အကျပ်ကိုင်ခြင်း
Vol. 73 Ch. 727
စစ်ဆေးမေးမြန်းခြင်းမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
စုချန်းတယောက်က် စန်းမိုအား ပါးစပ်ပိတ်အောင်လုပ်ပြီးကတည်းက သူ့အနေနှင့် စုချန်းအား ဒုက္ခပေးနိုင်စွမ်းမရှိတော့မှန်း လင်ဝမ်ကျွန်း သိလိုက်ပေပြီ။ သူ့အနေနှင့် ယန်သုံးပါးဆေးနှင့်ပတ်သက်၍ စုချန်းအား ဆက်လက်စစ်ဆေးနိုင်ပေးသည်။ သို့သော် ၎င်းကိုလည်း စုချန်း အလွယ်တကူပင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း လင်ဝမ်ကျွန်း သဘောပေါက်ပြီး ဖြစ်သည်။
သို့သော် ၎င်းမှာ စုချန်း လျှာစောင်းထက်လွန်း၍ မဟုတ်။ ရွှေရေခံတပ်မှလူအများအပြား စုချန်းအား ထောက်ခံနေကြသောကြောင့်သာတည်း။
စွမ်းအား၏ စစ်မှန်သောသရုပ်သကန်တွင် အမှန်တရားနှင့် တရားမျှတမှုသည် သိပ်အရေးမပါပဲ ဖြစ်နေတတ်ပြီး ဂိုဏ်းဂဏများ၊ ထောက်ခံသူများက ပို၍ အရေးကြီးနေတတ်၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်းကို တယောက်တည်း ကယ်တင်နိုင်ခဲ့ပြီးကတည်းက စုချန်းအား ရွှေရေခံတပ်မှ ဗိုလ်ချုပ်အများအပြားက ထောက်ခံထားပြီး ဖြစ်သည်။ ဤအနေအထားတွင် စန်းမိုအား စုချန်း မချေပနိုင်သည့်တိုင်အောင် ဗိုလ်ချုပ်များက သူ့အား ကာကွယ်ပေးကြမည်သာ။ အခြားတဖက်မှပြန်တွေးလျင် စုချန်တွင် ထောက်ခံသူသာ မရှိပါက စန်းမို ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အလွယ်တကူ အသတ်ခံသွားရနိုင်၏။ မည်သူမဆို စုချန်းအား ကွပ်မျက်ရန် အကြောင်းပြချက်ကို အလွယ်တကူ ရှာတွေ့နိုင်သည် မဟုတ်ပါလား။
ဤအနေအထားတွင် အမှန်တရား၊ တရားမျှတမှုနှင့် စကားလုံးများမှာ စိုးစဥ်းငယ်မျှပင် အရေးမပါတော့။
အကယ်၍ စန်းမို၏ စွတ်စွဲမှုအား စုချန်းအနေနှင့် ချေပနိုင်စွမ်းမရှိခဲ့လျင်ပင် ဗိုလ်ချုပ်များ၏ ကာကွယ်မှုကြောင့် စုချန်းတယောက်က် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရသွားလိမ့်မည်သာ။ ၎င်းမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်းအား ကယ်တင်နိင်ခဲ့သည့်အကျိုးဆောင်မှုကို ရှင်သန်ခြင်းကျောင်းတော်နှင့် ပတ်သက်ခဲ့မိသည့် ပြစ်ဒဏ်ဖြင့် ဘဲစားဘဲချေ လုပ်လ်ိုက်သည်နှင့် တူနေ၏။
