နွေရာသီကျောင်းပိတ်ရက် ဘယ်ရောက်သွားလဲ ၂ ~
Vol. 9 Ch. 127
ယင်ကျန့်သည် လုပ်ကြံသူအဖွဲ့အစည်းထဲတွင် ဖင်ပူအောင်ပင် မထိုင်လိုက်ရဘဲ အဖမ်းခံလိုက်ရသည် ။
ယင်ကျန့်၏ ထုတ်ဖော်မှုကြောင့် ဦးလေးဝမ်၏ တရားမဝင် ကိစ္စများ ပေါ်ပေါက်သွားပြီး ဦးလေးဝမ်ပါ ထောင်ထဲသို့ ရောက်သွား၏ ။ နှစ်တော်တော်ကြာသည်အထိ ပြန်ထွက်နိုင်တော့မည့်ပုံ မပေါ်ပေ ။
လင်းမို့ လွန်ခဲ့သော တစ်ပတ်အတွင်း တက်ကြွအညွှန်းကိန်းရရန် နည်းမျိုးစုံ ကြိုးစားခဲ့ရသည် ။ သူကျောင်းအတွင်းသို့ ခိုးဝင်၍ ကုန်းဆင်းခဲ့သော်လည်း ထိုကလေးများက တက်တက်ကြွကြွမရှိလှ ။ တက်ကြွအညွှန်းကိန်း ဆယ်ဂဏန်းမျှသာ ရခဲ့၏ ။
တစ်ပတ်လုံးတွင် လက်သီးပြင်းအား ၂၀၀ ကီလိုခန့်သာ တိုးလာသဖြင့် သူစိတ်ဓာတ်ကျနေခဲ့သည် ။ သူမည်သို့ ဆက်လက်ရှင်သန်ရတော့မည်နည်း ။
နတ်သုဒ္ဓါ နေ့တိုင်းစားနေသူအား ဆန်ကြမ်းနှင့်ဆား လုံး၍ ကျွေးနေသလိုပင် ။ အရင်က သူနေ့တိုင်း လက်သီးပြင်းအား ကီလိုရာဂဏန်း တိုးနေသော်လည်း တစ်ပတ်လျှင် ကီလို ၂၀၀ အဖြစ်ပြောင်းသွားခြင်းက မြန်ဆန်လွန်းလှသည် ။
၁၀၀ မီတာစကွဲယား ကျယ်သော အိပ်ခန်းတွင်အိပ်၍ ပြတင်းပေါက်ဖွင့်လိုက်လျှင် မြစ်မြင်ကွင်းနှင့် မြစ်အားဖြတ်သန်းလာသော လေပြေလေညှင်းလေးများက သူ့အား နှစ်သိမ့်မပေးနိုင်ခဲ့ပေ ။
' ငါ့ခံစားချက်တွေကို ဘယ်သူမှ နားလည်ပေးနိုင်မှာ မဟုတ်ဘူး..'
ကံကောင်း၍ တက္ကသိုလ်က စောစောဖွင့်နေခြင်းဖြစ်သည် ။ ယခု သူ ဂိတ်ဝတွင်သာ ရှိနေသေးသော်လည်း တက်ကြွအညွှန်းကိန်း ၃၀၀ ကျော်နေလေပြီ ။
ဤနေရာမှာ ကျောင်းဝင်းအတွင်းသို့ပင် မရောက်သေးသည့်အပြင် ဤအချိန်က ကျောင်းသားသစ်လက်ခံသည့် အချိန်ဖြစ်သဖြင့် လေ့ကျင့်နေသူများစွာမရှိချေ ။
ဤသို့အချိန်မျိိုး နေရာမျိုးတွင်ပင် တက်ကြွအညွှန်းကိန်း ၃၀၀ ရနေလျှင် ကျားကုတ်ကျားခဲ ကြိုးစားလေ့ကျင့်နေသည့် အချိန်မျိုးဆိုလျှင် မည်မျှအထိ ရနိုင်မည်နည်း ။
' ကျောင်းသားတွေ.. ငါမင်းတို့ကိုပဲ အားကိုးရမှာနော်..'
လင်းမို့ ကျေနပ်သွား၏ ။ တက္ကသိုလ်တက်ရသည်မှာ ကောင်းလှပေသည် ။
' ဒါတောင် ငါကြက်စွပ်ပြုတ်လုပ်မတိုက်ရသေးဘူး.. '
လင်းမို့မျက်ခုံးပင့်လိုက်သည် ။
' ငါ သာ ကြက်စွပ်ပြုတ်များများတိုက်နိုင်ရင် တက်ကြွအညွှန်းကိန်း ဘယ်လောက်အထိတောင်ရမှာလဲ.. '
သူလုပ်ပြီးသည်နှင့် သိရပေမည် ။ ကျန်းနန် တက္ကသိုလ်ရှိ ကျောင်းသားများ အကိုမို့၏ ကြက်စွပ်ပြုတ်ကို မသောက်ချင်၍မရ ။ အကိုမို့တိုက်လျှင် သောက်ကို သောက်ရမည်ဖြစ်သည် ။
လင်းမို့နှင့် ဟောက်ရန်တို့ ကျောင်းဝင်းအတွင်းရောက်လာသည်နှင့် ဝင်ခွင့်အတွက် လက်သီးပြင်းအားစမ်းသပ်သည့်နေရာတွင် စောင့်ဆိုင်းနေသည် ။
" ဟေး... ဟိုနှစ်ကောင်.. မင်းတို့နေရာကို ယွမ် ၁၀၀၀ နဲ့ရောင်းမလား.."
