တောင်းဆိုခြိမ်းခြောက်မှု ... ။
Vol. 41 Ch. 487
ဝမ်လျူတစ်ယောက် အစပိုင်းတွင် ညည်းတွားခဲ့သလို လောကရေးရာများအပေါ် ဂရုမစိုက်ဟန်ရှိသော စုရီသည် အမှန်တကယ် မာနကြီးသူဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးပြိုကျပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့ရန်သူ ဖြစ်နေလျှင်ပင် လျစ်လျူရှုထားတတ်၏။
သို့သော် သူ့ပတ်ဝန်းကျင်မှ လူအများ၏လုံခြုံရေးနှင့် ပတ်သတ်လာပါက နဂါး၏နောက်ပြန်စကေးကို ထိလိုက်သကဲ့သို့ သည်းခံခြင်းမရှိချေ။
ကောင်းကင်ဘုရင်ဖြစ်လျှင်ပင် မဆိုင်းမတွသတ်ပေလိမ့်မည်။ တိတ်ဆိတ်သော လေထုသည် ရှချင်းယွမ်ကို စိတ်မသက်မသာ ဖြစ်စေသည်။
“ ရှချင်ယွမ်ရဲ့ ကြားဝင်စွက်ဖက်ဖို့ ဝန်လေးတာကို ငါနားလည်ပါတယ်၊ ဒါပေမယ့် သူဘာလို့ ဒီလိုလုပ်ရတာလဲ။ ”
စုရီမှ မေးမြန်းလိုက်၏။
“ တော်ဝင်မိသားစုက ရပ်တည်ချက်ကို ထုတ်ပြန်မှု မပြုလုပ်မရမချင်း အစ်ကိုစုကို ဒီမြို့ကနေ ထွက်ခွာခွင့် မပြုရဘူးဆိုတဲ့ တောင်းဆိုမှုရှိနေလို့ပါ။ ”
“ ဟမ့် ... ဒါကို ကြားနေလို့ ဘယ်လိုများခေါ်တာလဲ ... သူက ဖိအားတွေ ခံနေရတာပဲ ဖြစ်ဖြစ် ...
... ငါ့အပေါ် အလေးအနက် မထားတာပဲဖြစ်ဖြစ် ဒီလိုရွေးချွယ်မှုအတွက် အကျိုးဆက်ကို သူ ပေးဆပ်ရလိမ့်မယ်။ ”
စကားလုံးများသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း အေးစက်နေ၏။ ရှချင်းယွမ်က ခဏတုံ့ဆိုင်းသွားပြီး၊
“ အစ်ကိုစု၊ တကယ်ဆို ... ငါ့အဖေက ထွက်မသွားခင် အရန်အစီအစဉ်တစ်ခု လုပ်ထား ပြီးသားပါ ဒါပေမယ့် တတိယအကြီးအကဲက ဒီလောက်မြန်မြန် ခုန်ထွက်လာဖို့ မမျှော်လင့်ထားမိဘူး။”
“ မင်းအဖေက ရည်ရွယ်ချက်ရှိရှိနဲ့ ထွက်သွားခဲ့တာလား။ ”
ရှချင်းယွမ်မှ ခေါင်းညိတ်ပြပြီး၊
“ မှန်ပါတယ် ... ရွှေခေတ် မရောက်သေးပေမယ့် ကမ္ဘာကြီးက တုန်လှုပ် ခြောက်ခြားစရာ အရိပ်အယောင်တွေ ပြသနေပါတယ် ...
... မဟာရှတော်ဝင်မိသားစုက အနာဂတ်မှာ ရှင်သန်ချင်တယ်ဆိုရင် တစ်ခုခုတော့ လုပ်ရမယ် မဟုတ်လား။ ”
စုရီမှ မျက်ခုံးပင့်လျက်၊
“ အရိုးခြစ်ပြီး ဒဏ်ရာကို ကုသဖို့လား။ ”
-ဟု မေးမြန်းလိုက်သည်။ ရှချင်းယွမ်တစ်ယောက် အံ့အားသင့်သွားကာ၊
“ အစ်ကိုစု၊ မင်း ခန့်မှန်းပြီးပြီလား။ ”
-ဟု ပြန်မေးလာ၏။
“ ဒါပေါ့ ပြင်ပရန်လိုမှုကို တွန်းလှန်ဖို့ အတွင်းကိုတည်ငြိမ်အောင် အရင်လုပ်ရမယ် အပြောင်းအလဲတွေကြားမှာ မင်းဆက်လက် ရပ်တည်ချင်တယ် ဆိုရင်တော့ ...
