လမ်းညွှန်မှု တိုက်ပွဲ ၂ ~
Vol. 9 Ch. 130
ကံကောင်းသည်က ယခု ကျန်းနန်တက္ကသိုလ်တွင် ရောက်ရှိနေပြီဖြစ်၍ တက်ကြွအညွှန်းကိန်း ပြန်လည်မြင့်မားလာခဲ့သည် ။ လင်းမို့၏ ဘဝက ပြန်၍ စိုပြေလာ၏ ။
'' ဒီတစ်ပတ် နည်းနည်းလေးပဲ တိုးလာတယ်.."
အခြားသူများက လင်းမို့အား ကြွားပြောနေသည်ဟု ထင်ကြလိမ့်မည် ။
လင်းမို့က လျော့ပြောနေခြင်းသာ ။
' ဘာဖြစ်နေတာလဲ..'
စမ်းသပ်ပေးနေသည့် ဆရာမက ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည် ။
စမ်းသပ်နေသော လင်းမို့၏ ဆဲလ်ခွန်အားက စက္ကန့်တိုင်းတွင် တိုးနေသည် ။
၃၂၂၆.၁၃ ကီလို...
၃၂၂၆.၁၅ ကီလို...
၃၂၂၆.၁၆ ကီလို...
' ဘာလဲဟ..'
သူမ ရှုပ်ထွေးသွား၏ ။ ရလဒ်များက ဆက်တိုက်ပြောင်းလဲနေခဲ့သည် ။ ဤသည်ကို သူမ မမြင်ဘူး ။
သူမက လင်းမို့တစ်ခုခု လုပ်နေသည်ဟုသာ ထင်လိုက်ပြီး တိုးတိုးလေး ဆူလိုက်၏ ။
" ဟဲ့ နောက်မနေနဲ့.."
' မနောက်ရဘူးလား..'
လင်းမို့လည်း ရှုပ်ထွေးသွား၏ ။ သူလက်သီးပြင်းအား စမ်းသပ်နေခြင်းဖြစ်ပြီး ဘာမှ မလုပ်မိ ။ သို့သော် သူနားလည်သွားသည် ။
' ငါ့ လက်သီးပြင်းအားက ဆက်တိုက်တိုးနေလို့ထင်တယ်.. "
ယခု သူ၏ တက်ကြွအညွှန်းကိန်းမှာ ၃၀၀ ဖြစ်သည် ။ လက်သီးပြင်းအားတိုးနှုန်းက တစ်နာရီလျှင် ၆၀ ကီလို ဖြစ်ပြီး တစ်မိနှစ်လျှင် ၁ ကီလိုဖြစ်သည် ။ တစ်စက္ကန့်တွင် ၁၆.၆၆၆ တိုးတက်နေသဖြင့် စမ်းသပ်နေသည့်စက်တွင် ဂဏန်းများ ဆက်တိုက်ပြောင်းလဲနေခြင်းပင် ။
' လက်သီးပြင်းအားတိုးနှုန်းက သိပ်မမြန်သေးဘူး.. '
လင်းမို့က စက်ကို ကြည့်၍ တွေးလိုက်မိသည် ။
' စက်က မိုက်သားပဲ .. ငါတိုးတက်နေတာကို ချက်ချင်းပြနိုင်တယ်.. ကံကောင်းတာ စာမေးပွဲဖြေတုန်းက ဒီလိုစက်မျိုး မဟုတ်လို့.. ငါ့တိုးတက်နှုန်းကို မြင်ရင် အကုန်လန့်သေကုန်လိမ့်မယ်.. "
လင်းမို့က ဆရာမကို ရှင်းပြမနေတော့ဘဲ လက်ကို ပြန်ဆွဲထုတ်လိုက်သည် ။
" လင်းမို့..."
ယဲ့ရီ၏ မျက်လုံးများက ခိုင်မာသည့် ဆုံးဖြတ်ချက် ပေါ်လွင်နေပြီး...
" မင်းရဲ့ ခန္ဓာကိုယ်ပါရမီက ကြောင်းစရာကောင်းတယ်.. တစ်ပတ်ထဲနဲ့ ကီလို ၂၀၀ တောင် တိုးလာနိုင်တယ် .. ဒါပင်မဲ့ ငါ ယဲ့ရီ ကျန်းနန်တက္ကသိုလ်ကို မင်းကို အနိုင်ယူဖို့ လာခဲ့တာ.. "
ယဲ့ရီ၏ ခန္ဓာကိုယ်က တိုက်ပွဲခေါ်သံ အော်ရာ များ တဟုန်းဟုန်း ထလာပြီး...
" မင်းက ကောင်းကင်ကို အံတုနိုင်တယ့် ခန္ဓာကိုယ်ပါရမီကြောင့် အနိုင်ရခဲ့တာ.. ငါကတော့ ပြီးပြည့်စုံလို့ ငါနိုင်မှာ.. "
ယဲ့ရီက ယုံကြည်ချက်အပြည့်ဖြင့်...
