ဆုလာဘ်
Vol. 74 Ch. 731
ရှည်လျားရစ်ခွေမြို့တော်၏ ကောင်းကင်သည် ကြည်လင်နေ၏။
တနိုင်ငံလုံး၏ ဘုန်းကံအကြီးဆုံးပုဂ္ဂိုလ်များ စုဝေးရာနေရာဖြစ်သောကြောင့် ကောင်းကင်သည်ပင် တိမ်မထူရဲပဲ ကြည်လင်နေရဟန်ရှိသည်။
အကယ်၍ မိုးရွာသွားလာပါက အဆိုပါမိုးကို ဘုန်းကံကြီးမြတ်သူများ တောင်းဆို၍သာ ဖြစ်ရပေလိမ့်မည်။
ရှည်လျားရစ်ခွေမြို့တော်၏ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်မှာ လင်မင်းချီပင် ဖြစ်သည်။ ၎င်းမှာ တခြားလူမဟုတ်။ လောင်စန်းနိုင်ငံ၏ ဘုရင်ပေတည်း။
သုံးစားမရသည့်အနူဘီနှင့် မတူသည်မှာ လင်မင်းချီသည် တနိုင်ငံလုံးတွင် သြဇာအကြီးဆုံးသူဖြစ်ံရုံသာမက အသန်မာဆုံးသူလည်း ဖြစ်နေခြင်းပင်။
သူပိုင်ဆိုင်ထားသည့် ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇဖြစ်သော နဂါးကင်းခြေများ သွေးဗီဇက လင်မင်းချီအား အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့၏။ ထိုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့၍လည်း လင်မင်းချီ လောင်စန်းနိုင်ငံ၏ ဘုရင်အဖြစ် ဘွဲ့ခံနိုင်ခဲ့ခြင်းပင်။
ဤသည်မှာ လူသားများ၏ အုပ်ချုပ်မှုပုံစံပေတည်း။ ဤနေရာတွင်တော့ လူသားများသည် သတ်ဖြတ်သူများထက် ပို၍ အရိုင်းဆန်သည်ဟု သတ်မှတ်နိုင်ပေသည်။
အသက်၈၀၀ရှိနေပြီဖြစ်သော လင်မင်းချီတွင် သားသုံးယောက်နှင့် သမီးနှစ်ယောက် မွေးထား၏။
အသက်၈၀၀နှင့် သားသမီးငါးယောက်သာရှိသည်ဟူသော အနေအထားမှာ အံ့သြလောက်စရာပင်။ သို့သော် ၎င်းသည် ထိပ်သီးသွေးဗီဇပိုင်ဆိုင်သူများ၏ ကျိန်စာဟု ဆိုနိုင်သည်။ တချို့ကလည်း ၎င်းကို သဘာဝတရား၏ မျှခြေဟု သတ်မှတ်ကြ၏။ ထိပ်တန်းအဆင့်သွေးဗီဇပိုင်ရှင်များသည် နှစ်ရာနှင့်ချီအောင် အသက်ရှည်ကြလေရာ ၎င်းတို့သာ အကန့်အသတ်မရှိ မျိုးပွားခွင့်ရှိပါက မျိုးစိတ်တခုကို ကိုယ်တိုင်ဖန်တီးသွားစေနိုင်လောက်သည် မဟုတ်ပါလား။
ထို့ကြောင့် မည်သည့်အကြောင်းပြချက်ကြောင့်ပင် ဖြစ်စေကာမူ ၎င်းတို့၏ မျိုးပွားနိုင်စွမ်းသည် အားနည်းလှပေသည်။ လင်မင်းချီတယောက် နှစ်ပေါင်း၈၀၀တိုင်တိုင် ကြိုးစားအားထုတ်ခဲ့သည့့်တိုင် သားသမီးငါးယောက်သာ အဖတ်တင်ခဲ့သည်ကို ကြည့်လျင် ၎င်းကို မြင်သာနေ၏။ အဆိုပါ သားသမီးငါးယောက်သည်ပင် လင်မင်းချီအတွက် များလှပေပြီ။
