← Chapters

ထိပ်တန်း တက္ကသိုလ်မှ ဟုတ်ရဲ့လား

Vol. 9 Ch. 121

ထိပ်တန်း တက္ကသိုလ်မှ ဟုတ်ရဲ့လား

Vol. 9 Ch. 121

~

လီကျားရွှမ်သည် ကားထဲရောက်မှ လင်းမို့ ဘာသာရပ်နှစ်ခုတွင် အမှတ်ပြည့်ရခဲ့သည်ကို သိလိုက်ရ၏ ။

သူတစ်လမ်းလုံး အံ့အားသင့်ခဲ့ရပြီး ကျောင်းက သူ့အား မည်မျှ အရေးကြီးသောတာဝန်ကို ပေးအပ်လိုက်မှန်းနားလည်သွားသည် ။

သူနှင့် လင်းမို့သည် ဘဝသံတိုင်လေးရပ်ထဲမှ ဆက်ဆံရေးတစ်ခုရှိပေသည် ။ (ဘဝသံတိုင်လေးရပ်: အတူနေအတူစားအတူအိပ်သည့်သူငယ်ချင်း ၊ ဘောင်းဘီတစ်ထည်တည်း အတူဝတ်သည်အထိ အတူတကွ ဒုက္ခခံခဲ့သော သူငယ်ချင်း ၊ အတူတကွ ကျောင်းတက်လာသည့် သူငယ်ချင်း ၊ အန္တရာယ်ကြားအတူတကွ ဖြတ်သန်းခဲ့ဖူးသော သူငယ်ချင်း)

သူနှင့် အတူ ဓားကြီးမကစားဘူးသော်လည်း သူ့အတွက် စီစဥ်ပေးခဲ့ဖူး၏ ။ ထို့ကြောင့် လင်းမို့အား ဆွဲခေါ်ရန် သူ့တွင် အခွင့်အရေးပိုရှိသည်ဟု ဆိုနိုင်ပေသည် ။

လင်းမို့အား ဆွဲဆောင်နိုင်ရင်အတွက် တက္ကသိုလ်၏ ကျောင်းသားလက်ခံဌာနမှ အထူးဝှက်ဖဲ ပြင်ဆင်ပေးထား၏ ။

" ကျောင်းဝင်ခွင့်ထောက်ခံစာ ငါယူလာတယ်... လာလာ လက်မှတ်ထိုး ..."

လီကျားရွှမ်၏ အသံက ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည် ။

လင်းမို့က ဤအခြေအနေအား ကြိုတင်မျှော်မှန်းထားပြီးသား ဖြစ်သဖြင့် ​မည်သို့မှ မခံစားရ ။ သူတို့ မလာမှသာ ထူးဆန်းနေပေမည် ။

ရင်ပြင်ရှိ တခြားသူများသည်တော့ ရင်ကွဲနာကျ ကုန်တော့သည် ။ ယခု စာမေးပွဲအတွက် တစ်မှတ်နှစ်မှတ် အပိုရရန် ကြိုးစားနေချိန်တွင် ဤသို့သော မြင်ကွင်းမျိုးက ဖြစ်သင့်ပါသလော ။

လီကျားရွှမ် ခုန်ဆင်းလာသောကားမှ ကျန်းနန်တက္ကသိုလ်ဟူသော စာလုံးများက လူများ၏အမြင်ကို ဖမ်းစားသွားသည် ။ မည်သူက မနာလို မဖြစ်ဘဲ နေနိုင်မည်နည်း ။ မည်သူက ဒေါသမထွက်ဘဲ နေနိုင်မည်နည်း ။

လင်းမို့လည်း ပတ်ဝန်းကျင်ရှိကျောင်းသားများ၏ အခြေအနေက ထူးဆန်းသွားသည်ကို သတိထားမိသွားသည် ။ သူ့အား အကျိုးပြုနေသော ကလေးများကို အကိုမို့က နာကျင်အောင် လုပ်မည်မဟုတ် ။

" စောင့်ပါအုံး... စာမေးပွဲပြီးအောင် ဖြေလိုက်အုံးမယ်.. "

လင်းမို့က စဥ်းစားမနေဘဲ ငြင်းလိုက်ပြီး...

