← Chapters

အရမ်းစကားများတယ် ... ။

Vol. 41 Ch. 488

အရမ်းစကားများတယ် ... ။

Vol. 41 Ch. 488

ရှေးဟောင်းအင်အားစု (၁၃)ခုရှိပြီး ၎င်းတို့အနက်မှ မည်သူမဆို တော်ဝင်မိသားစု၏ အုတ်မြစ်ကို ယှဉ်နိုင်ချေပြီ။ စွမ်းအားအရ နိမ့်ပါးခြင်းမရှိချေ။

“ ဟုတ်ပါတယ်၊ မင်းရဲ့ မဟာရှ တော်ဝင်မိသားစုက ဒါကို ရှောင်ချင်တယ်ဆိုရင်၊ ငါတို့သဘာဝအတိုင်း ကန့်ကွက်စရာ မရှိပါဘူး ကောင်းပြီ ... ဒါဆို ငါတို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်မယ် ...

... စုရီ ရောက်လာတဲ့အခါ၊ သူသာ ရူးရူးမိုက်မိုက် လုပ်ဆောင်လာရင် ဝင်္ကပါကို အသက်သွင်းပြီး နှိမ်နင်းပစ်ပါ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ”

ဤတစ်ကြိမ်၌ ရှလင်းယွမ်မှ ဒေါသများမြိုသိပ်ကာ ပြုံးလေသည်။

“ စိတ်မပူပါနဲ့ ကောင်းကင် တောင်တန်းကြီးဟာ ငါတို့တော်ဝင်မိသားစုရဲ့ အုတ်မြစ်တစ်ခုက်ပဲ ... သူ ဒီမှာ မဆင်မခြင် ပြုမူဝံ့ရင် ငါလွှတ်ထားမှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... ကောင်းပြီ ဒီစုရီလာတဲ့အခါ သူ့စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် ထိန်းထားနိုင်မလားဆိုတာ ကြည့်ရအောင်။ ”

“ ဟား ဟား ဟား ... ။ ”

ဟွမ်တျန်ဟဲမှ ဦးဆောင် ရယ်မောလိုက်သည်။ အခြားသော သံတမန်များ သည်လည်း လိုက်ပါရယ်မော၏။

အဆုံးတွင် ရှလင်းယွမ်သည် စကားမဆိုတော့ချေ။ ဤအင်အားစုများသည် သူ့ပိုင်နက်အတွင်း အထိန်းအကွပ်မဲ့နေသည်ကို ထိုင်ကြည့်နေလိုက်ရ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာလေသည်။ ခန်းမအပြင်ဘက်မှ အစောင့်၏ အသံကို ကြားလာရ၏။

“ စုရီရောက်ရှိလာပါပြီ။ ”

အစေခံ၏ စကားအဆုံးတွင် ကျောက်စိမ်းရောင်၀တ်လုံဖြင့် လက်နှစ်ဖက် နောက်ပို့ထားသော လူငယ်လေးတစ်ယောက် ဝင်ရောက်လာချေပြီ။

“ ထိုင်ပါ ... ။ ”

ရှလင်းယွမ်က ကြီးစိုးသော ရောင်ဝါဖြင့် စုရီကိုတည်တည်ငြိမ်ငြိမ် ပြောကြားလိုက်သည်။ စုရီသည် သူ့လက်ကို နောက်ပို့ထားလျက်ဖြင့် ခန်းမအတွင်း တစ်ချက်ကြည့်ကာ၊

“ မင်းက ရှလင်းယွမ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

သူ့အမည်ကို ဤသို့ တိုက်ရိုက် အခေါ်ခံရလိမ့်မည်ဟု ထင်မထားခဲ့သော တတိယအကြီးအကဲခမျာ မျက်ခုံးပင့်သွား၏။

