← Chapters

ယှဥ်လုပွဲ

Vol. 9 Ch. 124

ယှဥ်လုပွဲ

Vol. 9 Ch. 124

~

စာမေးပွဲ ပြီးဆုံးသွားပြီး​နောက် လင်းမို့သည် ပါရမီရှင်စာရင်းကို မြင်လိုက်ရ၏ ။

' အိုး... ငါ့နာမည်က နှစ်ခါတောင် ပါနေပါလား.. '

လင်းမို့က အနည်းငယ် ပျော်စရာကောင်းသည်ဟု ခံစားမိလိုက်သည် ။

' ဘယ်ငတုံးတွေက ဒီစာရင်းကို လုပ်ထားတာလဲ.. ငါ Black Earth မှန်း ခုထိ မခန့်မှန်း မိကြဘူးလား..'

သို့သော်လည်း သူချက်ချင်းနားလည်သွားသည် ။

' ငါ တိုက်ခိုက်ရေးစွမ်းရည်စာမေးပွဲဝင်မဖြေတာကို သူတို့က အထင်လွဲသွားတာဖြစ်မယ်.. '

ရှားနိုင်ငံ သိုင်းဌာနချုပ်ရှိ လူများက လင်းမို့အား Black Earth အဖြစ် သံသရမဝင်ခြင်းမှာ အုပ်ထိန်းသူက Black Earth ကိုခေါ်ဆောင်သွားသည်ဟု ထင်နေသောကြောင့်ပင် ။

' အဆင့် ၂ က ယီမိုလေးသနားစရာ.. ငါ သာ အဆင့် ၁ နဲ့ အဆင့် ၃ နေရာနှစ်ခုယူထားတာသိရင် ဘယ်လိုနေမလဲမသိဘူး.. '

" ဦးလေးလင်း..."

ထိုစဥ် ဟောက်ရန် ရောက်လာ၏ ။

" အကိုမို့လိုပဲ ခေါ်စမ်းပါဟ.. "

လင်းမို့က ...

" ဦလေးလင်းဆိုတဲ့ အသံကြီးက နားထဲမှာ တစ်မျိုးကြီး.."

" ဟားဟားး... မင်းအခေါ်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ.."

ဟောက်ရန်က လှောင်ဟန်ဖြင့် ဟန်လိုက်ပြီး...

" အကိုမို့ အပြင်မှာ လူတွေဝိုင်းထားတယ်.. ထိပ်တန်းတက္ကသိုလ်ကလူတွေရော သတင်းထောက်တွေရောပဲ.."

" ငါသိတယ်.. "

လင်းမို့က ခဏ စဥ်းစားလိုက်ပြီး...

" ဟောက်ရန် မင်းထွက်တွေ့လိုက်.. သူတို့ ဘာတွေ ကမ်းလှမ်းမလဲဆိုတာ စောင့်ကြည့်ရအောင် ငါမျက်နှာမပြဘဲ အဝေးက ချောင်းနေမယ်.. ငါ့ကိုမတွေ့ရရင် သူတို့ လန့်ပြီး ပိုပေးချင် ပေးမှာ.."

" ငါ့ တာဝန်ထားလိုက်.."

ဟောက်ရန်က ရင်ဘက်ပုတ်လိုက်ပြီး...

" အကိုမို့ စိုးရိမ်မနေနဲ့.. မင်းက ငါ့ကို စင်ပေါ်တင်လိုက်ပြီဆိုတော့ ကျန်တဲ့ ကိစ္စ ငါ့တာဝန်သာထား.. ငါ ရသလောက် ညှစ်ပစ်မယ်.. "

တခြားသူများက တက္ကသိုလ်ရောက်လွှာတင်လျှင် မှားယွင်းမည်ကို သတိထားနေရသော်လည်း လင်းမို့နှင့် ဟောက်ရန်က မည်သို့ ငွေညှစ်ရမည်ကို တွေးနေ၏ ။ အကိုမို့က ကျောင်းတစ်ခုကိုသာ ရွေးနိုင်မည်ဖြစ်၍ အများဆုံးပေးနိုင်မည့်သူကို စဥ်းစားရပေမည် ။

" အေးအေး.. အဲ့တာဆို ငါမင်းနဲ့ ထားခဲ့တော့မယ်.."