... အတွင်းအကြိတ်တွေကို အရင်ရှင်းပစ်ရမယ် သာမန်အခြေအနေတွေမှာ ဒီအကြိတ်တွေက ဘာအန္တရာယ်မှမရှိဘူး ဒါပေမယ့် ဖိအားတွေနဲ့ ကြုံလာတဲ့အခါ ...
... သူတို့ မငြိမ်မသက်ဖြစ်လာလိမ့်မယ် တချို့က ရန်သူနဲ့ ပေါင်းပြီး သစ္စာဖောက်မယ် တချို့က ပရမ်းပတာကာလမှာ အခွင့်အဏာကို သိမ်းယူကြမယ်။ ”
ဤအကြောင်းနှင့်စပ်လျဉ်း၍ စုရီက သက်ပြင်းချ၏။ ရှေးခေတ်မှ ယနေ့အချိန်အထိ ထိပ်တန်းတာအိုဂိုဏ်းအချို့ ဆုတ်ယုတ်ကျဆင်း လာရသည့် အကြောင်းရင်းသည် ပြိုင်ဘက် များကြောင့် မဟုတ်ချေ။ အကြိတ်များ ကြောင့်သာ ဖြစ်သည်။
ရှချင်းယွမ်မှ ခေါင်းညိတ်သည်။
“ အဖေက ... သူဝေးနေသရွေ့ တော်ဝင်မိသားစုထဲက တစ်ယောက်ယောက် မလွဲမသွေ ခုန်ထွက်လာလိမ့်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ”
“ မင်းအဖေက ငါ့စိတ်နေစိတ်ထားအရ ကျွန်းပေါ်မှာ လူအများကြီးကို သတ်ပစ်မယ်လို့ ခန့်မှန်းထားနိုင်ပုံပဲ။ ”
“ အစ်ကိုစု၊ ငါ့အဖေက သေချာပေါက်ဖြစ်မယ်လို့ ဆိုလိုနေတာမျိုး မဟုတ်ပါဘူး။ ”
ရှချင်းယွမ်မှ စိုးရိမ်တကြီး ရှင်းပြလေသည်။
“ မှန်တယ် ... သူ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူးဆိုတာ ငါသိတယ် ရန်သူကို အမြစ်ဖြတ်ဖို့ ဒီအဖြစ်အပျက်အပေါ် အသုံးချလိုက်တာပဲ။ ”
သို့မှသာ ရှချင်းယွမ်တစ်ယာက် စိတ်သက်သာရာ ရသွားသည်။ စာတစ်စောင်ကို ထုတ်ယူပြီး စုရီထံပေးအပ်လိုက်၏။
“ အစ်ကိုစု၊ ဒါက မထွက်ခွာခင် ငါ့အဖေပေးခဲ့တဲ့စာပါ ဒီကိစ္စကို မကျေနပ်ရင် ပေးလိုက်ဖို့ မှာထားပါတယ်။ ”
စုရီက စာကိုဖွင့်ကြည့်လိုက်ရာ ‘မဟာရှတော်ဝင်မိသားစုသည် တာအိုစုနှင့်အတူ ရပ်တည်မည်’-ဟု ရေးသားထား၏။
စုရီက မျက်ခုံးပင့်ကာ စာကို ဖယ်လိုက်ပြီး၊
“ မင်းအဖေက သူ့အစီအစဉ်နဲ့သူ ရှိနေပေမယ့် ဒီကိစ္စငါ့ဆီရောက်လာနေမှတော့ မင်းအဖေပြန်လာတဲ့အထိကို ငါတို့ မစောင့်နိုင်တော့ဘူး။ ”
“ အစ်ကိုစု၊ မင်းမနက်ဖြန်သွားမလား ... ။ ”
“ သူ ငါ့ကိုလာစေချင်နေတာ မဟုတ်လား ဒါဆို ငါသွားမယ်။ ”
“ ဒါဆို မနက်ဖြန်ကျရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကြီးကို ကြည့်ဖို့ သေချာပေါက် ငါရှိနေမယ်။ ”
