← Chapters

ဖြောင့်မတ်သောသူ ~

Vol. 9 Ch. 132

ဖြောင့်မတ်သောသူ ~

Vol. 9 Ch. 132

ညအချိန် ၊ ကျန်းနန်မြို့ရှိ ဇိမ်ခံဟိုတယ်တခုတွင်...

မီးမှိန်မှိန် ထွန်းထားကာ စိတ်ကိုကြည်နူးစေမည့်ပုံစံ အလှဆင်ထားသော ဇိမ်ခံ အခန်း...

လင်းမို့သည် ဧည့်ခန်းတွင် ထိုင်ရင်း လက်ဖက်ရည်ကို ဇိမ်ခံသောက်ကာ ကျောင်းသားအသစ်များအတွက် လမ်းညွှန်စာအုပ်ကို ဖတ်နေသည် ။

ပျင်းရိခြင်းဟူသည် စွမ်းရည်တစ်ခုပင် ။

လင်းမို့ ပတ်ဝန်းကျင်အသစ်တစ်ခုသို့ ရောက်သည်နှင့် အကုန်နားလည်နိုင်အောင် လေ့လာနေရသည် ။ ပတ်ဝန်းကျင်ကို နားလည်မှ ပျင်းရိရန် ဗျူဟာများ ထုတ်နိုင်မည် ။

သို့သော်လည်း ကြိုးစားပမ်းစား လေ့လာနေသော လင်းမို့အား ဇိမ်ခံ အိပ်ရာပေါ်တွင် ရှိသော အမွှာညီအမ နှစ်ယောက်က ဆွံ့အစွာ ကြည့်နေကြသည် ။

သူတို့ အလုပ်လုပ်ရန် လာခြင်းဖြစ်သည် ။ ယခု ပိုက်ဆံယူထားပြီးဖြစ်သော်လည်း သူတို့အလုပ်ရှင်က စာထိုင်ဖတ်နေ၏ ။ သူတို့ ဘာဆက်လုပ်ရမည်နည်း ။

အမွှာများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည် ။

'' ဒီလို ထူးဆန်းတဲ့သူကို အခုမှ မြင်ဖူးတယ်..''

" ပြီးရင်တော့ .. အများကြီးပျော်စရာကောင်းတာတွေဖြစ်လာမှာလား.."

လင်းမို့​က စိတ်ပျက်နေ၏ ။

' လီကျားရွှမ်က... '

သူနှင့် ဟောက်ရန်တို့ ကျန်းနန်ကို ပထမဆုံးရောက်သည်ဖြစ်၍ သူ ဧည့်ခံရမည်ဟု ဆိုကာ အဝသောက်ခဲ့ကြသည် ။ သောက်ပြီးသောအခါ သူတို့ ဘယ်လိုငြင်းငြင်း လီကျားရွှမ်က ပြန်ခွင့်မပေးဘဲ ဟိုတယ်သို့ ဆွဲခေါ်လာခဲ့သည် ။

လီကျားရွှမ်၏ ကြင်နာမှုကို ငြင်းဆန်ရန် ခက်ခဲသဖြင့် ဤ သို့အခြေအနေမျိုး ရောက်နေရခြင်းဖြစ်သည် ။ ဟိုတယ်သို့ရောက်ပြီး သူအခန်းထဲသို့ ဝင်လိုက်သည်နှင့် လီကျားရွှမ် ပြင်ထားသော လက်ဆောင်ထုတ်ကြီးကို မြင်လိုက်ရသည် ။ အမွှာနှစ်ယောက်က ကုတင်ပေါ်တွင် အသင့်စောင့်နေလေ၏ ။

လင်းမို့ ဤသို့သော မြင်ကွင်းအား မမြင်ဘူးသဖြင့် လေးမိနစ်လောက် ကြက်သေသေသွားခဲ့သည် ။

' ငါက ဒီလိုကောင်လား..'

' ဒါ တက္ကသိုလ်ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့အရာလား.. '

' ငါ့ အသိပညာအရ ငါဒီလိုမျိုးတွေ မလုပ်ဘူးကွ.. '

သို့သော် လင်းမို့သည် တခြားသူများအား နှစ်သိမ့်မပေးတက် ။ သူချက်ချင်း ဧည့်ခန်းထဲ သွားထိုင်နေသည်က အမွှာညီမအား နာကျင်စေသည် ။

" ဘုန်း..."

