← Chapters

သွေးမြစ် ... ။

Vol. 41 Ch. 489

သွေးမြစ် ... ။

Vol. 41 Ch. 489

ဓားတစ်ချက်သည် အပြာရောင် နဂါးကြီးသတ်ပြီး ရတနာအိုးအပေါ် ဖြတ်ကာ မိုဝူ၏ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်သွား၏။

ပုရွက်ဆိတ်တစ်ကောင်သည် မိုက်မဲစွာရန်စဝံ့သည်လော။ ရှင်းပေသည်။ ဓားဖြင့် သတ်လိုက်ရုံပေပင်။

ဤသွေးထွက်သံယို မြင်ကွင်းသည် ရောက်ရှိလာသူအားလုံးကို တုန်လှုပ်စေခဲ့သည်။ မိုဝူသေဆုံးမှုမှာ လူတိုင်းအပေါ် သတိပေးနေ၏။ ရှချင်းယွမ်ပင် မောဟိုက်သွားသည်။

မိုဝူသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် မျိုးဆက်ဟောင်း ကျွမ်းကျင်သူဖြစ်သော်လည်း တစ်ချက်တည်းဖြင့် သေသွား၏။

“ ဘာလို့ မရယ်တော့တာလဲ။ ”

စုရီက အခန်းအတွင်းဝေ့ကြည့်ကာ လှောင်ပြောင်သော အပြုံးဖြင့် မေးမြန်းသည်။ လက်ထဲတွင် အမှောင်နတ်ဓားကို ကိုင်ဆွဲလျက် တည်ငြိမ်လွန်းနေ၏။

မူဝူသေဆုံးသည့် မြင်ကွင်းကို မျက်မြင်မတွေ့ဖူးသော် ဤမျှရက်စက်သော သတ်ဖြတ်ခြင်းမျိုး ပြုလုပ်ခဲ့သူအဖြစ် ထင်မိမည်မဟုတ်ချေ။

“ တာအိုရှ ... ဒီလူယုတ်မာလေးက မင်းရှေ့မှာ တော်ဝင်မိသားစုဝင် တစ်ယောက်ကို သတ်ဝံ့နေပြီ မင်းဘာဆက်လုပ်မှာလဲ။ ”

ဟွမ်တျန်ဟဲမှ မေးမြန်းလိုက်သည်။ သူပြောလိုက်သည်နှင့် ကျန်အင်အားစု (၁၂)ခုမှ လူတိုင်းလက်နက်များ အသင့်ပြင့်ကာ စုရီကို စောင့်ကြည့်လာကြ၏။

ယနေ့ပွဲသို့ တက်ရောက်ခြင်းသည် စုရီကိုတိုက်ခိုက်ရန် စိတ်ကူးမရှိချေ။ ရှလင်းယွမ် အပေါ် ဖိအားပေးကာ ဆေးအိုးကိုးဝင်္ကပါနှင့် သတ်ရန်ဖြစ်၏။

“ ရဲရင့်တယ် ... ။ ”

အဝါရောင်ဝတ် အဖိုးအိုက အော်ဟစ်လိုက်၏။ သူသည် တော်ဝင်မိသားစု အတွင်း မြင့်မားသော ရာထူးကို ပိုင်ဆိုင်သည်။

မိုဝူသည် သူ့ဘေးတွင် ထိုင်နေခြင်း ဖြစ်သောကြောင့် စုရီလုပ်ရပ်သည် သူ့အပေါ် အရှက်ရစေ၏။

“ အဲဒီတော့ ဘာဖြစ်လဲ ... ။ ”

စုရီမျက်လုံးများသည် အေးစက်သော လျှပ်စီးများ တောက်ပလျက် နောက်တစ်ကြိမ် ဓားကိုခုတ်လွှဲချလိုက်သည်။

“ ရွှပ် ... ။ ”

ဓားအလင်းတစ်လက်သည် လေထုအလယ်တွင် တဖျပ်ဖျပ်ဖျပ်ခတ်လာပြီး အဝါရောင်ဝတ် အဖိုးအိုထံပျံသန်းသွား၏။

“ တောင်နှင့်မြစ်ကို ပိုင်းဖြတ်ခြင်း။ ”

