← Chapters

ထာဝရအမှောင် ညမီးအိမ် ... ။

Vol. 41 Ch. 491

ထာဝရအမှောင် ညမီးအိမ် ... ။

Vol. 41 Ch. 491

ဆေးအိုးကိုးပါးမြို့တော်၏ မဏ္ဍပ်တစ်ခုအတွင်း ချီကျန့်စုတစ်ယောက် တစ္ဆေသရဲလိုပေါ်လာသော မျက်မမြင် အဘိုးအိုထံ အံ့အားသင့်စွာ ကြည့်နေမိသည်။

“ မင်းဘယ်သူလဲ ... ။ ”

ဤမျက်မမြင်အဘိုးကြီးသည် စုတ်ပြတ်သပ်နေသော အ၀တ်အစားများဖြင့် မျက်ဝန်းများမှာ ထူးထူးခြားခြား ဗလာကျင်းနေ၏။

မည်သို့ပင် ကြည့်စေကာမူ လူကောင်းတစ်ယောက်အဖြစ် မမြင်နိုင်ချေ။ ထိုဗလာကျင်းနေသော မျက်လုံးများက သူမကို ရူးသွပ်စွာ စိုက်ကြည့်နေသဖြင့် ပို၍ပင် မသက်မသာဖြစ်လာသည်။

တစ်ဖက်လူသည် အသက်ကြီးသော တဏှာရူးဖြစ်မည်လော။ မျက်မမြင် အဘိုးအိုက သူမအတွေးကို မမြင်နိုင်သဖြင့် စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ပွတ်သပ်လျက်၊

“ ဟား ဟား ဟား ... ။ ”

-ဟု အော်ရယ်လေသည်။ ထို့နောက်၊

“ မိန်ကလေး၊ မင်းစောစောက ချိုးနှိပ်ပစ်လိုက်တဲ့ သရဲမီးအိမ်တံဆိပ်ကို ငါကိုယ်တိုင် ဖန်တီးထားတာ ... ငါသာမမှားရင် မင်းကိုပေးခဲ့တဲ့လူက ဆရာစုဟုတ်တယ်မလား။ ”

မျက်မမြင်အဘိုးအိုသည် စုရီအမည်ကို ဖော်ပြသောအခါတွင် လေးနက်ပြီး သက်ပြင်း တစ်ချက်ချကာ၊

“ ခွင့်လွှတ်ပါ ... မင်းနာမည် ဘယ်လိုခေါ်လဲ။ ”

-ဟု မေးမြန်းတော့သည်။

“ မင်းရော ဘယ်သူလဲ။ ”

ချီကျန့်စုမှ အဖြေသေးဘဲ ပြန်မေးလိုက်တော့၏။ မျက်မမြင်အဘိုးအိုက ခဏမျှနှုတ်ဆိတ်သွားပြီး၊

“ ငါ့ဇာစ်မြစ်ကို မပြောနိုင်သေးဘူး ဒါပေမယ့် မင်းကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးတော့ ငါပေးစွမ်းနိုင်ရှိပါတယ်။ ”

-ဟု တုန့်ပြန်၏။

ချီကျန့်စုတစ်ယောက် မျက်ခုံးပင့် လိုက်လေသည်။ စုရီအတွက်သာ မဟုတ်သော် ချက်ချင်းလှည့်ထွက်မိမည်ဖြစ်၏။

“ ငါကံကြမ္မာကို မဖီဆန်ချင်ဘူး ငါ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေတစ်ခုပဲ လိုချင်တယ် ... မင်းမှာရှိလား။ ”

သူမစကားကြောင့် တဏှာရူး မျက်မမြင်အဘိုးအိုက အနည်းငယ်ပြုံးကာ၊

“ ကောင်မလေး ... ဒီကမ္ဘာကြီးပေါ်မှာ ငါကလွဲလို့ ဒီလိုအမွေမျိုး ပိုင်ဆိုင်ထားတဲ့လူကို မင်းဘယ်မှာမှ ရှာမတွေ့နိုင်တော့ဘူး။ ”

-ဟု ဆိုနေလျက်မှ ချက်ချင်း သတိရသွားပြီး၊

“ ဟုတ်ပါတယ်၊ ဆရာစုကတော့ ခြွင်းချက်ပဲ။ ”

