ဂုဏ်သိက္ခာရှိသော
Vol. 74 Ch. 732
ဓားတသောင်းတောင်သည် လောင်စန်းနိုင်ငံ၏ တောင်ဖျား၊ လျောင်ယဲ့နိုင်ငံ၊ ဟာလာဟင်းလင်းတောင်နှင့် လောင်စန်းနိုင်ငံတို့၏ ဆုံချက်တွင် တည်ရှိ၏။
ဓားတသောင်းတောင်တည်ရှိရာနေရာသည် အလွန်ကျယ်ပြောသော ဧရိယာကြီးဖြစ်သည်။ ထိုဧရိယာကြီးအား လောင်စန်းနိုင်ငံ၊ ဟာလာဟင်းလင်းတောင်နှင့် လျောင်ယဲ့နိုင်ငံတို့၏ နယ်စပ်များဖြင့် အနားသတ်ထား၏။ ထို့ကြောင့် ဓားတသောင်းတောင်အား အဆိုပါ သုံးဌာန၏ သဘာဝခံတပ်ကြီးဟု သတ်မှတ်နိုင်ပေသည်။ တောင်၏ ထိပ်ဖျားသည် ဓားပေါင်းတသောင်း မိုးပေါ်ထောင်ထားသကဲ့သို့ ရှိလေရာ ဓားတသောင်းတောင်ဟူသော နာမည်နှင့် လိုက်ဖက်လှ၏။
စုချန်းတယောက်က် ဓားတသောင်းတောင်ကို လိုချင်လိမ့်မည်ဟု မည်သူမှ ထင်မထား။
ထိုတောင်းဆိုချက်ကို ကြားလိုက်သောအခါ လင်ချွမ်းယွမ်တယောက်က် ကြက်သေသေသွားတော့သည်။
ဓားတသောင်းတောင်သည် ဘာတန်ဖိုးများ ရှိနေသနည်း။
တကယ်တော့ ဓားတသောင်းတောင်သည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းကြီးဖြစ်၍ အထိုက်အလျောက်တော့ တန်ဖိုးရှိသည်မှာ အမှန်ပင်။ သို့သော် ဓားတသောင်းတောင်တွင် တည်ရှိသော အရင်းအမြစ်များမှာ ထင်သလောက်တော့ တန်ဖိုးမရှိ။ ထို့ပြင် ၎င်းနယ်မြေတွင် လူအနည်းငယ်သာ နေထိုင်ပြီး နယ်မြေတလျှောက် ကျင်လည်ကျက်စားသူအများစုမှာ နတ်ဆိုးသားရဲသတ္တဝါများသာ ဖြစ်ကြသည်။ ထိိုနတ်ဆိုးသားရဲများအား သိမ်းပိုက်လိုပါက လူအမြောက်အများ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးအရကြည့်လျင် ဓားတသောင်းတောင်သည် ဘာတန်ဖိုးမှမရှိ။
သို့သော် စုချန်းကား ဓားတသောင်းတောင်ကိုသာ မျက်စေ့ကျနေပုံရသည်ည်။
စုချန်း အဘယ်ကြောင့် ဓားတသောင်းတောင်အား လိုချင်နေမှန်း လင်ချွမ်းယွမ် မည်သို့မှ နားမလည်နိုင်တော့။
တကယ်တော့ စုချန်း ဓားတသောင်းတောင်အား လိုချင်နေသည်မှာ ငွေကြေးကြောင့် မဟုတ်။ သြဇာအာဏာကြောင့်ပင်။
စုချန်းသည် ဓားတသောင်းတောင်အား သူ့ပိုင်မြေ၊ တနည်းည်းအားဖြင့် သူ့အိမ်အဖြစ် ပြောင်းလဲလိုနေ၏။
တဦးတည်းပိုင်ဆိုင်မှု။
၎င်းမှာ အလေးအနက်ထားရမည့် ပြသနာကြီးတရပ်ပင်။
ဓားတသောင်းတောင်နယ်မြေသည် အလွန်ကျယ်ပြောလှ၏။ ၎င်းမြေသည် မည်မျှပင် ကျတ်တီးမြေဖြစ်နေစေကာမူ ဟက်တာပေါင်းများစွာ ကျယ်ဝန်းသည်မှာ အမှန်ပင်။ ထို့ပြင် ထိုနယ်မြေသည် လောင်စန်းနိုင်ငံ၏ ပိုင်နက်ဖြစ်နေ၏။ မည်သည့်တော်ဝင်မျိုးနွယ်စုမှ ဤမျှကျယ်ဝန်းသော မြေကို မပိုင်ဆိုင်ဖူး။ အကယ်၍ တစုံတယောက်က်သာ ဆန္ဒရှိပါက ဤနယ်မြေတွင် နိုင်ငံငယ်တနိုင်ငံကိုပါ တည်ဆောက်နိုင်လောက်ပေသည်။
စုချန်း...မင်း ဘာကြောင့်များ ဒီတောင်ကို မျက်စေ့ကျနေရတာလဲ...
