← Chapters

လူလိမ်တွေ ~

Vol. 9 Ch. 122

လူလိမ်တွေ ~

Vol. 9 Ch. 122

ဟိုင်းချန်မြို့ စာဖြေခန်းမ၏ အပြင်ဘက်ရင်ပြင် မလှမ်းမကမ်းရှိ လမ်းဘေးတွင် လုပ်ငန်းသုံး ကားတစ်စီးရပ်တန့်ထားသည် ။

ကားထဲတွင် နေ့လည်စာ စားပြီးပြန်လာကြသော ဟောက်ရန်တို့ သားအဖ ထိုင်နေကြလေသည် ။

နေ့ခင်းဖြေမည့် စာမေးပွဲ ထွက်လာပြီးကတည်းက စာဖြေသူများ အပြင်းအထန်ကြိုးစားနေကြသော်လည်း ဟောက်ရန်က အိမ်ပြန်၍ နေ့လည်စာ အေးဆေးစားနေခဲ့သည် ။ သူ သည် ဝင်ခွင့်ရထားပြီးဖြစ်၍ မည်သည်ကို စိုးရိမ်ရမည်နည်း ။

" အဖေ... သားစာမေးပွဲ သွားဖြေတော့မယ် ..."

ဟောက်ရန်က အံကိုတင်းတင်းကြိတ်၍ ကားပေါ်ဆင်းလိုက်၏ ။

ကောင်းဖန်းလည်း ဆင်းလာပြီး...

" ငါလည်း လိုက်ခဲ့မယ်.."

" အ.."

ဟောက်ရန် အံ့သြသွား၏ ။ သူ့အဖေက အရင်စာမေးပွဲသုံးခုလုံး ဤနေရာသို့ ပို့ဆောင်၍ ပြန်သွားခဲ့သည် ။

" မင့်ဦးလေးလင်းနဲ့ တွေ့ဖို့အချိန်ရောက်ပြီ... "

ကောင်းဖန်းမနေ့ နေ့ခင်းက ဟောက်ရန်အား လင်းမို့နှင့် တွေ့၍ ဦးလေးလင်းဖြစ်ကြောင်း ပြောပြရန် ဆုံးဖြတ်ခဲ့သော်လည်း လင်းမို့က မည်သို့မည်ပုံ ပျောက်သွားသည်မသိ ။

ယနေ့တွင်တော့ မည်သည့်နည်းနှင့်ဖြစ်ဖြစ် ဟောက်ရန်အား သူ့ဦးလေးလင်းနှင့် တွေ့ပေးမည်ဖြစ်သည် ။

" ဦလေးလင်းလား.."

ဟောက်ရန်က မျက်ခုံးပင့်လိုက်ပြီး...

" ဦးလေးလင်းက ဒီရောက်နေတာလား.."

" မင်းတွေ့ရင် သိလိမ့်မယ်.. "

ကောင်းဖန်းက သတိပေးလိုက်သည် ။

" ဦးလေးလင်းနဲ့ တွေ့ရင် လေးလေးစားစား ဆက်ဆံနော်.. မဟုတ်လို့ကတော့ အိမ်ပြန်ရောက်ရင် ခြေထောက်ကျိုးမယ်မှတ်.."

" အဖေ စိတ်မပူပါနဲ့.."

ဟောက်ရန်က သူ့ရင်ဘက်ကို ပုတ်ပြလိုက်ပြီး..

" သားက တစ်လောကလုံးကို မလေးစားရင်တောင် ဦးလေးလင်းကို လေးစားနေမှာ.."

" အင်း.. ငါယုံလိုက်မယ်.."

ကောင်းဖန်း က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။ သူတို့သာအဖနှစ်ယောက် ခနလမ်းလျောက်လိုက်သည်နှင့် ရင်ပြင်သို့ ရောက်ရှိလာကြသည် ။

" အဲ့ ဟိုမှာ အကိုမို့နဲ့ အကိုလီပါလား.."

ဟောက်ရန်က လင်းမို့တို့အား မြင်သွားပြီး ပြေးသွားလိုက်သည် ။

ကောင်းဖန်းက ဘာမှ မပြောဘဲ နောက်မှ အေးဆေးလျောက်လိုက်လာသည် ။

ထိုအချိန်တွင် လီကျားရွှမ်က လင်းမို့အား အတင်းဆွဲခေါ်နေသည် ။

" ညီလေးလင်း ဘာမှ တွေဝေမနေနဲ့ အကိုနဲ့ ကားထဲလိုက်ခဲ့.."