ထိုသို့ ပေါ့ပေါ့ပါးပါး အမူအရာနှင့် တည်ငြိမ်လွန်းသောအသွင်မျိုးသည် လူတိုင်း၏ အမြင်၌ ကြည့်ကောင်းနေချေပြီ။

“ ဟမ့် ... ဘယ်လိုပြုမူရမှန်း တကယ်မသိဘူးဘဲ။ ”

တော်ဝင်မိသားစု၏ ဝတ်ရုံဝတ်ကို ခြုံထားသော အဘိုးအိုတစ်ဦးက အေးစက်စွာ အော်ဟစ်လိုက်သည်။ တော်ဝင် မိသားစုတွင် ရာထူးမြင့်မားပြီး စုရီ၏ ဤအပြုအမူသည် သူ့ကိုအမှန်တကယ် မကြိုက်လှချေ။

သို့တိုင် စုရီက အဘိုးအိုကို လျစ်လျူရှုကာ ရှလင်းယွမ်ထံသာ စိုက်ကြည့်နေခဲ့၏။

“ ဟုတ်တယ် ... ငါ့နာမည် ရှလင်းယွမ်ပဲ၊ ဒီနေ့မင်းကိုငါခေါ်လိုက်တာ ကျေးဇူးပြုပြီးထိုင်ပါ မိတ်ဆွေလေး။ ”

‘မိတ်ဆွေလေး’ဟူသော အသုံးအနှုန်းကို အလေးထားပြီး အကြီးအကဲတစ်ယောက်ကဲ့သို့ ရှလင်းယွမ်မှ ပြုမူပြခဲ့သည်။

“ သူတို့ကို လွှတ်လိုက် ... ။ ”

စုရီက သူ့စကားကို ဂရုမစိုက်ဘဲ ခန်းမအလယ်ရပ်ကာ တုန့်ပြန်၏။ ခန်းမအတွင်း လေထုသည် ရုတ်ချည်း တင်းကြပ်သွားချေပြီ။

စုရီ၏ သဘောထားသည် မည်မျှ ရိုင်းပျကြမ်းတမ်းနေခဲ့သည်ကို မည်သူမဆို မြင်နိုင်တော့၏။

“ မိတ်ဆွေလေး ... မင်းက ယွမ်ဟမ်နဲ့ ပိုင်ဝမ်ချင်းကို ပြောနေတာလား စိတ်မပူပါနဲ့၊ သူတို့နှစ်ယောက်လုံး အဆင်ပြေပါတယ် ... ။ ”

သို့တိုင် ရှလင်းယွမ်မှ အပြုံးမပျက်ဘဲ တုန့်ပြန်ရှင်းပြလိုက်သည်။ စုရီက မျက်ခုံးပင့်ပြီး၊

“ မင်းရဲ့တော်ဝင်မိသားစုအတွက် စိတ်ပူနေတာကို ငါနားလည်ပေးနိုင်တယ် ဒါက ငါ့ကိစ္စမို့ ငါပဲဖြေရှင်းလိုက်မယ် .... မင်းသာ သူတို့ကို လွှတ်ပေးပါ။ ”

-ဟု ထပ်မံပြောကြားလိုက်၏။

“ ဟား ဟား ဟား ... မောက်မာလိုက်တာ၊ စုရီ ... တော်ဝင်မိသားစုရဲ့ အကာအကွယ်သာ မရှိတော့ရင် ... မင်းဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်လို့ ထင်နေတာလဲ။ ”

အစိမ်းရင့်ရောင် ဝတ်ရုံဝတ် အမျိုးသမီးတစ်ဦးက ဝင်ရောက် လှောင်ပြောင် လာလေသည်။ သူမသည် ရှေးဟောင်းနတ်ဆိုး အင်အားစုမှဖြစ်၏။ စုရီကို လက်ငှားသတ်ရန် ရန်စနေခြင်းပေပင်။

( အစ်ကိုစု၊ အဲဒီလူ (၁၃)ယောက်က ရှေးဟောင်းဂိုဏ်းတွေကနေ လာတာပါ သူတို့က မင်းကိုရန်စပြီး လှုပ်ရှားလာတဲ့အထိ လှည့်စားနေတာ ...