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"အဖွဲ့အစည်းတခု တည်ထောင်ဖို့..ပြီးတော့ ကျုပ်ရဲ့အမွေအနှစ်တွေက်ို လက်ဆင့်င့်ကမ်းပေးဖို့ပါပဲ အရှင်မင်းသား"
စုချန်း၏ စကားကြောင့် လင်ချွမ်းယွမ် တစုံတရာကို နားလည်သဘောပေါက်သွား၏။
"ဒီတော့ မင်း အဲဒီမှာ အဖွဲ့တဖွဲ့ တည်ထောင်ပြီး တပည့်လက်သားတွေ လက်ခံတော့မယ်ပေါ့ ဟုတ်လား"
"မှန်ပါတယ် အရှင်မင်းသား"
စုချန်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်တော့မှ လင်ချွမ်းယွမ် အတော်လေး စိတ်သက်သာရသွားွားလေသည်။
ထိုခေတ်ထိုအခါက အခြေအနေကို နားလည်လျင် သင့်အနေနှင့် လင်ချွမ်းယွမ်၏ စဥ်းစားတွေးခေါ်ပုံကို အပြစ်တင်တော့မည်မဟုတ်။ အကြောင်းမှာ ထိုအချိန်က ဂိုဏ်းဂဏများ၊ အဖွဲ့အစည်းများဟူသည် လွန်စွာ အားနည်းလှပြီး အများစုမှာ ဓားပြဂိုဏ်း၊ ဒုစရိုက်ဂိုဏ်းများသာ ဖြစ်ကြကုန်၏။ တောတောင်ထဲတွင် တည်ထောင်ထားသော ဂိုဏ်းတချို့ ရှိသော်လည်း ၎င်းတို့အား မည်သူမှ ဂရုမစိုက်ချေ။
ထို့ကြောင့် ထိုခေတ်ထိုအခါက ဂိုဏ်းအဖွဲ့ဆိုလျင် လူတိုင်းက အထင်သေးတတ်ကြလေသည်။
စုချန်းက ဓားတသောင်းတောင်မှာ အဖွဲ့အစည်းတခု တည်ထောင်ချင်သတဲ့လား...
ဒါဆိုလဲ လုပ်ပါစေ...
ဤနေရာတွင် တခုတည်းသောပြသနာမှာ စုချန်းတောင်းဆိုနေသော မြေသည် အလွန်ကျယ်ဝန်းနေခြင်းပင်။ သို့သော် စုချန်း၏ ဂုဏ်သတင်း၊ နိုင်ငံအပေါ် အကျိုးဆောင်မှုတို့ကြောင့် သူ့ဖခင် သဘောတူလိမ့်မည်ဟု လင်ချွမ်းယွမ် ယုံကြည်ထား၏။
ပို၍အရေးကြီးသည်မှာ စုချန်းတောင်းဆိုနေသောအရာသည် သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းလမ်းများနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းပင်။ ထို့ကြောင့် စုချန်း၏ အဆိုပြုမှုကို တော်ဝင်မျိုးနွယ်စုများပင် သဘောတူလောက်၏။ သဘောမတူပါက သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းလမ်းများအား အိပ်မက်နယ်ပယ်တွင် ဆက်လက်ရောင်းချရန် စုချန်းအား တွန်းအားပေးလိုက်သည်နှင့် အတူတူသာ။
သင့်အနေနှင့် ပြိုင်ဘက်က အလျော့ပေးလာသည့်အချိန်တွင် အခွင့်အရေးကို အမိအရ ယူထားသင့့်ပေသည်။ ထိုသဘောတရားကို လူတိုင်း လက်ခံထားကြသည် မဟုတ်ပါလား။
ထိုအခါ လင်ချွမ်းယွမ်က ပြောလိုက်ပြန်သည်။
"ဒီနေရာမှာ ပြောစရာတခုတော့ရှိတယ် ဆရာစု ဘာကြောင့်လဲဆိုတော့ ဓားတသောင်းတောင်နယ်မြေဟာ လျောင်ယဲ့နိုင်ငံနဲ့ ဟာလာဟင်းလင်းတောင်တို့ရဲ့ နယ်နိမိတ်ထဲမှာလဲ ပါနေတယ်"