လီကျားရွှမ်က အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည် ။ သူ ဓားကြီးကစားရန် အကြိမ်များစွာသွားဖူးသော်လည်း ထိုသည်က ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်သာဖြစ်သည် ။ ယခု တက္ကသိုလ်အတွက် အကျိုးဆောင်ရင်း ခေါင်းမော့ ရင်ကော့၍ သွားရပေတော့မည် ။ တက္ကသိုလ်အတွက် လုပ်ရသည်ဖြစ်၍ ဂုဏ်လည်းရှိပေသည် ။

သူ့ဘဝတွင် ဓားကြီးကစားရင်း(ပြည့်တန်ဆာ) အများကျိုးဆောင်ရွက်နိုင်မည်ဟု ထင်မထားခဲ့ပေ ။ ထို့ကြောင့် သူအစွမ်းကုန် ကြိုးစားရမည် ။ ဤသည်က သူ၏ မျှော်လင့်ချက် အလင်းရောင်ဖြစ်သည် ။

" မြန်မြန်လိုက်ခဲ့ပါဟ.. "

လီကျားရွမ်က စိတ်အားထက်သန်စွာဖြင့်...

" ဟိုမှာ ကောင်မလေးတွေ စောင့်နေတာကို အားနာစရာကြီး.. "

" အကိုလီ.. ငါက အဲ့လိုလူလား.."

လင်းမို့က လီကျားရွှမ်၏ လက်ကို ဖြောင့်မတ်ဟန်အပြည့်ဖြင့် တွန်းဖယ်လိုက်သည် ။ သူ သွားချင်လျှင်ပင် ဤအချိန်က သွားရမည့်အချိန်မဟုတ်ချေ ။ စာမေးပွဲ ဖြေရင်း ဓားကြီးသွားကစားရမည်လော ။ ဤသည်က အဓိပ္ပါယ်မရှိ ။ စာမေးပွဲ ပြီးမှ ခေါ်သင့်ပေသည် ။

' ငါ ကအဲ့လိုလူလား ..'

လီကျားရွှမ် ဆွံ့အသွားသည် ။ သူ၏ နားများကိုပင် မယုံနိုင်တော့ ။ ထိုအချိန်အဝေးမှ ပြေးလာသော ဟောက်ရန်ကို သူမြင်လိုက်ရသည် ။

" ဟောက်ရန် မင်းအချိန်ကိုက် ရောက်လာတာပဲ..ဟားဟားဟား..."

လီကျားရွှမ်က ရယ်မော၍ ဟောက်ရန်အား ဆွဲခေါ်လိုက်ပြီး...

" နားထောင်အုံး... ငါကကွာ လင်းမို့ကို ရတနာအမဲလိုက်ဖို့ ခေါ်နေတာကို.. သူက အဲ့လိုလူလားတဲ့.. ဟားဟားဟား.. မရယ်ရဘူးလား.."

ဟောက်ရန်က တုံ့ဆိုင်းမနေပေ ။

" မင်းကသူ့ကို အဲ့လိုလူထင်လို့လား.. "

" ဟမ်.."

လီကျားရွှမ် မှင်သက်သွား၏ ။ ဟောက်ရန်က ဤသို့ ပြန်ပြောမည်ဟု သူထင်မထားမိ ။ သူက အလောတကြီး ပြောလိုက်၏ ။

" ညီလေးဟောက်ရန် နောက်မနေနဲ့.. ငါ မင်းကိုပါ အတူ​ခေါ်သွားမှာ.. "

" အကိုလီ.. ဘာတွေပြောနေတာလည်း ..ကျုပ် ကောင်းဟောက်ရန်က အဲ့လိုလူလား.."

ဟောက်ရန်က ဒေါသအလွန်ထွက်သွား၏ ။ သူ အကြီးအကျယ်အရှက်ခွဲ ခံလိုက်ရသည်ပုံ ပေါက်နေသည် ။

" အကိုမို့ သွားရအောင်.. ဒီလို ညစ်ပတ်တဲ့လူတွေနဲ့ ဝေးဝေးနေမှ.."