အဝါရောင်ဝတ် အဖိုးအိုက ရှေးမစွတည်းကပင် ရှောင်တိမ်းပြီးဖြစ်သည်။ ထို့ကြောင့် ညာဘက်လက် တစ်ဖက်ကိုသာ ထားခဲ့လိုက်ရ၏။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ်လျက် လတ်ဆတ်သောသွေးများ ပန်းထွက်လာသည်။ ထိုမြင်ကွင်းသည် ဘေးမှ ကြည့်သူများ၏ ကျောရိုးကို အေးစိမ့်သွားစေ၏။

ကြယ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက်သည် ဤမျှ အစွမ်းထက် နေသည်လော။

တစ်ဖက်လူငယ်၏ စွမ်းအားသည် ကောင်းကင်ဘုံကို အန်တုနိုင်သည်ဟု သူတို့ သည်မလာမီ သိထားပြီးဖြစ်၏။

ထို့ကြောင့် ပွင့်လင်းစွာ ဝန်ခံရပါမူ သူတို့သည်လည်း စုရီကို တိုက်ရန် သတ္တိမရှိချေ။ ယနေ့လာဝံ့သည်မှာ တော်ဝင်မိသားစု၏ ဝင်္ကပါအပေါ် ယုံကြည်၍ဖြစ်သည်။

တစ်ဖက်တွင် စုရီသည် ထိုဝင်္ကပါ၏ ခြိမ်းခြောက်မှုအပေါ် အနည်းငယ်မျှ စိုးရိမ်ခြင်း မပြသောကြောင့် တစ်စုံတစ်ရာ မှားယွင်း နေကြောင်း ခံစားလာမိ၏။

“ မင် သေချင်နေတာပဲ ... ။ ”

ရှလင်းယွမ်တစ်ယောက် ‌ဒေါသကို မထိန်းနိုင်‌တော့ချေ။ ရွှေရောင်ဝင်္ကပါချပ်ပြားကို ထုတ်ယူပြီး အသက်သွင်းလိုက်သည်။

“ ဝူး .... ။ ”

ကောင်းကင်တောင်တန်းကြီး တစ်ခုလုံး ချက်ချင်း တုန်လှုပ်သွားကာ နိုးထလာသကဲ့သို့ စွမ်းအင်အတက်အကျများ ပေါ်လာ၏။

ရူရ်များနေရာအနှံ့မှ လေထဲသို့ ပျံတက်လာပြီးနောက် ကောင်းကင်တခွင် လျှပ်စီးများ လက်လာတော့သည်။

“ ဟမ့် ... ဆေးအိုးကိုးပါး ဖိနှိမ်ခြင်း ဝင်္ကပါကြီးကို အသက်သွင်းလိုက်တာလား ... ။ ”

မဟာအကြီးအကဲ ရှချန်ဟောင်တစ်ယောက် ချက်ချင်းသတိပြုမိကာ ဧကရာဇ်နန်းတော်ဆီသို့ ထပြေးတော့သည်။

“ မြန်မြန် ... မဟာအကြီးအကဲ နောက်ကိုလိုက်။ ”

ကောင်းကင် တောင်တန်းကြီးပေါ်ရှိ တော်ဝင်မိသားစုဝင်များအားလုံးသည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိကုန်ကာ မဟာ အကြီးအကဲနှင့်အတူ လိုက်ပါသွားကြ၏။

ထိုအချိန်တွင် တောင်တန်းတလျှောက် ပြန့်ကျဲနေသော အကြီးအကဲများအားလုံးက ကောင်းကင်ပေါ် မော့ကြည့်ပြီး ဧကရာဇ် နန်းတော်ထံ ဦးတည်လာတော့သည်။

ဧကရာဇ်ရှသည် ဤဝင်္ကပါကို တတိယ အကြီးအကဲ ရှလင်းယွမ်ထံ အပ်နှင်းခဲ့ကြောင်း သူတို့အားလုံး ကောင်းစွာသိရှိထား၏။

ထို့ကြောင့် ယနေ့ဖြစ်ပျက်နေသမျှ အရာအားလုံးသည် ထိုသူနှင့် ပတ်သက်နေ ရပေမည်။

ဝင်္ကပါစွမ်းအားသည် လျှံထွက်လာကာ ဒီရေတိုးနေသကဲ့သို့ ထပ်ကာထပ်ကာ တိုးလာ တော့သည်။ ခန်းမကြီးအတွင်းရှိ ရှေးဟောင်း အင်အားစုဝင်များအားလုံး သက်ပြင်းချ လိုက်ကြ၏။