-ဟု ပြင်ပြောလိုက်သည်။

ချီကျန့်စုခမျာ အံ့အားသင့်သွား၏။ ဤမျက်မမြင် အဘိုးကြီးသည် စုရီကို ‘ဆရာ’ဟု ခေါ်ကာ အမြဲလေးစားစွာ ပြောဆိုသည်။ စိတ်ဝင်စားစရာပေပင်။

“ စုရီကို မင်းဘာလို့ အရမ်း လေးစားနေရတာလဲ သူ့နောက်ကြောင်းကို သိနေတာလား ... ။ ”

“ ကောင်မလေး ... မင်းကံကြမ္မာကို ပြောင်းလဲဖို့အခွင့်အရေးအပေါ် ဂရုမစိုက်ဘဲနဲ့ ဘာလို့ တခြားသူတွေရဲ့အရေးကို ...

... စပ်စုနေရတာလဲ ဆရာစုကို နှင်ထုတ်ခံထားရတဲ့ အင်မော်တယ်လို့ပြောရင် ချဲ့ကားပြောခြင်းမဟုတ်ဘူးဆိုတာ မင်းသိရင် လုံလောက်ပြီ။ ”

မျက်မမြင်အဖိုးအိုက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလေသည်။

“ ဒါပေမယ့် ... သူဟာ အဲဒီရှေးကျတဲ့ အင်အားစုတွေကို သတ်ပစ်ခဲ့တယ် မကြာခင်မှာ သူ့ကို အမဲလိုက်နိုင်ခြေရှိတယ်။ ”

“ ဟား ဟား ဟား ... ။ ”

ထိုစကားကို ကြားချိန်၌ မျက်မမြင်အဘိုးအိုသည် ဟစ်အော် ရယ်မောလျက်၊

“ ဒီလို မသိနားမလည်တဲ့ လူတွေက ဆရာစုဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ ဘယ်လိုများ သိနိုင်မှာလဲ ...

... အမှောင်တားမြစ် စွမ်းအင်ကနေ လွတ်မြောက်လာတဲ့ ကြွက်တစ်အုပ် ဆရာစုကို စော်ကားချင်နေတာလား ... ရလာဒ်က သေချင်းပဲ။ ”

-ဟု လှောင်ပြောင်လိုက်၏။

တစ်ဖက်တွင် ချီကျန့်စုသည် မျက်မှောကြုတ်လျက် မျက်မမြင်အဘိုးအိုကို သံသယဝင်လာသည်။ စုရီသည် ဤအဖိုးအို နှလုံးသား၌ ဘိုးဘေးတစ်ဦးထက်ပင် ပို၍ မြင့်မားသော ရာထူးမျိုး ရရှိထားချေ၏။

“ ဟား ဟား ဟား ... ငါတို့ အဲဒါကို ထားလိုက်ရအောင် မိန်းကလေး မင်းကံကြမ္မာ ပြောင်းလဲချင်တယ် မဟုတ်လား ... အခု အဲဒီကံက မင်းရှေ့မှာ ရှိနေတယ် ...

... မင်းငါ့ကို သခင်အဖြစ် လက်ခံသရွေ့ ကောင်းကင်နဲ့မြေကြီး တုန်လှုပ်သွားစေနိုင်မယ့် မဟာတာအိုအုတ်မြစ်ကို ... ဧကန်မုချ ရရှိပါလိမ့်မယ်။ ”

ချီကျန့်စုဟူသည် သာမန်လူ မဟုတ်ချေ။ နောက်ကွယ်တွင် အနှစ်(၃)သောင်း ရှေးဟောင်း အင်အားစုတစ်ခုရှိသည်။

ထို့ကြောင့် စုရီကြောင့်သာ မဟုတ်သော် ဤမျက်မမြင်အဘိုးကြီးသည် ကြွားလုံးထုတ်သူ ဖြစ်သဖြင့် ဓားဆွဲပြီး သတ်ပစ်မိပေလိမ့်မည်။ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးအဖြစ် ယူဆနေပုံပေပင်။

“ မင်း ... မယုံဘူးလား။ ”

မျက်မမြင် အဘိုးအိုက ချီကျန့်စု၏ မကျေနပ်မှုကိုမြင်ပြီး ကျောက်စိမ်းပြား တစ်ချပ် ချက်ချင်းကမ်းလိုက်သည် ။