ထို့ကြောင့် တရားစီရင်ရေးသည် ရလဒ်ကို မရည်ရွယ်ပဲ တစုံတဦး၏ အကျိုးဆောင်မှုကို တိုင်းတာဆုံးဖြတ်ရန်သာ ရည်ရွယ်နေ၏။ ဤသည်မှာ ဤခေတ် တရားစီရင်ရေးစနစ်၏ အရိုင်းဆန်သော သဘာဝပေတည်း။
မည်သို့ဆိုစေ ၎င်းမှာ လင်ဝမ်ကျွန်းအတွက် ပြသနာကြီးတော့ မဟုတ်။
အကြောင်းမှာ သူ၏ မူလရည်ရွယ်ချက်ကိုက စုချန်းအား မဖြစ်မနေ အရေးယူရန် မဟုတ်သောကြောင့်ပင်။
လင်ဝမ်ကျွန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ပြီး သူ့အား အရှက်ရစေခဲ့သော စုချန်း၏ လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်ရသည်မှာ အမှန်ဖြစ်သည်။ သို့သော် သူ့တွင် ထိုထက်ပိုသော ရည်ရွယ်ချက်တခု ရှိနေသေး၏။
_____________×××_____________×××______________
ညသည် ပိန်းပိတ်အောင် မှောင်မဲလျက်ရှိသည်။
လင်ဝမ်ကျွန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခြံဝင်းအတွင်းဝယ် မတ်တပ်ရပ်နေ၏။
ချူးချန်းကျိ၏ စကားသံ ထွက်ပေါ်လာသည်။
"အရှင်မင်းသားင်းသားခင်ဗျာ"
"အင်း ဒီနေ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်းပဲ မြင်ရရဲ့မလား"
လင်ဝမ်ကျွန်းက မေးခွန်းထုတ်လိုက်၏။
"ဟုတ်ကဲ့ ကျုပ် ကောင်းကောင်းကြီး မြင်ပါတယ်အရှင် ဒီကနေ့ဖြစ်ရပ်မှာ ဗိုလ်ချုပ်နှစ်ယောက်က စုချန်းမှာ အပြစ်ရှိတယ်လို့ ယူဆတယ် သုံးယောက်ကတော့ ကြားနေ ငါးယောက်ကတော့ စုချန်း အပြစ်ကင်းတယ်လို့ ထင်နေတယ် အရာရှိတဝက်ကျော်ကျော်လောက်က စုချန်းကို ထောက်ခံကြတယ် အရှင့်မှာ ထောက်ခံသူ နည်းနေပါသေးတယ်"
လင်ဝမ်ကျွန်း မဲ့လိုက်သည်။
"ကျုပ်က တရားမျှတမှုအကြောင်းကို ပြောနေတာကွ ထောက်ခံသူရှာနေတာမှ မဟုတ်ပဲ"
ချူးချန်းကျိ ခပ်မြန်မြန်ပင် ပြန်ပြောလိုက်သည်။
"စိတ်မစောပါနဲ့အရှင်...အရှင် ဒီခံတပ်ကို တာဝန်ယူတာ ကာလတိုပဲ ရှိပါသေးတယ် အုတ်မြစ်ကို အခြေခိုင်အောင်သာ အရင်တည်ဆောက်သင့်ပါတယ်"
"ကျုပ်ဟာ တော်ဝင်အိမ်ရှေ့မင်းသားကွ သူတို့အနေနဲ့ ကျုပ်အပေါ် သစ္စာရှိရမှာပဲ ဒါကိုတောင် သူတို့ ကျုပ်ကို ထောက်ခံလာအောင် ကျုပ်က အချိန်ဖြုန်းနေရအုံးမှာလား"
