အလှဲအလှယ်
Vol. 74 Ch. 733
လက်တထောင်နန်းတော်။
အဆိုပါနန်းတော်သည် လောင်စန်းနိုင်ငံ၏ ဘုရင့်နန်းတော်ဖြစ်သည်။ လက်တထောင်နန်းတော်ဟု အမည်တွင်ရခြင်းမှာ နဂါးကင်းခြေများတွင် လက်ပေါင်းတစ်ထောင်ထိ ရှိနေခြင်းကြောင့်ပင်။ တနည်းည်းအားဖြင့် ဤနန်းတော်အတွင် စံမြန်းနေသူသည် မရေမတွက်နိုင်သော နိုင်ငံရေးပြသနာများအား ဖြေရှင်းနိုင်ရန် လက်ပေါင်းတထောင်နှင့် မျက်လုံးပေါင်းတထောင် လိုအပ်သည်ဟူသော အဓိပ္ပာယ်ပင်တည်း။
လင်မင်းချီသည် အလုပ်အလွန်ကြိုးစားသော ဘုရင်တပါးဟု ဆိုနိုင်၏။ နေ့စဥ်လိုလို သူသည် အာရုဏ်မတက်မီ အိပ်ယာမှထပြီး သန်းခေါင်းမှပင် အိပ်ယာဝင်လေ့ရှိသည်။
၎င်းကို မည်မျှထိ ချဲ့ကားတင်စားထားမှန်း မည်သူမှမသိ။ သို့သော် သူ့ထံသို့ရောက်ရှိလာသော ပြသနာတိုင်းကို လင်မင်းချီတယောက်က် ကြိုးစားပမ်းစား ဖြေရှင်းပေးနေသည်ကတော့ အမှန်ပင်။
ဤယနေ့ကား စုချန်းတယောက် ဘုရင်နှင့် တွေ့ဆံရမည့်နေ့ပေတည်း။
စုချန်းကား နေမထွက်မီကပင် အိပ်ယာအတွင်းမှ နန်းတော်သို့ ခေါ်ယူခြင်းခံရပြီး ဘုရင်ကြီးလင်မင်းချီ ဆင့်ခေါ်မည့်အချိန်ကို ငုတ်တုတ်ထိုင်စောင့်နေရတော့၏။
အချိန်မည်မျှပင် ကြာသွားသည်မသ်ိ။ နောက်ဆုံးတွင် အရာရှိတယောက်က် ပေါက်ချလာပြီး စုချန်းအား နန်းတော်တွင်းသို့ ဆင့်ခေါ်လိုက်တော့သည်။
နန်းတော်တွင်းသို့ရောက်သည်နှင့် စုချန်းသည် ရှေ့သို့ တစိုက်မတ်မတ်ပင် လျှောက်သွား၏။ နောက်ဆုံးတော့ သူ လောင်စန်းနိုင်ငံ၏ ရေမြေ့သခင် လင်မင်းချီအား မြင်တွေ့ခွင့်ရလိုက်လေပြီ။
လင်မင်းချီသည် အိုမင်းလှပြီ။ သို့သော် သက်လတ်ပိုင်းအရွယ်သာ ရှိသည်ဟုထင်ရ၏။ သမ်ိုင်းမတိုင်မီသားရဲကြီးသွေးဗီဇကား အင်အားကြီးမားလှချေသည်တကား။ နှစ်ယောက်သား အတော်လေးလှမ်းနေသည့်တိုင် ၎င်းထံမှ ထွက်ပေါ်လာသော အားကောင်းလှသည့့်ဖိအားကို စုချန်း အတိုင်းသား ခံစားမိနေ၏။ ထိုဖိအားမှာ အနီရောင်နှလုံသားထက် မညံ့။ လင်မင်းချီ၏ ပကတိအင်အားသည် အနီရောင်နှလုံးသားထက်ပင် သာလွန်နေကြောင်း စုချန်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"စုချန်း အရှင်မင်းင်းကြီးကို နှုတ်ခွန်းဆက်သပါါတယ်ခင်ဗျာ"
စုချန်းက လင်မင်းချီအား အရိုုအသေပေးလိုက်၏။
"လောကဝတ်တွေ မလိုပါဘူးကွာ"
လင်မင်းချီက မသိမသာပြုံးရင်း ပြန်လည်နှုတ်ဆက်လိုက်၏။
"ဘယ်လောက်တောင် ငယ်ရွယ်နုပျိုလိုက်တဲ့ လူငယ်လေးလဲ ဒီလောက် ငယ်သေးတဲ့ လူငယ်တယောက်က အံ့ချီးစရာလုပ်ငန်းကြီးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ"
လင်မင်းချီက စကားဆက်လိုက်ပြန်၏။