“ ဒီကျောက်စိမ်းတုံးထဲမှာ ... ငါ့မျိုးရိုးရဲ့ ‘ထာဝရအမှောင်ညမီးအိမ် နည်းစနစ်’ ပါရှိတယ် ကြည့်ပါ ... ဒီမျက်မမြင်အဘိုးကြီး မင်းကို လိမ်နေတာလား မင်းသိလိမ့်မယ်။ ”

ချီကျန့်စုက စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျောက်စိမ်းပြားလက်ခံပြီး နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။

“ ဒါ ... ။ ”

ခဏအကြာတွင် မှင်သပ်နေသော အမူအရာမျိုးဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့၏။ မိတ်ဆက်ကို ဖတ်ရုံမျှဖြင့် မွေးရာပါနတ်အဆင့် ပါရမီကို နှိုးဆွပေးနိုင်ချေပြီ။

ယင်ရောင်ဝါသည် ကျက်သရေရှိလှပြီး ထာဝရအမှောင်ည၌ တောက်ပစွာ ထွန်းလင်း နေသော မီးအိမ်ကဲ့သို့ ဖျတ်ခနဲ ထွက်ပေါ်လာခဲ့၏။

မျက်မမြင်အဘိုးအိုသည် ထိုအရာကို သတိပြုမိသွားပြီး အမူအရာမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိလာသည်။

“ တကယ်ပဲ တော်ဝင်ယင်အရိုးပဲ၊ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ခန္ဓာကိုယ်အမျိုးအစား။ ”

သူ့အသံမှာ တုန်ရင်နေချေပြီ။ ချီကျန့်စုတစ်ယောက် သတိပြန်ဝင်လာပြီး၊

“ ဒါဆို စုရီပြောခဲ့တာက အမှန်ပေါ့ ... ဒီကမ္ဘာပေါ်မှာ ငါ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေမျိုး တကယ်ရှိနေတာပဲ။ ”

-ဟု ညည်းတွားလိုက်သည်။

မျက်မမြင် အဘိုးအိုကို ပြန်ကြည့်သောအခါတွင် သူမခံ ခံစားချက်များ ပြောင်းလဲသွားပြီဖြစ်၏။

“ စီနီယာ ... ငါက မင်းရဲ့တပည့်ဖြစ်ရင် ဒီလျှို့ဝှက်နည်းစနစ်ကို ငါ့ဆီသင်ပေးမှာလား။ ”

“ သဘာဝပါပဲ ... ။ ”

“ ဒါက နည်းနည်းတော့ အလျင်စလိုဖြစ်မနေဘူးလား အမှန်ဆိုရင် မင်း ငါ့ကိုတွေ့ပြီး ... ငါ့ရဲ့အကျင့်စရိုက်နဲ့ ‌နောက်ခံကို စုံစမ်းသင့်တယ်လေ။ ”

ချီကျန့်စုမှ မယုံနိုင်သေးချေ။ မျက်မမြင်အဘိုးအိုက ပြုံးရယ်ကာ၊

“ ဆရာစုရဲ့ ဆုံးဖြတ်ချက်ကို ငါယုံတယ်။ ”

“ ဒါပေမယ့် စုရီနဲ့ငါက လုံးဝမရင်းနှီးဘူး ... ။ ”

“ ဆရာစုမှာ ကောင်းမွန်တဲ့ မျက်လုံးတွေရှိတယ်၊ သူနဲ့ ... မရင်းနှီးတောင် ကိစ္စမရှိဘူး။ ”

စုရီလုပ်သမျှ အမှန်အဖြစ် ယုံကြည်ကာ ချစ်ခင်လေးစားမှု အပြည့်ပြနေခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် ချီကျန့်စုက၊

“ ဒါပေမယ့် ... ငါ စုရီဆီကို သွားတွေ့ပြီးမှသာ ဆုံးဖြတ်ချက်ချချင်တယ်။ ”

“ ကောင်းပြီ၊ ငါလည်း ဆရာစုကို ကျေးဇူးတင်စကားပြောဖို့ လိုက်ခဲ့ချင်တယ် အခု သွားရအောင် ... ။ ”

ညသည် တိတ်ဆိတ် ကြည်လင်နေသည်။ စုရီတစ်ယောက် မိုးပြာခြံဝင်းအတွင်း ပျင်းရိစွာ တွေးတောနေခဲ့၏။