လင်ဝမ်ကျွန်းသည် လင်မင်းချီ၏ ဒုတိယမြောက်ကလေး၊ ပထမဆုံး သားဖြစ်သည်။ ၎င်းကိုကြည့်လျင် နုပျိုနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ၎င်း၏ အသက်မှာ ၄၀၀ကျော်နေခဲ့လေပြီ။
နှစ်ပေါင်း၄၀၀တိုင်အောင် အိမ်ရှေ့စံဘဝနှင့် နေထိုင်ရသည်မှာည်မှာ ဘာနှင့်တူသနည်းဟု တစုံတဦးက မေးခွန်းထုတ်လာပါက လင်ဝမ်ကျွန်းက ညှင်းပန်းခံရသည်နှင့် တူသည်ဟု ဖြေဖွယ်ရာရှိသည်။
မှန်၏။ ၎င်းမှာ ညှင်းပန်းနှိပ်စက်ခံရသည်ည်နှင့် အတူတူသာ။
တဖက်တွင် သူသည် ဖခင်ဘုရင်ကြီး မြန်မြန်သေအောင် ဆုတောင်းနေရ၏။ တဖက်တွင်တော့ ညီငယ်များ၏ မနာလိုသောအကြည့်ကို သူ ရင်ဆိုင်နေရလေသည်။
လင်ဝမ်ကျွန်းတွင် ညီနှစ်ယောက်ရှိ၏။ ၎င်းတို့မှာ တတိယညီ လင်ချွမ်းယွမ်နှင့် စတုတ္တညီ လင်အန်းကွာတို့ပင်။
သို့သော် သူ တကယ်တမ်း စိတ်ပူရမည့်သူမှာ လင်ချွမ်းယွမ်သာ ဖြစ်သည်။
လင်ချွမ်းယွမ်သည် လင်ဝမ်ကျွန်းထက် သုံးနှစ်သာ ငယ်၏။ ဤကမ္ဘာလောကကြီးတွင် လင်ချွမ်းယွမ် နောင်တရသည့် တခုတည်းသောအရာမှာလည်း လင်ဝမ်ကျွန်းထက် သုံးနှစ်နောက်ကျပြီးမှ သူ မွေးဖွားလာရခြင်းကိုပင် ဖြစ်သည်။
သုံးနှစ်သာငယ်သော်လည်း လင်ချွမ်းယွမ်သည် လင်ဝမ်ကျွန်းထက် နေရာတိုင်းတွင် ပို၍ ထူးချွန်၏။ လင်ဝမ်ကျွမ်းတယောက်က် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်တွင်သာ ရှိနေသေးသော်လည်း လင်ချွမ်းယွမ်မှာမူကား စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်၏ လမ်းတဝက်သို့တိုင် ရောက်ရှိနေခဲ့ပြီးလေပြီ။
လင်ဝမ်ကျွန်းကား မောက်မာထောင်လွှားသူ ဖြစ်၏။ လင်ချွမ်းယွမ်ကား ပညာတတ်သူ၊ စည်းကမ်းသေဝပ်သူ ဖြစ်သည်။
လင်ဝမ်ကျွန်းကား ရည်မှန်းချက်ကြီးမားသူ ဖြစ်သည့်တိုင် မည်သည့်ပါရမီမှမရှိ။ လင်ချွမ်းယွမ်ကား စာဖတ်သူ၊ ဗဟုသုတ ကြွယ်ဝသူ ဖြစ်လေသည်။
ထို့ကြောင့် လင်ချွမ်းယွမ်သည် သူ့အစ်ကိုထက် နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံတွင် ပို၍ ထူးချွန်နေ၏။
ထိုမျှသာမကသေး လင်ချွမ်းယွမ်တွင် အခြားထူးချွန်သော အရည်အချင်းတခု ပိုင်ဆိုင်ထားသေး၏။ ၎င်းမှာ ယဥ်ကျေးပျူငှာခြင်းပင်။
စုချန်းသည် လင်ချွမ်းယွမ်၏ အဆိုပါအရည်အချင်းကို ကောင်းစွာ သိရှိထား၏။ သူ နဂိုကတည်းက လင်ချွမ်းယွမ်နှင့် ဆုံတွေ့ဖူးသည် မဟုတ်ပါလား။
ရှည်လျားရစ်ခွေမြို့တော်၏ ဂိတ်တံခါးဝတွင် လင်ချွမ်းယွမ် မတ်တပ်ရပ်လျက်ရှိသည်။ သူ့ရှေ့တွင် စုချန်း ရှိနေ၏။