တံခါးက ကန်ဖွင့်ခံလိုက်ရပြီး မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့များ ပြေးဝင်လာကြသည် ။

စာကို အာရုံစိုက်ဖတ်နေသော လင်းမို့ လန့်ဖြန့်သွား၏ ။

" တစ်ယောက်မှ မလှုပ်နဲ့.. "

" MAD ဌာန မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ တာဝန်ဆောင်ရွက်နေတယ် ပူးပေါင်းဆောင်ရွက်ပေးကြပါ.. "

" အားလုံး ကြမ်းပြင်ပေါ်မှောက်ပြီး လက်တွေ ခေါင်းပေါ်တင်ထား.. "

" တစ်ယောက်မှ မလှုပ်နဲ့.."

ဖြောင့်မတ်သူ လင်းမို့က အေးဆေးထိုင်ကြည့်နေလိုက်သည် ။

ပြေးဝင်လာသော အဖွဲ့က ကြောင်အအ ဖြစ်သွား၏ ။

" စာဖတ်နေတာလား.."

" ဘာမှ မလုပ်ဘဲ စာဖတ်နေတာလား.."

မှုခင်းနှိမ်နင်းရေး အဖွဲ့က စေ့စပ်သေချာလှသည် ။ တိုင်စာ ရရှိပြီးနောက် နာရီဝက်ခန့် သေချာစောင့်ကြည့်ပြီးမှ ဝင်ဖမ်းခြင်းဖြစ်သည် ။ လက်ပူးလက်ကြပ်မိမှ ဖမ်းဆီး၍ ရပေမည် ။ သို့သော် သူတို့က လင်းမို့ စာထိုင်ဖတ်နေမည်ကိုတော့ ထင်မထားမိ ။

လင်းမို့က ကျောင်းသားအသစ်များအတွက် လမ်းညွှန်စာအုပ်ကို အာရုံစိုက်၍ ထိုင်ဖတ်နေ၏ ။ သူတို့ ဘာဆက်လုပ်ရမည်နည်း ။ မှုခင်းနှိမ်နင်းရေး အဖွဲ့တစ်ခုလုံး ရှုပ်ထွေးသွားကြသည် ။

" ခင်ဗျားတို့..."

လင်းမို့သည် ဘာပြောရမှန်းမသိ ။ သူတစ်မှ မကြုံဘူး ။ ကံကောင်းသည်မှာ သူဘာမှ မလုပ်ထားသဖြင့် အပြစ်ကင်းပေသည် ။

" အဟမ်း.. စာဖတ်နေတာလား.."

ခေါင်းဆောင်က ကြောင်အအ မေးလိုက်၏ ။

" ဟုတ်တယ် ဟုတ်တယ်.. "

လင်းမို့က မှတ်ထားသော မှတ်စုများပါသည့် စာအုပ်ကို မြင်သာအောင် ထောင်ပြလိုက်သည် ။ သူမည်မျှ အလေးအနက်ထား၍ ဖတ်နေကြောင်း သိစေရန်ပင် ။

" အင်း အင်း.. အဲ့တာဆိုလည်း ဆက်ဖတ်လေ.. "

ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည် ။

ထိုအချိန်တွင် အသတ်ခံ ခါနီး ဝက်တစ်ကောင်လို အော်နေသော အသံကို ကြားလိုက်ရ၏ ။

" အကိုမို့.. အကိုမို့.. "

ဟောက်ရန်က နောင်တရစွာဖြင့် အော်ငိုနေလေသည် ။

" ဝူးဝူးဝူး.. ငါ့ကိုငါ မထိန်းနိုင်လိုက်ဘူး.."

လင်းမို့က အပြင်ထွက်ကြည့်လိုက်ရာ အဝတ်အစားဖရိုဖရဲဖြင့် ဟောက်ရန်နှင့် လီကျားရွှမ်ကို တွေ့လိုက်ရသည် ။

လီကျားရွှမ်သည်တော့ လုပ်နေကြဖြစ်သဖြင့် အပြစ်ပြောနေရန် မလိုအပ် ။

" ဟောက်ရန်.. "

လင်းမို့ အနည်းငယ် စိတ်ဓာတ်ကျသွားသည် ။

" ခုဘာဖြစ်သွားလဲ ကြည့်အုံး .. ဝင်ခွင့်နေ့ကတည်းက ဓားကြီးကစားပြီး အဖမ်းခံရတာ ငါမင်းအဖေကို ဘယ်လိုရှင်းပြရမှာလဲ.."

