အဖွဲ့တစ်ဖွဲ့ အခြေတည်
Vol. 73 Ch. 729
ပျော်ရွှင်ဖွယ်ရာညသည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။
ဂုဏ်ပြုပွဲပြီးသွားသည်နှင့် စုချန်းလည်း တည်းခိုရာနေရာသို့ ပြန်လာခဲ့လေသည်။
အတော်ပင် ညနက်နေပြီဖြစ်လေရာ တလောကလုံး မှောင်မဲနေ၏။
စုချန်းလည်း စင်္ကြန်လမ်းလေးအတိုင်း အထီးကျန်ဆန်စွာ လမ်းလျှောက်လျက် ရှိလေသည်။ အတန်ကြာလျှောက်ပြီးသည်နှင့် စုချန်း ရုတ်တရက် အော်ဟစ်အမိန့်ပေးလိုက်၏။
"ထွက်လာခဲ့စမ်း"
အမှောင်ထဲမှ လူရိပ်များ တဖွဲဖွဲ ထွက်ပေါ်လာ၏။ စုချန်းရှေ့သို့ရောက်သည်နှင့် ထိုလူရိပ်များအားလုံး ဒူထောက်ပြီး ပြိုင်တူ အော်လိုက်ကြသည်။
"ခေါင်းဆောင်စုကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"
လက်စသတ်တော့ လီဖန်းးနှင့် ကျန်လူများပေတကား။
သို့သော် စုချန်းရှေ့တွင် ဒူးထောက်နေသူကတော့ လီဖန်းမဟုတ်သလို ကျန်စစ်သည်များလည်း မဟုတ်။
သံမဏိပေတည်း။
သံမဏိကား စစ်သား ၇၃ယောက်နှင့်အတူ စုချန်းဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ (စကားချပ်။ မူရင်းစာအုပ်မှာ စစချင်း လူသားအကျဥ်းသား ၆၄ယောက်လို့ ရေးထားတဲ့အတွက် ကျွန်တော် ဒီအရေအတွက်ကိုပဲ အတည်ယူပြီ ရေးခဲ့ပါတယ်။ နောက်ပိုင်းအခန်းတွေမှာကျတော့ ၇၃ယောက်လို့ပြောင်းသွားပေမဲ့ စာဖတ်သူတွေ စိတ်ရှုပ်မသွားအောင် အရေအတွက်က်ို တိတိကျကျ မထည့်တော့ပဲ လူသားစစ်သည်များ၊ အကျဥ်းသားများ စသဖြင့် ကျွန်တော်သုံးနှုံးခဲ့ပါတယ်။ ဒါပေမဲ့ ခုကျ ဒီစစ်သည်အရေအတွက်ဟာ နောက်ပိုင်းမှာ အရေးပါလာတာကို တွေ့ရတဲ့အတွက် စစ်သည်အရေအတွက်ကို ၇၃လို့ပဲ ကျွန်တော် သုံးနှုံးသွားပါမယ်ခင်ဗျာ)။
"သခင်"
စုချန်းအား စိတ်လှုပ်ရှားခြင်းကြီးစွာ လှမ်းကြည့်ရင်း ရေရွတ်လိုက်သော သံမဏ််ိ်ိ၏ အသံမှာ တုန်ယင်နေ၏။
သံမဏိ၏ ပုခုံးအား လှမ်းပုတ်ရင်း စုချန်း မေးလိုက်သည်။
"မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ မင်း ဟာရီကိန်းတောင်ရိုးကမ်းပါးတွေရဲ့ ခေါင်းဆောင် ဖြစ်နေပြီမဟုတ်လား"
သံမဏ်ိိ ပြုံးလိုက်သည်။ သူ့အပြုံးမှာ ဖြူစင်ရိုးသားလှ၏။
"ဟာရီကိန်းတောင်ရိုးကမ်းပါးတွေဟာ ကျုပ် မရှိပဲ ရှင်သန်နိုင်ပါတယ်သခင် ဒါပေမဲ့ ကျုပ်ကတော့ သခင်မရှိပဲ မနေနိုင်ပါဘူးခင်ဗျာ"
စုချန်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ်"
စုချန်း၏ စကားသံတွင် အကန့်အသတ်မရှိသော ပျော်ရွှင်မှုများ ပါဝင်နေ၏။
