ပါရမီရှင်စာရင်း ~
Vol. 9 Ch. 123
ကျန်းရွှယ်၏ ခံစားချက်များ ကမောက်ကမ ဖြစ်ကုန်၏ ။ သူမ အလွန်ကြိုးစား၍ သူမ၏ အကန့်အသတ်ထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၄၀၃ မှတ် ရရှိခဲ့သည် ။ ဤသည်က လင်းမို့ကို အနိုင်ယူရန် မလုံံလောက်ခဲ့ ။
လင်းမို့က သူမထက် အမှတ်အနည်းငယ်သာ ကျော်လွန်နေလျှင် ဤမျှ ခံစားနေရမည်မဟုတ်သော်လည်း ယခု ၄၇ မှတ်ပင် ကျော်လွန်နေခဲ့သည် ။ ထို့အပြင် လင်းမို့က စာမေးပွဲတစ်ခုကို လက်လွှတ်ခဲ့သေးသည် ။ သူမ မရှက်ဘဲ မည်သို့နေနိုင်ပါမည်နည်း ။
သူမအတွက် ဝင်ခွင့်စာမေးပွဲက ဝမ်းနည်းစရာကောင်းလှပေသည် ။ သူမ၏ လက်ရှိအမှတ်ဖြင့် ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သူမ မပျော်နိုင်တော့ ။ အထူးပါရမီရှင်များနှင့် တစ်ခေတ်တည်း အတူနေရသည်မှာ အလွန်ခက်ခဲ၏ ။ ပြိုင်ဆိုင်မှုများက ပြင်းထန်လွန်းလှသည် ။
လျိုကျုံးဟောင်၏ အခြေအနေက ပို၍ပင် ဆိုးရွားနေလေ၏ ။ သူ၏ စုစုပေါင်းရမှတ်မှာ ၃၇၇ မှတ်သာ ရရှိခဲ့သည် ။ ပါရမီရှင်များအကြားတွင် အလွန် ဆိုးရွားသော ရမှတ်ဖြစ်သည် ။
' ငါ သိုင်းပညာရှင်ဖြစ်နေတာတောင် တစ်ဘာသာမဖြေတဲ့သူထက် ၇၃ မှတ်တောင် နည်းနေတယ်.. '
သူရှက်လွန်းလှသဖြင့် မျက်နှာအား ဓားဖြင့် လှီးပစ်ချင်နေပေသည် ။ ဤနှစ်စာမေးပွဲအတွင်း သူ့ထက်ဆိုးသည့်ပါရမီရှင် ရှိမည်မထင် ။
သူ၏ ပါရမီကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်ခဲ့သည့် နေ့မှစ၍ အမြဲပင် အရှက်ကွဲနေခဲ့သည် ။ သူ ရှေးဦးစကြာဝဠာ အတွင်းသို့ ခေါင်းမော့ရင်ကော့ ၍ လူသစ်ကွင်းတွင် ဆရာကြီးလုပ်ပြရန် ကြိုးပမ်းစဥ်တွင် Black Earth ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည် ။ စာမေးပွဲတွင် အစွမ်းကုန်တောက်ပရန် ပြင်ဆင်ခဲ့သော်လည်း သူ့အားကျော်တက်သွားကြသည် ။
' ဒီလိုဖြစ်မယ်မှန်းသိရင် တက္ကသိုလ်ရောက်မှ သိုင်းပညာရှင်ဖြစ်အောင် ကြိုးစားမှာ .. ခုတော့ ငါ့မျက်နှာ ဘယ်နားသွားထားရတော့မလဲ.. '
လျိုကျုံးဟောင်တစ်ယောက် သူကြိုးစားခဲ့မိခြင်းကို နောင်တရသွား၏ ။ သူ မကြိုးစားခဲ့လျှင် ယခုကဲ့သို့အရှက်ကွဲမည်မဟုတ် ။ သူ၏ တာအိုနှလုံးသားက ယိမ်းယိုင် သွားတော့သည် ။ ပြန်လည် မတည့်မတ်နိုင်လျှင် အနာဂတ်ရှိတော့မည် မဟုတ် ။