"ကျုပ် အကုန်လုံးကို လိုချင်တယ်"
စုချန်း ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
ပြင်ပမှ ရန်သူများကြောင့် နိုင်ငံခုနှစ်နိုင်ငံသည် မဟာမိတ်အဖြစ် ပူးပေါင်းထားကြလေရာ ဓားတသောင်းတောင်နှင့်ပတ်သက်၍ နယ်နိမိတ်အငြင်းပွားမှုမှာ ဖြစ်လာစရာအကြောင်းမရှိချေ။ ထို့ပြင် ထိုခေတ်ထိုအခါက ဖုန်ဆိုးမြေများနှင့် အရင်းအမြစ်များ လှဲလှယ်သည့်အလေ့အထကလည်း ခေတ်စားလျက်ရှိလေရာ မိမ်ိမြေ တလက်မမှ အလျော့မခံဟူသော အယူအဆမှာ ပျောက်ကွယ်သလောက် ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် နိုင်ငံများအကြားတွင် အရေးမပါသော နယ်မြေများနှင့် ပတ်သက်၍ အငြင်းပွားမှု မရှိတော့။
သို့သော် ၎င်းမှာ နိုင်ငံအဆင့်တွင်သာ ဖြစ်သည်။ စုချန်းအနေနှင့် ထိုမြေကို တဦးတည်းပိုင်လိုချင်သည်ဟု ဆိုလာသောအခါ ၎င်းမှာ ပြသနာကြီးတခု ဖြစ်လာတော့သည်။
ပြသနာကတော့ ရှိနေခဲ့လေပြီ။ လင်ချွမ်းယွမ် မည်သို့ဖြေရှင်းမည်ကိုသာ ဆက်လက်စောင့်ကြည့်ရပေတော့မည်။
ထိုနေ့ညတွင် လင်ချွမ်းယွမ်သည် စုချန်းအတွက် ခမ်းနားသော ဧည့်ခံပွဲကြီး စီစဥ်ပေး၏။ အရေးကြီးပုဂ္ဂိုလ်တချို့လည်း ကြွရောက်လာကြလေသည်။
"ဆရာစု ဒီပုဂ္ဂိုလ်ကတော့ ပြည်သူ့အလုပ်သမားရေးရာဝန်ကြီး ကောက်စီယန်ပဲ"
ကြံ့ခိုင်သန်စွမ်းဟန်ရှိသော အဖိုးအိုတဦးနှင့် စုချန်းအား လင်ချွမ်းယန်က မိတ်ဆက်ပေးလိုက်သည်။
ဤနေ့ညတွင် လင်ချွမ်းယွမ်မှာ အိမ်ရှင်ဖြစ်၍ စုချန်းကား ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးပင်။ ထို့ကြောင့် စုချန်းအား ကျန်ဧည့်သည်များနှင့် လင်ချွမ်းယွမ်က တဦးပြီးတဦး မိတ်ဆက်ပေးနေတော့၏။
"မင်္ဂလာပါခင်ဗျာ"
စုချန်းက ကောက်စီယန်အား ဦးညွတ်အရိုုအသေပေးရင်း ယဥ်ယဥ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်လိုက်သည်။
တကယ်တော့ ကောက်စီယန်သည် အင်အားကြီးတော်ဝင်မျိုးနွယ်စုဝင်တဦးဖြစ်ပြီး စုချန်းအား အကြီးအကျယ်ဆန့့်ကျင်ခဲ့သူလည်း ဖြစ်သည်။ ထိုမျှသာမကသေး လင်ဝမ်ကျွန်းအား ရွှေရေခံတပ်သို့ စေလွှတ်ခဲ့သူများအနက်မှ တဦးလည်း ဖြစ်၏။ ယခုတော့ သူ စုချန်းရှေ့မှောက်သို့ ရောက်လာခဲ့လေပြီ။
စုချန်း၏ ရွေးချယ်မှုသည် လူတိုင်းကို ရိုက်ခတ်သွားသည်ကတော့ အမှန်ပင်။ ထိုအခါ လင်ဝမ်ကျွန်းအား စိတ်ပျက်နေသူအများစုသည်လည်း ၎င်းတို့၏ ထောက်ခံမှုကို အပြောင်းးအလဲလုပ်ရန် စိတ်ကူးမိလာကြ၏။