လင်းမို့က ...

" ငါအိမ်သာ အရင်သွားပြီး ခိုးထွက်ဖို့ ကြည့်လိုက်အုံးမယ်.. "

လင်းမို့က အိမ်သာသို့ သွား၍ ရုပ်ဖျက်ပြီး ပြန်ထွက်လာမည်ဖြစ်သည် ။

သို့သော် ဟောက်ရန်က ထိုသို့မထင် ။

" အကိုမို့ မိလ္လာမြောင်းထဲက တွားထွက်မလို့လား.."

ဟိုင်းချန်မြို့ စာဖြေခန်းမ ...

ဟောက်ရန်သည် တံခါးဝမှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် သတင်းထောက်များကို တွေ့လိုက်ရ၏ ။ စာဖြေသူများ ကလည်း ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည် ။ ထိပ်တန်းတက္ကသိုလ်များကို တစ်စုတစ်စည်းထဲ တွေ့ရရန် မလွယ်ပေ ။

' ငါ ကောင်းဟောက်ရန် ဒီလို ဂုဏ်သိက္ခာရှိရှိ ကြွားလို့ရမယ်လို့ ထင်မထားခဲ့မိဘူး.. '

ဟောက်ရန် သက်ပြင်းချလိုက်၏ ။ သို့သော်လည်း သူနားလည်ထားပေသည် ။ ယခုအဓိက လုပ်ရမည်မှာ သူကြွားရန်မဟုတ်ဘဲ အကိုမို့အတွက် ရသလောက်ညှစ်ပေးရမည်ပင် ။

" အဟမ်း.. ကျောင်းသားစုဆောင်းရေး ကိုယ်စားလှယ်တွေ အားလုံး တိတ်တိတ်လေးနေပေးကြပါ.. "

ဟောက်ရန်က လည်ချောင်းရှင်း၍ အော်လိုက်ပြီး...

" လင်းမို့က ကျွန်တော်နဲ့ ညီအကိုလိုပါပဲ.. သူက ကျွန်တော့်ကို ကိုယ်စားလှယ်လွှတ်လိုက်တာ.. "

" မင်းကိုလား.."

" မင်းက ဘယ်သူလဲ.."

ကျောင်းကိုယ်စားလှယ်များက ဟောက်ရန်ကို မသိကြ ။ ကျန်းနန်တက္ကသိုလ်က အရင်စ၍ လှုပ်ရှားလိုက်သည် ။

" ညီလေးဟောက်ရန်.. "

ကျန်းနန်တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့၏ ထိပ်ဆုံးမှ နေရာယူထားသူမှာ လီကျားရွှမ်ပင် ။ သူက စိတ်လှုပ်ရှားစွာဖြင့်...

" ငါတို့ ကျန်းနန် တက္ကသိုလ်က ပေးမယ့် အခွင့်အရေးတွေကို အရင်နားထောင်ပေး.."

" အကိုလီ အရင်​​ပြော .. တခြားတက္ကသိုလ်တွေက ကမ်းလှမ်းတဲ့ အခြေအနေက သိပ်မကွာရင် ငါတို့က ဒီလောက်ခင်နေတာ .. ကျန်းနန်တက္ကသိုလ်ကို​ရွေးအောင် အကိုမို့ကို ကူပြောပေးမယ်.. "

ဤစကားက အပေါ်ယံကြည့်လျှင် ကတိပေးလိုက်သလို ထင်ရသော်လည်း အကိုမို့မရွေးလျှင် သူဘာတက်နိုင်မည်နည်း ။ သူ တခြားသူများအတွက် ငါးစာချလိုက်ခြင်းဖြစ်သည် ။

ရိုးသားသော လီကျားရွှမ်က ထိုသည်ကို မသိဘဲ စိတ်လှုပ်ရှားသွားပြီး ပြင်ဆင်လာသမျှကို ထုတ်ပြောတော့သည် ။