ချူးချိန်းကျိ သက်ပြင်းချလိုက်သည်။
လင်ဝမ်ကျွန်းသည် နုံချာသူမဟုတ်။ သို့သော် သူသည်လည်း ကျန်တော်ဝင်သွေးများကဲ့သို့ပင် တကမ္ဘာလုံးအား သူ ပိုင်သည်ဟု အထင်ရောက်လျက်ရှိလေသည်။
တကယ်တော့ သူတို့ စစ်ဆေးမေးမြန်းခြင်းအား ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်ည်ရွယ်ချက်မှာ ရွှေရေခံတပ်၏စုချန်းအား ထောက်ခံသူ အရေအတွက်ကို ခန့်မှန်းနိုင်ရန်ပင်။
စစ်မှန်သောထောက်ခံသူများဟူသည် တရားမျှတမှုကို ဂရုစိုက်လေ့မရှိ။ သူတို့သည် တဖက်တည်းအမြင်ကိုသာ မြင်လေ့ရှိကြ၏။
မည်သို့ဆိုစေ ရွှေရေခံတပ်မှ ဗိုလ်ချုပ်များသည် သူ့ဘက်တွင်သာ ရှိနေသင့်သည်ဟု လင်ဝမ်ကျွမ်း ယူဆထား၏။ ကံမကောင်းသည်မှာ လက်တွေ့တွင် ထိုသို့ ဖြစ်မနေခြင်းပင်။
စုချန်း၏ ရဲရင့်သောလုပ်ရပ်ကြောင့် ဗိုလ်ချုပ်အများစုမှာ သူ့ဘက်သို့ ပါကုန်၏။ တချို့မှာ ကြားနေဖြစ်ပြီး အနည်းစုသာလျင် လင်ဝမ်ကျွန်းအား ထောက်ခံကြလေသည်။
ထောက်ခံသူအနည်းစုအပေါ် ဘယ်လောက်ထိယုံကြည်ရမည်နည်းဟူသောအချက်မှာလည်း မေးခွန်းထုတ်ဖွယ်ရာပင်။
တစိမ့်စိမ့်တွေးရင်း လင်ဝမ်ကျွန်း မကျေမနပ် ဖြစ်လာ၏။
ကံကောင်းသည်မှာ သူ ခေါင်းအေးအေးထားတတ်ခြင်းပင်။ ထိုအခါ သူက ပြောလိုက်၏။
"တလောက ကျုပ်လုပ်လိုက်တာ နည်းနည်းလောကြီးသလိုဖြစ်သွားမှန်းတော့ ကျုပ် သဘောပေါက်ပါတယ်"
ထိုစကားမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးလိုက်သည်နှင့် တူသည်။ တောင်းပန်စကားနှင့်လည်း တူပေသည်။
သို့သော် လင်ဝမ်ကျွန်း၏ တောင်းပန်စကားသည် တောင်းပန်သည်နှင့်မတူပဲ ခက်ထန်နေ၏။
ချူးချိန်းကျိက လင်ဝမ်ကျွန်း၏ စကားကို ဂရုထားဟန်မတူပဲ ခေါင်းငုံ့ကာ ပြောလိုက်သည်။
"မင်းသားလေးက အင်မတန်ကြီးမြတ်သူပါ မင်းသားလေးလုပ်တာ ဘာမှမှားစရာမရှိပါဘူး"
မည်သို့ဆိုစေ ချူးချိန်းကျိ၏ တုံ့ပြန်မှုကြောင့် လင်ဝမ်ကျွန်း ကျေနပ်သွား၏။ ထိုအခါ သူက မေးလိုက်ပြန်သည်။
"ဒါနဲ့ မင်း စုချန်းကို ဘယ်လိုမြင်သလဲ"
ချူးချိန်းကျ်ိ ခေတ္တစဥ်းစားနေ၏။ ပြီးမှ သူက ဖြေလိုက်သည်။
