လမ်းညွှန်မှု တိုက်ပွဲ ၃ ~
Vol. 9 Ch. 131
ယောကျ်ားအများစုက ဤသို့သော စမ်းသပ်မှုကို တောင်မခံနိုင်ကြ ။
' ငါ မျှော်လင့်တယ် လင်းမို့....'
ယီမို ဆက်မစဥ်းစားရဲတော့ဘဲ ခေါင်းယမ်းလိုက်မိသည် ။
' ဖီ.ဖီ.ဖီ. လင်းမို့ လုပ်တာ ငါနဲ့ ဘာဆိုင်လို့လဲ..'
ညနက်လာပြီဖြစ်၍ လရောင်က ပြတင်းပေါက်မှ ဖြာဆင်းကျနေသည် ။
ကျန်းနန် တက္ကသိုလ် ကျောင်းအုပ်ရုံးခန်း...
ထူပင်းချမ် တစ်ယောက် တနေကုန် စောင့်ဆိုင်းနေခဲ့သည် ။
" ရှောင်ဟယ်.. "
ထူပင်းချမ် အော်လိုက်သည်နှင့် ဟယ်ရှင်း က ပြေးဝင်လာ၏ ။
" လင်းမို့ ရောက်နေပြီလား.."
ထူပင်းချမ်က ရုံးခန်းအတွင်း တနေကုန် ထိုင်စောင့်နေခဲ့ရသည် ။
" သူ သတင်းပို့ပြီးတာနဲ့ ငါဆီ လွှတ်လိုက်ပါဆို.. "
" သူ ရောက်တော့ရောက်လာတယ်.. "
ဟယ်ရှင်းက အမြန်ဖြေရှင်းချက်ပေးသည် ။
" သူ သတင်းပို့ပြီးတာနဲ့ အပြင်ကို ပြန်ထွက်သွားတာ.. "
" သူထွက်သွားတာလား.."
ထူပင်းချမ် ရှုပ်ထွေးသွား၏ ။
" သူဘယ်ကိုသွားလဲ ရှာကြည့်စမ်း.. ဒီလောက်ကြာနေတာတောင် ပြန်မလာသေးဘူး.. "
" ဟုတ်ကဲ့ပါဆရာ.."
ဟယ်ရှင်းက သူမ၏ အဆက်အသွယ်များကို မေးကြည့်လိုက်သည် ။ သူမ၏ အမူအရာက ထူးဆန်းသထက် ထူးဆန်းလာ၏ ။
" ဘာဖြစ်လို့တုန်း.."
ထူပင်းချမ် သတိထားမိသွားသည် ။
" သူတို့ပြောတာတော့.. လီကျားရွှမ်က လင်းမို့ကို ဓားကြီးကစားဖို့ ခေါ်သွားတယ်တဲ့.. "
" ဘာပြောလိုက်တယ်.. "
ထူပင်းချမ် ဆွံ့အနေ၏ ။ ကျောင်းအုပ်ကြီး တဖြစ်လဲ မဟာသခင်ခန်းမ မှ သိုင်းမဟာသခင် အဆင့် ကျွမ်းကျင်သူက စောင့်ဆိုင်းနေသည်ကို ပလစ်၍ ဓားကြီးကစားရန် ပြေးသွားခဲ့သည် ။ ဤသည်က လူသားတစ်ယောက် လုပ်သင့်သည့် အရာလော ။ လူသားတစ်ယောက် အနေဖြင့် လုပ်နိုင်သည့် အရာလော ။ ထူပင်းချမ် သွေးအန်မတက် ဖြစ်သွားသည် ။
" စည်းကမ်းမရှိတဲ့ကောင်တွေ.. စည်းကမ်းမရှိတဲ့ကောင်တွေ.."
ထူပင်းချမ်က ယနေ့ တည်တည်ငြိမ်ငြိမ်နေရန် ဆုံးဖြတ်ထားသော်လည်း သူ၏ ဒေါသကို ထိန်းမထားနိုင်တော့ ။
" ဆရာ.. ကျွန်မ သူတို့ကို သွားဖမ်းလိုက်ရမလား.."
" မလိုဘူး.."
ထူပင်းချမ်က လက်ယမ်းလိုက်ပြီး...
" မှုခင်းနှိမ်နင်းရေး အဖွဲ့ကို တိုင်စာပို့လိုက်.. "
နှစ်ပေါင်းများစွာ ကျောင်းအုပ်လုပ်လာသူဖြစ်၍ မည်သို့ကိုင်တွယ်ရမည်ကို သိပေသည် ။
" အာ.. ဟုတ်ကဲ့ပါရှင့်.."