" ငါတို့ကျန်းနန်တက္ကသိုလ်က ညီလေးလင်းကို ပါရဂူဘွဲ့အတန်း ( Bachelor နဲ့ Master တန်းကိုကျော်ပြီး) ကို တစ်ခါတည်း တက်ခွင့်ပေးမယ့်အပြင် ဆယ်နှစ်အတွင်း သိုင်းမဟာသခင် အဆင့်ထိရောက်အောင် အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်.. "

နောက်တွင်ပါလာသော ဆရာများက သူ့အား ဆွံ့အစွာကြည့်လိုက်ကြသည် ။ နောက်ဆုံးအချိန်မှ ထုတ်ပြောရမည့် ဝှက်ဖဲအား ချက်ချင်း ချခင်းလိုက်လေသလော ။ သို့သော်လည်း ဤသည်က ပြသနာမဟုတ် ။ လင်းမို့သာ ကျန်းနန်တက္ကသိုလ်သို့ တက်ရောက်မည်ဆိုလျှင် တန်ပေသည် ။

အခြားတက္ကသိုလ်များက ဒေါသထွက်သွားပြီး လီကျားရွှမ်အား သတ်ဖြတ်​ချင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည် ။ မည်သည့်အတွက်ကြောင့် ကစားပွဲကို ပုံမှန်အတိုင်း မကစားပါသနည်း ။ စကားဖြင့် အရင်ပြောရမည်ကို မည်သည့်အတွက်ကြောင့် နျူကလီးယားဗုံး ချလိုက်ရပါသနည်း ။

" ထိပ်တန်းကျောင်းတွေက အေးစက်စက်နဲ့ မာနကြီးမယ်ထင်ထားတာ.. စျေးထဲက ငါးစိမ်းသည်တွေ ကြနေတာပဲ ..''

" သူတို့က သာမန်လူတွေကိုသာ ဆရာကြီးလိုလို ဘာကြီးလိုလိုနဲ့ ဆက်ဆံတာ.. ကြည့်အုံး လင်းမို့ရှေ့ကြတော့ ဆောင်ကြာမြိုင်က လူခေါ်တဲ့ ခေါင်း တွေကြနေတာပဲ.. "

" ဂါရဂူ အတန်းကို တစ်ခါတည်း တက်ခွင့်ပေးတာကို လွန်နေပြီ.. အဲ့တာကို သိုင်းမဟာသခင်ဖြစ်​တဲ့ အထိ ဆယ်နှစ်တောင် ထောက်ပံ့ပေးမှာလား.."

" သိုင်းမဟာသခင် တစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး.. ကျန်းနန်တက္ကသိုလ်တောင် တော်တော်ထိသွားမှာ .. ကျန်းနန်တက္ကသိုလ်ကတော့ အကုန်ထုတ်ကုန်ပြီဟေ့.. "

" လင်းမို့က ချက်ချင်း လက်ခံလောက်တယ်မလား.. "

'' ငါတို့ ကျင့်ဒူ တက္ကသိုလ်ကလည်း အဲ့အတိုင်းလုပ်ပေးမယ်.. "

ကျင့်ဒူတက္ကသိုလ်မှ ကိုယ်စားလှယ်များသည် အကြည့်ချင်းဖလှယ်လိုက်ကာ..

" ပြီးတော့ ညီလေးဟောက်ရန်ကို လည်း ငါတို့ ကျင့်ဒူတက္ကသိုလ်မှာ ပါရမီရှင်စာရင်းဝင်တစ်ယောက်လို ခံစားခွင့်ပေးမယ်.. "

ကျင့်ဒူတက္ကသိုလ်က ဟောက်ရန်ကို လာဘ်ထိုးရန် ဆုံးဖြတ်လိုက်သည် ။

ပါရမီစာရင်းဝင် ထိပ်တန်း ကျောင်းသား ၁၀၀ ကို တက္ကသိုလ်များက အခွင့်ထူးခံများအဖြစ် ကြိုဆိုလေ့ရှိကြသည် ။

ပတ်ဝန်းကျင် တစ်ခုလုံး ပွတ်လောရိုက်သွား၏ ။

" ချီး.. ကောင်းဟောက်ရန်က ပါရမီရှင်တစ်ယောက်လို့ အခွင့်အရေးမျိုး ဘာလို့ရရမှာလဲဟ.."

