Chapters

နွေရာသီကျောင်းပိတ်ရက် ဘယ်ရောက်သွားလဲ ၃

Vol. 9 Ch. 128

နွေရာသီကျောင်းပိတ်ရက် ဘယ်ရောက်သွားလဲ ၃

Vol. 9 Ch. 128

~

" ငါ မင်းကို နောက်ထပ် မိတ်ဆက်ပေးမယ်.. "

ယဲ့ရီက လူငယ်လေးအားပြောလိုက်ပြီး လင်းမို့ကို ညွှန်ပြ၍...

" သူက ဟိုင်းချန်မြို့က လင်းမို့ ဆိုတာပဲ.."

" လင်းမို့လား.."

လင်းမို့က ယဲရီထက် ပို၍ပင် ကြောက်စရာကောင်းသည် ။ သုံးဘာသာဖြေပြီး အမှတ်ပြည့်ရထားသူဖြစ်သဖြင့် ယဲ့ရီက လင်းမို့နှင့်ယှဥ်လျှင် သာမန်လူတစ်ယောက်ဖြစ်သွား၏ ။

" လင်းမို့လား..."

" ရှီးးး..."

" သူက လင်းမို့လား.. ကြည့်ရတာသာမန်လူနဲ့ အတူတူပဲဟ.. ငါတို့လိုပဲ ခေါင်းတစ်လုံး လက်နှစ်ဖက်နဲ့.."

" သုံးဘာသာ အမှတ်ပြည့်ရထားတဲ့ လင်းမို့လား.. "

ယခုမှ လူငယ်လေး ထိတ်လန့်သွားခဲ့သည် ။ သူ ကျန်းနန်တက္ကသိုလ်သို့ ရောက်ခါစတွင်ပင် သားရဲလင်းအား စော်ကားမိချေပြီ ။ သူ လေးနှစ်လုံး မည်သို့ ရှင်သန်ရမည်နည်း ။ သူနေ့တိုင်း အရိုက်ခံနေရမည်လော ။ သူ ငိုချင်သော်လည်း မျက်ရည်မကျ ။ သူ ရိုးရိုးသားသား ကြွားရန် ကြိုးစားမိသော်လည်း သံပြားအား ကန်မိလိုက်လေပြီ ။

" သွားသွား.."

လင်းမို့က ငကြွားကောင်များနှင့် အချိန်ဖြုန်းနေမည်မဟုတ်ချေ ။

" ကျေးဇူးတင်ပါတယ် နတ်ဘုရားမို့.. ကျေးဇူးတင်ပါတယ် နတ်ဘုရားမို့.. "

လူငယ်လေးက ကြားဖူးသမျှထဲတွင် အချိုမြိန်ဆုံး အသံဟုပင် ထင်မိလိုက်ပြီး ကျေးဇူးတင်စကားပြောပြီး ပြေးတော့သည် ။

" လင်းမို့..."

ယဲ့ရီက တည်ငြိမ်စွာဖြင့်...

" ငါစောင့်နေတာကြာပြီ.. နောက်ဆုံးတော့ မင်းရောက်လာပြီ.. "

ယဲ့ရီသည် လင်းမို့နှင့် စုံချင်၍ ကျန်းနန်တက္ကသိုလ်ကို လာခဲ့ခြင်းဖြစ်သည် ။ သူရှုံးနိမ့်ခဲ့ရသည်ကို မကျေနပ် ။ ပြန်လည် ယှဥ်ပြိုင်ရန် ဆုံးဖြတ်ထားသည် ။

" လင်းမို့.. မင်းရဲ့ ပါရမီက အရမ်းကောင်းတာကို ငါလက်ခံတယ်.. "

ယဲ့ရီက...

" ဒါပင်မဲ့ သိုင်းလမ်းစဥ်ဆိုတာ အချိန်အကြာကြီး လျောက်ရမှာ.. ခု မင်းငါ့ထက် သာနေတယ် ဆိုပင်မယ့် အမြဲသာနေမယ်လို့ ပြောမရဘူး.. ခု တူညီတဲ့ အခြေအနေနဲ့ တူညီတဲ့ ပတ်ဝန်းကျင်မှာ ငါမင်းကို အနိုင်ယူပြမယ်.. "

ယဲ့ရီက ရောက် ရောက်ခြင်းပင် လင်းမို့အား စိန်ခေါ်နေချေပြီ ။ ပတ်ဝန်းကျင်ရှိ ကျောင်းသားများ စိတ်လှုပ်ရှား သွားကြ၏ ။

" စစ်ကြေညာနေပြီလား.."

