← Chapters

ပိုးစုန်းကြူး

Vol. 9 Ch. 125

ပိုးစုန်းကြူး

Vol. 9 Ch. 125

~

ရှန်ဟိုင်းဟိုတယ်...

လီကျားရွှမ်က အတိတ်မှ ဖြစ်ရပ်များကို ပြန်စဥ်းစားရင်း သက်ပြင်းချလိုက်မိသည် ။

သူအရင်တစ်​​ခေါက် ရောက်ရှိစဥ်က တတိယအထပ်တွင် မှုခင်းနှိမ်နင်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပြီး နာမည်ပျက်ခဲ့သည် ။

ယခု တတိယထပ်တွင် ဓားကြီးကစား၍ မရတော့ပေ ။

အချိန်က နေဝင်သွားပြီဖြစ်၍ မီးရောင်များ လင်းထိန်လာသည် ။

ဟောက်ရန် နှင့် လီကျားရွှမ်က ခြေထောက်ရေစိမ်ရင်း ဇိမ်ယူနေကြ၏ ။ တရားဝင်အနှိပ်ခန်း ဖြစ်၍ ကြောက်လန့်နေစရာ မလိုတော့ ။

" ဟူးး... "

လီကျားရွှမ်က သက်ပြင်းချလိုက်ပြီး...

" ငါတို့ တက္ကသိုလ်အတွက် မျှော်လင့်ချက်သိပ်မရှိဘူး..."

လင်းမို့အား ယှဥ်လုနေကြသော ထိပ်တန်းတက္ကသိုလ်များက များလွန်းလှသည် ။ ချင်မူတက္ကသိုလ်ဆိုလျှင် သူတို့၏ အကြီးအကဲရွှေမူကို သုံး၍ အားလုံးကို ပါးစပ်ပိတ်သွားစေခဲ့သည် ။

ကျန်းနန်တက္ကသိုလ်တွင် အကြီးအကဲ​ ရွှေမူကဲ့သို့ ကျွမ်းကျင်သူ မရှိ ။

" ငါအကိုမို့ကို တက္ကသိုလ်တွေက ကမ်းလှမ်းထားတာတွေကို အကြောင်းကြားထားပြီးပြီ... "

ဟောက်ရန်က ဆိုဖာပေါ်တွင် အိပ်ရင်း ပြောလိုက်သည် ။

" ပြီးတော့ အကိုမို့ ရွေးချင်ရာ ရွေးမှာလေ.. ငါဘာမှ မသိဘူး.."

" ငါနားလည်ပါတယ်.. ငါတို့တက္ကသိုလ်က ကမ်းလှမ်းထားတာတွေက တခြားသူတွေနဲ့ ယှဥ်ရင် အားနည်းနေတာကို... ညီလေးလင်း မရွေးတာ ပုံမှန်ပါပဲ.. ငါဘာမှ ပြောမှာ မဟုတ်ဘူး.."

" ငါ အကိုမို့နဲ့ ကျင့်ဒူမြို့ကို လိုက်သွားရင်... ငါတို့ဆီကို ခနခန လာလည်နော်.. "

ဟောက်ရန်က ဖိတ်ခေါ်လိုက်၏ ။

" ဟီးဟီးဟီး... သေချာပေါက်လာရမှာပေါ့.."

လီကျားရွှမ်က အဓိပ္ပါယ်အပြည့်ဖြင့် ရယ်လိုက်ပြီး...

" ငါ ကျင့်ဒူမြို့ကို လည်ချင်နေတာ ကြာပြီ... မင်း ကျင့်ဒူမြို့ကို ရောက်သွားရင် ငါလာဖြစ်အောင်ကို လာခဲ့မယ်.. "

" မင်းလာချင်တဲ့ အချိန်သာလာခဲ့ အားလုံးအဆင်သင့်ဖြစ်စေရမယ်.. "

ထိုစဥ် ဟောက်ရန်၏ ဖုန်းက အော်မြည်လာသည် ။

' အကိုမို့.. '

ဟောက်ရန် အမြန်ကိုင်လိုက်၏ ။

" ဟောက်ရန်.. ငါ့ကို ကူညီအုံး.. ကျန်းနန်တက္ကသိုလ်ကို ဆက်သွယ်ပေးအုံး... ငါလက်ခံနိုင်ပင်မယ့် .. အခြေအနေတချို့ကို ပြောင်းရမယ်လို့.."