"ဒါပေမဲ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်လိုက်တဲ့ မင်းရဲ့လုပ်ရပ်ထက်စာရင် သွေးဗီဇမဲ့နယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့တဲ့မင်းရဲ့စွမ်းရည်ကို ကျုပ် ပိုအထင်ကြီးမိတယ်"
ဘုရင်မိသားစုဟူသည် တော်ဝင်မျိုးနွယ်စုပင် ဖြစ်သည်။ စုချန်း၏ နည်းလမ်းများသာ တနံံတလျား ပျံ့နှံ့သွားပါက ဘုရင့့်မ်ိသားစု၏ အဆင့်အတန်းကိုလည်း တနည်းတဖုံ သက်ရောက်လာမည်မှာ သေချာနေ၏။ သို့သော် လင်မင်းချီကတော့ တမူထူးနေ၏။ သူ့ပုံစံမှာ စုချန်းအား ထောက်ခံနေဟန်ရှိလေသည်။ လင်မင်းချီ တကယ်ပြောနေသည်လား၊ သို့မဟုတ် သရုပ်ဆောင်နေသည်လား စုချန်း မသိ။ သို့မဟုတ် သူ၏ သွေးဗီဇက ပြိုင်ဘက်ကင်းဟုပင် လင်မင်းချီ ယူဆထားသည်လား မပြောတတ်။
မည်သို့ဆိုစေ စုချန်းကတော့ ရေလိုက်ငါးလိုက်ပင် ပြန်ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ ဒီလိုစကားကိုကြားရတော့ ကျုပ် အတိုင်းမသိ ဝမ်းသာမ်ိပါတယ် ကျုပ်အဖို့ကတော့ သုတေသနလုပ်နေရရင် ဘဝမှာ ပြီးပြည့်စုံပါပြီ အောင်မြင်ခြင်း မအောင်မြင်ခြင်းက အရေးမပါပါဘူးခင်ဗျာ"
"ဒါကြောင့် မင်း ဓားတသောင်းတောင်ကို လိုချင်တာပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်အရှင်မင်းကြီး ကျုပ် အေအေးချမ်းချမ်း သုတေသနလုပ်နိုင်ဖို့ ကိုယ်ပိုင်နယ်မြေလေး ပိုင်ဆိုင်ချင်ပါတယ် ဒါမှသာ ကျုပ် တပည့်လေး တယောက် နှစ်ယောက် မွေးနိုင်မယ် သူတို့ကို ကျုပ် လေ့လာထားတဲ့ အသိပညာတွေ ဝေမျှပေးမယ် ဒါမှသာ နောင်တချိန်မှာ သူတို့ ကျုပ်နာမည်ကို အမှတ်ရနေကြလိမ့်မယ် ဒီလောက်ဆိုရင်က်ို လုံလောက်ပါပြီ"
စုချန်း၏ အိပ်မက်သည် ရိုးရှင်းလှသည်ဟု ထင်စရာရှိသည်။ သို့သော် ၎င်းသည် အမှန်တကယ်တွင် ကြီးကျယ်လှပြီး ပြီးမြောက်ရန် အလွန်ခဲယဥ်းမည့့် အိပ်မက်မျိုးပင်။
လင်မင်းချီ ခေါင်းတဆတ်ဆတ်ည်ိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို ဓားတသောင်းတောင်ကို ကျုပ် မင်းကို ပေးမယ် ဒါပေမဲ့ ဒီလိုမပေးခင် ဟာလာဟင်းလင်းတောင်နဲ့ လျောင်ယဲ့နိုင်ငံတို့ထဲမှာ ပါဝင်နေတဲ့နယ်နိမိတ်အတွက် သူတို့နဲ့တော့ ညှိုနှိုင်းရအုံးမယ် မဟုတ်ရင် ကျုပ်တို့ စစ်ဖြစ်ကုန်မယ် ပြီးတော့ ဒီကိစ္စဟာ နိုင်ငံအဆင့်ဖြစ်နေတဲ့အတွင် ရက်အနည်းငယ်လောက်နဲ့တော့ ဆုံးဖြတ်လို့မရနိုင်ဘူး နှစ်တချို့ကနေ ဆယ်စုနှစ်တချို့ထိ ကြာသွားနိုင်တယ် သူတို့ သဘောတူ မတူကိုလဲ ကျုပ် အတိအကျတော့ မပြောနိုင်ဘူး"
"အော် အဲဒီလိုလား"
စုချန်း၏ မျက်နှာတွင် စိတ်ပျက်ဟန်အတိုင်းသား ထင်ဟပ်လာ၏။
စုချန်း၏ အမူအရာကိုကြည့်ရင်း လင်မင်းချီက မေးလိုက်ပြန်သည်။