" ငါ အခုလက်ခံလိုက်ရင် ကျောင်းသားတွေ စိတ်ထိခိုက်သွားလိမ့်မယ်.. ငါ့ကြောင့်တခြားသူတွေ စာမေးပွဲမဖြေနိုင် ဖြစ်သွားလိမ့်မယ်... "

လင်းမို့က သူတို့အား စာနာထောက်ထားသည်ဟု ပြောလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ စာဖြေသူများက ထိုသို့ မထင်ကြပေ ။ သူတို့ သွေးအန်လု နီးပါး ခံစားလိုက်ရ၏ ။

သူတို့အတွက် ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ထောက်ခံစာ ရရှိရန်မဖြစ်နိုင်သော်လည်း သူတို့၏ ရှေ့တွင် ဤခွေးကောင်က ငြင်းပြနေသည် ။ သူတို့ မည်သို့ ခံစားနိုင်ပါအံ့နည်း ။

မျက်လုံးအစုံ ထောင်ချီက မီးဝင်းဝင်းတောက်လျက် လီးကျားရွှမ်ကိုင်ထားသော ထောက်ခံစာကို စိုက်ကြည့်နေကြသည် ။ လုယူ၍ တက္ကသိုလ်သို့ ဝင်ရောက်နိုင်မည်ဆိုပါက ဤနေရာတွင် လူသတ်ပွဲကြီးပင် ဖြစ်သွားနိုင်သည် ။ ဒူးထောက်၍ ကန်တော့ ခိုင်းမည်ဆိုလျှင်ပင် တုံ့ဆိုင်းနေမည်မဟုတ် ။

" ညီလေးလင်း... ခုစာမေးပွဲမှာ မင်းလုပ်စရာဘာမှ မရှိဘူးလေ.. "

လီကျားရွှမ်က ရှေ့သို့တိုး၍ ဆက်လက်ဆွဲဆောင်၏ ။

" မင်းက စိတ်စွမ်းအားရှင်လည်း မဟုတ်ဘူး... စိတ်ထိန်းချုပ်သူလည်းမဟုတ်ဘူးလေ.. ဘာလို့ အချိန်ဖြုန်းနေမှာလဲ... "

လင်းမို့သည် သူက နှစ်မျိုးလုံးဖြစ်ကြောင်း ပြောပြလိုက်ချင်၏ ။ သို့သော်လည်း သူ၏ အစွမ်းများကို ထုတ်မပြချင်သေးပေ ။

လီကျားရွှမ်က လင်းမို့ ပြန်မဖြေသည်ကို မြင်လျှင် တွေဝေသွားပြီဟု မှတ်ယူလိုက်ပြီး...

" ခုစာမေးပွဲက စိတ်စွမ်းအားရှင်နဲ့ စိတ်ထိန်းချုပ်သူတွေ အတွက်ပဲ... စိတ်ပညာရှင် အဆင့် ၃ ရောက်နေရင်တောင် သူတို့ စိတ်စွမ်းအင် အနှစ်သာရက အဆင့် ၄ အလယ်ဆင့်လောက်ထိရှိတယ်... သူတို့အသာလေး အမှတ် ၁၂၀ လောက်ရသွားမှာ... "

စိတ်စွမ်းအင်အနှစ်သာရက စိတ်ပညာရှင်များ၏ အဆင့်ထက် ပိုများပေသည် ။ စိတ်ပညာရှင်များက စိတ်စွမ်းအင်အနှစ်သာရကို ၁၀၀ ရာခိုင်နှုန်း အသုံးမချနိုင်ချေ ။ လီကျားရွှမ်ပင်လျှင် သူ၏ စိတ်အနှစ်သာရ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သည် ။

" ပြီးတော့မင်း... မင်းက ခန္ဓာကိုယ်သန်မာပြီး အခြေခံကောင်းပင်မဲ့ ... စိတ်စွမ်းအားအနှစ်သာရ ကောင်းမယ်လို့ ပြောလို့မရဘူးလေ.. မင်း အမှတ် ၁၀၀ လောက်ပဲရရင် ဘယ်လိုလုပ်မလဲ.. အရင်နှစ်ခုက အမှတ်ပြည့်ရထားတာဆိုတော့ ဒီတစ်ခု အမှတ်နည်းသွားရင် သူများရယ်စရာဖြစ်သွားလိမ့်မယ်.. လာလာ ငါနဲ့အတူ ကျောင်းကိုလိုက်ခဲ့.. "

အခြားထိပ်တန်း တက္ကသိုလ်များ ရောက်လာတော့မည်ဖြစ်သဖြင့် လီကျားရွှမ်က အတင်းခေါ်နေခြင်းပင် ။

သို့သော် လင်းမို့က လက်မခံ ။ သူယခု ထွက်သွားလျှင် အညွှန်းကိန်းများ ရတော့မည်မဟုတ်ချေ ။ ထို့အပြင် သူက အမှတ်ပြည့်ရမည်ဖြစ်သည် ။ သုံးဘာသာ အမှတ်ပြည့်ရလျှင် စာမေးပွဲ၏ ချန်ပီယံပင် ဖြစ်လာနိုင်သည် ။ ဘာသာရပ် လေးခုတွင် သုံးခု​မဖြေဘဲ အဆင့်၁ ဖြစ်သွားလျှင် အကိုမို့၏ နာမည်ကို မည်သူမျှ ယှဥ်နိုင်တော့မည်မဟုတ် ။ ကြွားရန် ဆုံးဖြတ်ထားသဖြင့် အကြီးကြီး ကြွားပြရမည်ဖြစ်သည် ။

" ငါစာမေးပွဲ ဖြေချင်သေးတယ်.. "

လင်းမို့က...