"ဒီကောင်ဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို တကယ်ကြီး ကယ်တင်လာခဲ့တယ် ဒီကောင် တခုခုတော့ တခုခုပဲ မင်းသားလေး"
စုချန်းကို လင်ဝမ်ကျွန်း မနှစ်သက်မှန်း ချူးချိန်းကျိ သိထား၏။ သို့သော် သူ့ပါးစပ်မှ စုချန်းသည် အားနည်းသူဟု ပြောမထွက်နိုင်။ ထို့ကြောင့် သူက ကောင်းကင်ဘုံလက်သီးတပ်ရင်းကို သက်သေထားကာ ပြောဆိုလိုက်ခြင်းပင်။
တော်ဝင်မင်းသားထံတွင် ခစားရခြင်းမှာ မလွယ်။ စကားလုံးတိုင်းကို အထူးပင် ဂရုစိုက်ရ၏။
လင်ဝမ်ကျွန်း သက်ပြင်းချလိုက်၏။
"ဒီကောင် လူတော်ဆိုတာတော့ သေချာတယ်ကွ ဒါပေမဲ့ သူ့ဆရာလိုပဲ ဒီကောင် အတော်ခေါင်းကြောမာပြီး ဖင်ယားတယ် ဒီတိုင်းပြည်က လူတွေရဲ့ငြိမ်းချမ်းရေးအတွက် ကျုပ် ဒီပြသနာကို ဖြေရှင်းမှဖြစ်မယ်"
ပြောရင်းနှင့် မွန်းကြပ်သော ခံစားချက်ကို လင်ဝမ်ကျွန်း ခံစားလိုက်ရသည်။
သူသည် ဤတိုင်းပြည်၏ တော်ဝင်မင်းသား ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ဤတိုင်းပြည်မှ တော်ဝင်မျိုးနွယ်စုများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် တာဝန်ရှိနေ၏။ သို့မှသာ ၎င်းတို့၏ ထောက်ခံမှုကို သူ ရရှိမည်မဟုတ်ပါလား။ ထို့ကြောင့် ရှီကိုင်းဟွမ်နှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို သေတွင်းသို့ သူ ပို့လိုက်ခြင်းပင်။ သို့သော် ရှီက်ိုင်းဟွမ် မသေ။ ၎င်းမှာ သူ့မျက်နှာကို စုချန်း ဖြတ်ရိုက်လိုက်သည်နှင့် အတူတူသာ။
ယခုတော့ ရှီကိုင်းဟွမ်သာမက စုချန်းပါ ပြန်ရောက်လာခဲ့ပေပြီ။ သူအပေါ်ဖိအားမှာလည်း သိသိသာသာပင် တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျင် သွေးနီဥပြိုကွဲဆေးမင်အား စုချန်း တီထွင်လိုက်ကြောင်း လူတိုင်း သိသွားပေပြီ။ အနာဂတ်တွင် စုချန်းကြောင့် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် နည်းလမ်းမျိုးပါ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်၏။
တော်ဝင်မျိုးနွယ်စုများအနေနှင့် ထိုဖြစ်ရပ်မျိုးကို မလိုလား။ ထို့ကြောင့် သူ့အား တာဝန်ပေးကာ ရွှေရေခံတပ်သို့ စေလွှတ်လိုက်သည် မဟုတ်ပါလား။