ထို့နောက် စုချန်းက ကျန်လူများအား ဝေ့ကြည့်ရင်း ပြောလိုက်ပြန်သည်။
"ရပြီ မင်းတို့အားလုံး ထနိုင်ပါပြီကွာ"
လူတိုင်း မတ်တပ်ရပ်လိုက်ကြ၏။
စုချန်းက လီဖန်းးအား မေးလိုက်ပြန်သည်။
"မင်းတို့ကကော ဘယ်လိုဖြစ်လို့ ကိုယ့်တပ်ဖွဲ့ဆီ မပြန်ကြတာလဲ"
လီဖန်းး ခါးသီးနာကျင်ဟန်ဖြင့် ရယ်မောလိုက်၏။
"ပြန်ရမှာ ဘယ်ကိုပြန်ရမှာလဲခင်ဗျာ ခံတပ်ကို မပြန်ရောက်သေးခင်မှာပဲ ကျုပ်တို့သိလိုက်ရတာက ကျုပ်တို့တပ်ရင်းကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီဆိုတာပဲ ကျုပ်တို့မှာ ပြန်စရာအိမ်မရှိတော့ပါဘူးဗျာ"
စုချန်းတယောက်က် လီဖန်းးတို့လူစုအား တွေတွေကြီး ငေးကြည့်နေမိလေသည်။
စစ်သား၇၃ယောက်သည် အမှောင်ထဲတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြ၏။ စကားတခွန်းမှ မဆိုကြသည့်တိုင် ၎င်းတို့၏ နာကျင်မှုက်ို စုချန်း အတိုင်းသား ခံစားမိသည်။
စုချန်း မေးလိုက်ပြန်သည်။
"ဒီတော့ မင်းတို့ ဘာဆက်လုပ်ကြမှာလဲ"
လီဖန်းးက အောက်ပါအတိုင်း ပြန်ဖြေလ်ိုက်၏။
"တပ်ထဲစဝင်ပြီ ဆိုကတည်းက ကျုပ်တို့ဟာ ကိုယ့်အသက်ကို လောင်စန်းနိုင်ငံအတွက် ပေးလှုထားခဲ့တယ် ဒါပေမဲ့ ခုဆို ကျုပ်တို့အသက်ကို လောင်စန်းနိင်ငံက မပိုင်တော့ဘူး ကျုပ်တို့အသက်ကို မင်းသားလေးစု ကယ်ခဲ့တာ ဒါကြောင့် ကျုပ်တို့အားလုံး မင်းသားလေးစုရဲ့နောက်ကို လိုက်ပါရစေ"
ထိုအဖြေကို စုချန်း မျှော်လင့်ထားပြီးသားပင်။ ယခု လီဖန်းး၏ အဖြေက ၎င်းကို ပို၍ သေချာသွားစေ၏။
ခေတ္တစဥ်းစားရင်း စုချန်းက ပြောလိုက်သည်။
"ကျုပ်ရွေးထားတဲ့ လမ်းကြောင်းက သိပ်ပြီး အန္တရာယ်များတယ် အနာဂတ်ကလဲ မရေရာဘူး မင်းတို့သေချာလို့....."
လီဖန်းး ပြုံးလိုက်သည်။
"ဘယ်လောက်ပဲ အန္တရာယ်များများ သတ်ဖြတ်သူနယ်မြေမှာ ထောင်ချောက်မ်ိတာလောက်ပဲ အန္တရာယ်များနိုင်အုံးမလား ဘယ်လောက်ပဲအန္တရာယ်များများ သတ်ဖြတ်သူတွေရဲ့အကျဥ်းသားဖြစ်ရတာလောက်ပဲ အန္တရာယ်များအုံးမလား"
ထိုစကားကိုကြားသည်နှင့် စုချန်း ဘာမှပြောမနေတော့ပဲ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ မင်းတို့ ဒီလိုတွေးထားပြီးပြီဆိုတော့ ကျုပ် လက်ခံပါတယ်"
"ကျေးဇူးတင်ပါတယ်"
စစ်သားများအားလုံး စိတ်လှုပ်ရှားကုန်ကြသည်။
စုချန်းက စကားဆက်လိုက်ပြန်၏။
"ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားမှရမယ် စစ်ဖက်က ဒီသတင်းကို သိသွားလို့မဖြစ်ဘူး"