ထို့နောက် လင်းမို့အား ဆွဲခေါ်သွားသည် ။

ဟောက်ရန် မည်သို့ ဒေါသမထွက်ပဲ နေနိုင်မည်နည်း ။ ထိုကောင်က လာနောက်နေသည်လော ။ သူ၏ အဖေက နောက်တွင်ကပ်ပါလာသည်ကို ဓားကြီးကစားရန် လာပြောနေသည် ။ သူဒေါသထွက်မပြပါက အိမ်ပြန်ရောက်လျှင် ခြေကျိုးသွားနိုင်ပေသည် ။

ထို့ကြောင့် ဟောက်ရန်က လီကျားရွှမ် ပေါက်တက်ကရ လျောက်ပြောမည်ဆိုးသဖြင့် ရှောင်ထွက်လာခဲ့ခြင်းဖြစ်သည် ။

" ငါ.."

လီကျားရွှမ် ကြက်သေသေနေ၏ ။ လင်းမို့နှင့် ဟောက်ရန်က ထိုသို့လူမျိုးမဟုတ်လျှင် သူမည်သည့်အတွက်ကြောင့် ထိုနေ့ညက အဖမ်းခံခဲ့ရပါသနည်း ။

' ငါ မင်းတို့ကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်မယ်.. '

' မင်းတို့ လူလိမ်တွေ.. '

' လူတွေရဲ့ နှလုံးသားက အမြင်နဲ့ဆုံးဖြတ်လို့မရဘူးဆိုတာ မှန်တာပဲ..'

လီကျားရွှမ်က ကားဆီသို့ စိတ်ပျက်လက်ပျက် ပြန်သွားလိုက်သည် ။

" လီကျားရွှမ် အဆင်မပြေဘူးလား.."

ကျန်းနန်တက္ကသိုလ် ကျောင်းသားလက်ခံရေးဌာန ဒါရိုက်တာ က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏ ။

" မင်းပြောတော့ ပြင်ထားတဲ့ ဝှက်ဖဲကို သုံးလိုက်ရင် လင်းမို့က ချက်ချင်းပါလာမှာဆို.. "

" ကျွန်တော် ထင်မထားဘူး.."

လီကျားရွှမ်က ဝမ်းနည်းစွာဖြင့်...

" သူတို့က အဲ့လိုလူမျိုး ဘာလို့ မဟုတ်ရမှာလဲ.. အရင်က ကျွန်တော်အဖမ်းခံရတာ သူတို့ကြောင့်ဖြစ်မယ်.. "

" အဲ့တာဆက်ပြောမနေနဲ့တော့.."

ဒါရိုက်တာက ငေါက်လိုက်၏ ။

" လင်းမို့က အဲ့တာမကြိုက်ရင် တခြားဟာ ဘာကြိုက်မလဲစဥ်းစား ဟိုကောင်တွေ ရောက်လာရင် ငါတို့ အနားကပ်လို့တောင် ရမှာ မဟုတ်တော့ဘူး.."

လီကျားရွှမ် စိတ်ဓာက်ကျနေသကဲ့သို့ ဟောက်ရန်ကလည်း သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည် ။

' အကိုလီ.. အကိုလီ.. ငါရိုင်းမိတာ အပြစ်မတင်နဲ့.. '

ဟောက်ရန်က စိတ်ထဲမှ တောင်းပန်လိုက်သည် ။ သူ၏ စကားများကြောင့် လီကျားရွှမ် ရှက်သွားမည်မှာ သေချာ၏ ။

' ငါအဖေက နောက်မှာပါလာတာကို.. ငါတို့ဓားကြီးကစားတဲ့အကြောင်း ဘယ်လိုလုပ်ပြောလို့ရမလဲ..'

ဟောက်ရန်က ကားထဲမှ လီကျားရွှမ်ကို တစ်ချက်ခိုးကြည့်လိုက်သည် ။

' ဒီနေ့ငါ့အပြစ်အတွက် နောက်တစ်ခါကြရင် ငါမင်းကို ပိုကောင်းတာ ရှာပေးမယ်.. '

ထိုအချိန်တွင် လင်းမို့နှင့် ဟောက်ရန်တို့အနားသို့ ကောင်းဖန်းရောက်လာလေသည် ။

" အကိုကြီး.. "

လင်းမို့က ဟောက်ရန်အား ဖုံးကွယ်မထားတော့ပေ ။

" အကိုမို့.. ဘာလို့ အဖေ့ကို အကိုကြီးလို့ ခေါ်နေတာလဲ.."

