← Chapters

မြို့တော်သို့ဝင်ရောက်ခြင်း

Vol. 73 Ch. 730

မြို့တော်သို့ဝင်ရောက်ခြင်း

Vol. 73 Ch. 730

ချန်းယွဲ့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း အပြာရောင်တောင်တပ်ဖွဲ့၏ လက်ထောက်ခေါင်းဆောင်ဖြစ်ပြီး ချူယင်ဝမ်၏ အယုံကြည်ရဆုံးသူ၊ မိတ်ဆွေကောင်းလည်း ဖြစ်လေသည်။

ချူးယင်ဝမ်၏ စကားကိုကြားသည်နှင့် ရှီက်ိုင်းဟွမ်က မေးခွန်းထုတ်လိုက်သည်။

"ဘာဖြစ်တာတဲ့လဲ"

"သူ လူသတ်မိပြီလို့ ပြောတာပဲ"

"လူသတ်မိပြီ ဟုတ်လား ဘယ်သူ့ကိုလဲ"

စုချန်းနှင့် ရှီကိုင်းဟွမ်တို့၏ ပါးစပ်မှ အာမေဋိတ်သံများ ပြိုင်တူထွက်ပေါ်လာ၏။

____________×××_____________×××_____________

သူ့ရှေ့ရှိ သကောင့်သား တချက်တည်းနှင့် အသက်ပျောက်သွားလိမ့်မည်ဟု ချန်းယွဲ့ လုံးဝထင်မထား။ ၎င်းသည် လမ်းပေါ်တွင် အမျိုးသမီးကို ရိုက်နှက်ကန်ကျောက်ကာ လုယက်နေ၏။ ထိုအမှုမျိုးမှာ သေဒဏ်ထိုက်ပေသည်။

သို့သော် ပြသနာက ၎င်းအား ချန်းယွဲ့ မသတ်မိခြင်းပင်။

သူ့လက်ဝါးရိုက်ချက်တွင် အင်အားဘယ်လောက်ပါဝင်နေမှန်း ချန်းယွဲ့ ကောင်းကောင်းသိထား၏။ ဤလက်ဝါးရိုက်ချက်မျိုးသည် သာမာန်လူတယောက်ကို လဝက်ခန့့် အိပ်ယာပေါ်တွင် ပက်လက်လန်နေစေလောက်သည်။ သို့သော် သေစရာအကြောင်းတော့ မရှိ။

သူသည် ဗိုလ်ချုပ်တဦး၊ ကျွမ်းကျင်သော စစ်သည်တော်တဦးဖြစ်သည်။ တိုက်ပွဲပေါင်းများစွာကို သူ ဆင်နွှဲဖူး၏။ ထို့ကြောင့် အင်အားဘယ်လောက်ထုတ်လျင် ဘယ်လောက်တာသွားမည်မှန်း သူ ကောင်းကောင်းသိသည်။ အမှားအယွင်းရှိသည်ဆိုလျင်ပင် ဤမျှ လွဲစရာတော့မရှိ။

သို့သော် ဤတကြိမ်တွင်တော့ လူအများ၏ ရှေ့တွင် လူတယောက်ကို ချန်းယွဲ့ သတ်လိုက်မိလေပြီ။

"ဒီတော့ မင်း သူ့ကို သတ်လိုက်မှန်း သက်သေလုပ်ပေးနိုင်တဲ့လူတွေ အများကြီးရှိနေတယ်ပေါ့"

အကျဥ်းထောင်ထဲတွင် စုချန်းက ချန်းယွဲ့အား မေးခွန်းထုတ်လိုက်သည်။

သူ့ဘေးနားတွင် လီကုံးရှန်၊ ချူးယင်ဝမ်၊ ကျန်မောက်စီအပါအဝင် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ဗိုလ်ချုပ်များ ရှိနေကြ၏။ ရှီက်ိုင်းဟွမ်မှာ အကျယ်ချုပ်ကျနေဆဲဖြစ်၍ မလာနိုင်။

"မှန်ပါတယ်"

"မင်း သူ့ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ် ဒီတော့ သူ သေမှန်းမသိသေးခင် တခြားဘယ်သူတွေများ သူ့ကို ထိမိသေးလဲ"