" အဲ့တာဘယ်လိုခေါ်လဲသိလား.. တာအိုကို ရရှိသွားရင် ကြက်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် လေပေါ်ပျံနိုင် လိမ့်မယ်တဲ့.. "

" မင်းက လင်းမို့ရဲ့ ခွေးဖြစ်ဖို့ တန်လို့လား.."

သို့သော်လည်း ထိပ်တန်းတက္ကသိုလ်များ၏ ယှဥ်ပြိုင်မှုက ယခုမှ စတင်ခြင်းဖြစ်သည် ။

လင်းမို့ ဆိုသူက မည်သူနည်း ။ အမှတ်ပြည့် သုံးခုရရှိထားသည့် သမိုင်းတွင် မရှိဘူးသည့် ပါရမီရှင်ဖြစ်သည် ။ သာမန်ပါရမီရှင်များ ထိပ်တန်းတက္ကသိုလ် တက်ရောက်နိုင်လျှင် ဂုဏ်ယူနေကြသလို လင်းမို့က သူတို့ တက္ကသိုလ်ကို ရွေးချယ်လျှင် သူတို့ ဂုဏ်ယူရမည်ဖြစ်သည် ။

" ငါတို့ နတ်ဆိုးမြို့တက္ကသိုလ်က ကျင့်ဒူတက္ကသိုလ်လို ပေးမယ့်အပြင်... လင်းမို့နဲ့ စာအတူသင်ဖို့ သူကြိုက်တယ့် စီနီယာ ဂျူနီယာလေးတွေ ဆယ်ယောက် စီစဥ်ပေးမယ်.. "

ရှန်ဟိုင်းတက္ကသိုလ်က ( နတ်ဆိုးမြို့) တိုက်ပွဲတွင် ပါဝင်လာသည် ။

ပတ်ဝန်းကျင်ရှိ လူများအားလုံး သွေးအန်မတက်ဖြစ်သွား၏ ။

" စာအတူသင်ဖို့ ကောင်မလေးဆယ်ယောက် ထားပေးထားမှာလား.."

" တကယ် စာအတူသင်ဖို့ပဲလား.."

" ဒီလိုတက္ကသိုလ် ရှိသေးတယ်လား.."

" ငါတို့ ရှားတက္ကသိုလ်က အယောက် ၂၀ ပေးမယ်.. "

" ဖူးးးး..."

ဤသည်ကို သူတို့ လိုက်မမီနိုင်တော့ ။ သူတို့အတွက် ကမ္ဘာသစ်ကြီးတစ်ခု ရှာတွေ့သွားလေပြီ ။

" ငါတို့ ချင်မူတက္ကသိုလ်က အပေါ်ကအချက်တွေအပြင်.. ငါတို့ အရင်ကျောင်းအုပ်ကြီးလည်း ဖြစ် မဟာသခင်ခန်းမက အကြီးအကဲလည်းဖြစ်တဲ့ အကြီးအကဲ ရွှေမူရဲ့ နောက်ဆုံးတပည့်အဖြစ် လက်ခံပေးမယ်.. "

" ဟင်း..."

ချင်မူတက္ကသိုလ်က ဝှက်ဖဲထုတ်လိုက်သည်နှင့် တခြားတက္ကသိုလ်အားလုံး သက်ပြင်းချလိုက်ကြသည် ။

အကြီးအကဲ ရွှေမူ ၊ ရှားနိုင်ငံ၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ၊ သိုင်းမဟာသခင်အဆင့်ကို ကျော်လွန်နေသည့် ကျွမ်းကျင်သူ ။

ချင်မူတက္ကသိုလ်က ကြမ်းတမ်းလှပေသည် ။ နောက်ဆုံးဝှက်ဖဲအဖြစ် အကြီးအကဲ၏ နောက်ဆုံးတပည့်ရာထူးကိုပင် ထုတ်သုံးခဲ့သည် ။