" အကိုမို့ အဖမ်းမခံရဘူးလား.."

ဟောက်ရန် အံ့အားသင့်သွားသည် ။

လီကျားရွှမ်လည်း အလွန်အံ့သြသွား၏ ။ သူတို့နှစ်ယောက် အဖမ်းခံလိုက်ရပါသော်လည်း မည်သည့်အတွက်ကြောင့် လင်းမို့က အေးဆေးဖြစ်နေပါသနည်း ။

" ငါက အထဲမှာ စာဖတ်နေတာလေ ဘာလို့အဖမ်းခံရမှာလဲ.. "

လင်းမို့က ပြန်ဖြေလိုက်သည် ။

ဟောင်ရန်... " ? ''

လီကျားရွှမ်... " ?? "

' စာဖတ်နေတာလား..'

' အမွှာညီမကို အခန်းထဲ ထည့်ပြီး စာထိုင်ဖတ်နေတာလား..'

" အကိုမို့ မင်းက စာဖတ်နေတာမဟုတ်ဘူး.. တိတ်တိတ်လေး လေ့ကျင့်နေတာ.. "

ဟောက်ရန်ကပြောရင်း ငိုတော့သည် ။

" ငါတို့ရလဒ်တွေ ဘာလို့ ကွာခြားသွားလဲဆိုတာ ငါသိပြီ.. မင်းက ခိုးပြီးလေ့ကျင့်နေတာပဲ.. "

ညီအကိုများ ဓားကြီးကစားရန် အတူထွက်လာစဥ် ခိုး၍လေ့ကျင့်နေခဲ့သည် ။ သူတို့ အဖမ်းမခံရပါက သိမည်မဟုတ် ။ ဤသည်ကို မည်သူ ယုံနိုင်ပါမည်နည်း ။

" ညီလေးလင်း.."

လီကျားရွှမ်က သက်ပြင်းချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏ ။

" ငါ တက္ကသိုလ်မှာ အရမ်းကြိုးစားတဲ့သူတွေ တွေ့ဖူးပင်မဲ့ မင်းလို ဓားကြီးကစားနေတဲ့ အချိန်မှာ လေ့ကျင့်နေတဲ့သူကို မတွေ့ဖူးဘူး.. မင်းက ကြိုးစားခြင်း နတ်ဘုရားပဲ.."

" ငါ..ငါ.. "

လင်းမို့ မည်သို့ ရှင်းပြရမည်မသိ ။ သူ ပျင်းရိရန် အတွက် လေ့လာနေသည်ဟုပြောလျှင် မည်သူမှ ယုံကြမည်မဟုတ် ။

' ငါအခု ဘာလုပ်ရမလဲ..'

လင်းမို့ စိတ်ပူသွားသည် ။ လူသုံးယောက် ကစားရန် အတူတူထွက်လာသော်လည်း နှစ်ယောက်က အဖမ်းခံထားရလေသည် ။

" ငါမကြောက်ဘူး.. "

လီကျားရွှမ်က ဂုဏ်ယူဟန်ဖြင့်...

" ကျုပ်က ကျုပ်တို့တက္ကသိုလ်က ကျောင်းသားလက်ခံဌာန ဒါရိုက်တာရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် လုပ်နေတာ.. အသုံးစရိတ်ပါ ပေးပြီးတော့ သူက တစ်ခုခုဖြစ်ရင် ကာကွယ်ပေးမယ်တဲ့.. ကျုပ်ဖုန်းဆက်လိုက်မယ်.. "

လီကျားရွှမ်က စိတ်စွမ်းအားရှင်ဖြစ်သဖြင့် လက်ကို အချုပ်ခံထားရသော်လည်း စိတ်စွမ်းအားဖြင့် ဖုန်းကို ထိန်းချုပ်၍ ဆက်လိုက်သည် ။

" ဟယ်လို.. ဆရာလား.. ကျွန်တော်တို့ ဓားကြီး အဖမ်းခံလိုက်ရလို့.. အာမခံ လာပေးပါအုံး... "

" သောက်ခွေး.."