... မင်းသာ အထိန်းအကွပ်မဲ့လာရင် တတိယအကြီးအကဲက မင်းကိုကိုင်တွယ်ဖို့ ဆေးအိုးကိုးပါးဝင်္ကပါကို သုံးဖို့ သဘောတူထားတယ်။ )

ရှချင်းယွမ်၏ အသံပေးပို့မှုကြောင့် စုရီတစ်ယောက် တိတ်ဆိတ်သွားကာ ရေကဲ့သို့ ငြိမ်သက်သွားချေပြီ။ ထို့နောက် ဟွမ်တျန်ဟဲထံ လှည့်ကြည့်လိုက်ပြီး၊

“ နောက်မှ မင်းတို့ရယ်နိုင်ဦးမလား ငါမျှော်လင့်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုသို့လျစ်လျူရှုသောအကြည့်သည် ဟွမ်တျန်ဟဲနှင့် ရယ်မောနေသော အမျိုးသမီး၏ နှလုံးသားထဲ၌ နားမလည်နိုင်သော အေးစက်မှုများ ပေါက်ဖွားလာစေ၏။

“ စုရီ၊ အဲဒါ ဘာကိုဆိုလိုတာလဲ ... ကောင်းကင်တောင်တန်းမှာ တိုက်ခိုက်ဝံ့တယ် မပြောနဲ့ ... မမေ့ပါနဲ့ ဒါတောင်ဝင်မိသား ပိုင်နက်ပဲ ...

... ငါတို့က မင်းကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ပေမယ့် မင်းဒီမှာ ရူးရူးမိုက်မိုက်လုပ်ရင် သည်းခံနေမှာ မဟုတ်ဘူး။ ”

ရှချင်းယွမ်က ထိုင်ခုံပေါ်မှ မထဘဲ အေးစက်စွာ ပြောကြားလိုက်သည်။ စုရီမှ မျက်ခုံးပင့်လျက်၊

“ မင်းစကားကို ငါနားထောင်ဖို့ ငါလာတာမဟုတ်ဘူး ... မင်းဆီက ရှင်းပြချက် ကြားချင်လို့လာတာ။ ”

-ဟု တုန့်ပြန်၏။

“ ဘာအတွက်လဲ ။ ”

ရှချင်းယွမ်မှ ပြန်မေးသည်။

“ အင်ပါယာမိသားစုက ကြားနေဖို့ ရွေးချယ်တာ ငါစိတ်မဝင်စားဘူး ဒါပမေယ့် မင်းငါ့လူတွေကို ထိန်းထားတာကို ရှင်းပြပါ။ ”

ဤတစ်ကြိမ်၌ ရှလင်းယွမ်တစ်ယောက် အေးခဲသွား၏။ သူ့နားကိုပင် မယုံကြည်နိုင်ချေ။ သည်လူငယ် ရူးသွပ်သွားသည်လော။

တော်ဝင်မိသားစုဝင်များ သည်လည်း အံ့အားသင့်ကုန်၏။ စုရီသည် ဤမျှမာနကြီးသူ ဖြစ်လိမ့်မည်ဟု မထင်ထားချေ။

‌ရှေးခေတ်အင်အားစုများက မျက်မှောင်ကြုတ်ကုန်သည်။ တစ်ဖက်လူသည် သူတို့နှင့် မတိုက်ခင် တော်ဝင်မိသားစုကို တိုက်ခိုက်ရန် ကြိုးစားနေချေပြီ။

“ ဟား ဟား ဟား ... စိတ်ဝင်စားဖို့ ကောင်းတယ် ... တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ် ... ငါတို့နယ်မြေမှာ ဘယ်လိုများ မင်းသတ္တိရှိနေတာလဲ ...