ဟောက်ရန်က ရှုပ်ထွေးသွားပြီး..

" ဒါ ငါ့အဖေလေ.. "

" ဒေါက်..."

ကောင်းဖန်းက ဟောက်ရန်၏ ခေါင်းအား ခေါက်လိုက်၏ ။

" ရိုင်းလိုက်တာ .."

ကောင်းဖန်းက ဟောက်ရန်အား အပြစ်တင်လိုက်ပြီး...

" မင်းရဲ့ ဦးလေးလင်းကို အဲ့လိုပြောစရာလား.."

" လင်း.."

ဟောက်ရန် ကမ္ဘာကြီးနှင့် ခဏတာ အဆက်အသွယ်ပြတ်သွားသည် ။

" ညီလေးလင်း.."

ကောင်းဖန်းက လင်းမို့၏ ပခုံးကိုပုတ်၍ တောင်းပန်လိုက်သည် ။

" ငါ့သားကို ငါကောင်းကောင်း မသင်ပြမိလို့ အရှက်ကွဲရပြီ.. "

" အကိုကြီး.. အဲ့လိုပြောနေစရာမလိုပါဘူး.."

လင်းမို့က ခေါင်းယမ်းရင်း ပြောလိုက်၏ ။

" ဟောက်ရန်က ကျွန်တော့် ညီအကိုပဲလေ ..ချက်ချင်းကြီး ဦးလေးဖြစ်သွားတာကို သူတန်းပြီးတော့ ဘယ်လက်ခံနိုင်မလဲ.. "

" ဦး​လေး...ဦလေးလင်းလား.."

နောက်ဆုံး ဟောက်ရန် သတိပြန်ဝင်လာသည် ။

" အကိုမို့က အဖေပြောတဲ့ ထိပ်တန်းတက္ကသိုလ် ထောက်ခံပေးတဲ့ ဦးလေးလင်းလား.."

ထိုမှသာ ဟောက်ရန် စဥ်းစားမိလိုက်သည် ။ လင်းမို့က အမှတ်ပြည့်နှစ်ခုရထားသဖြင့် ထိပ်တန်းတက္ကသိုလ်သေချာပေါက်ဝင်ခွင့်ရမည်ဖြစ်သည် ။ ထို့​ကြောင့် သူ့ကို အပါခေါ်ရန် သိပ်ခက်မည် မဟုတ်ပေ ။

' ငါ့အဖေက အရင်တည်းက အကိုမို့ရဲ့ ခွန်အားကိုသိတာလား.. ငါ့အဖေက အကိုမို့နဲ့ သောက်ပြီးတုန်းက ကျောင်းထောက်ခံစာ ရပြီလို့ ပြောတာပဲ.. အဲ့ မဟုတ်သေးပါဘူး.. အကိုမို့မဟုတ်တော့ဘူး... ဦးလေးလင်း..ဦလေးလင်းဖြစ်သွားပြီ..'

ဟောင်ရန်က လင်းမို့ သူ၏ ဦးလေးဖြစ်လာခြင်းအပေါ် သိပ်မခံစားရပေ ။ သူ့ ဦးလေးအရင်းပင်လျှင် သူ့အား တက္ကသိုလ်ဝင်ခွင့် ထောက်ခံပေးနိုင်မည် မဟုတ်ချေ ။ တူလေးဖြစ်သွားသည်က ဘာများ အရေးပါမည်နည်း ။

ဟောက်ရန် ခံစားရခက်နေခြင်းမှာ သူ့အား လျို့ဝှက်ထားသောကြောင့်ပင် ။

ဟောက်ရန်က လင်းမို့အား ကြည့်လိုက်မိ၏ ။

' ငါမင်းကို ညီအကိုလို ဆက်ဆံနေတာကို မင်းကငါ့ကို တူလေးလိုသဘောထားနေတယ်လား...'