"ဆရာစု ဒီကိုလာရတာ အတော်ပဲ ခရီးပန်းသွားသလား"
"အိုး တတိယမင်းသားလေးနဲ့ ဆုံတွေ့ခွင့်ရဖို့ ဒီကိုလာရတာ ပင်ပန်းတယ်လို့ စုချန်း မပြောရဲပါဘူးခင်ဗျာ"
ထိုအခါ လင်ချွမ်းယွမ်ဘေးနားရှိ စာပေသမားက ဝင်ပြောလိုက်သည်။
"ဆရာစုရဲ့သတင်းကို ကြားတော့ မင်းသားလေး အလွန်စိတ်လှုပ်ရှားသွားတယ် သူ ဆရာစုကို တွေ့ချင်လွန်းလို ဒီမှာလာစောင့်နေတာ လေးနာရီတောင် ကြာသွားပြီ"
၎င်းစာပေသမား၏ နာမည်မှာ ကျင်းရှုဝမ်ပင် ဖြစ်သည်။
ကျင်းရှုဝမ်သည် လိမ္မာပါးနပ်သူ ဖြစ်ပုံရသည်ည်။ စကားတခွန်းတည်းနှင့် သူသည် လင်ချွမ်းယွမ်၏ စုချန်းအပေါ်ထားသော သဘောထားကို ဖော်ပြနိုင်လိုက်၏။ ထိုအခါ စုချန်းကလည်း ထိုအတွက် အလွန်ဂုဏ်ယူရပါသည်ဟူသော အမူအရာမျိုးကို ပြန်လည်ပြသပေးရတော့သည်။ ဤသို့နှင့် သူတို့၏ ကနဦး ဆုံတွေ့မှုမှာ အလွန်တရာ အဆင်ချောနေတော့၏။
မှန်၏။ စုချန်းသည် လင်ချွမ်းယွမ်အား ဦးဆုံး တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်းပင်။
အိမ်ရှေ့မင်းသားနှင့် တတိယမင်းသားတို့အကြား ပဋိပက္ခမှာ လျှို့ဝှက်ချက်မဟုတ်။
အကယ်၍ အိမ်ရှေ့မင်းသားသာ သူ့အား သတ်ပစ်လိုသည်ဆိုပါက သူ့ဘေးနားတွင် မားမားမတ်မတ် ရပ်တည်ပေးမည့်သူတဦးကို စုချန်း လိုအပ်၏။
ထိုအတွက် အကောင်းဆုံးရွေးချယ်မှုမှာ လင်ချွမ်းယွမ်မှအပ တခြားမရှိ။
တတိယမင်းသားအတွင်လည်း စုချန်းသည် တန်ဖိုးကြီးမားသူ၊ သိမ်းသွင်းသင့်သူ တဦးပင်။ ကောင်းကင်ဘုံလက်သီးတပ်ရင်းအား တဦးတည်းကယ်တင်နိုင်ခဲ့သော သတင်းသည် လောင်စန်းနိင်ငံတခွင်တွင်သာမက လူသားမျိုးစိတ်တခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ မဟုတ်ပါလား။
နာမည်ဂုဏ်သတင်းကြီးမားခြင်းဟူသည် လွန်စွာတန်ဖိုးကြီးမားသော အရင်းအမြစ်တခုနှင့် တူသည်မဟုတ်ပါလား။
ဤသို့နှင့် ရှည်လျားရစ်ခွေမြို့တော်တွင် စုချန်း၏ ပထမဆုံး ခရီးတထောက်နားရာနေရာသည် မြို့တော်ဧည့်ရိပ်သာမဟုတ်တော့ပဲ တတိယမင်းသားလင်ချွမ်းယွမ်၏ အိမ်တော် ဖြစ်လာတော့သည်။
_______________×××_______________×××___________
တတိယမင်းသားအိမ်တော်တွင် ဖြစ်သည်။
လင်ချွမ်းယွမ်သည် စုချန်းအား ကိုယ်တိုင်ဝိုင်ငှဲ့ပေးရင်း အားရပါးရ ရယ်မောလိုက်၏။