ယင်ကျန့် သည်လည်း အခြေအနေမကောင်းပေ ။ သူ စုစုပေါင်း ၂၈၄ မှတ်သာ ရရှိခဲ့သည် ။ ထိပ်တန်းတက္ကသိုလ် မဆိုထားနှင့် သာမန်တက္ကသိုလ်များပင်တက်နိုင်ရန် မသေချာတော့ချေ ။
သူ လင်းမို့အား သွား၍ လှောင်ပြောင်ခဲ့သော်လည်း အမှတ်ပြည့်ဖြင့် ပါးရိုက်ခံလိုက်ရသည် ။ ယခု အမှတ်စုစုပေါင်းမှာလည်း မည်သည့်နေရာတွင်မှ အသုံးမဝင်သဖြင့် သူဆုံးဖြတ်ချက် ချရပေတော့မည် ။
' ဒီနှစ် စာမေးပွဲက ငါနဲ့ မကိုက်ဘူး.. ငါအားနည်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အဓိကထား ပြီးတော့ စိတ်စွမ်းအင်အနှစ်သာရ ကလည်း ပါလာလိုက်သေးတယ်.. '
ယင်ကျန့်က သူ့ကိုယ်သူ နှစ်သိမ့်ရန် ဆင်ခြေရှာနေ၏ ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ၅၅ မှတ်ရရှိခဲ့ ပြီး အနှစ်သာရစမ်းသပ်မှုတွင် ၆၄ မှတ်ရရှိခဲ့သည် ။ သူအားအသာဆုံး လက်သီးပြင်းအားတွင် ၉၄ မှတ် နှင့် အခြေခံစမ်းသပ်မှုတွင် ၇၁ မှတ်သာ ရရှိခဲ့သဖြင့် သူဆေးအိုးဖြစ်ကြောင်းပေါ်လွင်သွားခဲ့သည် ။
သိုင်းပညာရှင်တပိုင်းအဆင့်အနေဖြင့် ရမှတ် ၂၈၄ မှတ် ရရှိခဲ့ပြီး တက္ကသိုလ်ပင် မတက်နိုင်ပေ ။ ဟာသတစ်ပုဒ်ပင် ဖြစ်သွားနိုင်သည် ။
ဟောက်ရန်၏ ရမှတ်များဖြင့် ယှဥ်လျှင် ပို၍ပင် ဆိုးနေသေးသည် ။ ဟောက်ရန်က စုစုပေါင်း ၃၂၁ မှတ်ရထားပြီး သူ့ထက် ၃၇ မှတ်ပိုများသည် ။ သာမန်တက္ကသိုလ်တစ်ခုသို့ အေးဆေးဝင်နိုင်ပေသည် ။ သို့သော်လည်း ဟောက်ရန်က ဝင်မည်မဟုတ် သူ့တွင် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည် ။
ယင်ကျန်း၏ မျက်လုံးများက တွေးရင်းတွေးရင်း တဖြည်းဖြည်းအေးစက်လာ၏ ။
' ငါမကောင်းတာ မလုပ်ချင်ပင်မဲ့ မင်းတို့ မေးခွန်းထုတ်တဲ့ကောင်တွေက ငါ့အားနည်းချက်တွေကိုပဲ ပစ်မှတ်ထားနေတော့ ငါ လုပ်တာကို အပြစ်လာမတင်နဲ့တော့.. "
ယင်ကျန့်က မကောင်းသည့်လမ်းကို ရွေးရန် ဆုံးဖြတ်လိုက်တော့သည် ။
ကျင့်ဒူမြို့...
ယဲ့ရီက စာဖြေခန်းမ အတွင်းမှ ရင်ကော့၍ ထွက်လာသည် ။
' အနှစ်သာရမှာ ငါ သိပ်မသန်မာပင်မဲ့ ၁၀၁ မှတ်တော့ ရလိုက်သေးတယ်.. '
ယဲ့ရီက တွေးလိုက်၏ ။
' အမှတ်ပေါင်းက ၄၉၉ ဆိုတော့ ဒီနှစ် ငါ ချန်ပီယံ ဖြစ်တော့မယ်ထင်တယ်.. '
ယဲ့ရီက အတည်ပြုရန် ဖုန်းကိုထုတ်၍ စစ်ဆေးကြည့်လိုက်သည် ။
" ဖူးးးး..."
