← Chapters

တော်ဝင်မိသားစုဝင်များ စုဝေးခြင်း။

Vol. 41 Ch. 486

တော်ဝင်မိသားစုဝင်များ စုဝေးခြင်း။

Vol. 41 Ch. 486

နေဘုရင်စံအိမ်မှ ထွက်ခွာပြီးနောက် ဝမ်လျူနှင့်ရွှေတျန်ချီမှာ ကူကယ်ရာမဲ့လာကြ လေသည်။

“ သခင်သာရှိနေရင် နေဘုရင်ကို ဒီလောက်အထိ ပြုမူခွင့်ပေးမှာ မဟုတ်ဘူး။ ”

ဝမ်လျူမှ အော်ဟစ်လိုက်သည်။ ရွှေတျန်ချီသည်ပင် အေးစက်ငြိမ်သက်နေ၏။

“ အခြေအနေက စိုးရိမ်ရတဲ့အတွက် တော်ဝင်မိသားစုကို ဦးစားပေးတဲ့အပေါ် အပြစ် မတင်နိုင်ပါဘူး ... ဒါပေမယ့် ယွမ်ဟမ်တို့ကို ချုပ်နှောင်ထားတာမျိုး မလုပ်သင့်ဘူး။ ”

“ မှန်တယ် ... ဒီအကြောင်းကိုသာ စုရီသိသွားရင် သူ့ရဲ့မကြောက်မရွံ့စိတ်ထားနဲ့ ဓားဆွဲပြီး လာမှာကို ကြောက်မိတယ်။ ”

နှစ်ယောက်သား တိတ်ဆိတ်သွားပြန်၏။ စုရီအကြောင်းကို သူတို့ကောင်းစွာသိရှိသည်။ တည်ငြိမ်အေးချမ်းသော်လည်း အရိုးထိအောင် အလွန်မာနကြီးပြီး ကြောက်ရွံ့မှုကင်း၏။

ဟွမ်မိသားစု မည်မျှတန်ခိုးကြီးသနည်း။ တော်ဝင်မိသားစု သတိထားရလောက်အောင် အားကောင်းပေသည်။

သို့သော် စုရီအတွက် မျက်လုံးထဲ မဝင်သေးချေ။ မြို့တော်ကို ခြေချလိုက်တည်းက အကြီးအကဲဟွာတျန်တုကိုသတ်ကာ ကျိုးဖုန်းကျစ်ကို ခေါင်းဖြတ်သည်။

သူသတ်ခဲ့သမျှသော လူတိုင်းသည် ထူးခြားသည့်နောက်ခံများရှိ၏။ တစ်ဖက်လူသာ အကျိုးဆက်များအပေါ် ကြောက်ရွံ့နေသော် ဟွမ်ရှောင်ယုတို့ကို သတ်မည်မဟုတ်ချေ။

နေဘုရင်၏ ယွမ်ဟမ်တို့ကို ဖမ်းဆီးထားသောလုပ်ရပ်သည် ကောင်းကင် တောင်တန်းကို သွေးလွှမ်းစေမည် လုပ်ရပ်ပေပင်။

“ မိန်းကလေးကို သွားရှာရအောင် သူမရဲ့အဆင့်အတန်းက ထူးထူးခြားခြားမို့ ဒီအရေးမှာ လူတိုင်းက မျက်နှာသာပေးမယ် ထင်ရတယ်။ ”

“ ကောင်းပြီ ... မြန်မြန်သွားရအောင်။ ”

နှစ်ယောက်သား တောင်ထိပ်ပေါ် မော့ကြည့်ကာ ချက်ချင်း ထွက်ခွာသွားတော့၏။ ရိုးရှင်းသော မဏ္ဍပ်တစ်ခုအတွင်း ရှချင်းယွမ်က အကြီးအကဲနှစ်ဦးကို လက်ခံတွေ့ဆုံသည်။

ဝမ်လျူနှင့် ရွှေတျန်ချီတို့၏ စကားများကြားသောအခါ သူမမျက်ဝန်းများ မီးဝင်းဝင်းတောက်လာ၏။

“ တတိယအကြီးအကဲ ... မင်းဒီလောက်တောင် သတ္တိရှိလား။ ”

“ မိန်းကလေးရှ ဒီအချိန်ဟာ ဒေါသဖြစ်ရမယ့်အချိန် မဟုတ်ပါဘူး ... ဒါကို ငါတို့ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ...