... ဆေးအိုးကိုးပါးဝင်္ကပါနဲ့ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတိုင်းကို သတ်နိုင်တယ်ဆိုတာ မင်းမသိဘူးလား ... ။ ”

ဤဝှက်ဖဲသည် ထိုရှေးဟောင်း အင်အားစုများစွာသည် အလွန်အမင်း ရိုင်းပျစွာ ပြုမူဝံ့ခြင်း မရှိစေသည့် အကြောင်းရင်းဖြစ်၏။

ထိုမြင်ကွင်းကို ရှချင်းယွမ်က လှောင်ပြုံးဖြင့် ကြည့်နေခဲ့သည်။ သစ္စာဖောက်များသည် စုရီကို တိုက်ခိုက်ဝံ့ခြင်း မရှိချေ။ ကြောက်ပုံရ၏။

စကြာဝဠာကျွန်း၌ စုရီလုပ်ရပ်သည် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ လူတိုင်းအပေါ် သက်ရောက်မှုကြီးမားသည်။

ယခုမူ တတိယအကြီးအကဲ လက်တွင် ဆေးအိုးကိုးပါးဝင်္ကပါကို အသက်သွင်းနိုင်သည့် တံဆိပ် ရှိနေသဖြင့် အနည်းငယ် ရဲဝံ့နေကြခြင်းဖြစ်၏။

သို့သော် ဤသည်ပင် ရယ်စရာပေပင်။ ဆေးအိုးကိုးပါးဝင်္ကပါဟူသည် စုရီမှ ပြန်လည် ပြုပြင်ပေးထားကြောင်း လူမိုက်များ မသိချေ။

“ မိတ်ဆွေလေးစု ... မင်းရဲ့ဒေါသက မင်းရဲ့ဆင်ခြင်တုံတရားအပေါ် မလွှမ်းမိုးပါစေနဲ့။ ”

ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေးဖြူဖြူနှင့် အဖိုးအိုတစ်ဦးက ဝင်ရောက် လှောင်ပြောင်လာ လေသည်။ သူသည် လောင်မြိုက်နေသော နေမင်းဂိုဏ်းမှ အကြီးအကဲမိုဝူဖြစ်၏။

“ ဒါပေမယ့် မင်းကိုကြည့်ရတာ ... ဒေါသကြောင့် မျက်စိကွယ်တာထက် ပိုနေတယ် ငါ့အမြင်အရတော့ အသက်ရှင်နေရတာ ပင်ပန်းနေသလိုပဲ။ ”

တစ်ဆက်တည်းမှာပင် တတိယအကြီးအကဲ ရှချင်းယွမ်ထံ ဖိအားပေးလိုဟန်ဖြင့်၊

“ တာအိုရှ ... ဒီလိုရူးသွပ်နေတဲ့ လူတစ်ယောက်အတွက် မင်းဘာလို့ မျက်နှာသာ ပေးနေရတာလဲ ... ဝင်္ကပါကို အသုံးပြုပြီး သင်ခန်းစာတစ်ခုပေးလိုက်ပါလား။”

“ တာအိုမို စိတ်မဆိုးပါနဲ့၊ ဒါက အငြင်းပွားမှုလေးတစ်ခုပဲ ငါတော်ဝင်မိသားစုက မင်းတို့အရေးမှာ ဝင်မစွက်ဖက်နိုင်ဘူး ဒီစကားကို ငါထိန်းထားတယ်။ ”

ရှခင်းယွမ်၏ ငြင်းဆန်မှုကြောင့် မိုဝူတစ်ယောက် ဒေါသထွက်လာပြီး ထပ်မံ ပြောကြားရန် ပါးစပ်ဟလိုက်၏။

“ ရွှပ် ... ။ ”

သို့သော် စုရီသည် ဓားဆွဲထုတ်ကာ သူ့ထံခုတ်ချပစ်လိုက်ပြီ ဖြစ်သည်။ ဓားအလင်း တစ်လက် လျှပ်စီးကဲ့သို့ ပြေးထွက်လာ၏။