ကျန်းနန်လေသံနှင့် ပြောလိုက်သည့်အသံက လင်းမို့တို့၏ ဘေးမှ ထွက်ပေါ်လာသည် ။
သူတို့နှစ်ယောက် လှည့်ကြည့်မိလိုက်ကြ၏ ။
စျေးကြီးမည့်ပုံပေါ်သော နွေရာသီဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က မာနကြီးဟန်ဖြင့် ရပ်ကြည့်နေသည် ။
ထိုလူငယ်နောက်တွင် အိမ်တော်ထိန်းနှင့်တူသော သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရပ်နေ၏ ။ အမြင်ဖြင့်ပင် ချမ်းသာသော မိသားစုကမှန်း သိနိုင်ပေသည် ။
" ငါတို့ကို ပြောနေတာလား.."
ဟောက်ရန်က မသေချာသဖြင့် မေးကြည့်လိုက်သည် ။
" ဒါပေါ့.. ငါက ဘယ်သူ့ကိုပြောရမှာလဲ.."
လူငယ်လေးက မာနကြီးစွာဖြင့်..
" ငါ့အချိန်တွေက အရမ်းအဖိုးတန်တယ်.. ယွမ် တစ်ထောင်ယူပြီး တစ်ခုခု သွားဝယ်စားလိုက်.. ငါ့ကို နေရာဖယ်ပေး.. "
" ချမ်းသာတာ လာကြွားနေတာလား.."
ဟောက်ရန် ဆွံ့အ သွားသည် ။ နောက်ဆုံး သူ၏ ပြိုင်ဘက်ကို မြင်လိုက်ရလေပြီ ။
" အကိုမို့.. ငါရှင်းလိုက်မယ်.. ဒီသောက်ကလေးကို သင်ပေးရမယ်.. "
ဟောက်ရန်က လင်းမို့အား ဆွဲဖယ်၍ လက်နှစ်ဖက်ကို ခေါက်တင်ကာ ပြန်ဖြဲရန် ပြင်လိုက်သည် ။
သို့သော်လည်း...
" ကောင်လေး.. မင်း ဘေးဖယ်ပေးအုံး.. လမ်းပိတ်မထားနဲ့.. "
" ဘယ်ကောင်လဲကွ.."
လူငယ်လေးက သူထက်ပင် မာနကြီးနေသည့် အသံထွက်ပေါ်လာသဖြင့် ဒေါသထွက်သွားပြီး နောက်လှည့်ကြည့်လိုက်သည် ။
" ငါကလား.. "
ထိုလူက လူငယ်လေးအား ပြောသလိုလို လင်းမို့အား ပြောသလိုလိုနှင့်...
" ငါ နာမည်က ယဲ့ရီ.."
ဤရိုးရှင်းလှသောနာမည်က လူတိုင်းအား ထိတ်လန့်သွားစေသည် ။
" ယဲ့ရီလား.."
" သူက ယဲ့ရီလား.."
" စုစုပေါင်း ၄၄၉ မှတ်နဲ့ ပါရမီရှင်စာရင်း အဆင့် ၄ ယဲ့ရီလား.."
" ယဲ့ရီက ကျင့်ဒူမြို့ကမှလား.. သူဘာလို့ ချင်မူနဲ့ ကျင့်ဒူ တက္ကသိုလ်ကို မသွားဘဲ ကျန်းနန်တက္ကသိုလ်ကို ဘာလာလုပ်တာလဲ.. "
" ယဲ့ရီလား.."
လူငယ်လေး လန့်ဖြန့်သွား၏ ။ ထိပ်တန်းပါရမီရှင်တစ်ယောက်က သူ၏ ရှေ့တွင် ဝုန်းဆို ပေါ်လာမည်ဟု သူထင်မထားခဲ့ ။ သို့ပေသည့် သူဂရုမစိုက် ။
' ငါဟိုနှစ်ကောင်ကို ကြွားပြနေပင်မဲ့ ယဲ့ရီကအနားမှာဆိုတော့ ငါ ယဲ့ရီကို ကြွားလိုက်ရတာနဲ့အတူတူပဲ..'
ထိုသည်ကို တွေးမိသည်နှင့် လူငယ်လေးကျေနပ်သွား၏ ။
' မင်းဘယ်လောက်သန်မာသန်မာ ငါ့ကိုကြွားလို့ဆိုပြီး လာရိုက်လို့တော့ မရဘူးမှတ်လား..'