ယခုအတွင် သူ့၌ အရင်းအမြစ်များ မရှားတော့သဖြင့် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ပံ့ပိုးပေးနိုင်လောက်အောင် လုံလောက်သည်။

ထို့ကြောင့် မဟာကျိုးသို့ ပြန်ရန် အတွေးပေါ်လာ၏။ မဟာကျိုး၌ မိတ်ဆွေများ ရှိကာ စုရီဘဝ၏မွေးရပ်မြေဖြစ်သည်။

“ ဟွမ်ဟမ် ... အဆင်သင့်လုပ်ထား ... မနက်ဖြန် သာ့ကျိုးကို ပြန်မယ်။ ”

ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ မနီးမဝေးတွင် လက်ဖက်ရည် သောက်နေသော ယွမ်ဟမ်မှ မျက်ခုံးပင့်လိုက်၏။

“ သခင် မနက်ဖြန်လား ... ။ ”

“ မေးစရာရှိသေးလား။ ”

“ မရှိပါဘူး ... ။ ”

“ ဒါဆို တခြားလူတွေကို သွား​ပြောပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ယွမ်ဟမ်က အမိန့်ကိုခံယူပြီး အမြန်ထွက်သွားတော့သည်။ များမကြာခင် ဝမ်ရှင်းကျောက် ရောက်လာ၏။

“ အစ်ကိုစု၊ မနက်ဖြန် သာ့ကျိုးကို ပြန်မှာလား။ ”

“ အင်း ... ။ ”

ထိုအဖြေကြောင့် ဝမ်ရှင်းကျောက် တစ်ယောက် ကူကယ်ရာမဲ့သော အသွင်မျိုးဖြင့် တုံ့ဆိုင်းသွားလေသည်။

“ ဒါက အလျင်လိုလွန်းနေတယ် ဂိုဏ်းဆီပြန်ပြီး ဆရာနဲ့တခြားသူတွေကို ငါ နှုတ်ဆက်ဖို့ စဉ်းစားနေတာ။ ”

“ မင်းပြန်လို့ရပါတယ် ... ငါသာ့ရှကို မကြာခင်ပြန်လာမှာပါ။ ”

“ ကောင်းပြီ ... အစ်ကိုစု ပြန်လာတာကို ငါစောင့်နေမယ် ​... ။ ”

သို့မှသာ ဝမ်ရှင်းကျောက်က စိတ်သက်သာရာရသွားသည်။ ထိုစဉ်ကောချင် နှင့်အတူ ဧကရာဇ်ရှ ဝင်ရောက်လာ၏။

“ တာအိုစု ... ငါအခုလိုညဥ့်နက်မှ လာလည်တာကို ... မင်းစိတ်အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ”

ဧကရာဇ်ရှမှ ပြုံးပြီး နှုတ်ဆက်သည်။

“ မင်းသာ မနေ့က ပေါ်လာခဲ့ရင် ငါဒီနေ့မနက် ကောင်းကင်တောင်ကို ကိုယ်တိုင် သွားစရာ မလိုတော့ဘူး။ ”

စုရီမှ တုန့်ပြန်၏။

“ ငါသာ မနေ့က ပေါ်လာခဲ့ရင် သစ္စာဖောက်တွေက ဘယ်လိုလုပ် ထွက်လာ ဝံ့တော့မှာလဲ။ ”

“ ကောင်းပြီ၊ ဒါတွေအားလုံးက အတိတ်တွေပဲ ဒီညအတွက် မင်းဒီကိုလာတဲ့ အရေးကို ငါကြောက်မိတယ်။ ”

“ ဟား ဟား ဟား ... တာအိုစု မင်းဆီကနေပြီး ဘာကိုမှ ဖုံးကွယ်လို့မရဘူး ဆိုတာ ငါသိတယ်။ ”

ထို့နောက် ဧကရာဇ်ရှ အမူအရာသည် လေးနက်လာကာ၊

“ မကြာသေးမီက ဝိညာဉ်စွမ်းအင်တွေ ယခင်ထက် ပိုမိုများပြားလာတာကို တာအိုစု သတိထားမိလား။ ”