"ဒါနဲ့ ကျုပ် တခုမေးပါအုံးမယ် မင်းဟာက ဓားတသောင်းတောင်နယ်မြေတခုလုံးကို ရမှဖြစ်မှာလား"
စုချန်းက ပြန်ဖြေလိုက်ပြန်၏။
"ကျုပ်ဟာ ဓားတသောင်းတောင်နယ်မြေကို ကျုပ်ရဲ့သုတေသနနဲ့ လိုက်ဖက်နဲ့နေရာတခုဖြစ်အောင် ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ် အရှင်မင်းကြီး ဒီလိုအနေအထားမှာ နယ်မြေပိုင်ဆိုင်ခွင့်က မပြတ်မသားး ဖြစ်နေခဲ့ရင် နယ်စပ်လိုင်းတွေမှာ ပြသနာပေါင်းစုံ ပေါ်ပေါက်လာနိုင်ပါတယ်"
စုချန်း၏ ဆိုလိုရင်းက ရှင်းသည်။ အတိတ်ကာလက ဓားတသောင်းတောင်သည် လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သော နေရာဖြစ်သည်။ သို့သော် ဓားတသောင်းတောင်နယ်မြေ၏ အရှင်သခင်သာ စုချန်း ဖြစ်လာပါက သူ့အနေနှင့် သူ့နယ်မြေအတွင်း လူများ စိတ်ထင်င်တိုင်း ဖြတ်သန်းသွားလာနေသည်ကို ခွင့်ပြုတော့မည် မဟုတ်။ ဤအနေအထားတွင် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မဆောင်ရွက်ထားပါက အနှေးနှင့်အမြန် ပြသနာတက်မည်သာ။
"ကျုပ် မင်းအတွက် လူတချို့ ပို့ပေး..."
စကားမဆုံးမီ လင်မင်းချီ ပါးစပ်ပိတ်လိုက်၏။
စုချန်း၏ ကိုယ်ပိုင်နယ်မြေအတွက် နိုင်ငံက အင်အားစိုက်ထုတ်ကာကွယ်ပေးရမည်မှာ အဓိပ္ပာယ်မရှိပေ။
"ဒီနယ်မြေကို ကျုပ်ဘာသာကျုပ် ကာကွယ်ဖို့ပဲ ဆန္ဒရှိပါတယ် အရှင်မင်းကြီး"
ထိုသို့ပြောရင်း စုချန်းက လင်ချွမ်းယွမ်အား လှမ်းကြည့်လိုက်သည်။
လင်ချွမ်ယွမ် စကားစလိုက်၏။
"ကျုပ်မှာ ဒီအတွက် အကြံတခုရှိပါတယ် ခမည်းတော်"
"ဆိုစမ်း"
လင်ချွမ်းယွမ်က တင်ပြလိုက်၏။
"စုချန်းဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်လာနိုင်ခဲ့ပါတယ် ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာပဲ အစ်က်ိုတော်ကြောင့် တပ်ရင်းကြီးတရင်းလုံး ရွှေရေခံတပ်ပြန်အရောက်မှာပဲ တစစီ ပြန့်ကျဲသွားခဲ့ပါတယ်"
လင်မင်းချီ၏ မျက်လုံး အရောင်တချက် ဝင်းလက်သွားသည်။
"ဒီလိုအဖြစ်မျိုး ရှိနေတာလား"
ထိုအကြောင်းကို လင်မင်းချီ တကယ်ပင် သိသေးပုံမရ။
လင်ချွမ်းယွမ်က စကားဆက်ပြန်သည်။
"မှန်ပါတယ်ခမည်းတော် မူလကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ တစစီပြန်ကျဲသွားခဲ့ပါတယ် အစ်ကိုတော်ဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းသစ်ကို ပြန်လည်ဖွဲ့စည်းပြီး ဟွာကျန်းတောင်ကို တပ်ရင်းမှုးခန့်ထားပါတယ်"
"ရယ်စရာကောင်းလိုက်လေကွာ"
လင်မင်းချီ ထိုင်ခံလက်ရမ်းကို ဖြန်းခနဲ ပုတ်ရင်း ထအော်လိုက်၏။ သူ့မျက်နှာမှာ ရဲရဲနီနေ၏။ အတော်လေး ဒေါသထွက်နေမှန်း သိသာနေပေသည်။
လင်ချွမ်းယွမ်က စကားဆက်ပြန်သည်။
" မူလကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ သတ်ဖြတ်သူနယ်မြေမှာ တနှစ်ကျော်လောက် ရှင်သန်နိုင်ခဲ့သူတွေပါ သူတို့အကုန်လုံးဟာ ထိပ်တန်းစစ်သားတွေချည်းပဲ ဒီလိုစစ်သားတွေကို အချည်းနှီးတော့ မဖြုန်းတီးသင့်ဘူး အစ်က်ိုတော် သူတို့ကို မလိုချင်ဘူးဆိုမှတော့ ကျုပ်တို့ သူတို့ကို ဆရာစုလက်ထဲ ထည့့်ပေးလိုက်သင့်တယ်"
လင်မင်းချီ သားဖြစ်သူအား ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။
"ဒီတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို စုချန်းလက်ထဲ ထည့်ပေးသင့်တယ်လို့ မင်းက အကြံပြုတယ်ပေါ့"
လင်မင်းချီ၏ မျက်နှာမှာ မအီမသာဖြစ်နေ၍ ထိုအကြံအား အလုံးစုံ မနှစ်သက်မှန်း သိသာနေပေသည်။
စစ်သားရှစ်ထောင်ဟူသည် အင်အားမနည်းလှ။ နတ်ဆိုးဧကရာဇ်သားရဲကိုပင် ရင်ဆိုင်နိုင်၏။ စုချန်းအား မြေပေးရုံမက စစ်သားများပါ ပေးလိုက်ခြင်းသည် ဖြစ်သင့်ပါအံ့လော။ ၎င်းသည် စုချန်းအား ကိုယ်ပိုင်နိုင်ငံ ထူထောင်ခွင့်ပေးလိုက်သည်နှင့်ပင် သွား၍ တူနေသေး၏။
လင်ချွမ်းယွမ်က လေသံအေးအေးဖြင့် ပြောလိုက်ပြန်သည်။
"ကျိုင်းကောင်တွေကို စောင့်ကြည့်ရမဲ့တာဝန် သူတို့ကို ပေးလိုက်လို့ရတာပဲ ခမည်းတော်"
ထိုစကားကိုကြားသည်နှင့် လင်မင်းချီ၏ လေသံသည် ချက်ချင်းပင် ပျော့ပြောင်းသွား၏။
"အိုး ကျိုင်းကောင်တွေလား ဒါဆိုရင်တော့ စဥ်းစားစရာပဲကွ"
ကျိုင်းကောင်ဟူသည်မှာ လျောင်ယဲ့နိုင်ငံမှ ဝင်ရောက်လာတတ်သည့့် လူတပိုင်းငှက်တပိုင်းသတ္တဝါတမျိုးကို ဆိုလိုခြင်းပင်။
နိုင်ငံတိုင်းလိုလိုတွင် အဓိကရန်သူန်သူရှိသလို ဒုတိယရန်သူလည်း ရှိနေတတ်၏။ လောင်စန်းနိုင်ငံအတွက် အဓိကရန်သူမှာ သတ်ဖြတ်သူများဖြစ်၍ ဒုတိယရန်သူမှာကား ကျိုင်းကောင်များပင်။ ရှုပ်ထွေးသောဤကမ္ဘာကြီးဝယ် ရန်သူကို လူသားများအနေနှင့် ရွေးချယ်ခွင့်မရှိ။
ကျိုင်းကောင်များ၊ တနည်းအားဖြင့် လူပျံတော်များသည် အင်အားမကောင်းလှသော်လည်း ပျံသန်းနိုင်ပြီး မြန်ဆန်လှ၍ သတ်ရန်ခက်လှသည်။ လောင်စန်းနိုင်ငံမှ လူများ၏ မျက်လုံးထဲတွင်တော့ ၎င်းတို့အုပ်စုလိုက်ပျံသန်းပုံမှာ ကျိုင်းကောင်အုပ်နှင့်တူနေ၍ ကျိုင်းကောင်ဟု တင်စားခေါ်ဝေါ်ကြလေသည်။
၎င်းတို့ကြောင့် လောင်စန်းနိုင်ငံ၏ အရင်းအမြစ်များ ရတနာများ နှစ်စဥ်လိုလို ဆုံးရှုံးနေရ၏။ ထိုပြသနာကို ကိုင်တွယ်ဖြေရှင်းပေးမည့်သူရှိလျင် ဝမ်းသာစရာပင် မဟုတ်ပါလား။
လင်မင်းချီ စုချန်းအား ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။
"စုချန်း ဒီစစ်သားတွေဟာ မင်းရဲ့ရဲဘော်ရဲဘက်တွေပဲ ကျုပ်အနေနဲ့ သူတို့ကို မင်းလက်ထဲ ထည့်ပေးမယ်ဆိုရင်...."