ယခုအချိန်တွင် လင်းမို့က အိမ်သို့ပြန်ရောက် နေလေပြီ ။ သူသည် ထိပ်တန်းတက္ကသိုလ်များမှပေးသော အခွင့်အရေးကို ဂရုမစိုက် ။

တက္ကသိုလ်တက်သည်က သူ့အိပ်ရာပြောင်းရုံသာရှိသည် ။ တက္ကသိုလ်များမှ ပေးအပ်သော အခွင့်အရေးများက သူ့အတွက် အသုံးမဝင် ။

လင်းမို့အတွက် အရေးအကြီးဆုံးမှာ တက်ကြွအညွှန်းကိန်းများသာဖြစ်သည် ။

' ကျောင်းသားအရေအတွက်.. သူတို့ရဲ့ခွန်အား.. ပါရမီ နဲ့ ဘယ်လောက်ကြိုးစားလဲဆိုတာ ကြည့်ရမယ်... '

လင်းမို့က ကွန်ပြူတာတွင် ရှာရင်း စဥ်းစားလိုက်သည် ။

' တက္ကသိုလ်တွေက တစ်ခုနဲ့ တစ်ခု သိပ်တော့မကွာဘူး.. ရွေးရတာ ခက်လိုက်တာ..'

" ဟူး.."

လင်းမို့က သက်ပြင်းချလိုက်ပြီး တက္ကသိုလ်များ၏ ရှုခင်းဓာတ်ပုံများကို လျောက်ကြည့်နေလိုက်သည် ။ မည်သည်ကို ရွေးချယ်ရမှန်းမသိလျှင် အိပ်ရန်အကောင်းဆုံးနေရာရှိသည့် တက္ကသိုလ်ကို ရွေးရပေမည် ။

'' အင်း ချင်မူတက္ကသိုလ်က ရှေးဟောင်းပုံစံပဲ မဆိုးဘူး မဆိုးဘူး.. ''

" ကျွစ်ကျွစ်.. ကျင့်ဒူလည်း မဆိုးဘူးဟ.."

" ကျန်းနန်တက္ကသိုလ်မှာ သစ်ပင်ကြီးကြီးလဲ မရှိဘူး. ..ခုမှ စိုက်ထားတာလေးတွေ .. အဲ့လိုနေရာမှာ ငါဘယ်လိုလုပ် အိပ်ရမှာလဲ.. "

လင်းမို့ကကျော်ရန် ပြင်လိုက်စဥ် စာသားတစ်ခုက ဖမ်းစားသွားသည် ။

" ကျန်းနန်တက္ကသိုလ်က တက္ကသိုလ်ဆယ်ခုဝိုင်းထားတဲ့ တက္ကသိုလ်မြို့လား.. "

လင်းမို့၏ မျက်လုံးများတောက်ပလာသည် ။ တက္ကသိုလ်မြို့ဟူသည်က ကျောင်းသားပင်လယ်ကြီး ရှိမည်ဖြစ်သည် ။

လင်းမို့သည် သူအားကောင်းလာသည်နှင့်အမျှ တက်ကြွအညွှန်ကိန်း ရရှိနိုင်သည့် အကွာအဝေးတိုးလာသည်ကို သတိထားမိ၏ ။ သူ ရေရှည်အတွက် စဥ်းစားရပေမည် ။ ကျောင်းသားပင်လယ်ကြီး လေ့ကျင့်နေစဥ် ရမည့်တက်ကြွအညွှန်းကိန်းများကို တွေးရင်း သူသားရည်ကျလာ၏ ။

တခြားတက္ကသိုလ်များမှာ ခန်းနားလှသော်လည်း တက်ကြွအညွှန်ကိန်းအတွက် အသုံးမဝင်ပေ ။ အနားတွင် နောက်ထပ် တက္ကသိုလ်များမရှိလျှင် သူ၏ အနာဂတ်တက်လမ်းကို ထိခိုက်နိုင်လေသည် ။

ဤသည်ကိုတွေးရင်း လင်းမို့က ဆုံးဖြတ်လိုက်တော့သည် ။

' ကျန်းနန် တက္ကသိုလ်ကိုပဲ သွားမယ်.. '

All Chapters