လီကျားရွှမ်က ဖုန်းတစ်ဖက် မှ သူမျှော်လင့်ထားသလို ပြောမလာ၍ အံ့အားသင့်သွားသည် ။

" ဓားကြီးကစားတာလား.. အဖမ်းတောင် ခံရသေးတာလား.. အဲ့တာ ကျောင်းသားတစ်ယောက် လုပ်သင့်တယ့်အရာလား.. စည်းကမ်းမရှိ အရှက်မရှိလိုက်တာ .. ထွီ.. နောက် မင်းနဲ့ငါ ဘာမှ မပက်သက်တော့ဘူး.. တူတူတူတူ..... "

လီကျားရွှမ်.... " ?????"

လီကျားရွှမ် ဆွံ့အသွား၏ ။ အရင်က ဒီလိုမဟုတ် ။ သူကို ပင်ချီးကျူးနေခဲ့ပြီး အာမခံများပင် ပေးခဲ့သည် ။ မည်သို့ ပြောင်းလဲသွားပါသနည်း ။

" သွားမယ်.. သွားမယ်.. "

ရဲများက ဖမ်းခေါ်သွားတော့သည် ။

' ဒီကိစ္စ.. '

လင်းမို့က ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုသို့ မခေါ်ဆိုမီ ဆယ်မိနစ်ခန့် စဥ်းစားလိုက်ရသည် ။

" ဟယ်လို ညီလေးလင်း .."

ဖုန်းတဖက်မှ ဖော်ရွေသော ကောင်းဖန်း၏ အသံထွက်ပေါ်လာသည် ။

" တက္ကသိုလ် ပထမဆုံးနေ့ အဆင်ပြေလား.. နေရေးထိုင်ရေးရော ဘယ်လိုလဲ.. "

" အဟမ်း.. အကိုကြီး ကျွန်တော်ပြောစရာ ရှိလို့.. "

ဟောက်ရန်၏ မိသားစုအား အကြောင်းကြားပေးရမည်ဖြစ်သည် ။ မဟုတ်လျှင် လဝက်လောက် ဂျေးအောင်း သွားနိုင်သည် ။

" ပြောလေ.. "

ကောင်းဖန်က အာရုံစိုက်၍ နားထောင်လိုက်သည် ။

" ဒီလိုပါ.. "

လင်းမို့၏ အသံက ကို့ရို့ကားယား ဖြစ်နေ၏ ။

" ခုနက ဟောက်ရန် ဓားကြီးမှုနဲ့ အဖမ်းခံလိုက်ရလို့.. "

ကောင်းဖန်း... " ? "

" ညီလေးလင်း ငါမင်းကို အပြစ်တင်တာတော့ မဟုတ်ပါဘူး.. မင်းပြောတော့ ဟောက်ရန်ကို ဂရုစိုက်မယ်ဆိုပြီးတော့ ပထမဆုံးနေ့ပဲရှိသေးတယ် အဖမ်းခံလိုက်ရပြီ.. "

" အကိုကြီး ကျွန်တော်လည်း ရှက်မိပါတယ်.. "

လင်းမို့က ဝန်ခံလိုက်ပြီး...

" ဟောက်ရန်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို သိချင်လို့ ဒီနေရာကို ခေါ်လာလိုက်တာ... "

" ဘယ်ယောကျ်ားက ထိန်းချုပ်နိုင်မှာလဲ... "

ကောင်းဖန်းက အကူအညီမဲ့ဟန်ဖြင့်...

" ငါတောင် အရှုံးပေးခဲ့ရတာကို.. ကိစ္စတော့ မရှိဘူး ကျန်းနန် သိုင်းဌာန ခေါင်းဆောင်က ငါနဲ့ ဓားကြီး ဆော့ဖော် ဆော့ဖက်တွေ ( ဟောက်ရန်က အဖေတူသား 😂 ) .. သူတို့ကို MAD မှုခင်းနှိမ်နင်းရေးရဲက ဖမ်းသွားတာမှလား.. ငါ အာမခံ ပေးခိုင်းလိုက်မယ်.. "

All Chapters