သို့သော် စုချန်းအား ၎င်းတို့ထောက်ခံမည်ဟု တထစ်ချဆိုရန်တော့ စောနေသေး၏။ အသေးစိတ်အား ဆက်လက်စောင့်ကြည့်ရပေအုံးမည်။
ကောက်စီယန် ပြုံးလိုက်သည်။
"မင်းသားလေးစုက တကယ့်သူရဲကောင်းလေးပဲ မင်းဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ခဲ့ရုံတင်မကဘူး သွေးနီဥပြိုကွဲဆေးမင်နဲ့ လျှို့ဝှက်နည်းလမ်းအများအပြားကို ဖန်တီးနိုင်ခဲ့တယ် တကယ်အထင်ကြီးလောက်စရာပေပဲ"
စုချန်းက ပြန်ဖြေလိုက်၏။
"ကျုပ်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်စွမ်းမရှိသေးပါဘူးခင်ဗျာ"
"မျိုးဆက်သစ်တွေအနေနဲ့ ကျုပ်တို့ကို ကျော်တက်ရမဲ့အချိန်ရောက်နေပါပြီလေ ဒါပေမဲ့ အရမ်းငယ်သေးတဲ့အတွက် တခါတလေ သတိမမူဂူမမြင်ဆိုတာမျိုး ဖြစ်သွားမှာကိုတော့ ကျုပ် စိတ်ပူမ်ိတယ်"
စုချန်းက ပြောလိုက်ပြန်၏။
"ဝန်ကြီးအနေနဲ့ စုချန်းကို ညွှန်ပြပေးပါအုံးခင်ဗျာ"
"ကျုပ်အနေနဲ့ မင်းကို မှားတယ်မှန်တယ် ညွှန်ပြနိုင်စွမ်းမရှိပါဘူးလေ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျုပ် သိလာတာ တခုတော့ရှိတယ် ဒီကောင်းကင်ကြီးအောက်က အရေးအကြီးဆုံးအရာဟာ ဘာလဲ မင်းသိရဲ့လား"
"ဘာများလဲခင်ဗျာ"
"အမိန့်ပဲကွ"
ကောက်စီယန်က ဖြေလိုက်သည်။
"ဒီကောင်းကင်ကြီးအောက်မှာ အရေးအကြီးဆုံးအရာသည် အမိန့်ပဲ ကျုပ်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် အမိန့်တွေ ဥပဒေတွေကို မဖြစ်မနေ လိုက်နာကြရတယ်"
စုချန်း ငြိမ်ငြိမ်သက်သက်ပင် နားထောင်နေ၏။
ကောက်စီယန်က စကားဆက်ပြန်သည်။
"ဒီလို ကသောင်းကနင်းနိုင်တဲ့လောကကြီးမှာ လူအချင်းချင်း ပဋိပက္ခဆိုတာကတော့ အမြဲတမ်းရှိနေမှာပဲလေ ဒီလိုအနေအထားမှာ ကျုပ်တို့ အမိန့်တွေ ဥပဒေတွေကို ဘယ်လိုထိန်းသိမ်းမလဲ ဘယ်သူတွေက ဥပဒေကို ရေးဆွဲမလဲ ဘယ်သူတွေက ဥပဒေတွေကို ကိုင်တွယ်အသုံးပြုမလဲ ဘယ်သူတွေကရော အုပ်ချုပ်ခံမှာလဲ ဒီနေရာမှာ ရာထူးဌာန္တရတွေ ဝါစဥ်တွေက စကားပြောလာပြီ"
စုချန်း ကောက်စီယန် ဘာကိုဆိုလိုနေမှန်း နားလည်လာ၏။
"ဒီတော့ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားကို ဘာနဲ့ခွဲခြားမလဲ အော် သွေးဗီဇနဲ့ပဲပေါ့ ဟုတ်သလား"
ကောက်စီယန် အားရပါးရ ရယ်မောလိုက်သည်။