" ယဲ့ရီက လင်းမို့ကို လိုက်ယှဥ်နေတာ.."

" လင်းမို့ လက်ခံရဲလောက်လား.."

" လင်းမို့က တစ်ခုထဲ ကွက်ပြီးထူးချွန်တာ.. ယဲ့ရီက စွယ်စုံပါရမီရှင် .. အနာဂတ်မှာ ဘယ်သူက ပိုသန်မာလာမှာလဲ ဆိုတာ ပြောရခက်တယ်.."

" လေးနှစ်လုံး ငါတို့ ပွဲကြည့်ရတာပေါ့.. ထိပ်တန်း ပါရမီရှင်နှစ်ယောက်ရဲ့ ပြိုင်ပွဲက စိတ်လှုပ်ရှားစရာပဲ.. "

လူတိုင်း ယဲ့ရီနှင့် လင်းမို့အား ကြည့်နေကြသည် ။

' ဒီငတုံးကောင်က .."

လင်းမို့ ဆွံ့အသွားသည် ။ သူနှင့် လာပြိုင်ရန် ကျင့်ဒူမြို့မှ ကျန်းနန်သို့ ကျောင်းလာတက်နေသည်လော ။ နိုင်လျှင်လည်း ဘာမှ ရမည်မဟုတ် ။

' ဒီကောင်က အရှက်ကွဲချင်လို့ ငါ့ကိုလာရှာနေတာလား.."

သို့သော်လည်း လင်းမို့သည် ယဲ့ရီရောက်လာခြင်းအား သဘောကျပေသည် ။ ယဲ့ရီက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်၏ ။ သူနှင့် ယှဥ်ပြိုင်နိုင်ရန် ယဲ့ရီက သေချာပေါက် အသေအလဲ ကြိုးစားပေလိမ့်မည် ။ သူ၏ အနာဂတ် အမှတ်အိတ်ကြီးပင် ။ သူ ဝမ်းပန်းတသာဖြင့် ကြိုဆိုရပေမည် ။

" ယဲ့ရီ.. "

လင်းမို့က ရိုးသားဖြောင့်မတ်ဟန် အပြည့်ဖြင့်...

" ကျန်းနန် တက္ကသိုလ်ကနေ ကြိုဆိုပါတယ်.. "

လင်းမို့ ပြောလိုက်သည့် စကားက တခြားသူများအမြင်တွင် စိန်ခေါ်မှုကို လက်ခံလိုက်သလို ဖြစ်နေသည် ။

" လင်းမို့က ယဲ့ရီစိန်ခေါ်တာကို လက်ခံလိုက်ပြီ.. "

" ထိပ်တန်း ပါရမီရှင်နှစ်ယောက်ရဲ့ တိုက်ပွဲက ငါတို့ကျန်းနန် တက္ကသိုလ်မှာ စပြီဟေ့.."

" ခုမှ ပထမဆုံးနေ့ရှိသေးတယ် သူတို့နှစ်ယောက်က တည်နေကြပြီ နောက်ဆုံး ဘယ်သူနိုင်မလဲ မသိဘူး.."

" အကိုမို့ အဲ့ကောင်ကို ဆော်ပစ်.. "

ဟောက်ရန်ကပါ ဘုမသိဘမသိ ဝင်ထောက်ခံ၏ ။

" အဲ.."

လင်းမို့သည် ထိုသည်မှ သူပြောသည့်စကားကို နားလည်မှု လွဲသွားကြကြောင်း သိလိုက်သည် ။ သို့သော် သူရှင်းမပြတော့ ။ ယဲ့ရီ၏ ကြိုးစားမှုကို ပို၍ လှုံ့ဆော်ပေးနိုင်လျှင် ပိုကောင်းသည် ။ သူ ယဲ့ရီအတွက် တွေးပေးရပေမည် ။ သူ၏ အမှတ်အိတ်ကြီးကို နောက်ပိုင်းတွင် သေချာဂရုစိုက်ပေးရမည် ။

ထိုအချိန်တွင် လက်သီးပြင်းအားစမ်းသပ်ရန် လင်းမို့၏ အလှည့်ရောက်သွားသည် ။

လင်းမို့က သူ၏ အမှတ်အိတ်ရီအား တစ်ချက်ကြည့်လိုက်ပြီး..

' ငါ့ဆဲလ်ခွန်အားကိုမြင်ပြီး မင်းသေချာပိုကြိုးစားမယ်လို့ ငါ​ မျှော်လင့်ပါတယ်.. "