" အကိုမို့..."

ဟောက်ရန်က...

" အကိုလီကျားရွှမ်နဲ့ ငါ ခုအတူတူ ရှိနေတာ... ရှန်ဟိုင်းက ခြေထောက်အနှိပ်ခန်း ရောက်နေတာ... သူက ကျန်းနန်တက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ထဲကလေ.. "

" အဲ့တာဆို စပီကာဖွင့်လိုက်... "

လင်းမို့က စက္ကန့်အနည်းငယ်ကြာအောင် စောင့်လိုက်ပြီး...

" အကိုလီ ငါ ပြောတာ ကြားရလား.. ငါ မလိုချင်တဲ့ အခြေအနေတချို့ကို ညှိချင်လို့.. "

လင်းမို့က ပါရဂူအတန်းမလိုသလို အရင်းအမြစ်များလည်း မလိုအပ်ပေ ။ သူ တက်ကြွအညွှန်းကိန်း များများရလျှင် မိုးပေါ် ပျံတက်နိုင်လေပြီ ။

လင်းမို့သည် ကြိုးစားလေ့ကျင့်နေပါက အဆင့်တက်ရန် ပို၍ပင် ကြာသွားမည်ဖြစ်သည် ။

" ညီလေးလင်းပြောတာ ကြားရတယ်.. "

လီကျားရွှမ်က အရေးကြီးမှန်းသိသဖြင့်...

" ပြောလေ... ငါခုချက်ချင်း ဆရာတွေဆီကို အကြောင်းကြားပေးမယ်.."

" ငါတောင်းဆိုချင်တာက မခက်ပါဘူး.. "

လင်းမို့က...

" ငါဘာမှ မလိုချင်ဘူး.. ငါ့ကိုပေးထားတဲ့ အခွင့်အရေးတွေအားလုံးကို ဟောက်ရန်ကို လွဲပေးလို့ရမလား..."

" ဟမ်..."

လီကျားရွှမ် အံ့သြသွား၏ ။ သူထိုသို့ မမျှော်လင့်မိချေ ။ လင်းမို့က သူငယ်ချင်းအပေါ် သိတက်လှပေသည် ။

" အကိုမို့... "

ဟောက်ရန်က ပို၍ပင် အံ့သြသွားသည် ။ သူထိမိလွန်းသဖြင့် မျက်လုံးများပင် နီရဲလာ​ချေသည် ။

" အဲ့တာပဲ မေးကြည့်လိုက်... "

လင်းမို့က သူ့အတွက်မလိုအပ်သဖြင့် သူ၏ ညီအကိုကောင်းဖြစ်သူဟောင်ရန်အား လွဲပေးလိုက်ခြင်းဖြစ်သည် ။

" သူတို့လက်ခံနိုင်ရင် ငါကျန်းနန်တက္ကသိုလ်လာခဲ့မယ်လို့... "

" ငါ အခုပြောလိုက်မယ်... "

လီကျားရွှမ်က ချက်ချင်းသတင်းပို့လိုက်၏ ။ ကျန်းနန်တက္ကသိုလ်က ချက်ချင်းလက်ခံလိုက်သည် ။

" လီကျားရွှမ်.. မင်းတော်တယ် .."

ဒါရိုက်တာက ချီးကျူးလိုက်၏ ။

" ငါတို့ တက္ကသိုလ်က မျှော်လင့်ချက် မရှိတော့ဘူး ထင်နေတာ.. မင်းခြေထောက်ရေစိမ်တဲ့နည်းဗျူဟာက တော်တော်ကောင်းတာပဲ.."