"တွေ့လား မင်းနားလည်သွားပြီ မင်းဟာ သွေးဗီဇမလိုတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို တီထွင်ခဲ့တယ် ဒီနည်းစနစ်တွေကြောင့် လူတိုင်း ကျင့်ကြံလာနိုင်တယ် ဒါ အင်မတန် ကောင်းပါပေတယ် ဒါပေမဲ့ ဒီအတွက်ကြောင့်ပဲ လူတန်းစားနှစ်ရပ်ကြားမှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာလိမ့်မယ် ကျုပ်တို့ ထိမ်းသိမ်းလာတဲ့အစဥ်အလာလဲ ပျက်သုဥ်းသွားလိမ့်မယ် အမိန့်တွေ ဥပဒေတွေ စည်းမျဥ်းစည်းကမ်းတွေသာ မရှိတော့ရင် နိုင်ငံဟာ နိုင်ငံမမည်ည်နိုင်တော့ဘူး"
ကောက်စီယန်၏ စကားက ရိုးရှင်းလှသည။ သူက သွေးဗီဇမဲ့နည်းလမ်းများသာ တွင်ကျယ်လာပါက လူတန်းစားနှစ်ရပ်အကြား ပဋိပက္ခဖြစ်ပေါ်လာစေပြီး နိုင်ငံ၏ အစဥ်အလာကိုပါ ပျက်စီးသွားစေလိမ့်မည်ဟု ဆိုလိုလိုက်ခြင်းပင်။ ထိုပဋိပက္ခသာကျယ်ပြန့်သွားပါက အစိုးရသို့တိုင် ရိုက်ခတ်လာနိုင်သည် မဟုတ်ပါလား။
သူ့စကားမှာ မှားသည်ဟုတော့ မဆိုသာ။
၎င်းသည် သတ်ဖြတ်သူများအတွက် ကျင့်ကြံခြင်းနည်းစနစ်ကို ဒန်ဘာရလိုက်သည်ကနှင့် သွား၍ တူနေ၏။ ထိုအတွက်ကြောင့်ပင် ဒန်ဘာသည် မီးလျံအသိုက်ကို အံတုရန် ယုံကြည်မှုရရှိသွားသည်မဟုတ်ပါလား။ လူသားများသည်လည်း ထိုခြေရာကို ထပ်ချပ်မကွာ လိုက်နင်းကြလိမ့့်မည်သာ။ စက်ကိရိယာများ တည်ထွင်ခြင်းသည် အလုပ်သမားများကို အလုပ်လက်မဲ့ ဖြစ်သွားစေနိုင်၏။ ထိုသဘောတရားကိုထောက်လျင် ကျင့်ကြံခြင်းနည်းစနစ်သစ်များသည်လည်း လူမှုပတ်ဝန်းကျင်တခုလုံးကို ရိုက်ခတ်မှုရှိမည်မှာ မုချပင်။ အရာတိုင်းတွင် အကောင်းအဆိုး ဒွန်တွဲနေကြသည် မဟုတ်တုံလော။
ထို့ကြောင့် စုချန်းတီထွင်လိုက်သည့် သွေးဗီဇမဲ့နည်းစနစ်များတွင်လည်း အကောင်းအဆိုး နှစ်မျိုးလုံး ဒွန်တွဲနေလိမ့်မည်သာ။
ထိုသို့ပြောလိုက်၍ ကောက်စီယန်အား အဆိုးမြင်ဝါဒီသမားဟု တထစ်ချဆို၍ မရပေ။ သင့့်အနေနှင့် ကောက်စီယန်သည် တော်ဝင်မျိုးနွယ်စုများ၏ လုပ်ရပ်အတွက် ဖြေရှင်းချက်ပေးနေသည် သို့မဟုတ်အမြင်ကျဥ်းသည်ဟု ပြောလ်ိုကပြောနိုင်၏။ သို့သော် သူ့စကားတွင် အမှန်တရားများ ပါဝင်နေသည်ကတော့ အမှန်ပင်။
အကယ်၍ စုချန်းသာ ယခင်စုချန်းဆိုပါက သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းလမ်းကြောင့် လူသားမျိုးနွယ်တခုလုံး ပြောင်းလဲသွားမည့့်အကြောင်းကို ကောက်စီယန်အား အကျယ်တဝင့် ရှင်းပြမိနေပေလိမ့်မည်။