စုရီမှ ခေါင်းညိတ်ပြီး၊

“ ဒါက သဘာဝပါပဲ မိုးပြာတိုက်ကြီးက ပြောင်းသွားပြီ ရွှေခေတ်မျှော်လင့်ထားတာထက် စောပြီး ရောက်လာလိမ့်မယ် ... အတိအကျ ပြောရမယ်ဆိုရင် တစ်နှစ်အတွင်းမှာ ရောက်လာမယ်။ ”

ဧကရာဇ်ရှခမျာ မျက်ဝန်းများ မှေးစင်းလျက်၊

“ ဒါဆို တာအိုစုက တွက်ချက်ပြီးပြီပေါ့။ ”

-ဟု ညည်းတွားလိုက်သည်။

စုရီမှ အပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။ သူသည် မိုးပြာမျိုးစေ့ကို ထုတ်ယူခဲ့သူဖြစ်သည်။ ထို့ကြောင့် မိုးပြာတိုက်ကြီး၏ ပြောင်းလဲမှုကို မသိနိုင်စရာ အကြောင်းမရှိချေ။

အနာဂတ်တွင် ဤတိုက်ကြီးသည် တဖြည်းဖြည်းနှင့် ဝိညာဉ်စွမ်းအင်များ ပိုမိုပြီး သိပ်သည်းလာမည်ဖြစ်၏။

တံဆိပ်ခတ်ထားသော စွမ်းအားများ၊ အခွင့်အလမ်းများ၊ ကံကြမ္မာများစသည်တို့သည် တဖြည်းဖြည်း ထွက်ပေါ်လာမည်ဖြစ်သည်။

“ ဒီအပြောင်းအလဲက တကယ့်ကို မမျှော်လင့်ပဲ ငါ့အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့တယ် ...

... တာအိုစုမင်းမှာ ဝင်္ကပါကို အချိန်တိုအတွင်း ပြုပြင်ဖို့ နည်းလမ်းရှိ-မရှိ မေးဖို့ ဒီညငါလာခဲ့တာပါ။ ”

စုရီက ခဏမျှတွေးပြီး ခေါင်းယမ်းကာ၊

“ ငါတစ်ခုခုလုပ်ရမယ် ဆိုရင်တောင် ဒီဖွဲ့စည်းပုံကို လုံးလုံး မပြုပြင်နိုင်တော့ပါဘူး ဒါပေမယ့် ဝိညာဉ်ထင်ရှားခြင်း အဆင့် ...

... ရောက်တာနဲ့ ဒီဝင်္ကပါစွမ်းအားရဲ့ (၇၀%)ကို ဆယ်ရက်အတွင်း ပြန်ရလာအောင် လုပ်ပေးနိုင်မယ်။ ”

“ ဒါဆို လုံလောက်ပြီ။ ”

ဧကရာဇ်ရှက သက်ပြင်းချက်လျက် ပေါ့ပါးစွာပြုံးသည်။ တောင်ကြီးတစ်လုံး ဖယ်ရှား လိုက်သလိုပေပင်။

ဝင်္ကပါ၏ စွမ်းအား (၇၀%)ကိုသာ ပြန်လည်ရသော် မြို့တော်နှင့် တော်ဝင်မိသားစု အပေါ် အကာအကွယ်ပေးနိုင်မည်ဖြစ်၏။

“ အရမ်းပျော်မနေနဲ့ ... ငါကူညီချင်တယ် ဆိုရင်တောင် ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်တဲ့အထိ စောင့်ရမှာ။ ”

စုရီမှ သတိပေးသည်။ ဧကရာဇ်ရှက ပြုံးလျက်ဖြင့်၊

“ လွန်ခဲ့တဲ့တစ်လ စကြာဝဠာကျွန်းကို သွားတုန်း ကြယ်စုစည်းခြင်း ကနဦးအဆင့်မှာပဲ ရှိသေးတယ် ... အခု တစ်လအကြာမှာ အလယ်အဆင့်ကို ရောက်နေပြီ ...

... ဒါဆို ဒီလိုခိုင်မာတဲ့ အုတ်မြစ်မျိုးနဲ့ ဝိညာဉ်တာအိုကပ်ဘေးကို တာအိုစု လွယ်လွယ် ကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။ ”

စုရီတစ်ယောက် ပြောစရာ စကားမရှိတော့ချေ။ တစ်ဖက်လူသည် သူ့ထက် ပို၍ပင် ယုံကြည်မှု ရှိနေခဲ့ချေပြီ။

***

All Chapters