" ဆရာ ကျွန်တော့်ကို ကုန်ကျစရိတ် ပြန်ပေးရမယ်နော်.. "

လီကျားရွှမ်က...

" ပြီးတော့ ဟောက်ရန်နဲ့ လင်းမို့တို့ ကျန်းနန်မြို့ကို ရောက်ရင်လဲ ကျွန်တော် ပြုစုရအုံးမှာ.. ဟီးဟီးဟီး.."

လီကျားရွှမ်က အူမြူးနေပြီး ဂုဏ်ယူဟန်ဖြင့် ရယ်လိုက်၏ ။ ငွေစိတ်ကြိုက် အသုံးပြုရသည်က ကျေနပ်သရာကောင်းလှပေသည် ။

" အဲ့တာ ပြောနေစရာလိုလို့လားဟ.."

ဒါရိုက်တာက အလွန်ရက်ရောနေ၏ ။

" မင်းဒီကိစ္စသာ အောင်မြင်တဲ့ အထိလုပ်ပေး.. မင်းနောက်တစ်ခါ အဖမ်းခံရရင်တောင် ကျောင်းကမင်းကို ကာကွယ်ပေးမယ်.. "

" အိုး..."

လီကျားရွှမ် မျက်လုံးများ ပြူးကျယ်သွားသည် ။ ကျောင်း၏ အကာအကွယ်ဖြင့်ဆိုလျှင် ဓားကြီးလောကတွင် သူလွတ်လပ်စွာ ကျင်လည်နိုင်တော့မည်ဖြစ်သည် ။

ကောင်းဖန်းက ထိုအကြောင်းကို ကြားလိုက်သည်နှင့် ...

" ညီလေးလင်း... ငါမင်းကို ဘယ်လိုကျေးဇူးဆပ်ရပါ့မလဲ.. "

သူ လင်းမို့ကို ချက်ချင်းဖုန်းဆက်လိုက်သည် ။

" ဟောက်ရန်ကို ဦးလေးလို့ မခေါ်ခိုင်းတော့ဘဲ ဂေါ့ဖာသား ( ခေါင်းကိုင်ဖခင်) လို့ပြောင်းခေါ်ခိုင်းလိုက်ရမလား..."

" အကိုကြီး.. ဘာလို့ ကျွန်တော့်ကို အပြင်လူလို ဆက်ဆံနေတာလဲ.."

လင်းမို့သည် သူ မလိုအပ်၍ ဟောက်ရန်အား လွဲပေးလိုက်ခြင်းဖြစ်သည် ။ သူ ဘာမှ ပြန်မလိုချင်ပေ ။

သို့သော် လင်းမို့က ဘာမှ ပြန်မလိုချင်သော်လည်း ကောင်းဖန်က မပေးဘဲ မနေနိုင် ။

" ညီလေးလင်း မင်းမိဘတွေက ရပ်ကွက်ဟောင်းတစ်ခုမှာနေ နေတာမှတ်လား.. "

ကောင်းဖန်းက တိုက်ရိုက်ပြောလိုက်၏ ။

" ငါခုနေတဲ့ နေရာမှာ အိမ်တစ်လုံးအပိုရှိသေးတယ်.. သေချာပြုပြင်ထားပြီးတော့ မြစ်ဗျူးလည်းပါတယ်ကွ .. မင်းမိဘတွေ သဘောတူရင် အဲ့အိမ်လေး ယူလိုက်ပါလား..."

ကောင်းဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း လင်းမို့ မသိသည်က ထိုအိမ်လေးမှာ ပြင်ဆင်မွမ်းမံခ မပါ ယွမ်သန်း ၆၀ တန်ပေသည် ။

လင်းမို့က ငြင်း၍ မရသဖြင့် လက်ခံလိုက်သည် ။ သူရပ်ကွက်ဟောင်းကို မကြိုက်သလို သူ၏ မိဘများကိုလည်း ကောင်းကောင်းမွန်မွန်ထားချင်လေသည် ။

" အဲ့တာဆို ဂတိနော်... "

ကောင်းဖန်းက လင်းမို့လက်ခံလိုက်လျှင် စိတ်လှုပ်ရှားသွားပြီး...