“ ဟမ့် ... ။ ”

မိုဝူတစ်ယောက် ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ တံဆိပ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်ရချေပြီ။

“ အသက်ဝင် ... ။ ”

သူ့ရှေ့တွင် အဖြူရောင် ကျောက်စိမ်းဆေးအိုးကြီးတစ်လုံး ပေါ်လာ၏။ ၎င်းသည် သုံးမီတာအရွယ်အစားသို့ ချက်ချင်း ကြီးထွားလာသည်။

ဆေးအိုးမျက်နှာပြင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ရူရ်ပုံစံကိုးမျိုး လင်းလက်လာပြီး နဂါးအဖြစ် ပြောင်းလဲသွားချေပြီ။

နဂါးကြီးက မိုဝူခန္ဓာကိုယ်ကို ချက်ချင်းရစ်ခွေလျက် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်တော့၏။

ဤသည်မှာ နဂါးစိမ်းကိုးနန်းတော် ဆေးအိုးကြီးပေပင်။။ သဘာဝဝိညာဉ်အဆင့် ရတနာဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲ၌ နှစ်ပေါင်း သုံးရာနီးပါး ကျွေးမွေးထား၏။

တိုက်စစ်နှင့် ခံစစ်စွမ်းရည် နှစ်မျိုးလုံးအသုံးပြုနိုင်သည်။ တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရသောအခါ အလွှာကိုးပါးဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင်နဂါး ပေါ်ထွက်လာမည်ဖြစ်၏။

တူညီသော နယ်ပယ်ရှိ မည်သည့်ကျင့်ကြံသူမဆို အင်အားအပြည့်ကို ခုခံရန် လုံလောက်သည်။

“ ခရစ် ... ။ ”

သို့သော် ဓားအလင်း ကျဆင်းလာချိန်၌ နဂါးစိမ်းကိုယ်ခန္ဓာသည် ရူရ်များပျံတက်လျက် ပေါက်ကွဲသွားတော့သည်။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သုံးမီတာမြင့်မားသည့် နဂါးစိမ်းကိုးနန်းတော် ဆေးအိုးကြီးသည် တို့ဟူးတစ်တုံးကဲ့သို့ ထက်ပိုင်းပြတ်သွား၏။

“ ဘာလို့ ... ငါ့ကို ... ”

မိုဝူက ထိတ်လန့်တကြား စုရီထံ ပြန်ကြည့်ကာ မေးမြန်းရန် ပြင်လိုက်လေသည်။ သို့သော် စုရီမှစကားဆုံးအောင် မစောင့်တော့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

“ မင်း ... စကားအရမ်းများလို့ ... ။ ”

စုရီအဖြေသည် မိုဝူကို နှုတ်ခမ်း ထောင့်စွန်းများ တွန့်တက်လာပြီး တစ်စုံတစ်ရာ ပြောချင်နေသကဲ့သို့ အသက်ဝင်လာစေ၏။

သို့သော် ထိုအချိန်တွင် အနီရောင် မျဉ်းဖြောင့်တစ်ကြောင်း ဦးခေါင်းထိပ်မှသည် အောက်ခြေအထိ ကူးဆက်သွားသည်။

“ ဝုန်း ... ။ ”

အဆုံး၌ တုန်ရီနေသော မိုဝူသဏ္ဍန်သည် နှစ်ခြမ်းကွဲသွားပြီး နှစ်ဘက်စလုံး မြေပြင်ပေါ်သို့ ပြိုကျသွားတော့၏။

နီရဲနေသော သွေးများက ရေတံခွန်အလား ထိုခန္ဓာကိုယ်နှစ်ခြမ်းထံမှ ပန်းထွက်လာသည်မှာ တုန်လှုပ်စရာပေပင်။

***

All Chapters