မရေမတွက်နိုင်သောအတွေးများ လင်ဝမ်ကျွန်း၏ဦးခေါင်းထဲတွင် ပေါ်ပေါက်နေ၏။ ထိုအခါ သူ့တကိုယ်လုံး ခြေကုန်လက်ပန်းကျလာပြီး မျက်နှာမှာလည်း အကျည်းတန်လာတော့သည်။
လင်ဝမ်ကျွန်း၏ စိတ်အခြေအနေမဟန်မှန်း ချူးချိန်းကျိ သဘောပေါက်လိုက်သည်။ ထိုအခါ သူ ကမန်းကတန်း ပြောလိုက်၏။
"ဒါမှမဟုတ် ကျုပ်တို့ သူ့ကို လာဘ်ပေးလာဘ်ယူ လုပ်ရင်ကော"
လင်ဝမ်ကျွန်း ခေါင်းခါလိုက်၏။
"အရင်သွေးဗီဇနည်းလမ်းနှစ်မျိုးကို ရောင်းစားတုန်းက ဒီကောင် ဘယ်လောက်ရသွားတယ်ထင်သလဲ မူလကျောက်တုံးသန်းနဲ့ချီတယ်ကွ ဒီကောင် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်နိုင်တာ တခြားကြောင့်မဟုတ်ဘူး ကျုပ်တို့ထက်ကို ချမ်းသာနေလို့ပဲ ကဲ မင်းသာ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်နိုင်မဲ့နည်းလမ်းကို ဖမ်းတီးနိုင်ခဲ့ပြီဆိုရင် ဒါကို ရောင်းစားလို့ ဘယ်လောက်ထိရမယ်လို့ မင်းထင်သလဲ မင်း ဒီအကြောင်းကို မကြော်ငြာပဲ နေမှာတဲ့လား မင်း ဒီလိုမကြော်ငြာရလေအောင် ဘယ်လောက်ထိ ကျုပ်တို့က ပေးရမှာလဲ ဘယ်လောက်ထိ ကျုပ်တို့က ပေးနိုင်မှာတဲ့လဲ"
ချူးချိန်းကျိ တခါတည်း ပါးစပ်ပိတ်သွားတော့သည်။
ရှီကိုင်းဟွမ်သည် ငွေကြေးမက်မောသူ မဟုတ်။ ထို့ကြောင့် သူ့ကို ငွေကြေးနှင့် စည်းရုံး၍ မရ။ တဖက်မှ စုချန်းသည်လည်း အလွန် ချမ်းသာကြွယ်ဝသူ ဖြစ်နေပြန်၏။
ငွေကြေးမမက်မောက်မောသူနှင့် ငွေကြေးချမ်းသာသူဟူသည် ငွေကြေးနှင့်စည်းရုံး၍ မရဟူသော သဘောကိုဆောင်နေ၏။
ထို့ကြောင့် ရှီကိုင်းဟွမ်ကို တိုက်ရိုက်ဒုက္ခပေးရန် လင်ဝမ်ကျွန်း ကြိုးစားလိုက်ခြင်းပင်။
အတန်ကြာအောင် ငေးငိုင်နေပြီး လင်ဝမ်ကျွန်းက ရေရွတ်လိုက်ပြန်၏။
"ခုဆိုရင် စုချန်းရဲ့ဂုဏ်သတင်းက သိပ်မြင့်မားလွန်းနေပြီ ကျုပ်တို့ သူ့ကို ပေါ်ပေါ်ထင်ထင် ဒုက္ခပေးမယ်ဆိုရင် လူတိုင်းက ကျုပ်ကို ဆန့်ကျင်ကြလိမ့်မယ် ဒီလိုတော့မဖြစ်သေးဘူး ဒီတော့ ကျုပ်တို့ သူ့ပြသနာကို လျှိ့ဝှက်ဖြေရှင်းရမယ်"
ချူးချိန်းကျိ တွန့်ဆုတ်ဆုတ် ဖြစ်သွား၏။
"ဒါပေမဲ့ မင်းသားလေး ကျုပ်တို့ လျှို့ဝှက်ပြီး ဖြေရှင်းမယ်ဆိုရင်..."