“ မင်း ... ဒါကို မျှော်လင့်နေတာလား။ ”
“ ဟီးဟီး ... ။ ”
စုရီက လိမ္မာပါးနပ်ပြီး ချောမောသော မိန်းကလေးထံ ပြန်ကြည့်လိုက်၏။ ရှချင်းယွမ်မှ ရယ်မောလျက်ဖြင့်၊
“ လမ်းမှာ ... အစ်ကိုစုသိသွားရင် ဘာလုပ်မလဲဆိုတာ ငါတွေးနေတာ အစ်ကိုစုရဲ့ အကျင့်စရိုက်အရတော့ ဒေါသကို မျိုသိပ်နေမှာ မဟုတ်ဘူးလို့ တွက်ဆနိုင်ခဲ့တယ်။ ”
“ ဒါဆို မင်းအရင်က ... စိုးရိမ်ပြနေတာတွေက ဟန်ဆောင်နေပေါ့။ ”
စုရီက အရွှန်းဖောက်သည်။
“ အဲဒါတော့ မဟုတ်ဘူး၊ ဒီည ဒီကိုလာတဲ့တစ်ခုတည်းသော အကြောင်းရင်းက မင်းငါ့အဖေအပေါ် နားလည်မှုလွဲသွားမှာကို စိုးရိမ်လို့ပါပဲ။ ”
သူမ အဖြေကြောင့် စုရီမှ စကားမဆိုတော့ချေ။
အောက်တိုဘာ (၂)ရက်နေ့။ မနက်ခင်းအအေးဓာတ်သည် အရိုးခိုက်အောင် အေးစက်သော ဒဏ်ကိုပေးစွမ်းနေ၏။
“ ငါ အပြင်သွားစရာရှိတယ် မကြာခင် ပြန်လာခဲ့မယ်။ ”
“ အစ်ကိုစု၊ ဘယ်သွားမလို့လဲ။ ”
စုရီမှ နံနက်စာ စားသုံးပြီးနောက် အပြင်ထွက်ရန်ပြင်နေသဖြင့် ဝမ်ရှင်းကျောက်က စိတ်ဝင်စားလာသည်။
“ ယွမ်ဟမ်နဲ့ မိန်းကလေးပိုင်ကို ငါသွားခေါ်မို့ပါ သူတို့အတွက် နေ့လယ်စာဝိုင်နဲ့ အစားအသောက်တွေ ပြင်ထားပေးဦး။ ”
“ နားလည်ပါပြီ။ ”
ယွီရှစ်ချန်မှ ခေါင်းညိတ်သည်။ ထို့နောက်တွင် စုရီအရိပ်ပျောက်ကွယ်သွား ချိန်၌ ဝမ်ရှင်းကျောက်က၊
“ အစ်မရှစ်ချန်၊ ဒီမနက် တစ်ခုခု မှားနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။”
-ဟု ရေရွတ်လိုက်သည်။
ယွီရှစ်ချန် မျက်လုံးများသည် ရေကဲ့သို့ကြည်လင်နေပြီး ပေါ့ပေါ့ပါးပါးဖြင့်၊
“ ဒီခရီးမှာ အန္တရာယ်ရှိနိုင်မယ်လို့ ခံစားနေရတာလား။ ”
“ မဟုတ်ပါဘူး ... ။ ”
ဝမ်ရှင်းကျောက်က မဆိုင်းမတွ ခေါင်းခါလိုက်သည်။
“ ဒါဆို သဘာဝအတိုင်း ဘာမှစိုးရိမ်စရာမရှိပါဘူး။ ”
“ ဟမ် ... ။ ”
***
ကောင်းကင်တောင်တန်း ဧကရာဇ်နန်းတော်။
“ လူတိုင်း၊ စုရီရောက်လာတဲ့အခါ မင်းတို့ယဉ်ကျေးရမယ် နောက်ဆုံးတော့ သူက ဧကရာဇ်ရှရဲ့ အထင်ကြီးလေးစားမှုကို ရရှိထားတဲ့လူပဲ ...