" ခုစာမေးပွဲကို လက်လျော့လိုက်မိရင် တစ်သက်လုံး နောင်တရနေတော့မှာ.."

' အဲ့တာဆိုမင်း ပထမဆုံးစာမေးပွဲတုန်းကရော.. '

လီကျားရွှန်က မျက်ဖြူလှန်မတက် ဖြစ်သွား၏ ။ သူ၏ စကားဖြင့် လင်းမို့အား မဆွဲဆောင်နိုင်တော့ကြောင်း သူနားလည်သွားသည် ။

ထို့ကြောင့် လီကျားရွှမ်က ကားထဲတွင်ပါလာသော တက္ကသိုလ်ကျောင်းသားလက်ခံဌာနမှ တာဝန်ရှိသူကို လှမ်းကြည့်လိုက်သည် ။

ကားအတွင်းတွင် ရှိသော လူလတ်ပိုင်းအရွယ်ဆရာ၏ မျက်လုံးတွင် တုံ့ဆိုင်းသည့်အရိပ်အယောင်များ ယှက်သန်းသွားသော်လည်း အံကြိတ်၍ ခေါင်းညိတ်ပြလိုက်၏ ။ ဝှက်ဖဲအား အသုံးပြုရန် အချိန်တန်လေပြီ ။

လီကျားရွှမ်က ဆရာဖြစ်သူခေါင်းညိတ် ပြလိုက်သည်ကို မြင်လျှင် ယုံကြည်မှုအပြည့်ဖြင့်...

" စာမေးပွဲက ဘာလုပ်ရမှာလဲ... "

လီကျားရွှမ်က ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး မရဲတရဲ ပြောလိုက်၏ ။

" ကျန်းနန်မှာ မင်းအတွက် ငါအားလုံး စီစဥ်ထားပြီးပြီ... လာ ကားထဲမြန်မြန်တက်တော့... "

" ဘာစီစဥ်တာလဲ..."

လင်းမို့ ရှုပ်ထွေးသွား၏ ။

" မင်းကလည်း မသိချင်ယောင် ဆောင်မနေပါနဲ့... "

လီကျားရွှမ်က ယောကျ်ားများ နားလည်သည့် အပြုံး ပြုံးလိုက်ပြီး...

" ဓားကြီးကစားဖို့ပဲပေါ့.. ကျန်းနန်မြို့ဆိုတာ ဒီကျန်းနန်စီရင်စုရဲ့ မြို့တော်ပဲ.. အဲ့မှာရှိတဲ့ အချောလေးတွေက မင်းတို့ ဟိုင်းချန်မြို့နဲ့ယှဥ်ရင် ဆီနဲ့ရေပဲ.. ပြီး​တော့ မင်းပိုက်ဆံကုန်မှာ စိုးရိမ်စရာမလိုဘူး.. တက္ကသိုလ်က ထောက်ပံ့ကြေးပေးမှာ.. "

လင်းမို့ ဆွံ့အသွားသည် ။ ဤသည်က အဘယ်သို့သော စကားမျိုးနည်း ။

' ထောက်ပံ့ကြေးနဲ့ ဓားကြီးကစားရမှာလား...'

' ဒါလူသားတစ်ယောက် တွေးနိုင်တဲ့ ဟာလား...'

' မင်းတို့မှာ အောက်ခြေစည်းမျဥ်းတွေ မရှိတော့ဘူးလား...'

' မင်းတို့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားတာလဲ...'

" မင်းက ထိပ်တန်းတက္ကသိုလ်က ဆိုတာ သေချာရဲ့လား..."

လင်းမို့ မယုံနိုင်၍ မေးမိလိုက်၏ ။ ဘေးမှ စာဖြေသူများလည်း ဆွံ့အသွားသည် ။

ကျန်းနန်တက္ကသိုလ်ဟူသည်က ကျောင်းသားများ၏မျက်လုံးထဲ​တွင် သန့်ရှင်းသော ကျောင်းတော်ကြီး တစ်ခုအသွင်ပင် ။ ယခု ထိုသန့်ရှင်းသော ကျောင်းတော်ကြီးက လင်းမို့အား ဓားကြီးကစားနိုင်ရန် ထောက်ပံ့ကြေးပေးတော့မည်လော ။ မှန်ကန်ဖြောင့်မတ်ခြင်း၏ ဟီရိသြတ္တပ္ပတရားက မည်သည့်မြောင်းထဲသို့ ရောက်သွားပါသနည်း ။

' မင်း​မိုင်ထောင်ချီဝေးတဲ့ နေရာကနေ ထောက်ခံစာလာပို့တာလား... မင်း မိုင်ထောင်ချီ ဝေးတဲ့နေရာကိုလာပြီး ဒီစကားတွေကို ပြောနေတာလား...'

All Chapters