"ကျုပ်တို့သိပါတယ် ဆရာ ဒီကိစ္စကို စိတ်မပူပါနဲ့ ကျုပ်တို့အားလုံး ညတွင်းချင်းပဲ ဒီကထွက်ပြီး မြို့ပြင်ကနေ ဆရာ့ရဲ့အမိန့်ကို စောင့်ပါ့မယ်"
လီဖန်းးက တရိုတသေပင် ပြန်ပြောလိုက်သည်။
"ဆရာတဲ့လား"
စုချန်း မျက်လုံးပြူးသွား၏။
"မှန်တယ်လေ ဒီနေ့ကစပြီး မင်းသားလေးစုဟာ ကျုပ်တို့အားလုံးရဲ့ဆရာပဲ ဒါ ဘာများမှားနေလို့လဲ"
စုချန်း ရယ်မောလိုက်သည်။
"ဆရာ ဒီလိုအသုံးအနှုံးမျိုး မလိုအပ်ပါဘူးကွာ မင်းတို့အားလုံး လွတ်လွတ်လပ်လပ်ပဲ နေသင့်ပါတယ်လေ"
သို့သော် ပြောနေရင်းနှင့် စုချန်း တစုံတခုကို တွေးမိဟန်ဖြင့် တွေသွား၏။ အတန်ကြာမှ သူက ပြောလိုက်ပြန်သည်။
"ကျုပ်တီထွင်ထားတဲ့ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို လူသားတွေအားလုံး ကျင့်ကြံစေချင်တဲ့ဆန္ဒ ကျုပ်မှာ အမြဲတမ်းရှိတယ် ဒါပေမဲ့ ဒီတခေါက်မှာတော့ ကျုပ် ဒီနည်းစနစ်ကို အိပ်မက်နယ်ပယ်ထဲမှာ မရောင်းတော့ဘူး"
စုချန်း ဘာကိုဆိုလိုနေမှန်း လူတိုင်း နားမလည်။ သို့သော် သူတို့အားလုံး တိတ်ဆိတ်စွာ နားထောင်နေကြ၏။
"ဒီလိုရောင်းလိုက်ရင် ဒီနည်းစနစ်က မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားမယ် လူသားတွေရဲ့အင်အား တမုဟုတ်ချင်း တိုးပွားလာမယ် ဒါကို ကျုပ်သိတယ် ဒါပေမဲ့ နာကျင်စရာကောင်းတဲ့အမှန်တရားက ကျုပ်ကိုသင်ပေးလိုက်တာက လူတွေကို တအားကြင်နာတာ သိပ်မကောင်းဘူး ဆိုတာပဲ ကျုပ်ဆရာရဲ့စကား မမှားဘူးပဲ ဆိုရတော့မယ် ကျုပ်ဘယ်လောက်ပဲကြိုးစားကြိုးစား လူသားတွေဟာ အောင်မြင်မှုရဖို့ ခဲယဥ်းနေတုန်းပဲ ဒီလိုအနေအထားမှာ ကျုပ်အနေနဲ့ နည်းနည်းတော့ အတ္တကြီးမှ ရမယ်"
ထို့နောက် သူက လီဖန်းးတို့လူစုကို လှမ်းကြည့်ရင်း စကားဆက်ပြန်၏။
"ဒီတော့ ကျုပ် အဖွဲ့သစ်တဖွဲ့တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ နောင်အနာဂတ်မှာ ကျုပ် တီထွင်တဲ့ကျင့်ကြံခြင်းနည်းစနစ်မှန်သမျှ တိုက်ခိုက်ရေးနည်းစနစ်မှန်သမျှကို အိပ်မက်နယ်ပယ်မှာ မရောင်းတော့ဘူး ဒီကနေ့ကစပြီး အင်အားကြီးမားလိုတဲ့လူမှန်သမျှ ကျုပ်အဖွဲ့ထဲ ဝင်ကြရမယ် မင်းတို့တွေ...မင်းတို့တွေကတော့ ဒီအဖွဲ့ရဲ့ ပထမဆုံးအဖွဲ့ဝင်တွေ ဖြစ်လာလိမ့်မယ်"
လီဖန်းး ဝမ်းသာသွား၏။ သူက မေးလိုက်ပြန်သည်။
"ဒီအဖွဲ့ကို နာမည်ဘယ်လိုပေးကြမလဲ"
စုချန်း စဥ်းစားဟန်ပြုလိုက်၏။