... အရင် စဉ်းစားသင့်ပါတယ် စုရီနားလည်မှုလွဲအောင် လုံးဝခွင့်ပြုလို့မရဘူး မဟုတ်ရင် အကျိုးဆက်က ... ။ ”

ဝမ်လျူမှ သူမကို စိတ်တည်ငြိမ်အောင် အလျင်စလို ကြိုးစားတော့သည်။ ရွှေတျန်ချီက၊

“ မိန်းကလေးရှ ... ငါတို့သခင် ထွက်သွားတုန်းက ညွှန်ကြားချက်တစ်ခုခုများ ထပ်ပေးခဲ့တာရှိသေးလား။ ”

-ဟု မျှော်လင့်ချက်ကြီးစွာ မေးမြန်းလာလေသည်။

“ မရှိဘူး ... ဒီညဆွေးနွေးပွဲကို ငါတက်‌ရောက်မယ် ... တတိယအကြီးအကဲ ဘယ်လောက်ရဲဝံ့လဲဆိုတာ ကြည့်ရအောင်။ ”

စကားဆုံးသည်နှင့် ရှချင်းယွမ်က ချက်ချင်းထထွက်သွားလေသည်။

“ မိန်းကလေးရှ ... စုရီကို ... ။ ”

“ စိတ်မပူနဲ့ ဆွေးနွေးပွဲပြီးရင် ငါကိုယ်တိုင်သွားပြီး ... ဒီကိစ္စ အစ်ကိုစုနဲ့ ဆွေးနွေးလိုက်မယ်။ ”

ထို့နောက်တွင် ရှချင်းယွမ်အသွင်သည် အမှောင်အတွင်း ပျောက်ကွယ်သွားတော့၏။ ဝမ်လျူနှင့် ရွှေတျန်ချီက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်သည်။

ထို့နောက် ကူကယ်ရာမဲ့စွာ မျက်နှာများ ပျက်ယွင်းလာ၏။ ဝမ်လျူက၊

“ မိန်းကလေးရှကို ဒီအရေးမှာ ပါဝင်ပတ်သက်ဖို့တောင်းဆိုမိတာ မှားသလား မှန်သလား ငါ မသိတော့ဘူး ...

... သခင်သာ ပြန်လာရင် ငါတို့မှာ အရည်အချင်းမရှိလို့ ပြစ်တင်ဆုံးမလာတော့မှာ ကြောက်မိတယ်။ ”

-ဟု စိတ်ပျက်လက်ပျက်နှင့် ပြောကြားလိုက်သည်။

“ ငါ့အမြင်အရတော့ ... မိန်းကလေး စုရီနဲ့သွားတွေ့တာက သင့်လျော်တဲ့ရွေးချယ်မှုပဲ မိန်းကလေးနဲ့ စုရီကြားမှာ ...

... ထူးထူးခြားခြား ပတ်သတ်မှုတစ်ခု ရှိနေတယ် သူတို့ဟာ မဟာကျိုးနိုင်ငံမှာတုန်းက သေ-ရှင်တိုက်ပွဲအချို့ ဆင်နွှဲခဲ့ဖူးပါတယ်။ ”

ဤတစ်ကြိမ်တွင် ဝမ်လျူတစ်ယောက် အံ့အားသင့်သွားလေသည်။ ထိုအကြောင်းကို သူ မသိချေ။ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲတွင် မိန်းကလေးသည် စုရီအနားဝင်ထိုင်ကာ စကားစမြည် ပြောနေခဲ့သည့် မြင်ကွင်းများ ပေါ်လာသည်။

ညဥ့်နက်နေပြီ ဖြစ်သော်လည်း ဧကရာဇ်နန်းတော်အတွင်း၌ အလင်းရောင်များ ကြည်လင်ပြတ်သားနေသည်။

ဗဟိုစင်မြင့်ထိုင်ခုံသည် ဧကရာဇ်ရှ အတွက်ရည်ရွယ်၏။ တတိယအကြီးအကဲ ရှလင်းယွမ်ပင် မထိုင်ဝံ့ချေ။