"အဲဒီတုန်းက အတော်ကို ရှုပ်ရှက်ခတ်နေတယ် သူ့ကို ထိတွေ့မိတဲ့လူတွေကတော့ အများကြီးပဲပေါ့"

၎င်းကိုကြားသည်နှင့် စုချန်း၏မျက်နှာ မဲခနဲ ဖြစ်သွား၏။

အခြေအနေတခုလုံး ရှုပ်ရှက်ခတ်နေခြင်းကြောင့် လက်သည်တရားခံအစစ်ကို ရှာတွေ့ရန် အလွန်ခဲယဥ်းသွားပြီ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ဤအမှု၏ နောက်ကွယ်တွင် အခြေအနေတခုလုံးကို ရှုပ်ရှက်ခတ်သွားစေလောက်သည့့်အထိ စေခိုင်းနိုင်သော သြဇာအာဏာကြီးသူတယောက်က် ရှိနေခဲ့ပြီဟူသော အချက်ပင်။ စုချန်းအနေနှင့် တရားခံအစစ်ကို ရှာဖွေနိုင်ခဲ့စေကာမူ အဆိုပါ သြဇာကြီးသူသည် စုချန်းတွေ့လာသော သဲလွန်စများကို မျက်ကွယ်ပြုပေလိမ့်မည်။ ငြင်းပယ်လိုက်ပေလိမ့်မည်။

ဘာတွေဖြစ်ပျက်နေမှန်း လူတိုင်းလိုလိုပင် သဘောပေါက်လိုက်ကြ၏။ ရန်သူကတော့ တကွက်က်စရွှေ့လိုက်ပေပြီ။ သူတို့အနေနှင့် ပြန်လည်တုံ့ပြန်ရန်သာ ရှိတော့သည်။

ယခုဆိုလျင် ချန်းယွဲ့တယောက်က် ထောင်သွင်းအကျဥ်းချခံလိုက်ရပေပြီ။ သို့သော် ၎င်းမှာ အစမျှသာ ရှိသေးသည်။ သိပ်မကြာမီ လင်ဝမ်ကျွန်းတယောက်က် ပြစ်မှုအသစ်၊ ပြသနာအသစ်များ ဆက်လက်ဖန်တီးနေပေအုံးမည်။

၎င်းကို စုချန်း သဘောပေါက်သလို လူတိုင်းလည်း သဘောပေါက်လိုက်၏။

ချန်းယွဲ့အား မေးခွန်းအနည်းငယ်ခန့် ထပ်မံမေးမြန်းပြီး စုချန်းက အောက်ပါအတိုင်း ပြောလိုက်သည်။

"လောလောဆယ်တော့ မင်း ဒီအထဲမှာပဲ နေလိုက်အုံး ဘာမှစိတ်မပူနဲ့ ဒီကိစ္စကို ကျုပ် ဖြေရှင်းလိုက်မယ်"

ထိုအခါ ချန်းယွဲ့က ပြန်ပြောလိုက်၏။

"ဆရာလေး တကယ်လို့ အခြေအနေမဟန်ဘူးဆိုရင် ကိုယ့်ကိုယ်ကို အတင်းအကျပ် တွန်းအားမပေးပါနဲ့ ပြီးတော့..."

ချန်းယွဲ့ စကားမဆက်တော့။ သို့သော် သူ စုချန်းကို စိတ်ပူနေမှန်း လူတိုင်း သဘောပေါက်လိုက်သည်။

စုချန်း ရယ်မောလိုက်၏။

"ဘာမှစိတ်မပူပါနဲ့လေ ခုရန်သူဟာ သတ်ဖြတ်သူတွေလောက် ရင်ဆိုင်ရခက်မှာတဲ့လား"

ချန်းယွဲ့၏ မျက်နှာပေါ်တွင် ပို၍ စိုးရိမ်ပူပန်ဟန်များ ပေါ်ပေါက်လာသည်။

"ဘာပဲဖြစ်ဖြစ် သူက ခုချိန်မှာ အာဏာရှိတဲ့သူ ဖြစ်နေတယ်လေ"