"ဆရာစု မင်းဟာ သံနဲ့သွေးနိုင်ငံထဲ တယောက်ထဲဝင်ပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကိုယ်တိုင်ကယ်ထုတ်လာနိုင်ခဲ့တယ် ဒီလိုစွမ်းဆောင်ရည်ပြခဲ့တာတောင် မင်း ပြန်ရောက်တော့ စုံစမ်းစစ်ဆေးတာ ခံရသေးတယ် ဒီသတင်းကိုကြားတော့ ကျုပ် အတော်ကို အံ့သြသွားတာ ရွှေရေခံတပ်က ဗိုလ်ချုပ်တွေ ဘယ်လိုတွေ စဥ်းစားနေကြသလဲတောင် ကျုပ်က မေးလိုက်ချင်သေးတယ်"
စုချန်း ရယ်မောလိုက်သည်။
"ဗိုလ်ချုပ်တွေ ဘယ်လိုတွေးတွေး အရေးမကြီးပါဘူးလေ တကယ်အရေးကြီးတာက အိမ်ရှေ့မင်းသားပဲ"
လင်ချွမ်းယွမ် ခေါင်းခါလိုက်၏။
"ဗိုလ်ချုပ်တွေရဲ့ထောက်ခံမှုမရှိရင် သူ ဒီလို မလုပ်ရဲဘူး"
စုချန်း ခေါင်းညိတ်လိုက်သည်။
"သိပ်အများကြီးတော့ မဟုတ်ဘူးပေါ့လေ လွန်ကီးနဲ့ဟွာကျန်းတန်တို့ကတော့ သူ့ကို ထောက်ခံကြတယ်"
လင်ချွမ်းယွမ် မျက်မှောင်ကုတ်သွားသည်။
"ဟွာကျန်းတန်ဟာ လင်ဝမ်ကျွန်းရဲ့ အိမ်တော်ပါပဲ ဒီကောင် လင်ဝမ်ကျွမ်း ဘယ်လ်ိုဖြစ်တာလဲ ကိုယ့်လူကိုယ် အရေးကြီးတဲ့နေရာပေးရလောက်အောင် သူ့မှာ ဂုဏ်သိက္ခာမရှိတော့ဘူးလား"
ကောင်းကင်ဘုံလက်သီးတပ်ရင်းဟောင်းအား လင်ဝမ်ကျွန်း ဖျက်သိမ်းလိုက်ရသည့် နောက်ထပ်ရည်ရွယ်ချက်တခုမှာ ဟွာကျန်းတန်အား တပ်ရင်းသစ်၏ ခေါင်းဆောင်ခန့်ရန်ပင် ဖြစ်လေသည်။
ထိုစဥ် ကျဥ်းရှုဝမ်က ပြောလိုက်ပြန်၏။
"လင်ဝမ်ကျွန်းဟာ သိပ်စိတ်မရှည်တော့ဘူး သူ ရွှေရေခံတပ်မှာ အတော်ကို ကြာနေပြီ ခုထိ ခံတပ်တခုလုံးကို ဦးမဆောင်နိုင်သေးဘူး ဟုန်ချန်းစုဟာ ကြည့်လိုက်ရင် အိုလှပြီလို့ ထင်ရပေမဲ့ အင်မတန်ညဏ်များတယ် ပြီးတော့ ရွှေရေခံတပ်က ဗိုလ်ချုပ်တိုင်းဟာ စစ်မြေပြင်မှာ သေရေးရှင်ရေးအခြေအနေတွေနဲ့ ကြုံခဲ့ဖူးတဲ့သူတွေချည်းပဲ အိမ််ရှေ့မင်းသားဆိုတဲ့ ရာထူးလောက်နဲ့ သူတို့ကို စည်းရုံးလို့မရနိုင်ဘူး မင်းလိုအရည်အချင်းရှိတဲ့ ပါရမီရှင်မျိုးမှပဲ သူတို့ကို သိမ်းသွင်းလို့ရနိုင်မယ်"
ထိုစကားကို ကြားသည်နှင့် စုချန်း အောက်ပါအတိုင်း ရေရွတ်လိုက်လေသည်။
"ဒါကြောင့်မို့ သူ ကျုပ်ကို မကြိုက်တာကိုး"
လင်ချွမ်းယွမ်က ဖြည့်စွက်ပြောလိုက်ပြန်၏။
"ဒါပေမဲ့ ဒီတခုတည်းချည်းပဲတော့ မဟုတ်ဘူး နောက်ကွယ်ကလာတဲ့ ဖိအားအစစ်က အများကြီးပိုကြီးတယ်"
စုချန်း နားလည်လိုက်ပြီ ဖြစ်သည်။
"ကျုပ် သဘောပေါက်ပြီ တော်ဝင်မျိုးနွယ်စုတွေက ကျုပ်ဆရာနဲ့ ကျုပ်ရဲ့သုတေသနတွေက်ို သဘောမကျဘူး ဒါပေမဲ့ အရှင်မင်းသားင်းသားက ဘာလို့....."