ဝင်္ကပါသည် အမှန်ပင် အစွမ်းထက်ချေပြီ။ ဤသည်မှာ မိုးပြာတိုက်ကြီး၌ တတိယအဆင့် ဝင်္ကပါဖြစ်ခဲ့ဖူးသည်။

နာမည်ဂုဏ်သတင်းနှင့် ကျော်ကြားမှုအရ ဆိုးရွားစွာ ပျက်စီးနေသည့်တိုင် ဝိညာဉ်တာအို နယ်ပယ်ကျွမ်းကျင်သူများအပေါ် အလွယ်တကူ သတ်ပစ်နိုင်သေးသည်။

“ စုရီ၊ ငါ့တော်ဝင်မိသားစုက မင်းရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ချင်ဘူး ဒါပေမယ့် မင်းဒီလိုမျိုး သောင်းကျန်းဝံ့တဲ့ အတွက် ... ငါ့ကို အပြစ်မတင်နဲ့။ ”

ရှချင်းယွမ်က စကားဆုံးသည်နှင့် စွမ်းအင်လှိုင်းများကို စုရီအပေါ် ပြိုကျစေသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများပေပင်။

ထိုသို့သော တိုက်ခိုက်မှုကို ခံရသော် ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ဦးပင် သေဆုံး ရမည်ဟု ဆိုခြင်းသည် ချဲ့ကားပြောရာ မရောက်ချေ။

“ ဟား ဟား ဟား ... ။ ”

သို့သော် ဤသည်မှာ သူတို့၏ အကန့်အသတ်ရှိသော အရည်အချင်းနှင့် တိုင်းတာခြင်းဖြစ်သည်။ စုရီအတွက်မူ လှောင်ပြုံးဖြင့် ရယ်မောတော့၏။

“ လူမိုက်တွေ ... ငါ့ကိုဆန့်ကျင်ဖို့ ဆေးအိုးကိုးပါးဝင်္ကပါကို အသုံးပြုချင်နေတာပဲ ကိုယ့်သေမင်းကို ... ကိုယ်ရှာနေတာ မသိကြဘူးလား။ ”

သူ့ပတ်ဝန်းကျင်တွင် လှိုင်းထလာပြီး အပြာရောင်အလင်းတန်းများ လက်ချောင်းများ၌ တဖျပ်ဖျပ်ခတ်လာ၏။ ထို့နောက်တွင် တံဆိပ် တစ်ခုပေါ်လာကာ ဝင်္ကပါစွမ်းအားများကို စုပ်ယူပစ်လိုက်တော့သည်။

ပင်လယ်ထဲစီးဝင်လာသော မြစ်ငယ်တစ်စင်းကဲ့သို့ အဖျက်စွမ်းများ ချက်ချင်း ပျောက်ကွယ်သွား၏။

“ ဟမ် ... ။ ”

ရှချင်းယွမ်၏ မျက်ဝန်းများ မှေးစင်းသွားသည်။ တစ်ခုခု လွဲချော်နေသည်ကို မည်သူမဆို မြင်နိုင်၏။

“ သူ့ကို သတ် ... ။ ”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ဝင်္ကပါစွမ်းအားသည် သိသိသာသာ တိုးလာပြန်၏။

အဆုံးတွင် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော ဆေးအိုးကြီးတစ်လုံးအသွင် ဖြစ်ပေါ်လာသည်။

ရောင်ဝါများ အထွတ်အထိပ်ထိ ရောက်ရှိလာချိန်၌ စုရီထံသက်ရှိကြီးကဲ့သို့ပင် ငဲ့ကြည့်၏။

“ ဝင်္ကပါရဲ့ ဝိညာဉ် ပြန်ရလာပြီပဲ ... ဒါပေမယ့် မင်းဆန္ဒအတိုင်းသာ လုပ်ခွင့်ပေးခဲ့ရင် ပျက်စီးသွားမှာ ကြောက်မိတယ်။ ”

စုရီက လေထဲ ကိုးလှမ်း လှမ်းလိုက်ကာ လက်ဟန်များစွာကို ချက်ချင်း ဖော်ဆောင်လိုက် တော့သည်။