ဟယ်ရှင်းက ခဏအံ့သြသွားပြီး ပြန်ဖြေလိုက်သည် ။
သူမ တိုင်ကြားရန် သူမ၏ နေရာသို့ ပြန်သွားရန် ပြင်လိုက်စဥ်...
" ရှောင်ဟယ် .. ဒီနှစ် လမ်းညွှန်တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ.. "
လမ်းညွှန်တိုက်ပွဲသည် ကျန်းနန်တက္ကသိုလ်မှ နှစ်စဥ်ပြုလုပ်သော ပြိုင်ပွဲတစ်ခုဖြစ်သည် ။
ပုံမှန်အားဖြင့် ပထမလတွင် တစ်နှစ်ကြီးသူ ကျောင်းသားများက တစ်နှစ်ငယ်သူ ကျောင်းသားများနှင့် တိုက်ခိုက်ရမည်ဖြစ်သည် ။
လမ်းညွှန်တိုက်ပွဲ ၏ ရည်ရွယ်ချက်မှာ ပထမနှစ်ကျောင်းသားများအား မာနလျော့နည်းသွားစေရန်နှင့် ပို၍ကြိုးစားစေရန်ပင် ။
ကျန်းနန်တက္ကသိုလ်၏ သက်တမ်းတလျောက် လမ်းညွှန်တိုက်ပွဲ၏ အကျိုးသက်ရောက်မှုက ထိရောက်လှသည် ။ ကျောင်းသားသစ်များက စစခြင်းတွင် မာနကြီးနေနိုင်ကြသော်လည်း လမ်းညွှန်တိုက်ပွဲ ပြီးလျှင် သူတို့နှင့် စီနီယာများကြားတွင် မည်မျှ ကွာခြားနေမှန်း သိသွားကြပြီး ပိုကြိုးစားကြတော့သည် ။ သိုင်းလမ်းစဥ် လျောက်လှမ်းရာတွင် မာနကြီးခြင်းက အဟန့်အတားဖြစ်တက်သည် ။
" ကျွန်မ အားလုံး စီစဥ် ပြီးပါပြီ.."
ဟယ်ရှင်းက ပြောလိုက်၏ ။ ဤကိစ္စကို သူမ တာဝန်ယူထားခြင်းဖြစ်သည် ။
" ဒါပင်မဲ့.."
ဟယ်ရှင်းက ခဏစဥ်းစားလိုက်ပြီး...
" ဒီနှစ် ကျောင်းသားတွေထဲမှာ တခြားသူတွေက သာမန်ပဲ.. ယန်ယီမိုနဲ့ ယဲ့ရီက သန်မာပင်မဲ့ အကန့်အသတ်ထဲမှာပဲ ရှိသေးတယ်.. ဒါပင်မယ့် လင်းမို့ရဲ့ လက်သီးပြင်းအားက ကီလို ၃၀၀၀ ကျော်နေတယ်.. သူရဲ့ လက်သီးပြင်းအားက ဒုတိယနှစ်အဆင့်ရောက်နေပြီ.. သူ့ကို တတိယနှစ်တွေနဲ့ တိုက်ခိုင်းရမလား.."
" မလိုပါဘူး..."
ထူပင်းချမ်က နှစ်ခါစဥ်းစားမနေဘဲ...
" သူမှာ လက်သီးပြင်းအားပဲ ရှိတာ.. သူ့ထက်သန်မာတဲ့ ဒုတိယနှစ်တွေ အများကြီး.. "
ထိုအချိန်တွင် ထူပင်းချမ်က ပြုံးလိုက်ပြီး...
" တိုက်ပွဲပြီးရင် လင်းမို့ လိမ္မာ သွားလိမ့်မယ်.."
" ဟုတ်ကဲ့ပါရှင့်.. အဲ့တာဆို ကျွန်မ လမ်းညွှန်တိုက်ပွဲကို အရင်အစီအစဥ်အတိုင်း ဆက်လုပ်လိုက်ပါမယ်.. "
ဟယ်ရှင်းက ထူပင်းချမ်ပြောထားသည်ကို မမေ့...
" ပြီးတော့ မှုခင်းနှိမ်နင်းရေး အဖွဲ့ကိုလဲ ခုအကြောင်းကြားလိုက်ပါမယ်.. "