"ဒီကမ္ဘာကြီးပေါ်မှာ သွေးဗီဇတွေ အများကြီးရှိတယ် သွေးဗီဇသည်သာ အခရာဆိုတဲ့လောကကြီး ပြီးတော့ ကျုပ်ဟာ ကောင်းကင်ရဲ့ထိပ်ဖျားကို တက်လှမ်းမဲ့အဖွဲ့ကို တည်ထောင်သူပဲ ဒါကြောင့် ကျုပ် ဒီအဖွဲ့ကို အချုပ်အနှောင်မဲ့အဖွဲ့လို့ နာမည်ပေးလိုက်တယ် မင်းတို့၇၃ယောက်ဟာ အချုပ်အနှောင်မဲ့အဖွဲ့ရဲ့ ပထမဆုံးအဖွဲ့ဝင်တွေပဲပေါ့"
"ဟုတ်ပြီကွ"
လီဖန်းအပါအဝင် လူတိုင်း ဟစ်ကြွေးလိုက်ကြ၏။
ထိုကနေ့မှစ၍ အချုပ်အနှောင်မဲ့အဖွဲ့အား စုချန်း တရားဝင်ဖွဲ့စည်းတည်ထောင်လိုက်လေသည်။
အချုပ်အနှောင်အဖွဲ့အား တည်ထောင်လိုက်ပုံမှာ လွန်စွာ ကတိုက်ကရိုက်နိုင်လှ၏။ စုချန်း၏ လုပ်ရပ်ကို ကြားပါက လူတိုင်းက သူ့အား လူလိမ်ဟု သတ်မှတ်ကြပေလိမ့်မည်။
အရာအားလုံးသည် စုချန်းအပေါ်တွင်သာ မူတည်နေ၏။ အစီအစဥ်မအောင်မြင်ပါက စုချန်းအား လူလိမ်ဟု ဆိုကြပေလိမ့်မည်။ အောင်မြင်ပါက စုချန်းကား လူချွန်ဟု ချီးမြှောက်ကြပေလိမ့်မည်။
လိပ်ပြာတကောင်ကား အတောင်ခတ်နေခဲ့ပေပြီ။
ကမ္ဘာ့တဖက်ခြမ်းတွင် မုန်တိုင်းတခု အစပျိုးနေခဲ့ပြီ ဖြစ်သည်။
______________×××______________×××____________
လီဖန်းနှင့်ကျန်လူများသည် ထိုနေ့ညမှာပင် ထွက်ခွာသွားကြ၏။ သူတို့အား ရွှေရေခံတပ်တွင် နောက်ထပ် တွေ့မြင်ရတော့မည်မဟုတ်။
သံမဏိကတော့ စုချန်းနှင့်အတူ ကျန်နေရစ်ခဲ့လေသည်။
နောက်တနေ့မနက်မှာပင် စုချန်းအား အိမ်ရှေ့မင်းသားက ဖိတ်ကြားလာ၏။
ထိုအခါ စုချန်းက သံမဏိအား သွေးတိုးစမ်း မေးခွန်းထုတ်လိုက်သည်။
"သံမဏိ ဒီလူ ကျုပ်ကိုဖိတ်တာ မင်း ဘယ်လိုထင်သလဲကွ"
"သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကြောင့်များ ဖြစ်မလား သခင်"
"ဒါပေမဲ့ ကျုပ် အလင်းတုန်ခါခြင်းနယ်ပယ်ထဲရောက်တာ သူ မသိသေးဘူးကွ"
"အနှေးနဲ့အမြန် သိမှာပဲလေ သခင်"
"အင်း မှန်တယ်"
စုချန်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဖိတ်ကြားစာအား ဆုတ်ဖြဲလိုက်လေသည်။
သံမဏိ အံ့သြသွား၏။
"သခင် မသွားဘူးပေါ့"
"ကျုပ် ဘာကြောင့်သွားရမှာလဲ ဒီလူ တနည်းမဟုတ်တနည်းည်းနဲ့ ကျုပ်ကို ဒုက္ခပေးမှာ သေချာနေတာပဲဟာ ဒါ အချိန်ဖြုန်းတာသက်သက်ပဲ ကျုပ်ဆရာကို သွားရှာတာက ပိုကောင်းလိမ့်မယ်"
စကားဆုံးသည်နှင့် စုချန်းသည် ချာခနဲလှည့်ထွက်ပြီး ရှီကိုင်းဟွမ်အား ရှာဖွေရန် ထွက်ခွာလာခဲ့လေသည်။
ရှီကိုင်းဟွမ်သည် ခြံဝင်းတခုအတွင်းဝယ် အကျယ်ချုပ်ကျနေ၏။ အဆိုပါခြံဝင်းသည် တောင်များ၊ မြစ်များ ဝန်းရံလျက်ရှိပြီး သာယာလှပေသည်။ ချောမောလှပသော မိန်းကလေးအစေခံများလည်း ရှိနေ၏။ ထို့ကြောင့် ရှီကိုင်းဟွမ်၏ အနေအထားမှာ မဆိုးလှဟုဆိုနိုင်သည်။