ယင်းအစား ဗဟိုထိုင်ခုံအောက်၌ ဝင်ထိုင်သည်။ သူ့ရှေ့ရှိ တော်ဝင်မိသားစုဝင် အပေါ် ဝေ့ကြည့်လိုက်သောအခါ ကျေနပ်မှု တစ်ခုကို ခံစားလိုက်ရ၏။

တန်ခိုးနှင့် အခွင့်အာဏာသည် သူ့လက်ထဲတွင်ရှိနေပြီး ကောင်းကင်အောက်ရှိ အရာအားလုံးကို အုပ်စိုးနိုင်၏။

မဟာအကြီးအကဲ ရှချန်ဟောင်သည်ပင် လက်ရှိတွင် သူ့အောက်ခုံတွင်သာ ထိုင်နိုင်မည်။ ခန်းမအတွင်း ငြင်းခုံမှုများ ဖြစ်ပွားနေ၏။

အဖွဲ့တစ်ဖွဲ့ကို မဟာအကြီးအကဲ ရှချန်ဟောင်မှ ဦးဆောင်သည်။ ထိုအဖွဲ့သည် ဧကရာဇ်ရှကိုလေးစားပြီး စုရီထံ ဆက်လက် ခိုလှုံသင့်သည်ဟု ယုံကြည်၏။

အခြားအဖွဲ့ကို ဒုတိယအကြီးအကဲ ရှယွင်ဟမ့်မှ ဦးဆောင်ကာ ဤကိစ္စမျိုးသည် အလွန်လေးနက်သဖြင့် စုရီနှင့်လမ်းခွဲလို၏။

တတိယအဖွဲ့သည် ကြားနေပေပင်။ ဆိုလိုသည်မှာ စုရီကို ထောက်ခံသူ ခုနစ်ဦးရှိကာ လမ်းခွဲလိုသူ ဆယ်ဦးရှိသည်။

“ အဟမ်း ... ။ ”

ကျန်အားလုံးသည် ကြားနေရန် ရွေးချယ်ထား၏။ ထိုအချင်းအရာမြင်သောအခါ ရှလင်းယွမ်က ချောင်းခြောက်ဆိုးပြပြီး လက်ပြ ရပ်တန့်လိုက်လေသည်။

“ ငြင်းခုံခြင်းက အဖြေမဟုတ်ပါဘူး ငါကတော့ ဒုတိယအကြီးအကဲရဲ့ အကြံပြုချက် အတိုင်း ... တော်ဝင်မိသားစုရဲ့ လုံခြုံရေးကို ဦးစားပေးမယ်။ ”

တတိယအကြီးအကဲ စကားကြောင့် မဟာအကြီးအကဲ ရှချန်ဟောင်၏ အမူအရာမှာ မည်းမှောင်သွားပြီး တစ်ခုခုပြောရန် ပြင်သည်။

သို့သော် တတိယအကြီးအကဲမှ စကားပြောမခံဘဲ လက်ဟန်ဖြင့် ဟန့်တားကာ၊

“ ဆုံးဖြတ်ပြီးသွားပြီ ... ဧကရာဇ်ရှ ထွက်ခွာသွားခဲ့တုန်းက တော်ဝင်မိသားစုအရေး အားလုံးကို ကိုင်တွယ်ဖို့ ...

... ငါ့ကိုအပ်နှင်းထားတယ် ... ဒါကြောင့်မဟာအကြီးအကဲ ဆန္ဒမရှိရင်တောင် ဧကရာဇ်ရှ ပြန်လာအထိ ငါတို့စောင့်လို့ မရတော့ဘူး ... ပြီးတော့ ...

