လမ်းညွှန်မှုတိုက်ပွဲ
Vol. 9 Ch. 129
~
လက်သီးပြင်းအား စမ်းသပ်ခြင်းက တက္ကသိုလ်များ၏ ဓလေ့တစ်ခုဖြစ်သည် ။
လက်သီးပြင်းအား ရလဒ်များကိုပြန်လည် သုံးသပ်ရန်နှင့် ကျောင်းသားများ တစ်ပတ်အတွင်း တိုးတက်မှု ရှိမရှိ သိရှိစေရန်ဖြစ်သည် ။
တစ်ပတ်အတွင်း သိသိသာသာ တိုးတက်လာပါက ပါရမီ ရှိပြီး လုံ့လစိုက်ထုတ်၍ ကြိုးစားသူဟု ကောက်ချက်ချနိုင်ပေသည် ။
တိုးတက်မလာပါက ပျင်းရိသူတစ်ယောက်ဟု သတ်မှတ်မည်ဖြစ်သည် ။
တိုးတက်လာသူများကို တက္ကသိုလ်ဆရာများက ပိုမို ဦးစားပေးလေ့ရှိသည် ။
" လင်းမို့ရဲ့ လက်သီးပြင်းအား တိုးလာလောက်လား.."
" အဲ့တာ အရမ်းခက်တယ်မဟုတ်ဘူးလား.. အချိန်တိုအတွင်းတိုးတက်ဖို့လွယ်တာ မဟုတ်ဘူး.."
" ဟုတ်တယ် စာမေးပွဲတုန်းက သူ့လက်သီးပြင်းအားက အရမ်းများနေပြီ.. နောက်ထပ် တိုးတက်ဖို့ လွယ်မှာမဟုတ်ဘူး.. "
" လင်းမို့ တိုးတက်လာလား မလာလားက အရေးမကြီးဘူး သူ့ကို ကျောင်းက ဘိုးဘေးကြီးလို ဆက်ဆံလိမ့်မယ်.. "
အနားရှိ ဆရာနှင့် ကျောင်းသားများက လင်းမို့၏ လက်သီးပြင်းအား တိုးတက်လာမည်ဟု ထင်မထားပေ ။ တိုးတက်လာလျှင်ပင် အနည်းငယ်မျှသာ ဖြစ်ပေလိမ့်မည် ။
သူတို့မနာလို၍ တွေးချင်းမဟုတ် ။ တိုးတက်ရန် အမှန်ပင် ခက်ခဲလှသည် ။
" အကိုမို့ အရင်ရက်တွေတုန်းက မလေ့ကျင့်ဘူး.."
ဟောက်ရန် စိတ်ထဲမှ ညီးတွားလိုက်၏ ။ အရင်ရက်များအတွင်း ဟောက်ရန်က လင်းမို့နှင့် အချိန်ပြည့်နီးပါး အတူရှိခဲ့သည် ။ အိမ်ပြောင်းရန် အလုပ်များနေသဖြင့် လေ့ကျင့်ရန် အချိန်မရခဲ့ပေ ။ မလေ့ကျင့်လျှင် လက်သီးပြင်းအားက မည်သို့ တိုးတက်နိုင်ပါမည်နည်း ။
' ဆဲလ်တွေကို လှုံ့ဆော်ဖို့ မြေဆွဲအားအခန်း မသုံးရင် လင်းမို့က သိပ်မတိုးလာလောက်ဘူး...'
ယဲ့ရီက တွေးလိုက်၏ ။
' တိုးတက်ဖို့ ခက်ခဲ့ပင်မဲ့ ဒီရက်တွေထဲ ငါကြိုးကြိုးစားစား လေ့ကျင့်လိုက်တာ ၅ ကီလိုတောင်တိုးလာတယ်.. ငါ့ လက်သီးပြင်းအားက နိမ့်သေးပင်မဲ့ လင်းမို့နဲ့ ငါ့ကြား ကွာဟချက်တော့ လျော့သွားပြီ..'
