← Chapters

အောက်တိုဘာ (၃၀)ရက်။

Vol. 41 Ch. 484

အောက်တိုဘာ (၃၀)ရက်။

Vol. 41 Ch. 484

“ ငါသတ်လိုက်ပြီ။ ”

ဤစကားလုံးများကို ပေါ့ပေါ့ပါးပါး ပြောကြားလာခြင်းဖြစ်၏။ သို့သော် လူတိုင်းကို ထိတ်လန့်စေရန် လုံလောက်သည်။

အထူးသဖြင့် ဖုန်တု၊ မိန်ယန်ပိုင်၊ ချင်းယွင်နှင့်အခြားသူများသည် နှလုံးသားများ အတွင်း၌ လှိုင်းထန်သွား၏။

ယင်းကို တွေးကြည့်သောအခါတွင် ဤခရီးစဉ်သို့ ဝင်ရောက်လာသူ (၃၄)ဦးအနက် (၁၃)ဦးမှာ စုရီ၏လက်ဖြင့် သေဆုံးသွားချေပြီ။

ဝမ်လျူခမျာ စိုးရိမ်မှု တိုးလာသည်။ မဟာရှတော်ဝင်မိသားစု၏ အစေခံတစ်ဦး အနေဖြင့် သေဆုံးသွားသူများ၏ နောက်ကွယ်ရှိ အင်အားစုများကို ကောင်းစွာ သိထား၏။

အမှောင်တားမြစ်စွမ်းအားသည် အနှစ်သုံးသောင်း တိုက်စားခြင်းခံထားရသော်မှ ၎င်းတို့၏အုတ်မြစ်နှင့် အမွေအနှစ်များသည် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ယနေ့ခေတ်၏ ဂိုဏ်းများဖြစ်သည့် ကောင်းကင်ဓားဂိုဏ်း၊ ချင်းရီတာအိုဂိုဏ်း၊ တိမ်လွှာ နတ်နန်းတော်နှင့် မဟာဇင် ဘုံကျောင်းတို့သည် ထိုအင်အားစုများနှင့် နှိုင်းယှဉ်ရန် ခက်ခဲနေသေး၏။

ဤအခြေအနေတွင် သေလွန်သူများ အကြောင်း ပြင်ပကမ္ဘာသို့ ပျံ့နှံ့သွားသောအခါ မည်မျှ ကြီးမားသည့်လှိုင်းများ ရိုက်ခတ်လာ မည်နည်း။

မဟာရှတော်ဝင်မိသားစု ပါ၀င်ခဲ့မည်ဆိုလျှင်ပင် ဤသို့သောသတင်းကို ဖုံးကွယ်ထား၍ မရသေးချေ။ အဆုံးတွင် ဝမ်လျူမှ သက်ပြင်းချလိုက်သည်။

“ သခင်လေးစု ... ဒါက။ ”

ဝမ်လျူသည် စုရီကို သူ သတ်ဖြတ် ပစ်လိုက်သော အကျိုးဆက်များအကြောင်း သတိပေးရန် ပြင်လိုက်သည်။

“ ကောင်းပြီ၊ ငါဒီကိစ္စကို ငါ့ဘာသာ ကိုင်တွယ်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိတယ် မင်းဘာလို့ ကြောက်နေရတာလဲ။ ”

စုရီက ပြတ်သားစွာ မေးလိုက်သည်။ ဝမ်လျူတစ်ယောက် မျက်နှာပျက်သွားတော့၏။ ဤနေရာတွင် နားထောင်နေသူ အလွန်များပြား လေသည်။ ဆက်ပြီး ဆွေးနွေးရန် မသင့်ချေ။

နောက်ထပ်နှောင့်နှေးမှု မရှိတော့ဘဲ ပလ္လင်ပေါ်ရှိ တည်နေရာရွေ့ပြောင်း အစီရင်ကို ဖွင့်ကာ အဖွဲ့အပေါ် ဦးဆောင်ခဲ့သည်။

“ ဟမ့် ... ။ ”

တည်နေရာရွေ့ပြောင်း အစီရင်အတွင်း မပျောက်ကွယ်မီ တစ်စုံတစ်ရာကို အနည်းငယ် စုရီမှ ခံစားလိုက်ရသည်။ ဤသည်မှာ ဥက္ကာပျံ တွင်းနက်ကြီးအထက်၌ ပေါ်လာသော မီးခိုးရောင်မြူများဖြစ်သည်။

၎င်းတို့သည် လေထုအလယ်တွင် လွင့်မျောလျက် ကြီးမားလှသော မီးခိုးရောင် မျက်လုံးကြီးအဖြစ် ဖွဲ့တည်နေခြင်းပေပင်။