... ဒီဆုံးဖြတ်ချက်က တော်ဝင်မိသားစု တစ်ခုလုံးအတွက် ထည့်သွင်းစဉ်းစားထားတာမို့ မှားနေရင်တောင် မှားပါစေ ငါမပြင်နိုင်ဘူး။ ”

-ဟု မိန့်ကြားလိုက်သည်။

သူ့စကားကို ကြားချိန်၌ ဒုတိယအကြီးအကဲက၊

“ ဒါက မှားနေရင်တောင် တတိယအကြီးအကဲနဲ့အတူ တာဝန်ယူဖို့ ငါမှာ ဆန္ဒရှိနေပါတယ်။ ”

-ဟု ထောက်ခံလိုက်၏။

စုရီသည် အပြင်လူတစ်ဦးသာဖြစ်သည်။ ထို့အတွက် မည်သူမဆို မိမိကိုယ်ကို ဘေးဥပဒ် ဖြစ်စေလိုစိတ်ရှိမည် မဟုတ်ချေ။

“ လူတိုင်း၊ စုရီရဲ့စိတ်နေစိတ်ထားကို စိုးရိမ်နေစရာ မလိုပါဘူး ... သူက ဒီဘေးဒုက္ခကို နှိုးဆော်ပြီး အကျိုးဆက်ကို ခံနိုင်ရည်ရှိရမှာ သူ ကိစ္စပါ ... သူ့ကိုမကူညီတဲ့အတွက် ငါတို့ကို ဘယ်လိုမှ အပြစ်မတင်နိုင်ပါဘူး။ ”

အဆုံးတွင် ရှလင်းယွမ်သည် မဟာအကြီးအကဲနှင့်အဖွဲ့ကို လျစ်လျူရှုသော အသွင်ဖြင့် ပြောကြားလိုက်၏။

ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ တက်ရောက်လာသူများ အားလုံးသည် အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။

မဟာအကြီးအကဲမှ ကန့်ကွက်စရာ မရှိတော့သည်ကို မြင်သောအခါ ရှလင်းယွမ်က သက်ပြင်းချလိုက်လေသည်။ ထို့နောက် ခဏမျှစဉ်းစားပြီး၊

“ မနက်ဖြန်မနက် ... ငါစကားပြောဖို့ စုရီကိုဖိတ်ခေါ်ပြီး ငါတို့ရပ်တည်ချက်အကြောင်း သူ့ကိုအသိပေးမယ် သူသာဉာဏ်ကောင်းရင် အဲဒီအပေါ်မှာ နာကြည်းစရာ မလိုဘူးလို့ ငါယုံကြည်တယ်။ ”

တစ်ဆက်တည်းမှာပင် အခန်းထောင့်ရှိ တိတ်ဆိတ်စွာ ထိုင်နေသော ရှချင်းယွမ်ဆီသို့ လှည့်ကြည့်လိုက်ကာ၊

“ ဒါကို မင်းရော ဘယ်လိုမြင်လဲ မိန်းကလေး။ ”

-ဟု မေးမြန်းတော့၏။

“ ငါက ဂျူနီယာတစ်ယောက်ပဲ အရေးမကြီးပါဘူး အားလုံးက မင်းပြောသလို လုပ်ကြမှာပဲ မဟုတ်လား။ ”

“ ဟား ဟား ဟား ... မိန်းကလေး မင်းကတာဝန်နဲ့ မိသားစုကို နက်နက်ရှိုင်းရှိုင်း နားလည်နေတာပဲ ... ဧကရာဇ်ရှ ပြန်လာရင် ပီတိဖြစ်မှာ သေချာပါတယ်။ ”

“ မနက်ဖြန် စုရီကို ဖိတ်ခေါ်ဖို့ စီစဉ်ထားတယ် မဟုတ်လား ဒါဆိုငါသူ့ကို အကြောင်းကြားပေးမယ်။ ”

ရှချင်းယွမ်မှ ပြုံးလျက်ပြောသည်။

“ ချင်းယွမ် ... မင်းရဲ့အဆင့်အတန်းက ဘယ်လောက်မြင့်သလဲ အသေးအဖွဲကိစ္စတစ်ခု အတွက် မင်းကိုယ်တိုင် လုပ်ဆောင်စရာ မလိုပါဘူး ... အစောင့်တစ်ယောက်ကို လွှတ်လိုက်ရင် ရပါပြီ။ ”

တတိယအကြီးအကဲစကားကို ရှချင်းယွမ်တစ်ယောက် ခေါင်းခါပြလိုက်သည်။

“ မဟုတ်ဘူး ... စုရီနဲ့ငါ့ကြားမှာ ရင်နှီးမှုရှိတယ် သူ ဒုက္ခနဲ့ရင်ဆိုင်နေရချိန်မျိုးမှာ မကူညီနိုင်ဘူး ... ဒါပေမယ့် အနည်းဆုံးတော့ သတိပေးသင့်တယ် မဟုတ်လား။ ”

“ အိုး ... မှန်တယ် မင်းကတကယ့်ကို တာဝန်ကျေပြီး ... ကြင်နာတဲ့ ကောင်မလေးပါ ကောင်းပြီ စုရီကိုဆွဲဆောင်ဖို့ ကြိုးစားပါ ...