သောက်လက်စရေများ သီးသွား၏ ။ သူမြင်လိုက်ရသည်က...
လင်းမို့ .
တိုက်ခိုက်ရေးစွမ်းရည်. ၀ မှတ်
လက်သီးပြင်းအား . ၁၅၀ မှတ်
အခြေခံစမ်းသပ်မှု . ၁၅၀ မှတ်
အနှစ်သာရစမ်းသပ်မှု . ၁၅၀ မှတ်
စုစုပေါင်း. ၄၅၀ မှတ် ...
" ငါ...ငါ...ငါ..."
ယဲ့ရီ၏ ဘဝတစ်လျောက်လုံး ဤမျှ အရှက်မကွဲဖူးချေ ။ သူသည် ရှားနိုင်ငံ၏ အဆင့် ၁ ပါရီမီရှင် ဖြစ်သည် ။ ယခုတော့ သုံးဘာသာ သာဖြေထားသော သူက သူ့ထက် တစ်မှတ်သာနေ၏ ။ သူမည်သို့ ဆက်လက် ရှင်သန်ရတော့မည်နည်း ။
သို့သော်လည်း ယဲ့ရီထက် ယီမိုက ပို၍ခံစားနေရပေသည် ။ ယီမိုက အနှစ်သာရ စမ်းသပ်မှုတွင် အမှတ် ၁၂၀ ရခဲ့ပြီး စုစုပေါင်း အမှတ် ၄၅၂ မှတ်ဖြင့် အဆင့် ၁ဖြစ်သည် ။
ရမှတ်များအရ သူမက ရှားနိုင်ငံ၏ အဆင့်၁ ဖြစ်နေသော်လည်း အဆင့် ၂ မှ လင်းမို့က သုံးဘာသာ သာဖြေထားပြီး သူမနှင့် နှစ်မှတ်သာကွာနေပေသည် ။
လင်းမို့၏ လက်သီးပြင်းအားဖြင့်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည် ဝင်၍ဖြေလိုက်ပါက အနည်းဆုံး အမှတ် ၁၀၀ ခန့် ရနိုင်သည် ။
ထိုကြောင့် သူမက အဆင့် ၁ ရနေသော်လည်း လင်းမို့က ပို၍ သန်မာမှန်း မည်သူမဆို သိနိုင်ပေသည် ။ သူမအကြောင်း မီမီ များပင် အွန်လိုင်းပေါ်တွင် ပြန့်နှံ့တော့မည်ကို သူမကြိုမြင်နေ၏ ။
ဤစာမေးပွဲတွင် အဆင့် ၁ ရခဲ့သော သူမက သမိုင်းတစ်လျောက်လုံး အရှက်ကွဲသည့် အဆင့် ၁ ဖြစ်ပေတော့မည် ။
ထိုအချိန်တွင်...
ရှားနိုင်ငံ သိုင်းဌာနချုပ်ရှိ ပါရမီရှင်စာရင်း ပြုစုသူများမှာ ပါရမီရှင်အဆင့်ကို ပြန်လည်သတ်မှတ်ထားပြီးဖြစ်သည် ။
နှစ်စဥ်နှစ်တိုင်း ပါရမီရှင်စာရင်းကို စာမေးပွဲ၏ ရလဒ်ဖြင့် အတည်ပြုခြင်းဖြစ်သည် ။ သို့သော်လည်း သိုင်းဌာနရှိ ခေါင်းဆောင်များက အုပ်ထိန်းသူခေါ်ဆောင်သွားသော Black Earth အား ချွင်းချက်မရှိ အဆင့် ၁ အဖြစ်သတ်မှတ်ထားသဖြင့် အဆင့် ၂ မှ စ၍ စီရမည်ပင် ။
[ ရှားနိုင်ငံ၏ ပါရမီရှင်စာရင်း ( နောက်ဆုံးအတည်ပြုခြင်း)
၄၇ : Black Earth ( ကျန်းနန်စီရင်စု)
၂ : ယန်ယီမို ( နတ်ဆိုးမြို့)
၃ : လင်းမို့ ( ကျန်းနန်စီရင်စု)
၄ : ယဲ့ရီ ( ကျင့်ဒူမြို့)
** ]