မျက်လုံးသည် တံခါးတစ်ပေါက်လို ထူးဆန်းပြီး စိတ်မသက်မသာ ဖြစ်လာစေသော မြင်ကွင်းတစ်ခုဖြစ်သည်။

ထိုအကြည့်မှ အေးခဲပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် ဓားတစ်လက်အလား စုရီအသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသည်။

“ ကလန် ... ။ ”

တစ်ချိန်တည်းမှာပင် ငရဲဘုံကိုးပါးဓားမှ တုန်ခါလျက် လွှမ်းမိုးလိုသော ပြင်ပစွမ်းအားကို ဖောက်ခွဲပြီး အချည်းနှီး ဖြစ်သွားစေ၏။

ထို့နောက်တွင် မီးခိုးရောင်မျက်လုံးသည် ခြေရာမကျန်အောင် ပျောက်ကွယ်သွားသည်။ ဤသည်မှာ ရှေးဟောင်းအမှောင်တားမြစ် စွမ်းအင်ဖြစ်၏။

ထိုစွမ်အားကို ထိန်းချုပ်နိုင်သော တစ်စုံတစ်ယောက် ဤဥက္ကာတွင်းနက်အတွင်း ရှိနေပုံပေပင်။

အားချန်သည် အမှောင်တားမြစ် စွမ်းအားများသည် ကြယ်များထူထပ်သော ကောင်းကင်ယံမှ ဆင်းသက်လာသည့် မဟာတာအိုကပ်ဘေးဟု ဆို၏။

လွန်ခဲ့သောနှစ်ပေါင်းသုံးသောင်းက မိုးပြာတိုက်ကြီးပေါ်သို့ ကြယ်မုန်တိုင်းတစ်စင်း ကျရောက်ခဲ့သည်။

ယခုဆိုလျှင် ဥက္ကာပျံတွင်းနက်အတွင်း ပုန်းအောင်းနေသော သက်ရှိတစ်စုံတစ်ရာသည် အမှောင်တားမြစ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်မှာ ၎င်းသက်ရှိသည် ပြင်ပမှ လာသည်ဟု ဆိုလိုသည်လော။

ထိုသို့ဆိုသော် နဝမမြောက် ကြယ်အပျက်အစီးမြေအတွင်း မိုးပြာမျိုးစေ့ကို ယူလိုက်သည့် အတွက်ကြောင့် သူ့အပေါ် အာရုံစိုက်လာပုံရသည်။

ဥက္ကာပျံတွင်းနက်သည် ကမ္ဘာမြေပေါ်သို့ ကြယ်သေကြီးပေါင်းများစွာ ပျက်ကျပြီးနောက် ကျန်ရစ်ခဲ့သော တွင်းနက်ကြီးဟု ကောလဟာလများ ထွက်ပေါ်ခဲ့၏။

ယင်းကို အခြေခံရမည်ဆိုသော် ကြယ်မုန်တိုင်းနှင့်အတူ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်ကပင် ပုန်းအောင်းနေသည့် သတ္တဝါသည် ရှိလာဖွယ်ဖြစ်ပုံရသည်။

ပြင်းထန်သော ဒဏ်ရာများ ခံစားခဲ့ရပြီး ရွေးစရာမရှိသဖြင့် တွင်းနက်ကြီးအောက်ခြေ၌ ငြိမ်သက်စွာ လှဲလျောင်းနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”

စုရီက တစ်ယောက်တည်း ညည်းတွားလိုက်တော့၏။ ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏နက်နဲမှုကို သူ အလွန်စိတ်ဝင်စားလေသည်။

အကယ်၍ သူသာ အာကာသထဲမှ ထိုသတ္တဝါတစ်ကောင်ကို ဖမ်းထားနိုင်သော် လျှို့ဝှက်ချက်တချို့ကို ကောင်းကောင်း လေ့လာနိုင်ပေမည်။

ထိုအဝေါးဖြင့် ဥက္ကာပျံတွင်းနက်ကို ပြန်ကြည့်ကာ အခွင့်အလမ်းရှိပါက မကြာမီ ပြန်လာရန် တေးမှတ်ထားလိုက်သည်။

နောက်ဆုံးတွင် သူနှင့်အတူ မိုးပြာမျိုးစေ့ရှိ၏။ အဆိုပါမျိုးစေ့မှ ပထမဆုံး ယူဆောင်လာသော အနှောက်အယှက်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။

စွမ်းအင်အတက်အကျလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လူတိုင်းပျောက်ကွယ်သွားစဉ် တွင်းနက်ကြီးထံမှ စူးစူးဝါးဝါးအသံတစ်သံ ထွက်ပေါ်လာ၏။

“ မိုးပြာမူလ ... ငါမင်းကို သေချာပေါက်ဖမ်းမယ် ... ။ ”

အသံသည် အဆုံးမဲ့ တွင်းနက်ကြီး တစ်လျှောက် ပဲ့တင်ထပ်လျက် များမကြာမီ ပြန်၍တိတ်ဆိတ်သွားခဲ့သည်။

