယ်ကရသလဲ ကျုပ်ကို ရှင်းပြပေးပါလား"

လင်ဝမ်ကျွန်း၏ စကားသည် စုချန်း၏ အားနည်းချက်ကို တိုက်ရိုက်ပင် ထိမှန်သွား၏။

ရှင်သန်ခြင်းကျောင်းတော်နှင့် အဆက်အသွယ်ရှိခြင်းသည် စုချန်း၏ အကြီးမားဆုံး အားနည်းချက်ပင်။ ထိုလျှို့ဝှက်ချက်သာ ပေါ်သွားပါက စုချန်းသည် လူသားမျိုးနွယ်ကို သစ္စာဖောက်သူ ဖြစ်သွားပေလိမ့်မည်။ သို့သော် စုချန်း ရှင်သန်ခြင်းကျောင်းတော်နှင့် လက်တွဲလာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်၍ ထိုအကြောင်းကို သိရှိသူ အတော်ပင် များပြားနေခဲ့လေပြီ။

အထူးသဖြင့် ယန်သုံးပါးဆေးအား ရောင်းချသည့်ကိစ္စတွင် ရှင်သန်ခြင်းကျောင်းတော်နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းက စုချန်းကို လူအတော်များများ သံသယဝင်သွားစေ၏။

ထိုသက်ရောက်မှုမှာ အတော်ပင် ကြီးမားလှပေသည်။ ရှင်သန်ခြင်းကျောင်းတော်အနေနှင့်လည်း ထိုလျှို့ဝှက်ချက်ကို ကြာရှည် မထိန်းသိမ်းနိုင်။ မည်သူမဆို ယန်သုံးပါးဆေးရောင်းချခြင်း၏ နောက်ကွယ်မှ လက်သည်မှာ ရှင်သန်ခြင်းကျောင်းတော်ပင် ဖြစ်ကြောင်း အချိန်မရွေး သိရှိသွားနိုင်သည် မဟုတ်ပါလား။

ပိုဆိုးသည်မှာ သွေးနီဥပြိုကွဲဆေးမင်အား ရောင်းချပြီး တိမ်တိုက်လင်းနို့ကို စုချန်းမှန်း လူတိုင်းနီးပါး သိရှိသွားခြင်းပင်။ ယခုဆိုလျင် ခုနှစ်ပြည်ထောင်တွင် စုချန်း မည်သူမည်ဝါမှန်း မသိသူ မရှိတော့။

အထက်ပါအကြောင်းအရာနှစ်ရပ်ကို ဆက်စပ်တွေးကြည့်လျင် စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်သည် ဘက်တဖက်တည်းမှန်း လူပြိန်းတယောက်က်ပင် သိနိုင်ပေသည်။

လင်ဝမ်ကျွန်း၏ မေးခွန်းမှာ စုချန်းကို ချောင်ပိတ်ဖမ်းလိုက်သည်နှင့် အတူတူပင်။

လင်ဝမ်ကျွမ်း ဘာတွေတွေးနေမှန်း စုချန်း မသိ။ သို့သော် သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုကို ဝန်ခံရန် ယခုအချိန်သည် အချိန်ကောင်းမဟုတ်သေးမှန်းကိုတော့ စုချန်း ကောင်းကောင်းသိ၏။

ထိုအခါ သူက အောက်ပါအတိုင်း ဘူးခံလိုက်လေသည်။

"ကျုပ်မှာ မြေပုံမှ မရှိပဲ"

လင်ဝမ်ကျွန်းက ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။

"ဒါဆိုရင် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို မင်း ဘယ်လိုရှာတွေ့ခဲ့တာလဲ သတ်ဖြတ်သူနယ်မြေအကြောင်း မင်း ဘယ်လိုသိနေခဲ့တာလဲ"

***

All Chapters