ဝင်္ကပါစွမ်းအားများကို စုပ်ယူနေသော တံဆိပ်သည် ‌ရွှေလက်ဖဝါးအဖြစ်အသွင်ပြောင်း လိုက်ပါလာ၏။

“ ဝှစ် ... ။ ”

မီးပွားများသည် မိုးရွာသလို ပြန့်ကျဲနေပြီး ‌ရွှေရောင်ဝိညာဉ်အလင်းမှုန်များ လွင့်မျောလျက် ‌ရွှေလက်ဖဝါးကြီးက ရွှေဆေးအိုးကြီးအပေါ် ဖမ်းဆုပ်လိုက်လေသည်။

“ ခရစ် ... ။ ”

ရွှေဆေးအိုးကြီးခမျာ ကလေးငယ် တစ်ယောက်ကဲ့သို့ တုန်ရင်သွားပြီး အက်ကွဲသံ နှင့်အတူ အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေလာ၏။

“ ဒါ … ။ ”

ဟွမ်တျန်ဟဲနှင့် အဖွဲ့မှာ မျက်လုံးပြူး သွား၏။ ဤသည်မှာ ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူများကို သတ်နိုင်သော သတ်ဖြတ်ခြင်းဝင်္ကပါ ဖြစ်သည်။

သို့သော် စုရီလက်၌ ကလေးငယ် တစ်ယောက်ကဲ့သို့ တုန်ရင်ပြိုကွဲသွားသည်မှာ ယုံနိုင်စရာ မရှိချေ။ ရှလင်းယွမ်သည်ပင် တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။

“ မဖြစ်နိုင်ဘူး ... ဒီဆေးအိုးကိုးပါး ဖိနှိမ်ခြင်းဝင်္ကပါကို ... မင်းဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်နေရတာလဲ။ ”

ဤစကားသည် ဟွမ်တျန်ဟဲနှင့် အဖွဲ့ကို သာ၍ကြောက်ရွံ့လာစေတော့၏။ တစ်ဖက်လူမှ တော်ဝင်မိသားစု၏ ဝှက်ဖဲအပေါ် ဆုပ်ကိုင် နိုင်နေသည်မှာ အဓိပ္ပါယ်မရှိချေ။

“ ပျက်ပြယ် ... ။ ”

စုရီက လေထဲ လှမ်းပုတ်လိုက်သည်။ ရွှေလက်ဖဝါးများမှာ ချက်ချင်းဆိုသလိုပင် အလင်းတန်းအဖြစ် ပျက်ပြယ်သွား၏။

တစ်ချိန်တည်းမှာပင် ခန်းမကြီးအပြင် ကျန်တောင်တန်းများအပေါ် ဖုံးအုပ်ထားသည့် အလင်းလှိုင်းများသည်လည်း ရေကဲ့သို့ ချက်ချင်း ကျဆင်းသွားလေသည်။ အရာအားလုံးပုံမှန် ပြန်ဖြစ်လာ၏။

“ မင်းမှာ ကျန်တာရှိသေးလား။ ”

စုရီက ရှလင်းယွမ်ကြည့်ကာ မေးသည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ”

ရှလင်းယွမ်တစ်ယောက် ရူးသွပ်စွာဖြင့် ဝင်္ကပါကို ပြန်လည် အသက်သွင်းလိုက်တော့၏။ သို့သော် ရလာဒ်သည် ရှက်စရာပေပင်။ မည်မျှ ကြိုးစားစေကာမူ တုံ့ပြန်မှု မပြချေ။

ထိုမြင်ကွင်းက လူတိုင်းကို အေးစက်သော ခံစားချက်များ ဝင်ရောက်လာစေသည်။ စုရီကို ရင်ဆိုင်ပြီး ဤနေရာ၌ ထိုင်နေဝံ့ကြသည်မှာ ထိုဝင်္ကပါကြောင့်ပေပင်။ ယခုမူ ... ။

“ စုရီ ... ၊ ဒါကောင်းကင်တောင်ပဲ မင်းဆက်လုပ်နေရင် မဟာရှတစ်ခုလုံးရဲ့ ရန်သူ ဖြစ်လာလိမ့်မယ် မင်းအကျိုးဆက်ကို ခံနိုင်ရည်ရှိမယ်ထင်လား ... ။ ”