ဆေးအိုးကိုးပါးမြို့တော်။ ကြီးမားလှသော အခမ်းအနားကျင်းပရာ ယဇ်ပလ္လင်ကြီးပေါ်တွင် လှိုင်းအတက်အကျများ ပေါ်လာ၏။

အုံ့ဆိုင်းနေသော အလင်းရောင်သည် ယဇ်ပလ္လင်တစ်ဝိုက် ရစ်သိုင်းလာပြီး လူရိပ်များ ပေါ်လာခဲ့သည်။

“ သံသရာတောင်တန်းနဲ့ ယှဉ်လိုက်ရင် ကောင်းကင်တောင်တန်းပေါ်က ဝိညာဉ်စွမ်းအင် တွေက အရမ်းပါးလျတယ်။ ”

ကျန့်လီမှ သက်ပြင်းချလိုက်တော့၏။ ဤသည်မှာ မဟာရှတော်ဝင်မိသားစု၏ နယ်မြေ ဖြစ်သည်။ ကျော်ကြားပြီး ပထမအဆင့် ကောင်းချီးမြေဖြစ်၏။

သို့သော် သံသရာတောင်တန်း၏ ဝိညာဉ်စွမ်းအင်သိပ်သည်းဆကို တွေ့ကြုံခံစား ပြီးနောက် ခြားနားချက်အပေါ် အလွယ်တကူ သိရှိလာခဲ့သည်။

ဤခရီးသည် အများစုကို ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်လာနိုင် စေသည်။ လျှို့ဝှက်နယ်မြေအတွင်းတွင် ဝိညာဉ်ရေးပစ္စည်းများ ပေါကြွယ်ဝ၏။

မည်သူမျှ အချည်းနှီး မဖြစ်ခဲ့ချေ။ ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်တို့ကဲ့သို့သော လူအချို့ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

စုရီက ထိုအရာများအပေါ် စိတ်မဝင်စားခဲ့ချေ။ မိုးပြာခြံဝင်းအတွင်းရှိ ငါးများကို သတိရနေသည်။

ခရီးစဉ်သည် တစ်လကြာပြီဖြစ်၏။ ထို့ကြောင့် ငါးကြင်းများသည် လပိုးကောင်များ စောင့်မျှော်နေကြပေလိမ့်မည်။

“ တာအိုစု၊ ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ”

ဝမ်လျူမှ အလျင်စလိုပြောပြီး သူ့ကိုဟန့်တားလာသည်။

“ ကိစ္စရှိလား ... ။ ”

စုရီက ပြန်ရန်ပြင်နေရာမှ မေးသည်။

“ မင်း ... အခုလောလောဆယ် ငါတို့နဲ့အတူတူနေနေတာ အကောင်းဆုံးလို့ ငါထင်ပါတယ် မကြာခင် ငါ့သခင်ဆီ ဆက်သွယ်ထားတယ်။ ”

အဆုံးတွင် ဤခရီးစဉ်၏ အကျိုးဆက်များသည် ပြင်းထန်ပေလိမ့်မည်။ တန်ပြန်အစီအမံများကို စဉ်းစားထားသင့်၏။ သို့သော် စုရီက သူ့စိုးရိမ်မှုကို လက်ပြသည်။

“ မင်းကောင်းမွန်တဲ့ ရည်ရွယ်ချက်အပေါ် တန်ဖိုးထားပါတယ် ဒါပေမယ့် အသေးအဖွဲကိစ္စ တစ်ခုအတွက် ...

... ငါ့ကို စိတ်ပူနေစရာ မလိုပါဘူး ယွမ်ဟမ်နဲ့ပိုင်ဝမ်ချင်းကို ... မိုးပြာခြံဝင်းဆီ ပြန်လွှတ်လိုက်ပါ။ ”

ထို့နောက်တွင် လက်နှစ်ဖက်ကို နောက်ပို့လျက် ချက်ချင်း လှည့်ထွက်လာသည်။ ဝမ်ရှင်းကျောက်၊ ကောချင်နှင့် ယွီရှစ်ချန်က သူ့နောက်မှ လိုက်ပါလာ၏။

“ ဒါအသေးအဖွဲလား။ ”

ဝမ်လျူနှုတ်ခမ်းများ တုန်ရင်သွားသည်။ ထို့နောက် သက်ပြင်းချကာ သခင်နှင့် အမြန်ဆုံး တွေ့ရန် ဆုံးဖြတ်လိုက်တော့၏။

ဤစုရီသည် ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် စိုးရိမ်မည် မဟုတ်ချေ။ မနာလိုစရာကောင်း၏။ သူ့ နှလုံးသားသည် လောကီရေးရာမှ ကင်းလွတ်နေချေပြီ။