တကယ်တော့ ရှီကိုင်းဟွမ်သည် မည်သည့်အပြစ်မှ မရှိပဲ အချုပ်ကျနေခြင်းပင်။ သူ လုပ်ခဲ့သည့် တခုတည်းသောအပြစ်မှာ သွေးဗီဇမလိုအပ်သည့် ကျင့်ကြံခြင်းနည်းလမ်းများ တီထွင်မိခြင်းသာ ရှိသည်။
စုချန်း ထိုအိမ်သို့ရောက်သွားချိန်တွင် ရှီကိုင်းဟွမ်သည် ငါးမျှားလျက်ရှိ၏။ ချူးယင်ဝမ်က သူ့အတွက် ရေနွေးကြမ်း ငှဲ့ပေးနေလေသည်။
စုချန်းကို မြင်သည်နှင့် ရှီကိုင်းဟွမ်၏ မျက်နှာတွင် အပြုံးတခုပေါ်ပေါက်လာသည်။
"မင်း ပြန်ရောက်လာပြီကိုး ကဲ ဟိုမှာဘာတွေလုပ်ခဲ့သလဲ ကျုပ်ကို ပြောပြစမ်း မနေ့က ဟိုလူတွေကို အရူးလုပ်ခဲ့တဲ့ပုံပြင်ကို ပြောခိုင်းနေတာမဟုတ်ဘူးနော် ကျုပ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုမှ နားထောင်ချင်တာ"
"စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း ဆရာကြားရင် ကျုပ်ကို ထရိုက်နေပါအုံးမယ်"
"အိုး ဘာကြောင့်လဲကွ"
စုချန်း ပခုံးတွန့်လိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ကျုပ် အပေးအယူတခု လုပ်ခဲ့လို့ပဲ"
ထို့နောက် စုချန်းက ဒန်ဘာနှင့်သူ အပေးးအယူလုပ်ခဲ့သည့်အကြောင်းကို ပြောပြလိုက်၏။ စုချန်း ပြောပြသည်က်ို နားထောင်ရင်း ချူးယင်ဝမ် မျက်လုံးပြူးသွားလေသည်။
"ဘာပဲဖြစ်ဖြစ် သတ်ဖြတ်သူတွေကို မူလစွမ်းအင်ထိန်းချုပ်ခွင့်ပေးလိုက်တာကတော့ နည်းနည်းများတယ်"
ချူးယင်ဝမ်က မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။
ရှီကိုင်းဟွမ်ကတော့ ဘာမှပြန်မပြော။ ခေါင်းတဆတ်ဆတ်ညိတ်ရင်းသာ ရေရွတ်လိုက်လေသည်။
"မင်းရဲ့ရည်မှန်းချက်က သိပ်ကြီးကျယ်လွန်းအားကြီးတယ် ရှေ့ကိုအများကြီးမျှော်တွေးတဲ့အခါ တခါတလေ တချို့အရာတွေကို မျက်စေ့ရှမ်းသွားမှာကိုတော့ ကျုပ် စိတ်ပူမိတာ အမှန်ပဲ"
"ဆရာက ဒီလိုမှတ်ချက်ပြုတယ်ဆိုတော့ သိပ်မဆိုးသေးဘူးပေါ့ ဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲ ကျုပ် အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့ပြီဆရာ"
"ဟေ ဟုတ်လား ပြောပြစမ်းပါအုံးကွာ"
ထိုအခါ စုချန်းက မူလစွမ်းအင်ကျောင်းတော်ကိုသုံး၍ သူ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပုံ၊ အနူဘီ၏ ကိုယ်ရေးအစေခံအဖြစ် သူ တာဝန်ထမ်းဆောင်ခဲ့ပုံ၊ စစ်သား၇၃ယောက်အား သူ ကယ်တင်ခဲ့ပုံ၊ အနူဘီအား သွေးဆောင်ပြီး တိုက်ပွဲဆီသို့ ပို့ဆောင်ခဲ့ပုံ၊ အနီရောင်နှလုံးသားအား သူ သတ်ဖြတ်ခဲ့ပုံတို့ကို ခရေစေ့တွင်းကျ ပြောပြလိုက်လေသည်။