တော်ဝင်မိသားစုဝင်တစ်ဦးက ကူကယ်ရာမဲ့စွာဖြင့် ခြိမ်းခြောက်ရန် ကြိုးစား လေသည်။ သို့သော် စုရီက ဓားဖြင့်သာ တုန့်ပြန်တော့၏။

“ ရွှပ် ... ။ ”

ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် ကွဲကွာသွား လေသည်။ စုရီသည် မူလနန်းတော် အဆင့်၌ပင် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ ဟွာတျန်ကို သတ်ပစ်ခဲ့ဖူး၏။

ယခု ကြယ်စုစည်းခြင်း အလယ်အလတ် အဆင့်တွင်ရှိနေပြီး အပြန်အလှန်မီခိုနေသော အထက်တန်းစား တာအိုသုံးပါးကို အပြည့်အဝ ကျွမ်းကျင်နေပြီဖြစ်သည်။

အမှောင်နတ်ဓားသည်လည်း ပြန်လည် ပြုပြင်ထားသောကြောင့် ၎င်း၏စွမ်းအားသည် ယခင်ထက်များစွာ ထုတ်ပေးနိုင်နေ၏။

ထို့ကြောင့် ဤဝိညာဉ်ထင်ရှားခြင်း အဆင့်သည် သူ့မျက်လုံးထဲ မရှိ‌တော့သည်မှာ ကြာချေပြီ။ ၎င်းတို့ကို သတ်ခြင်းသည် ခွေးနှင့် မျောက်များနှင့် မခြားတော့ချေ။

“ ဒီ​နေ့ မင်း​တို့​တစ်​ယောက်​မှ လွတ်မြောက်နိုင်မှာ ​မဟုတ်​ဘူး ဒီ​နေရာမှာ သွေးမြစ်မြင်မှ ငါ့​ဒေါသပြေမယ်။ ”

စုရီက တည်ငြိမ်စွာ ကြေငြာလိုက်သည်။ မည်သည့်ခံစားချက် အရိပ်အယောင်မျှ မပြဘဲ လူတိုင်းအပေါ် နတ်အားရုံဖြန့်ကျက်လိုက်၏။

တစ်ဖက်လူသည် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ထုတ်ပြခြင်း မရှိသော်လည်း ဓားတစ်လက် ခေါင်းပေါ်ပျံဝဲနေသကဲ့သို့ လူတိုင်းခံစားနေရသည်။

“ စုရီ၊ ငါတို့က ဒီမှာ သံတမန်အဖြစ် ရှိနေတာပဲ မင်းငါတို့ကိုသတ်ရင် ငါတို့နောက်က အင်အားစုတွေက သည်းခံမှာ မဟုတ်ဘူး။ ”

ဟွမ်တျန်ဟဲဘေးရှိ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးက စုရီကို ခြိမ်းခြောက်ရန် ပြင်လေသည်။

“ ရွှပ် ... ။ ”

“ မင်း ... ။ ”

ဓားအလင်းသည်သာ စုရီတုန့်ပြန်ဖြစ်၏။ အဖြူဝတ်အမျိုးသားခမျာ လည်ချောင်းအတွင်း အေးစက်မှုကို ခံစားလိုက်ရသဖြင့် လက်ဖြင့် အုပ်ကိုင်လိုက်စဉ် ပြုတ်ကျသွားလေသည်။

“ ဘောင်း ... ။ ”

သူ့တစ်ကိုယ်လုံး တုန်ရင်လျက် သွေးများပန်းထွက်ကာ အဆုံးတွင် ပေါက်ကွဲပြီး ပြိုကျသွားတော့၏။ ကြမ်းပြင်တစ်ခုလုံး သွေးများ ဖုံးလွှမ်းလာခဲ့သည်။

“ မင်း ရိုင်းလိုက်တာ ... ။ ”

“ ရွှပ် ... ။ ”

“ စုရီ ... တော်ဝင်မိသားစုတွေကို မင်းသတ်ဝံ့ရင် ... ဧကရာဇ်ရှ ... ”

“ ရွှပ် ... ။ ”

“ ငါတို့နတ်ဆိုးဟွမ်မျိုးရိုး ... ”

“ ရွှပ် ... ။ ”

“ ရွှပ် ... ။ ”

“ ..... ။ ”

***

All Chapters