“ စုရီ ခေါ်ဆောင်လာတဲ့ ... ဒီလှိုင်းလုံးတွေက ဘယ်တော့ ရိုက်ခတ်လာ မလဲလို့ တွေးမိပါတယ်။ ”

ကျန်းဖူက အသံကျယ်ကျယ်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ချီကျန့်စုထံ လှည့်ကြည့်ကာ၊

“ ချီကျန့်စု ငါ့မိသားစုရဲ့ ဘိုးဘေးမြေကို ချက်ချင်းပြန်ဖို့ စီစဉ်ထားတယ် ... ဒီကာလမှာ ထိတ်လန့်စရာတွေ ဖြစ်လာရင် ... ငါ့ဆီကို ဆက်သွယ်ဖို့ မမေ့နဲ့ ... ။ ”

-ဟု အလေးအနက် တောင်းဆိုလိုက်သည်။

“ နင် ပွဲကြည့်မလို့လား။ ”

ကျန်းဖူမှ ခေါင်းယမ်းပြသော်လည်း ရှင်းပြခြင်းမရှိချေ။ အလျင်လိုနေဟန်ဖြင့် ချက်ချင်း ထွက်ခွာသွားသည်။

“ ကောင်းပြီ ငါလည်း ကောင်းကင် ‌တောင်တန်းကနေ ထွက်သွားပြီးရင် ဒီတံဆိပ်ကို ချိုးကြည့်လိုက်မယ် ... ငါ့ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေအနှစ်ကို အမှန်တကယ် ပေးနိုင်မလားဆိုတာ ကြည့်ရအောင်။ ”

ချီကျန့်စုက လှောင်ပြုံးဖြင့် လှမ်းထွက်လာခဲ့သည်။ များမကြာမီတွင် သူမ သည်လည်း ပျောက်ကွယ်သွား၏။

“ ညီမကျန့် ... ငါချက်ချင်း ဂိုဏ်းချုပ်နဲ့တွေ့ရမယ် မင်းငါနဲ့လိုက်ခဲ့မှာလား။ ”

ယွီဝမ်ရှက မေးသည်။ ကျန့်လီမှ ခေါင်းခါလိုက်၏။

“ ငါ့အဖေကို အရင်ပြောရမယ် ဒီမှာဖြစ်ပျက်သမျှက ငါတို့လိုမျိုးဆက်သစ်တွေ ဖြေရှင်းနိုင်တဲ့အရာမျိုး မဟုတ်ဘူး သွားရအောင်။ ”

ကျန့်လီမှ ဆိုလိုက်သော်လည်း သူမနှလုံးသား၌ နားမလည်နိုင်လောက်အောင် လေးလံနေသည်။

( ဟား ဟား ဟား ... ဟမ့်စုရီ ငါမင်းရဲ့ပြိုင်ဘက် မဟုတ်ပေမယ့် အခုတော့ ဒီပွဲကို ကျေကျေနပ်နပ်ကြီး ကြည့်ရမယ်။)

လီဟန်ထောင်မှ အေးစက်စွာ တစ်ကိုယ်တည်း ကြိတ်ရယ် လိုက်တော့၏။ ထိုနေ့တွင် လျှို့ဝှက်နယ်မြေထဲ ဖြစ်ပျက်ခဲ့သော သတင်းများသည် အလျင်မြန်ဆုံးနှုန်းဖြင့် ပျံ့နှံ့သွားလေသည်။

“ ဒီစုရီက ... ရှေးခေတ်က ဝိညာဉ်ထင်ရှားခြင်းအဆင့် ဘီလူးတွေကို တကယ် သတ်ပစ်ခဲ့တာလား။

“ မယုံနိုင်စရာပဲ ... ဒီလို ကြယ်စုစည်းခြင်းအဆင့် တစ်စုံတစ်ယောက်က ကောင်းကင်ကို တွန်းလှန်နိုင်တာလား။ ”

ထိုသတင်းကြောင့် အင်အားစု အသီးသီးသည် တုန်လှုပ်သွားချေပြီ။ လေထု အတွင်း မုန်တိုင်းလာနေ၏။

အောက်တိုဘာ သုံးဆယ်ရက်။ စုရီတစ်ယောက် ရေကန်ဘေး လဲလျောင်းကာ လပိုးကောင်များ ကျွေးမွေးနေခဲ့သည်။

တစ်ဖက်တွင် ဝမ်ရှင်း‌ကျောက်သည် ငါးကင်ပေါ်သို့ ဟင်းခတ်အမွှေးအကြိုင်များစွာ ပက်ဖြန်းကာ အလုပ်များနေသည်။ ကောချင်က သူမကို ကူညီပေးနေ၏။

“ အစ်ကိုစု ... ငါးကင်စားလို့ရပြီ။ ”

***

All Chapters