သို့သော် စုချန်း ယခုတော့ ထိုသို့ မလုပ်တော့။ ဤလူစုသည် သူ အာပေါက်အောင်ရှင်းပြသည့်တိုင် လက်သင့်ခံမည့့် လူစားမျိုးမဟုတ်ကြကြောင်း စုချန်း သဘောပေါက်သွားခဲ့လေပြီ။ အိပ်ချင်ယောင်ဆောင်နေသူကို သင် နှိုး၍မရနိုင်ပေ။
ထို့ကြောင့် စုချန်းသည် မည်သူ့ကိုမှ အပင်ပန်းခံ၍ ရှင်းပြရန် ကြိုးစားမနေတော့။
ထိုအခါ စုချန်းသည် လူတိုင်းပြောသမျှကို ခေါင်းညိတ်နားထောင်၏။ ပါးစပ်မှလည်း "ဟုတ်ကဲ့၊ မှန်ပါတယ်ခင်ဗျာ" စသဖြင့် ထောက်ခံပေးနေ၏။
မည်သို့ဆိုစေ လင်ချွမ်းယွမ်၏ စုချန်းအတွက် ပြုလုပ်ပေးသော ဂုဏ်ပြုပွဲသည် ကြောက်ခမန်းလိလိ အောင်မြင်သည်ဟုပင် ဆိုရတော့မည်။ စုချန်းသည် သူမျှော်လင့်ထားသည်ထက် တော်ဝင်မျိုးနွယ်စုအသိုင်းအဝိုင်းအတွင်းသို့ ချောချောမွေ့မွေ့ပင် ဝင်ရောက်နိုင်ခဲ့လေသည်။
၎င်းမှာ စုချန်းတယောက်က် ကမ္ဘာလောကကြီး၏ တံခါးတချပ်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သလို ကမ္ဘာလောကကြီးကလည်း သူ့အတွက် တံခါးတချပ် ဖွင့်ပေးလိုက်သည်နှင့် တူနေပေသည်။
ထို့ကနေ့ညမှာပင် အဆိုပါသတင်းသည် ရွှေရေခံတပ်သို့ ရောက်ရှိသွားတော့၏။
လင်ဝမ်ကျွန်းတယောက်က် ဒေါသထွက်လ်ိုက်သည်မှာ ဆွေ့ဆွေ့ခုန်နေလေသည်။
"ခွေးမသား ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲ ဒီကောင် တကယ်ပဲ သူ့နည်းစနစ်တွေက်ို အိပ်မက်နယ်ပယ်မှာ မရောင်းချတော့ဘူးတဲ့လား ကျုပ် ဒီအတွက် သူ့ကိုအရင်ကမ်းင်ကမ်းလှမ်းခဲ့တာပဲ သူ ဘာကြောင့်များ ဒီလို..."
ချူးချိန်းကျိ သက်ပြင်းချလိုက်၏။
"ဒီကောင် ကျုပ်တို့ထင်ထားတာထက် အများကြီး ပိုခေါင်းမာတယ် ဒီကောင် မာနကြီးတယ်လို့ မဆိုနိုင်ပေမဲ့ ခေါင်းမာလွန်းအားကြီးတယ် မင်းသားလေး"
ကောက်စီယန်၏ ထောင်လွှားသောစကားကို နားထောင်နေရသော်လည်း စုချန်း အငြင်းအခုန်လုပ်ရန် မကြိုးစားခဲ့။ သို့သော် လင်ဝမ်ကျွန်း၏ ပြင်းထန်သော ဖိအားနှင့် ရင်ဆိုင်ရချိန်တွင်တော့ စုချန်းတယောက်က် ဆံချည်တမျှင်မျှပင် အောက်ကျမခံခဲ့ချေ။
ဆရာလုပ်သူနှင့် ထောင်ချီသောရဲဘော်ရဲဘက်များအား ဒုက္ခပေးသည့် လင်ဝမ်ကျွန်းလို လူစားမျိုးကို စုချန်း တသက်က်လုံး အောက်ကျို့လိမ့်မည်မဟုတ်။
ဤသည်မှာ စုချန်း၏ ခေါင်းမာတတ်သော အကျင့်စရိုက်ပင်။
လင်ဝမ်ကျွန်း၏ အကြီးမားဆုံးအမှားမှာ စုချန်းအား စကတည်းက ထိုးနှက်ရန် ကြိုးစားမိခြင်းပင်။ ပုံစံတမျိုးဖြင့်သာ ချည်းကပ်ခဲ့ပါက အခြေအနေသည် တမျိုးတဖုံ ပြောင်းလဲသွားပေလိမ့်မည်။
***