... သူ့ရဲ့ အရည်အချင်းတွေက မယုံနိုင်လောက်အောင်မို့ မင်းတို့ကျင့်ဝတ်ကို လစ်လျူ မရှုသင့်ဘူး။ ”
ရှလင်းယွမ်က လူအုပ်ကို ဖြည်းညှင်းစွာ ဝေ့ကြည့်ပြီး သတိပေး ပြောကြားလိုက်သည်။ သူသည် နဂါးဝတ်ရုံ၀တ်ဆင်လျက် ကြီးစိုးသော ရောင်ဝါများ ထုတ်ဖော်ထားချေပြီ။
တော်ဝင်မိသားစု၏ အခြားသော အရေးပါသည့်ပုဂ္ဂိုလ်ငါးဦးသည်လည်း ရှိနေ၏။ သူ့အမိန့်ကို လူအချို့မှ ကျေနပ်သော်လည်း ခေါင်းညိတ်ကြသည်။
ထိုစုရီသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ရှေးဟောင်းအင်အားစု တစ်ဒါဇင်ကျော်၏ ပစ်မှတ်ထားခံရပါက အချိန် အကြာကြီး ရှင်သန်နိုင်မည် မဟုတ်ချေ။
ဆိုလိုသည်မှာ သေခါနီးလူအပေါ် အလွန်အကျွံ ဂရုစိုက်နေသည်မှာ မလိုအပ်ဟု မြင်သည်။
“ ဒီနေ့ ရှေးခေတ်အင်အားစုတွေကို ငါအကြောင်းကြားထားတယ် စုရီရောက်လာတဲ့ အခါ သူတို့ရှေ့မှာပဲ ... ငါတို့ရဲ့တော်ဝင်မိသားစု သဘောထားကို ကြေငြာလိုက်မယ်။ ”
ရှချင်းယွမ်စကားကြောင့် တစ်စုံတစ်ယောက်က အံ့သြသွားလေသည်။
“ ဒီနေ့ကြေငြာမို့လား ... ။
“ ဟမ့် ... ဒီလိုကိစ္စကြီးကို ဘယ်လိုလုပ်ပြီးနှောင့်နှေးဝံ့မှာလဲ။ ”
“ မနေ့ညက မြင်တဲ့အတိုင်းပဲ ... ငါတို့ရဲ့ တော်ဝင်မိသားစု တော်တော်များများက ဒါကို ကန့်ကွက်ကြတယ် ...
... နောက်ထပ် ရှုပ်ထွေးမှုတွေ ဖြစ်မလာရအောင် သပွတ်အူထုံးကို ကြိုတင် ရှင်းထုတ်လိုက်တာ အကောင်းဆုံးပါပဲ။ ”
လူတိုင်း ဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။ အမှန်ပင် စုရီကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် မြို့တော်၌ ပိုမိုအားကောင်းလာခဲ့ပြီးဖြစ်၏။
ထိုအခြေအနေမျိုးတွင် တော်ဝင်မိသားစုသည် မုန်တိုင်းဒဏ်မခံရစေရန် အမြန်ဆုံး ကြိုးစားရပေမည်။
များမကြာမီတွင် ရှေးဟောင်းအင်အားစု များမှ စေလွှတ်သော သံတမန်ဆယ်ဦးကျော်ခန့် ရောက်ရှိလာကြောင်း သတင်းပို့လာ၏။
“ ကျေးဇူးပြုပြီး ဝင်ပါ။ ”
ရှချင်းယွမ်မှ ဖိတ်ခေါ်လိုက်သည်။ ထို့နောက်တွင် အမျိုးသား-အမျိုးသမီး (၁၀)ခန့် ဝင်ရောက်လာကြပြီး ထိုင်ခုံများတွင် အသစီးသီး နေရာယူလိုက်ကြ၏။
အားလုံးသည် အလွန်အစွမ်းထက်ပြီး ကျင့်ကြံမှုသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ဖြစ်၏။
ခေါင်းဆောင်သည် ခရမ်းရောင်၀တ်စုံနှင့် ငှက်မွှေးသရဖူဆောင်းထားသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
ခါးတွင် ဓားရှည်တစ်လက် တွဲလောင်းကျနေကာ အမည်သည် ဟွမ်တျန်ဟဲ ဖြစ်၏။ နတ်ဆိုးဟွမ်မျိုးနွယ်၏ အကြီးအကဲတစ်ပါးပေပင်။
သူက ခန်းမအတွင်းဝေ့ကြည့်ကာ၊
“ တာအိုရှ ... စုရီရောက်မလာသေးဘူးလား။”
-ဟု မေးမြန်းလိုက်သည်။
“ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ အရင်ထိုင်ပါဦး။ ”
ရှချင်းယွမ်မှ ပြုံးပြီး လက်ဝှေ့ရမ်းပြလိုက်သည်။
“ ကောင်းပြီ။ ”
ဟွမ်တျန်ဟဲမှလည်း လက်ဝှေ့ယမ်းကာ အခြားသူများနှင့်အတူ ဝင်ထိုင်လိုက်တော့၏။ ထိုမြင်ကွင်းများထံ ကြည့်နေသော ရှချင်းယွမ်မှ စိတ်မသက်မသာ ဖြစ်လာသည်။
“ အစ်ကိုရှ၊ မင်းရဲ့တော်ဝင်မိသားစု သဘောထားကို ငါအကြမ်းဖျင်း သိပြီးနေပါပြီ ဒါက ပညာရှိတဲ့ ရွေးချယ်မှုပါ ...