"သိပ်တော်တယ်ကောင်လေး သိပ်တော်တယ်"
ရှီကိုင်းဟွမ် အလွန်စိတ်လှုပ်ရှားသွား၏။
"မင်းဟာ တခုခုတော့ တခုခုပဲ မျက်စေ့တမှိတ်အတွင်း သတ်ဖြတ်သူမျိုးစိတ်တခုလုံး မင်းကြောင့် ကသောင်းကနင်း ဖြစ်ကုန်ကြပြီ"
"ဒါတင်မကသေးဘူး မီးလျံအသိုက် အကြီးအကျယ် အထိနာသွားတယ် ဒန်ဘာရဲ့ကျောက်တုံးပုတ်သင်ပသိုက်ကတော့ အင်အားကြီးမားလာတယ် ဒန်ဘာ ဒီအခွင့်အရေးကို အရယူလိမ့်မယ် ခုဆိုရင် တောင်နဲ့မြောက် စစ်ဖြစ်မှာ သေချာသလောက်ရှိနေပြီ"
ချူးယင်ဝမ်က မှတ်ချက်ပြုလိုက်လေသည်။
စစ်ပွဲစတင်ပြီဆိုသည်နှင့် ပြတ်ပြတ်သားသား အနိုင်ရရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည် မဟုတ်ပါလား။ ထိုအတောအတွင်းဝယ် လောင်စန်းနိုင်ငံသည် တရိပ်ရိပ်နှင့် အင်အားတိုးပွားနေပေလိမ့်မည်။ အနာဂတ်တွင် ဒန်ဘာနိုင်သည်ဖြစ်စေ၊ အနူဘီနိုင်သည်ဖြစ်စေ သတ်ဖြတ်သူများသည် လောင်စန်းနိုင်ငံအတွက် အန္တရာယ်မဟုတ်တော့။
စုချန်းကား လောင်စန်းနိုင်ငံအတွက် ကြီးမားသော အကျိုးဆောင်ပေးလိုက်ခြင်းပင်။
သို့သော် ဒန်ဘာနှင့် စုချန်းအကြား သဘောတူညီချက်ကို လူရှေ့သူရှေ့တွင် ထုတ်ဖော်၍ မဖြစ်။ ထို့ကြောင့့် စုချန်း၏ စွမ်းဆောင်မှုကိုလည်း မည်သူမှ မသိနိုင်တော့။
ရှီကိုင်းဟွမ်က ပြောလိုက်ပြန်သည်။
"ဘာပဲဖြစ်ဖြစ်ပါ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်နိုင်ခဲ့တာနဲ့ မင်း ကြီးကြီးမားမား အကျိုးဆောင်ခဲ့ပြီးပါပြီ သိပ်မကြာခင် မင်း မြို့တော်ကိုသွားပြီး ဆုလက်ခံယူရလိမ့်မယ် မင်း ဆုလာဘ်တွေ မလိုချင်မှန်း ကျုပ်သိတယ် ငါ့တပည့် မင်း ဘယ်လိုဆုလာဘ်မျိုးကို မျှော်မှန်းထားသလဲကွ ဟေ လောကကြီးမှာ မင်းမလွန်ဆန်နိုင်လောက်တဲ့ ဆုလာဘ်တမျိုးမျိုးတော့ ရှိနိုင်တာပဲလေ"
စုချန်း ရယ်မောလိုက်၏။
"ဆရာပြောတဲ့အတိုင်းဆိုရင် ကျုပ်တောင်းဆိုမဲ့ကိစ္စက သူတို့အတွက် ပြသနာမရှိလောက်ပါဘူးလေ"
"ဘာကိုတောင်းဆိုမလို့လဲကွ"
စုချန်း ပြန်ဖြေရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ချူးယင်ဝမ်သည် အာမေဋိတ်သံပြုပြီး သူမအိတ်ကပ်အတွင်းမှ ဆက်သွယ်ရေးငွေပြားကို ဆွဲထုတ်လိုက်သည်။
ငွေပြားမှ ထွက်ပေါ်နေသော အချက်ပြမှုကို ကြည့်ပြီး သူမ မျက်နှာပျက်သွား၏။
"မကောင်းတော့ဘူး ချန်းယွဲ့ဆီက အချက်ပြဝင်လာနေတယ်"
***