ထိုအခါ စုချန်းက ပြန်ပြောလိုက်သည်။

"ဒါကမှ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းပဲကွ စစ်မြေပြင်မှာ တိုက်ပွဲအလီလီနွှဲလာတဲ့ စစ်သားတွေဟာ ရန်သူကို မကြောက်ဘူး သေရမှာကိုလဲမကြောက်ဘူး ဒီလိုလူမျိုးတွေက အာဏာရှိတဲ့လူတွေကို ဘယ်လိုအကြောင်းကြောင့် ကြောက်နေရမှာလဲ"

ထိုစကားကို ကြားသည်နှင့် လူတိုင်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာ၏။

စုချန်း၏ စကားသည် သူတို့အားလုံး၏ သဘောသဘာဝကို အကောင်းဆုံး ဖော်ကျူးလိုက်သည်နှင့် တူနေသည် မဟုတ်ပါလား။ ထိုမျှသာမကသေး စုချန်း၏ စကားလုံးများသည် စစ်သားအိုကြီးများ၏ နှလုံးသားထဲရှိ ဒေါသမီးတောက်များကို ဓာတ်ဆီလောင်းပေးသကဲ့သို့ ဖြစ်သွားလေသည်။

ထို့ပြင် ရွှေရေခံတပ်မှာ ဗိုလ်ချုပ်တဝက်ကျော်ခန့်သည်လည်း လင်ဝမ်ကျွန်း၏ သြဇာကို မခံလိုကြသည်မှာ အမှန်ပင်။

ထိုအခါ လီကုံးရှန်က ပြောလိုက်၏။

"စုချန်း သွားပါ မင်း လုပ်စရာရှိတာကိုသာ လုပ် ဖြစ်လာတဲ့အကျိုးဆက်ကို မင်းနဲ့အတူ ကျုပ်တို့အားလုံး အတူခံမယ်"

၎င်းမှာ စစ်သားအိုကြီး၏ ကတိစကားပေတည်း။

သူသည် သူ့ရာထူးကို အထိခိုက်ခံနိုင်၏။ ရဲဘော်ရဲဘက်များ ဒုက္ခရောက်မည့်အရေးကိုတော့ လက်မခံနိုင်။

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဗိုလ်ချုပ်လီရဲ့စကားကြောင့် ကျုပ် အားတက်မိပါတယ်"

အပြန်လမ်းတွင် ချူးယင်ဝမ်က စုချန်းအား မေးခွန်းထုတ်လိုက်၏။

"စုချန်း ဘာတွေများဆက်လုပ်ဖို့ စဥ်းစားထားသလဲ"

စုချန်းက ပြန်ဖြေလိုက်၏။

"လင်ဝမ်ကျွန်းက ချန်းယွဲ့ကို ထောင်ချောက်ဆင်နိုင်တယ်ဆိုတော့ ကျန်တဲ့လူတွေကိုလဲ သူ ဒုက္ခပေးနိုင်တယ်ဆိုတဲ့သဘောပဲ ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ အင်အားက ရှစ်ထောင်ဆိုတော့ ပစ်မှတ်ရှစ်ထောင်ဖြစ်နေတယ် ဒါ သိပ်များလွန်းတယ် ဒါကြောင့် ကျုပ်တို့ လူကယ်ဖို့ကို အာရုံစိုက်လို့မရဘူး"

ကျန်မောက်စီက ထောက်ခံလိုက်သည်။

"မှန်တယ် ကျုပ်တို့ တယောက်ကို ကယ်နိုင်ရင် သူက ဆယ်ယောက်ကို ဒုက္ခပြန်ပေးလိမ့်မယ် ပစ်မှတ်ရှစ်ထောင်ကို သူ ကျပန်းရွေးပြီး ဒုက္ခပေးမှာ ဧကန်ပဲ ဒီလိုသာ နောက်က လိုက်ကယ်နေရင် ကျုပ်တို့ ခံဖက်ကချည်း ဖြစ်သွားမယ်"

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ဒါကြောင့် ကျုပ်တို့ တန်ပြန်တိုက်စစ်ဆင်ရလိမ့်မယ် ဒါမတိုင်ခင်တော့ အစ်ကိုချန်းနဲ့ကျန်လူတွေ ဒုက္ခများနေမှာ ကျုပ် စိတ်ပူမိတယ်"