စုချန်း ရုတ်တရက် ထအော်လိုက်သည်။
"ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး စုချန်း ဘယ်လိုအခြေအနေမျိုးကိုမဆို လက်ခံပါတယ်"
"ဒါပေမဲ့ မင်းအနေနဲ့ ကျုပ်တို့ကို ကူညီပြီး အနောက်တောင်နယ်မြေကို ကာကွယ်ပေးရလိမ့်မယ် ဒီကျိုးကောင်တွေနဲ့ပတ်သက်ပြီး ဘသတင်းမှ ကျုပ် မကြားချင်တော့ဘူး"
"စိတ်ချပါအရှင်မင်းင်းကြီး...အရှင့်ဆန္ဒအတိုင်း ဖြစ်စေရပါမယ်"
စုချန်း ကျယ်လောင်စွာ အော်ဟစ်ကတိပေးလိုက်လေသည်။
ဤသည်မှာ စုချန်း၏ ရည်ရွယ်ချက်အမှန်ပင် မဟုတ်ပါလား။
ဓားတသောင်းတောင်နှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို လှဲလှယ်လိုက်ခြင်းမှာ အလွန်ကောင်းမွန်သည့် အပေးးအယူပင်။ လင်ချွမ်းယွမ်အတွက်လည်း တော်ဝင်မျိုးနွယ်စုများအား ကိုယ့်ဖက်ပါအောင် သိမ်းသွင်းလိုက်နိုင်ရုံမက လင်ဝမ်ကျွန်းအား တချက်တည်းနှင့် အသာစီးယူနိုင်လိုက်၍ ထိုက်တန်သော ရွှေ့ကွက်ဟု ဆိုနိုင်ပေသည်။
ထို့နောက်တွင်တော့ လင်မင်းချီသည် အလွန်အလုပ်များသွားတော့၏။ စုချန်းနှင့်စကားပြေနေရန် သူ့တွင် အချိန်မရှိတော့။
ထိုအခါ စုချန်းလည်း ဟောခန်းမအတွင်းမှ ထွက်ခွာလာခဲပြီး အရာရှိတဦးနောက်သို့လိုက်ကာ တရားဝင်ဘွဲ့များ၊ တံဆိပ်များကို လက်ခံရယူရပြန်၏။ ထိုကနေ့မှစ၍ သူသည် ဓားတသောင်းတောင်၏ တရားဝင်ပိုင်ရှင်တဦး ဖြစ်လာခဲ့လေပြီ။ ထိုမျှသာမကသေး သူသည် ဓားတသောင်းတောင်ခံစဥ်လိုင်း၏ ခေါင်းဆောင်အဖြစ်လည်း ခန့်အပ်ခြင်းခံလိုက်ရ၏။
အထက်ပါကိစ္စများအား ဆောင်ရွက်ပြီးသည်နှင့် စုချန်းသည် မြို့ထဲသို့ပြန်လာခဲ့ပြီး သတင်းကောင်းကို စောင့်နေလေသည်။
သုံးရက်ခန့်အကြာတွင် လင်ဝမ်ကျွန်းတယောက် ရာထူးချခံလိုက်ရပြီး ရွှေရေခံတပ်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ ချန်းယွဲ့နှင့် ရှီကိုင်းဟွမ်သည်လည်း ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း စသော သတင်းများကို စုချန်း ရရှိလိုက်၏။
ခုနှစ်ရက်ခန့်အကြာတွင်တော့ ရှည်လျားရစ်ခွေမြို့တော်နှင့် ခုနှစ်ကီလိုမီတာခန့့်ဝေးသော မြို့ငယ်သို့ စစ်သားရှစ်ထောင် ရောက်လာလေသည်။
စုချန်းကား ၎င်းတို့ကို ပြုံးလျက်သား စိုက်ကြည့်နေ၏။
***