" ယုန်နဲ့ လိပ်အပြေးပြိုင်သလိုပဲ မင်းအခု ရှေ့က ဦးဆောင်နေပင်မယ့် ငါ နောက်ကြရင် မင်းကို သေချာပေါက် ကျော်တက်ပြမယ်.. "
ယဲ့ရီက စိန်ခေါ်လိုက်သည် ။
လင်းမို့သည် တစ်ဖက်လူက စကားအများကြီး ပြောလိုက်သည်ကို ကြားသော်လည်း နားမလည်ချေ ။
' မင်းက ပြီးပြည့်စုံတာလား..'
လင်းမို့က ယဲ့ရီအား ထူးဆန်းဟန်ဖြင့် ကြည့်လိုက်၏ ။
' ငါက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အလယ်ဆင့်..'
' လက်သီးပြင်းအား ကီလို ၃၀၀၀ ကျော်.. '
' စိတ်ထိန်းချုပ်သူ အဆင့် ၄.. '
' စိတ်စွမ်းအားရှင် အဆင့် ၁ ပင်မဲ့ သိပ်မကြာခင် အဆင့် ၄ ရောက်မယ်ထင်တယ်.. '
' မင်းငါ့ထက် ပြည့်စုံချင်သေးတာလား..'
' ထားလိုက်ပါ.. ငါကမျှော်စင် ပေါ်မှာ သူ့ခေါင်းပေါ် တက်ထိုင်နေတဲ့ Black Earth မှန်းမှ သူမသိတာ.. '
လင်းမို့က တိတ်တဆိတ်ခေါင်းယမ်းလိုက်ပြီး ဘာမှ ပြန်မပြော ။ သူထုတ်ပြောမိပါက အမှတ်အိတ်ကြီး ငိုယို၍ ထွက်ပြေးပေလိမ့်မည် ။
ယဲ့ရီအား ကြိုးစားလိုစိတ်အပြည့်ဖြင့် ထားလိုက်သည်က ပိုကောင်း၏ ။
ထိုအချိန်တွင် လီကျားရွှမ်က အော်ရင်းပြေးလာသည် ။
" ညီလေးလင်း.. ညီလေးဟောက်ရန်.. "
သူ ကျောင်းဂိတ်ဝတွင် စောင့်နေသော်လည်း မည်သို့မည်ပုံ လွဲသွားသည်မသိလိုက် ။ ဤနေရာတွင် စုရုံးစုရုံး ဖြစ်နေ၍ သူပြေးလာခြင်းဖြစ်သည် ။
" အကိုလီ.."
ဟောက်ရန်က စိတ်လှုပ်ရှား စွာဖြင့် အော်လိုက်သည် ။
" မင်းတို့ဘာလို့ ကြာနေတာလဲ.. ငါစောင့်နေတာ နေ့တဝက်တောင်ရှိပြီကွ.. "
လီကျားရွှမ်က မကျေမနပ်ဖြင့် ပြောလိုက်ပြီး...
" မြန်မြန်လုပ်.. ဝင်ခွင့်ကိစ္စတွေ ငါကူလုပ်ပေးမယ်.. ပြီးရင် ငါ့နောက်လိုက်ခဲ့ နတ်ပြည်ကို သွားမယ်.."
" နတ်ပြည်လား.. "
လင်းမို့နှင့် ဟောက်ရန် ရှုပ်ထွေးသွားသည် ။
" ဓားကြီးကစားဖို့ပေါ့ဟ.. "
လီကျားရွှမ်က အကျယ်ကြီးအော်ပြောလိုက်၏ ။ သူ မရှက် ။
" ငါ အရင်ထဲက ပြောတယ်လေ.. မင်းတို့ ကျန်းနန်ကို ရောက်လာရင် ငါအားလုံးစီစဥ်ထားမယ်ဆိုတာ.. ခု အားလုံးပြင်ပြီးသွားပြီ.. ငါ့နောက်လိုက်ခဲ့ရုံပဲ.."
လီကျားရွှမ်က ပြောပြီးသည်နှင့် လင်းမို့နှင့် ဟောက်ရန်၏ စာရွက်စာတမ်းများကို ကူ၍ ဖြည့်ပေးလိုက်သည် ။
တစ်နာရီကြာပြီးနောက်...
ကျောင်းပေါက်ဝသို့ ယီမို ရောက်လာ၏ ။ သူမ ကျန်းနန်တက္ကသိုလ်သို့ ရောက်လာရခြင်းမှာ လင်းမို့ကြောင့်မဟုတ် ။ ကျန်းနန်တက္ကသိုလ်က စိတ်ပညာရှင်များ၏ ဘူမိနက်သန် ဖြစ်သည် ။
' လင်းမို့က သတင်းပို့ပြီး သွားပြီလား..'
ယီမို အခြားသတင်းများကို ကြားလိုက်ရသည် ။
' လင်းမို့ကို လီကျားရွှမ်က ဓားကြီးကစားဖို့ ဆွဲခေါ်သွားတာလား..'
သူမ၏ နှုတ်ခမ်းထောင့်များ တုန်ရီသွား၏ ။ သူမ၏ ဝမ်းကွဲအကိုဖြစ်သူမှာ ရာဇဝတ်မှု မှတ်တမ်းရှိသော လူဆိုးတစ်ကောင်ဖြစ်သည် ။ လင်းမို့ လမ်းမှားရောက်သွားနိုင်ပေသည် ။