လင်ချွမ်းယွမ် ရယ်မောလိုက်၏။
"နှစ်ပေါင်းထောင်ချီကာလဆိုတာ သိပ်ပြီး ရှည်ကြာလွန်းအားကြီးတယ် ကျုပ်ကတော့ စက္ကန့်တိုင်း စက္ကန့်တိုင်း ရေတွက်နေရတာမျိုးကိုပဲ ပိုသဘောကျတယ်"
လင်ချွမ်းယွမ်၏ စကားက ရှင်းနေ၏။ စုချန်း ယူဆောင်လာမည့် အပြောင်းးအလဲသည် နှစ်ပေါင်းများစွာ ကြာမြင့်အုံးမည် ဖြစ်သည်။
ထို့ကြောင့် တော်ဝင်မျိုးနွယ်စုများ၏ ပြသနာသည် လင်ချွမ်းယွမ်အတွက် ပြသနာမဟုတ်။ သူ့အတွက် ပြသနာမှာ လက်ရှိအချိန်သာ ဖြစ်ပေသည်။ ထို့ကြောင့် စုချန်း လုပ်ကိုင်နေသည့့် သုတေသနများသည်လည်း လင်ချွမ်းယွမ်အတွက် ပြသနာမဟုတ်သေး။
ထိုသို့ပြောရုံနှင့် သူ စုချန်း၏ သုတေသနများကို အကြွင်းမဲ့ ထောက်ခံသည်ဟုတော့ မဆိုလိုပေ။
ထိုအခါ လင်ချွမ်းယွမ်က စုချန်းအား ပြောလိုက်ပြန်၏။
"တကယ်လို့ ဆရာစုကသာ ကျုပ်ကို ကူညီမယ်ဆိုရင် ကျုပ် အင်မတန်ကို ကျေးဇူးတင်မိမှာပဲ"
တကယ်တော့ လင်ဝမ်ကျွန်းနှင့် လင်ချွမ်းယွမ်တို့သည် ပုလင်းတူဘူးဆို့သာ။ သို့သော် ရည်ရွယ်ချက်ချင်း တူသော်လည်း ၎င်းတို့၏ လုပ်ပုံကိုင်ပုံမှာ ကွဲပြားနေ၏။ လင်ဝမ်ကျွန်းသည် မိမိ၏ ရည်မှန်းချက်ပြည့်မြောက်ရန် တန်ဖိုးကြီးကြီးမားမား မပေးလို။ သူ့ရန်သူသည် သူ့စကားကို နားထောင်ရမည်။ နားမထောင်လျင် သေရမည်။ ထိုအတိုင်းသာ သူ မှတ်ယူထား၏။ လင်ချွမ်းယွမ်အတွက်တော့ စုချန်းသည် တော်ဝင်မျိုးနွယ်စုများကို ချည်နှောင်ရန် ကြိုးသက်သက်သာမဟုတ်၊ လင်ဝမ်ကျွန်းအား တိုက်ခိုက်မည့် လက်နက်လည်း ဖြစ်သည်။ ထို့ကြောင့် စုချန်း၏ ဖြစ်တည်မှုသည် သူ့အတွက် အလွန်အဓိပ္ပာယ်ရှိနေခြင်းပင်။ စုချန်းက လင်ချွမ်းယွမ်အား ပေးပို့လိုက်သည့် စာတွင်လည်း သူတို့အကြား ဆွေးနွေးစရာများ ရှိနေမည်မှန်း ပေါ်လွင်နေ၏။ ထို့ကြောင့် လင်ချွမ်းယွမ် အတော်လေး စိတ်လှုပ်ရှားနေခြင်းပင်။ သူ့စိတ်ထဲတွင်လည်း စုချန်းအား အလွန်ပင် ရက်ရောနေမိလေသည်။
စကားဆုံးသည်နှင့် လင်ချွမ်းယွမ်က အချက်ပြလိုက်ရာ အစေခံများက မူလကျောက်တုံးများနှင့် အဖိုးတန်ပစ္စည်းများ ပြည့်လျံနေသော သေတ္တာတလုံးကို သယ်လာလေသည်။