ချူးချိန်းကျိ၏ ဆိုလိုရင်းကို လင်ဝမ်ကျွန်း ချက်ချင်းသဘောပေါက်လိုက်သည်။
အကယ်၍ သူတို့သာ စုချန်းအား လူသ်ိရှင်ကြား ကွပ်မျက်ရန် ကြိုးစားပါက တနိုင်ငံလုံးမှ တော်ဝင်မျိုးနွယ်စုများက သူ့အား ထောက်ခံကြပေလိမ့်မည်။ သို့သော် လျှို့ဝှက်လုပ်ကြံမည်ဆိုပါက ထိုအခွင့်အရေးမျိုးကို လင်ဝမ်ကျွန်း မရနိုင်တော့။ တနည်းအားဖြင့် သူ၏ နိုင်ငံရေးသြဇာအား ဆုံးရှုံးသွားမည် ဖြစ်သည်။
လင်ဝမ်ကျွမ်း ခေါင်းကိုက်လာ၏။
အတန်ကြာသော် သူ သက်ပြင်းချရင်း ရေရွတ်လိုက်လေသည်။
"ဒီကောင့်ကို လုပ်ကြံဖို့ဆိုတာကလဲ တကယ်မလွယ်လှပါဘူးကွာ"
ထိုအခါ ချူးချိန်းကျိက နှစ်သိမ့်လိုက်ပြန်သည်။
"ဒီလောက်လဲ ခေါင်းမရှုပ်ပါနဲ့ မင်းသားလေး လူတယောက်ကို ဦးညွတ်အောင် ငွေကြေးနဲ့အသက်ကပဲ လုပ်နိုင်တာ မဟုတ်ဘူး တခြားနည်းလမ်းတွေအများကြီး ရှိနေပါသေးတယ်"
"မင်း ဆိုလိုတာ"
"ကျုပ်တို သူဂရုစိုက်တဲ့သူ ဒါမှမဟုတ် သူ့ဘေးနားလူတွေကို ဒုက္ခပေးမယ်ဆိုရင်ကော"
လင်ဝမ်ကျွန်း ခေါင်းခါလိုက်၏။
"အသုံးမဝင်ဘူးကွ သူနဲ့စုမျိုးနွယ်စုက ဘာပတ်သက်မှုမှ မရှိတော့ဘူး သူ့မိသားစုမှာ သူဂရုစိုက်တဲ့ တဦးတည်းသောသူဟာ သူ့အမေပဲ ဒါပေမဲ့ ဒီကောင်က သူ့အမေကို ဘယ်သူမှမသိတဲ့နေရာမှာ ဖွက်ထားတာ ကြာလှပေါ့ ဒီကောင် ဟိုးအရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာပဲ"
"ကျုပ်က ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဆိုလိုတာပါ မင်းသားလေး"
"ဘာကွ"
လင်ဝမ်ကျွန်း အံ့သြသွား၏။ ပြီးမှသူက ယခင် ဖျက်သိမ်းလိုက်သော ကောင်းကင်ဘုံလက်သီးတပ်ရင်းအား ချူးချိန်းကျိ ရည်ရွယ်ပြောဆိုနေမှန်း သဘောပေါက်လိုက်သည်။
ချူးချိန်းကျိ စကားဆက်လိုက်ပြန်သည်။
"ကောင်းကင်ဘုံလက်သီးတပ်ရင်း ပြန်ရောက်ကတည်းက သူတို့တွေ စုချန်းအကြောင်းပဲ ပြောနေကြတာ ဒီတော့ သူ့တို့ဆက်ဆံရေးက အင်မတန်နက်ရှိုင်းမှာ သေချာတယ် ကျုပ်တို့သာ သူတို့ကို ဒုက္ခပေးခဲ့ရင်..."
လင်ဝမ်ကျွန်း ချက်ချင်းသဘောပေါက်သွားသည်။
"ဒါပေမဲ့ သူတို့ တစုတစည်းတည်း ရှိနေရင်တော့ ရင်ဆိုင်ဖို့ မလွယ်လှဘူးကွ"
"ဒါကြောင့်မို့ ဒီကောင်တွေကို အရင်င်ဆုံး ခွဲပစ်ဖို့ မင်းသားလေးကို ကျုပ် အကြံပြုခဲ့တာပေါ့ သူတို့ကို ခွဲထားလိုက်ရင် တယောက်က်ပြီးတယောက် အလွယ်တကူ ဒုက္ခပေးလို့ရတယ် ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ တပ်သားအားလုံးတောင် မလိုလှဘူး တပ်သားတချို့နဲ့တင်ပဲ ဒီကောင်စုချန်း ဦးညွတ်လာအောင် ကျုပ်တို့လုပ်လို့ရတယ်"
***