သူဆက်ကြိုးစားသရွေ့ လင်းမို့ကို ကျော်တက်နိုင်မည်ဟု သူယုံကြည်သည် ။
လူများအားလုံး၏ အကြည့်အောက်တွင် လင်းမို့က လက်ကို ရှေ့ထုတ်ပေးလိုက်၏ ။
အသက်သုံးဆယ်ကျော်ခန့် ဆံပင်ရှည်နှင့် ဆရာမက စက်လက်တံကို ထိန်းချုပ်၍ လင်းမို့ကို စမ်းသပ်လိုက်သည် ။
ထိပ်တန်း တက္ကသိုလ်ဖြစ်သဖြင့် စမ်းသပ်သည့်စက်က စာမေးပွဲတွင် သုံးသည့်စက်ထက် အဆင့်ပိုမြင့်ပေသည် ။ ကြာချိန်တို၍ တိကျမှုပို၏ ။ မျက်စိတမှိတ်အတွင်းမှာပင် လင်းမို့၏ ရလဒ် ထွက်ပေါ်လာသည် ။
" လင်းမို့.. ဆဲလ်ခွန်အား ၃၂၂၆.၁၂ ကီလို.. "
ပတ်ဝန်းကျင်ရှိ လေများပင် အေးခဲသွားပုံရ၏ ။ အားလုံးတိတ်ဆိတ်သွားကြသည် ။
' ၃၂၂၆.၁၂ ကီလို.. '
စာမေးပွဲပြီးနောက် ကီလို ၂၀၀ ကျော်တိုးလာခဲ့သည် ။ လက်သီးပြင်းအားတိုးတက်ရန် ခက်ခဲသည်ဟု မည်သူပြောသနည်း ။ လင်းမို့က ခြေတလှမ်းတင်မဟုတ်ဘဲ ကွင်းတစ်ပတ် ပြေးပြီးနေလေသည် ။
" အ....အကိုမို့..."
ဟောက်ရန်က လင်းမို့၏ လက်သီးပြင်းအားကိုမြင်လျှင် သူ့ဘဝသူ သံသရဝင်သွားသည် ။ သူမနာလို၍ မဟုတ် ။ အတူတကွ ပျင်းရိနေပါသော်လည်း မည်သို့မည်ပုံ တိုးတက်သွားမှန်းကို သူနားမလည်တော့ ။ သူတိုးတက်မလာသော်လည်း လင်းမို့က လက်သီးပြင်းအား ကီလို၂၀၀ ကျော် တိုးလာခဲ့သည် ။
' ငါဘယ်နေရာမှာ မှားနေလို့လဲ.. '
' အကိုမို့က ညမအိပ်ဘဲ ခိုးလေ့ကျင့်နေတာများလား.. '
ဟောက်ရန်က သံသရ ဝင်သွား၏ ။
' နေ့ခင်းဘက်မှာ ငါ့ကို ပျင်းဖို့ မြူဆွယ်ပြီး မင်းက ညကျမှ ခိုးလေ့ကျင့်နေတာလား..'
ယဲ့ရီက ပို၍ပင် အံ့အားသင့်နေ၏ ။ သူ လင်းမို့၏ တိုးတက်နိုင်စွမ်းကို နားမလည်နိုင်တော့ ။
" မဖြစ်နိုင်ဘူး.."
ယဲ့ရီ အာမေဍိတ်သံ ထွက်သွား၏ ။ သူ၏ နားလည်မှုအရ ဒါလုံးဝမဖြစ်နိုင်ချေ ။ သူ လင်းမို့နှင့် နီးကပ်လာပြီဟု ထင်နေခဲ့သော်လည်း သူ့အား စောင့်ကန်ထားခဲ့လေပြီ ။ သူမည်သို့ လိုက်ရပါမည်နည်း ။
ယဲ့ရီက ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည် ။
' သူ မြေဆွဲအားအခန်းကို တရားမဝင် သုံးခဲ့တာသေချာတယ်.. '
မြေဆွဲအားအခန်းကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး အသုံးပြုရန် စောင့်ဆိုင်းနေသူများမှာ တန်းစီနေသည် ။ ထို့ကြောင့် အသုံးပြုရန်တော့ မလွယ်ကူလှ ။ တက္ကသိုလ်များတွင်သာ ပေါပေါများများရှိခြင်းဖြစ်သည် ။
' ဒါပင်မယ့် မြေဆွဲအားအခန်းသုံးရင်တောင် ကီလို ၂၀၀ ကျော်က လွန်လွန်ကျူးကျူးပဲ..'
ယဲ့ရီက သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်လျှင်..
' ငါ မြေဆွဲအားအခန်းသုံးရင်တောင် ကီလို၅၀ တောင်တိုးပါ့မလား..'
' သူက လူမှ ဟုတ်ရဲ့လား..'
ယဲ့ရီက လင်းမို့အား ထိတ်လန့်စွာ ကြည့်လိုက်မိ၏ ။
" ဟင်း..."
လင်းမို့က သက်ပြင်းချလိုက်သည် ။
' ဒီတစ်ပတ်က နည်းနည်းလေးပဲ တိုးလာတယ်.. '
လင်းမို့၏ အမြင်တွင် ဤမျှနည်းပါးသည့် တိုးနှုန်းနှင့် သူမည်သို့ဆက်လက် အသက်ရှင်ရမည်ကို မသိတော့ချေ ။
Chapter 130
~