... ငါတို့ရပ်တည်ချက်ကို နားလည်ပြီး စည်းမဲ့ကမ်းမဲ့ မလုပ်မိပါစေနဲ့ ... မဟုတ်ရင် ဒါ သူ့အတွက် ဒုက္ခပိုလာလိမ့်မယ် ... ။ ”

သို့သော် ရှချင်းယွမ်သည် သူ့စကားများကို နားမထောင်တော့ဘဲ ထိုနေရာမှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

မိုးပြာခြံဝင်းသို့ သူမ ရောက်ရှိသွားချိန်တွင် မနက်လင်းလုနီးပါးပေပင်။ လေပြေများသည် စိမ့်နေအောင် အေးစက်နေ၏။

စုရီက ကျင့်ကြံမှုရပ်နားကာ အိပ်ရာဝင်ရန် ပြင်နေချိန်ဖြစ်သည်။ ရှချင်းယွမ်ကို မြင်ချိန်တွင် အံ့သြသွားပြီး၊

“ မိန်းကလေးရှ ... ဒီလိုအချိန်ကြီးမှာ မင်းဘာလာလုပ်တာလဲ အရေးကြီးတာတစ်ခုခု ဖြစ်သွားတာလား။ ”

-ဟု မေးမြန်းတော့၏။

“ အစ်ကိုစု၊ မင်းပြန်ရောက်လာတာ တစ်ညအတွင်းနဲ့ ဒီလောက်အထိဖြစ်လိမ့်မယ် ငါမထင်ထားဘူး။ ”

ရှချင်းယွမ်မှ ဒေါသတကြီး ညည်းတွားလိုက်သည်။ ဇာတ်လမ်းအပြည့်အစုံ ပြောကြားပြီးနောက် စုရီကရယ်သည်။

“ ဒါက အသေးအဖွဲကိစ္စပဲ ... ၊ တော်ဝင်မိသားစုတွေက ဘာလို့ဒီလောက်အထိ တင်းမာနေရတာလဲ လိုအပ်ရဲ့လား။ ”

“ ဟမ့် ... ဒါအသေးအဖွဲကိစ္စလား။ ”

“ စိတ်အေးအေးထား ငါအမြင်အရ ရှလင်းယွမ်ပြောတာမှန်တယ် ငါ အဲဒီလူတွေကို သတ်ခဲ့တာမို့ ... နောက်ဆက်တွဲဆိုးကျိုးကို ခံနိုင်ရည်ရှိရမယ် ...

... တော်ဝင်မိသားစုက ဒီအရေးမှာ လက်ရှောင်ချင်တာသာမာန်ပဲ ပြီးတော့ ငါလည်း တော်ဝင်မိသားစုကို အားကိုးဖို့ စိတ်ကူးမရှိဘူး။ ”

ထို့နောက်တွင် အမျိုးသမီးငယ်၏ စိုးရိမ်နေသောခံစားချက်များ ပြေပျောက်စေရန်၊

“ ဒီကိစ္စအတွက် မင်းစိတ်ပူနေစရာ မလိုပါဘူး လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်က ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်လောက်ပါပဲ။ ”

-ဟု နှစ်သိမ့်လိုက်၏။

“ ဒါပေမယ့် အစ်ကိုစု ... ရှချင်းယွမ်က ယွမ်ဟမ်နဲ့ ပိုင်ဝမ်ချင်းတို့ကို ဖမ်းထားတယ်။ ”

သို့သော် ရှချင်းယွမ်မှ စိုးထိတ်စွာဖြင့် ပြောကြားလာ၏။ ချက်ချင်းပင် ခန်းမအတွင်း တိတ်ဆိတ်သွားချေပြီ။ ပြတင်းပေါက်အပြင်ရှိ လေထုမှာ ရုတ်ချည်းအေးခဲသွားတော့၏။

***

All Chapters