လက်ရှိ အဖမ်းမ်းခံထားရသူူမှာ ချန်းယွဲ့တယောက်က်သာ ရှိသေး၏။ သို့သော် စုချန်းက ကျန်လူတွေ ဟု သုံးလိုက်သည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် အဓိပ္ပာယ်အများကြီး ပါဝင်နေ၏။

စုချန်း၏ စကားကြောင့် ကျန်လူများ တယောက်က်မျက်နှာကို တယောက်က်စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် ကျန်မောက်စီက ပြောလိုက်သည်။

"အနည်းဆုံးတော့ တယောက်က်မှ မသေမပျောက်အောင် ကျုပ်တို့ စောင့်ရှောက်နိုင်မယ် ထင်တာပဲ"

စုချန်း ပြုံးလိုက်သည်။

"ဒါဆို သိပ်ကောင်းတာပေါ့ ကျုပ် မြို့တော်ကို နောက်ဆံတင်းစရာမလိုပဲ သွားလို့ရပြီ"

မြို့တော်!!!!

ထိုစကားကို ကြားသည်နှင့် စုချန်း ဘာလုပ်ရန်ကြံစည်နေမှန်း လူတိုင်း သဘောပေါက်လိုက်သည်။

စုချန်းကား တန်ပြန်တိုက်စစ် စတင်ရန် ပြင်ဆင်နေခဲ့လေပြီ။

_____________×××_____________×××____________

နှစ်ရက်ခန့့်အကြာတွင် ရွေရေခံတပ်သို့ အမိန့်စာတစောင်ာင် ရောက်ရှိလာ၏။

စုချန်းအား မြိို့တော်သို့ ဆင့်ခေါ်လိုက်သည့် အမိန့်စာပင်။

လင်ဝမ်ကျွန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ဖြစ်ရပ်နှင့်ပတ်သက်၍ လီကုံးရှန်အား အပြစ်ပုံချခဲ့၏။ ထို့ပြင် စုချန်း ပြန်ရောက်လာသည့့်အခါတွင်လည်း စုချန်းနှင့်ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။ သို့သော် သက်သေပြနိုင်ခြင်းမရှိခဲ့လေရာ စုချန်းအား ဆုတော်လာဘ်တော်များ ချီးမြှင့်ရန် မတတ်သာပဲ ထောက်ခံပေးလိုက်ရလေသည်။

ကောင်းကင်ဘုံလက်သီးတပ်ရင်းအား သတ်ဖြတ်သူနယ်မြေမှ ကယ်တင်လာခြင်းမှာ ကြီးမားသော စွမ်းဆောင်မှုကြီးပင် မဟုတ်ပါလား။

အမိန့်စာတွင် ဆုလာဘ်များ လက်ခံယူပေးရန် စုချန်း မြို့တော်သို့လာရောက်ရန် ဆင့်ခေါ်ထား၏။

အမိန့်စာရောက်သည်နှင့် လင်ဝမ်ကျွန်း၏ မျက်နှာသည် ရဲရဲနီသွား၏။

လွန်ခဲ့သည့်နှစ်ရက်က စုချန်း သူ့ထံသို့ မလာခဲ့။ စုချန်းသာမဟုတ် လီကုံးရှန်နှင့် ကျန်လူများလည်း အတူတူသာ။

ဘယ်လိုဖြစ်ရတာလဲ...သူတို့တွေ ရဲဘော်ရဲဘက်မဟုတ်ဘူးလား...ကိုယ့်ရဲဘော်ရဲဘက်တယောက်က် ကွက်မျက်ခံရမှာ သူတို့ ဒီအတိုင်းပဲ ထိုင်ကြည့်နေရသလား...