သို့သော် စုချန်းက သေတ္တာအား ကြည့်ပင်မကြည့်ပဲ ခေါင်းခါပြလိုက်၏။
"ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ ကျုပ် ဒါတွေက်ို မလိုပါဘူး"
လင်ချွမ်းယွမ်ကလည်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"ဆရာစုဟာ ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီမှန်း ကျုပ် သိပါတယ် ဒါပေမဲ့ ကျုပ်ရဲ့စေတနာကိုတော့ လက်ခံပေးပါ ဒါ့အပြင် ဆရာစု ဖြစ်ချင်တာရှိရင်လဲ ကျုပ်ကို ပြောပါ ကျုပ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်"
ထိုအခါကျမှ စုချန်းက သေတ္တာကို လက်ခံလိုက်၏။ ထို့နောက် သူက စကားဆက်လိုက်သည်။
"ကျုပ်မှာ အရှင်မင်းသားင်းသားဆီ အကူအညီတောင်းစရာတချို့ ရှိနေပါတယ် ဒါကို မင်းသားလေး လက်ခံရင် ကျုပ် စုချန်း ကတိပေးတယ် ဒီကနေ့ကစပြီး အနာဂတ်မှာ ကျုပ် တီထွင်သမျှ သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းစနစ်တွေကို အိပ်မက်နယ်ပယ်ထဲမှာပဲ ဖြစ်ဖြစ် စျေးလျော့ပြီးပဲဖြစ်ဖြစ် ရောင်းချခြင်းမပြုတော့ဘူး ဒီနည်းစနစ်တွေကို ကျုပ်ရဲ့မျိုးဆက်တွေကိုပဲ ဆက်ခံစေတော့မယ်"
စုချန်းသည် သုတေသနလုပ်ငန်းကို စွန့်လွှတ်မည်ဟု ကတိမပေး။ ထိုအစား သူက သူဖန်တီးလိုက်သည့့် နည်းစနစ်များကို အိပ်မက်နယ်ပယ်တွင်သော်လည်းကောင်း၊ စျေးလျော့၍သော်လည်းမကောင်း မရောင်းချတော့ပါဟုသာ ကတိပေးလိုက်၏။
မည်သို့ပင်ဖြစ်စေ စုချန်း၏ စကားကြောင့် ခွန်အားများပြည့်ဖြိုးလာသကဲ့သို့ လင်ချွမ်းယွမ် ခံစားလိုက်ရ၏။
ထိုအခါ သူ အားရပါးရ ရယ်မောလ်ိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ် ဆရာစုက ဒီလို ကတိပေးတယ်ဆိုတော့ ကျုပ်ကလဲဘယ်လိုအခြေအနေမှာဖြစ်ဖြစ် လက်ခံပေးရတော့မှာပေါ့"
မည်သည့်အခြေအနေတွင်မဆို လက်ခံပေးမည်ဟုသော စကားကြောင့် လင်ချွမ်းယွမ်တယောက်က် စုချန်းအား မည်မျှ တန်ဖိုးထားကြောင်း ပေါ်လွင်နေခဲ့လေပြီ။
***