တဖန် ဟောက်ရန်က သူ့အဖေကို ကြည့်လိုက်သည် ။

' သားက အဖေလိုဆက်ဆံနေတာကို သားရဲ့ ညီအကိုနဲ့ သွေးသောက်ညီအကို လာဖွဲ့နေတာလား...'

" ဟောင်ရန် ဘာတွေ တွေးနေတာလဲ... ငါ မင်း ဦးလေး ဖြစ်သွားပင်မဲ့ အရင်လို ညီအကိုတွေပါပဲ.."

လင်းမို့က နှစ်သိမ့်ပေးလိုက်ပြီး...

" လာ စာဖြေခန်းထဲ သွားရအောင်.. နောက်ဆုံးစာမေးပွဲမို့ မင်းတက်နိုင်သလောက် ကြိုးစားဖြေ.. ငါဘယ်တက္ကသိုလ်သွားသွား မင်းကိုခေါ်သွားမယ်.. "

သူ ဦလေး ရာထူးဖြစ်သွားသဖြင့် နှုတ်ဆက်လက်ဆောင် ပေးရမည်ဖြစ်သည် ။

နေ့ခင်း ၂ နာရီ...

စိတ်အနှစ်သာရ စမ်းသပ်မှုက စတင်နေလေပြီ ။

ကျန်းရွှယ်က စမ်းသပ်သည့် စက်တစ်ခု ရွေး၍ ထိပ်ဆုံးမှ တန်းစီလိုက်သည် ။ သူမ၏ မျက်နှာမှာ တင်းမာနေ၏ ။

' လက်သီးပြင်းအားနဲ့ စိတ်စွမ်းအင်အနှစ်သာရက ဆက်စပ်နေတာမဟုတ်ဘူး.. လင်းမို့အမှတ်အများကြီးရမယ်မထင်ဘူး..'

သူမ၏ သွေးများ ဆူပွက်လာ၏ ။ သူမ အရှုံးပေးမည် မဟုတ် ။ သူမ၏ ဘာသာရပ် သုံးခုက လင်းမို့၏ ဘာသာရပ်နှစ်ခုနှင့် တူညီနေသော်လည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်သည် ။ နောက်ဆုံးအချိန်အထိ ဟိုင်းချန်မြို့၏ ချန်ပီယံ သတ်မှတ်နိုင်သေးသည်မဟုတ်ပေ ။

" ဖိုက်တင်း..."

ကျန်းရွှယ်က နှစ်နာရီထိုးသည်နှင့် စက်အတွင်းသို့ ဝင်၍ ပန့် ဦးထုပ်ကဲ့သို့ အပေါ်တွင် ပလပ်ကြိုးများစွာ တပ်ဆင်ထားသော သတ္တုခေါင်းဆောင်းကို ဆောင်းလိုက်သည် ။ ရလဒ်က ခနအတွင်းပင် ထွက်ပေါ်လာ၏ ။

" ကျန်းရွှယ်... ၁၀၃ မှတ်.."

ကျန်းရွှယ် အံ့သြသွားသည် ။ သူမ ဤမျှအထိ ရမည်ဟု ထင်မထားခဲ့ ။ သူမ အမှတ်စုစုပေါင်း ၄၀၃ မှတ် ရသွားပြီဖြစ်သည် ။ ဟိုင်းချန်မြို့၏ သမိုင်းတစ်လျောက် သူမက အမှတ်အများဆုံး ဖြစ်သွားလေပြီ ။

' ငါ ဒီစာမေးပွဲမှာ ဟိုင်းချန်မြို့ရဲ့ ချန်ပီယံ ဖြစ်နိုင်တယ်...'

မထင်ထားသည့် အမှတ်ရသဖြင့် ကျန်းရွှယ်၏ မာနက အနည်းငယ် မြင့်တက်လာ၏ ။ သို့သော်လည်း တစ်မိနစ်ပင် မခံလိုက်ချေ ။ လင်းမို့၏ ရလဒ် ထွက်ပေါ်လာသည် ။

" လင်းမို့.. .စိတ်စွမ်းအင်အနှစ်သာရစမ်းသပ်မှု ရမှတ် ၁၅၀ မှတ်... စုစုပေါင်းရမှတ် ၄၅၀ မှတ်... "

All Chapters