... ဒါကြောင့် စုရီရောက်လာတဲ့အခါ တောင်းဆိုစရာတစ်ခုရှိပါတယ် ... တာအိုရှ သဘောတူလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ ”
“ တာအိုဟွမ်၊ ကျေးဇူးပြုပြီးပြောပါ။ ”
“ ငါတို့ ဒီကောင်လေးကို သတ်ဖို့ တော်ဝင်မိသားစုရဲ့ ဆေးအိုးကိုးပါးဝင်္ကပါကို မင်းငှားပေးနိုင်မလား။ ”
“ ဟမ့် ... ။ ”
တောင်းဆိုချက်သည် ရှလင်းယွမ်နှင့် တော်ဝင်မိသားစုဝင်များအားလုံးကို အမူအရာ ပြောင်းသွားစေ၏။
ရှချင်းယွမ်၏ မျက်ဝန်းများသည်ပင် တိတ်တဆိတ် ကျုံ့ဝင်သွားကာ ဒေါသတကြီး အော်ဟစ်ချင်လာခဲ့သည်။
ဤလူယုတ်မာ အဖိုးကြီးသည် တော်ဝင်မိသားစု၏ ဝှက်ဖဲကို အမှန်တကယ်ပင် သတ္တိရှိရှိ အသုံးချချင်နေ၏။
အသတ်ခံရရန် ထိုက်တန်ချေပြီ။ တစ်ဖက်တွင်မူ ဟွမ်တျန်ဟဲက အနည်းငယ် ပြုံးပြပြီး၊
“ ဟုတ်ပါတယ် ... ဒါက ငှားရမ်းခြင်းတစ်ခုပါပဲ ... စုရီကို သတ်ပြီးရင် မင်းတို့ တော်ဝင်မိသားစုအတွက် ဆုလာဘ်တွေ အများကြီးပေးနိုင်ပါတယ်။ ”
-ဟု ညှိနှိုင်းချက် ပြောကြားလာသည်။
“ တာအိုဟွမ် ... ၊ ငါတို့ရဲ့မဟာရှ တော်ဝင်မိသားစုက ကြားနေပဲလို့ ကတိပေး ထားတယ်မဟုတ်လား ... ငါသာဒီလိုလုပ်ရင် ဒီကိစ္စမှာ ပါဝင်တာနဲ့ ဘာတွေများ ကွာခြားတော့မှာလဲ။ ”
ရှလင်းယွမ်စကားကြောင့် ဟွမ်တျန်ဟဲက မျက်မှောင်ကြုတ်လျက်၊
“ မင်းသဘောတူရင် ငါတို့အားလုံး တော်ဝင်မိသားစုရဲ့ ကြင်နာမှုကို မေ့ထားမှာ မဟုတ်ပါဘူး ဆန့်ကျင်ဘက်အနေနဲ့ မင်းငြင်းရင် ငါတို့ကို စိတ်ပျက်စေရလိမ့်မယ် သေသေချာချာ စဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ”
-ဟု ဆိုလာတော့၏။ သူ့စကားတွင် သိမ်မွေ့သော ခြိမ်းခြောက်မှုတစ်ခု ရှိနေသည်။ ထိုအချိန်တွင် အခြားသော အင်အားစုများစွာ၏ သံတမန်များမှလည်း စိုက်ကြည့်လာ၏။
ထိုသို့ မမြင်နိုင်သောဖိအားကြောင့် ရှလင်းယွမ်၏ အမူအရာ ပြောင်းလဲသွားကာ တိတ်ဆိတ်သွားခဲ့သည်။
မလှမ်းမကမ်းတွင် ရှချင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤသည်မှာ မာနကင်းမဲ့ခြင်း၏ အကျိုးဆက်ပေပင်။
အားနည်းချက်ကို ပြပြီးသည်နှင့် အခြားသူများသည် ၎င်းအပေါ်အခွင့်ရေးယူရန် တွေဝေနေတော့မည် မဟုတ်ချေ။
***