မှန်၏။ ၎င်းမှာ စုချန်း လုပ်ဆောင်နေသည့့်အရာ အတိအကျပင် ဖြစ်သည်။

ပစ်မှတ်ရှစ်ထောင်လုံးကို စုချန်း မကယ်တင်နိုင်။ သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ရန်သူက မျက်စေ့တမှိတ်အတွင်း နောက်တယောက်က်ကို ဒုက္ခပေးလိုက်မည်သာ။ အကျိုးမဲ့စစ်မြေပြင်တွင် ဘာကြောင့် ဆက်လက်တိုက်ခိုက်နေမည်နည်း။

ထို့ကြောင့် မြို့တော်သို့ သွားရောက်ရန် စုချန်း ဆုံးဖြတ်လိုက်ခြင်းပင်။

စုချန်း ဘာတွေစဥ်းစားနေမှန်း လင်ဝမ်ကျွန်း မသိ။ သူ သိသည်မှာ တခုခု မှားယွင်းနေကြောင်းပင်။

ထိုစဥ် ချူးချိန်းကျိ၏ စကားသံ ထွက်ပေါ်လာ၏။

"ကျုပ် မနေ့က စုချန်းကို ဖိတ်ခေါ်လိုက်သေးတယ် ဒါပေမဲ့ သူ ငြင်းလိုက်တယ် ကြည့်ရတာ သူ မင်းသားလေးကို အတိုုက်အခံလုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီနဲ့ တူတယ်"

လင်ဝမ်ကျွန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

"ကျုပ် သူ့ကို အခွင့်အရေးပေးတယ် ဒါကို သူက မလိုချင်ဘူးပေါ့လေ"

ထိုအခါ သူက စကားဆက်လိုက်ပြန်၏။

"ကျုပ်တို့ရဲ့ထောက်ခံသူတွေကို သတင်းပေးလိုက်ပါ ကျုပ် စုချန်းကို သင်ခန်းစာပေးပြီးပြီလို့ ဒါပေမဲ့ ဒီကောင်က ခေါင်းမာပြီ အမှားတွေ ဆက်ကျူးလွန်နေတယ် ခုဆို ဒီကောင် ရှည်လျားရစ်ခွေမြို့တော်ကို လာနေပြီ အားလုံးပဲ သူ့ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပါလို့"

လင်ဝမ်ကျွန်း၏ လုပ်ရပ်က ရှင်းသည်။ ပြသနာကို မြို့တော်မှ တော်ဝင်မိသားစုများ၏ ပခုံးပေါ် လက်ပြောင်းတင်ပေးလိုက်ခြင်းပင်။ ခေါင်းရှောင်ရာတွင် အင်မတန်ထူးချွန်သည့် အိမ်ရှေ့မင်းသားပေတကား။

ချူးချိန်းကျိကလည်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။

"ဒါဆို ချန်းယွဲ့ကိုရော ဘယ်လိုလုပ်ကြမလဲ"

လင်ဝမ်ကျွမ်း ခေတ္တ စဥ်းစားလိုက်သည်။

"နည်းနည်းပိုပြီး လှုပ်ရှားလိုက်ကြတာပေါ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကကောင်တွေ မာနကြီးလွန်းတယ် သူ့လူအဖမ်းခံထားရတာတောင် ကျုပ်ကို လာမတောင်းပန်ဘူး သူတို့ထဲက နောက်ထပ်လူတချို့ကို ဖမ်းချုပ်ပြီး အချုပ်ထဲထည့်ထားလိုက်ကွာ ဒီကောင်တွေ ဘာဆက်လုပ်မလဲ ကြည့်ရအောင်"

အကူအညီလာမတောင်းခြင်းကို မာနကြီးသည်ဟု လင်ဝမ်ကျွန်းက ဆိုလိုက်၏။ ၎င်းမှာ အိမ်ရှေ့မင်းသား၏ စဥ်းစားတွေးခေါ်ပုံပင်။

ထိုအချိန်တွင် စုချန်းသည် လင်ဝမ်ကျွန်းအား တန်ပြန်တိုက်ခိုက်ရန် စီမံလျက်ရှိလေပြီ။

အိမ်ရှေ့မင်းသားအား တုံ့ပြန်တိုက်ခိုက်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်။

သို့သော် စုချန်း သေချာပေါက် အနိုင်ရလိမ့်မည်ဟု လီကုံးရှန်နှင့်ချူးယင်ဝမ်တို့က ယုံကြည်ထားကြလေသည်။

***

All Chapters