" အဲ့တာဆို အိမ်​ကြည့်ဖို့ မနက်ဖြန် လာခေါ်လှည့်မယ်... "

ကောင်းဖန်း ဖုန်းချသွားသည်နှင့် လင်းမို့၏ ဖုန်းသို့ နောက်ဖုန်းတစ်လုံး ဝင်လာပြန်သည် ။

' ဆရာမလုပဲ...'

လင်းမို့ ရှုပ်ထွေးသွား၏ ။ ညနက်သန်းခေါင်မှ မည့်သည့်အတွက်ကြောင့် ဖုန်းဆက်နေပါသနည်း ။

" ဆရာမလု..."

" လင်းမို့.. ဟိုင်းချန်သိုင်းဌာန ခေါင်းဆောင် ကျောက်ရှုက ပြောစရာရှိလို့တဲ့.. "

ဆရာမလုက ပြောလိုက်သည် ။

" ခေါင်းဆောင် ကျောက်ရှုလား..."

လင်းမို့ နားလည်သွားသည် ။

" ဟိုင်းချန် အထက်တန်းကျောင်းကို ပြန်ဝင်စေချင်လို့လား..."

လင်းမို့က ခဏ စဥ်းစားပြီး...

" ​ခေါင်းဆောင်ကျောက်.. ကျွန်တော်ပြန်လာလို့ ရပင်မယ့် ... အခြေအနေတချို့တော့ ရှိမယ်ဗျ... ကျွန်တော်ထင်တာတော့ ဆရာမလုက ကျောင်းအုပ်ရာထူးနဲ့ သင့်တော်မယ်ထင်တယ်... "

ညသန်းခေါင်ယံ...

လူသတ်သမားအဖွဲ့၏ အမာခံနေရာသို့ ယင်ကျန့် ရောက်ရှိနေလေသည် ။ သူ၏ ပုံစံမှာ လမ်းထလျောက်လာသော အလောင်းကောင်ကြီးနှင့်ပင် တူနေသေးသည် ။

' ငါဆုံးဖြတ်ပြီးပြီပဲ..."

ယင်ကျန့်ဝင်သွားလိုက်သည်နှင့် အထဲတွင် တနေ့က တွေ့ဖူးသော သတ်လတ်ပိုင်း အမျိုးသမီးကို တွေ့လိုက်ရသည် ။

" အရင်သဘောတူထားတဲ့ အခြေအနေကို ကျုပ် လက်ခံတယ်.. "

" နင်အဲ့တာကို စိတ်ကူးယဥ်နေတုန်းပဲလား.. "

သတ်လတ်ပိုင်းအမျိုးသမီးက ယင်ကျန့်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး...

" အမှတ် ၂၈၄ မှတ်ပဲ ရထားတဲ့သူက အရင်အခွင့်အရေးကို လိုချင်နေသေးတာလား..."

သူမက ပါရမီရှင်ဟု ယူဆ၍ ကမ်းလှမ်းထားခြင်းဖြစ်သည် ။ အမှိုက်အား အကုန်အကျခံ၍ ခေါ်မည်မဟုတ် ။

" နင့်အခြေအနေနဲ့ဆို ရိုးရိုးအဖွဲ့သားပဲ ဖြစ်နိုင်မယ်... "

အမျိုးသမီးက လှောင်သံဖြင့်...

" နင် ဝင်ချင်ဝင် မဝင်ချင်နေ.. "

" ကျုပ်..."

ယင်ကျန့်က တုံ့ဆိုင်းသွားသော်လည်း အံကြိတ်ပြီး...

" ကျုပ်ဝင်မယ်... "

ယင်ကျန့်၏ အသံဆုံးသွားသည်နှင့်..

" ဘုန်း..ဘုန်း...ဘုန်း..."

တံခါးအား ကန်ဖွင့်ခံလိုက်ရပြီး နံပါတ် ၄၇ ဦးဆောင်လာသော လုပ်ကြံသူများအား ဖမ်းဆီးမည့်အဖွဲ့က ပြေးဝင်လာသည် ။ ယင်ကျန့် တစ်စက္ကန့် ပြည့်အောင်ပင် အဖွဲ့ထဲ မနေလိုက်ရချေ ။

​ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်း... ရီ၏ နန်းတော်...

ရီ သည် အတွေးတစ်ချက်ဖြင့် ဂြိုလ်တစ်ခုလုံးအား စောင့်ကြည့်နိုင်သည် ။ ဂြိုလ်ပြာနှင့် လူဘီလီယံပေါင်းများစွာမှာ သူ့အမြင်တွင် ဖုန်မှုန့်ကဲ့သို့ အရေးမပါပေ ။

" လင်းမို့... Black Earth "

သူက ရှေးဦးစကြာဝဠာအား အလုံးစုံ ထိန်းချုပ်ထားသူဖြစ်သဖြင့် ထိုပုရွတ်ဆိတ်အကောင်ငယ်လေးအား သတိထားမိပေသည် ။

ဂြိုလ်ပြာတစ်ခုလုံးတွင် Black Earth အကြောင်းသိသူမှာ လင်းမို့ပြီးလျှင် သူသာဖြစ်သည် ။

" အသက် ၁၈ နှစ်.. တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅.. လက်သီးပြင်းအား ကီလို ၃၀၀၀ ကျော်... စိတ်ထိန်းချုပ်သူ အဆင့် ၄... "

လင်းမို့၏ ခွန်အားကို ရီက တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည် ။

' နဂါးငွေ့တန်းထဲမှာတောင် လက်ရွေးစင်အဆင့်လို့ ပြောလို့ရမယ်.. '

သို့သော်လည်း ရီကခေါင်းယမ်းလိုက်ပြီး...

' ဒါပင်မဲ့ ဒီကလေးနဲ့ ယှဥ်လိုက်ရင် ငါကတောင်နိမ့်ကျနေအုံးမယ်.. '

သူ အသားမည်းမည်းပါရမီရှင်ကို လှမ်းကြည့်လိုက်သည် ။

သိုင်းလမ်းစဥ်၏ အဆုံးသို့ရောက်လျှင် ​စကြာဝဠာ ၏ တာအိုဥပဒေသ များနှင့် ထိတွေ့ရတော့မည်ဖြစ်သည် ။ သူ့ရှေ့ရှိ လူငယ်လေးမှာ မလေ့ကျင့်ဘူးသော်လည်း ဥပဒေသများနှင့် ဆက်နွယ်နေသည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူတစ်ယောက်ပင် ။

ရီ၏ အမြင်တွင် လင်းမို့က လူငယ် လေးနှင့်ယှဥ်လျှင် များစွာနိမ့်ကျနေပေသည် ။

' လင်းမို့က ဂြိုလ်ပြာရဲ့ ပါရမီရှင်ပဲ... ကျိုးချန် က နဂါးငွေ့တန်းရဲ့ ပါရမီရှင်... '

ရီသည် ကြီးမားသော ကြယ်အဖွဲ့အစည်း ရာပေါင်းများစွာကို မြင်ဖူးပြီး ဤမျှသေးငယ်လှသော နေအဖွဲ့အစည်းလေးကို မည်သို့ အထင်ကြီးနိုင်ပါမည်နည်း ။

ရီက အထင်သေးစွာ ရယ်လိုက်ပြီး...

" လင်းမို့ ရဲ့ ပိုးစုန်းကြူး အလင်းရောင်က ကျိုးချန်ရဲ့ တောက်ပတဲ့လရောင်ကို ဘယ်ယှဥ်နိုင်မှာလဲ..."

All Chapters