← Chapters

ကျောင်းသို့ ရောက်ပြီး​နောက် ~

Vol. 9 Ch. 133

ကျောင်းသို့ ရောက်ပြီး​နောက် ~

Vol. 9 Ch. 133

လီကျားရွှမ် ၊ ဟောက်ရန်နှင့် သူတို့ခေါ်ယူထားသော အမွှာညီမများ အဖမ်းခံလိုက်ရ၏ ။

လင်းမို့၏ အခန်းအတွင်းရှိ အမွှာညီမမှာ အဖမ်းမခံရသော်လည်း ဆက်မလုပ်ရဲတော့ပေ ။ ရဲများ ပြန်လာလျှင်ခက်ချေမည် ။

" ကျွန်မတို့ ပိုက်ဆံ ပြန်ပေးမယ် ဒီညတော့အလုပ်ဆက်မလုပ်ရဲတော့ဘူး .."

သူမတို့ ပြန်ပေးလိုက်သော်လည်း နာကျင်သွား၏ ။ ဤအလုပ်ရရန် မလွယ်ကူခဲ့ပေ ။ ပိုက်ဆံပြန်ပေးရမည်ဖြစ်သဖြင့် နှမြောသွားသည် ။

" ထားလိုက်ပါ.. ရပါတယ်.. "

လင်းမို့က ပြောလိုက်သည် ။ လီကျားရွှမ်က ဒကာခံသည်ဖြစ်၍ သူ့ပိုက်ဆံမဟုတ်ချေ ။ ထို့အပြင် လီကျားရွှမ်က အဖမ်းခံလိုက်ရချေပြီ ။ သူထောင်အတွင်းသို့ လိုက်၍ ပြန်သွားပေးရမည်လော ။

သိုင်းပညာရှင်များနှင့် သာမန်လူများက ကမ္ဘာမတူကြပေ ။ ယွမ်ထောင်ဂဏန်းမှာ သူမတို့အတွက် များပြားသော်လည်း သိုင်းပညာရှင်များအတွက်မူ မုန့်ဖိုးသာ ရှိသည် ။ လင်းမို့၏ ရှေးဦးစကြာဝဠာ အကောင့်တွင် ယွမ်သန်းဆယ်ချီတန် အမှတ်များရှိပေသည် ။ သူမည့်သည့်မျက်နှာဖြင့် ယွမ်ထောင်ဂဏန်းကို ပြန်ယူရမည်နည်း ။

" နင်တို့ ဒီမှာ အိပ်ရင် အိပ်ကြလေ.. ငါက ကျောင်းပြန်သွားတော့မှာ.. "

လင်းမို့က မတ်တပ်ရပ်ပြီး ပြောလိုက်၏ ။ သူတက်ကြွအညွှန်းကိန်း ရရန် ကျောင်းသို့ ပြန်သွားရပေမည် ။

ဟောက်ရန်နှင့် လီကျားရွှမ်သာ ရှိသေးလျှင် သူပြန်ရန် ရှက်ရွှံံ့နေမည် ဖြစ်သော်လည်း ဂျေးအောင်းသွားကြသဖြင့် သူလွတ်လွတ်လပ်လပ် ပြန်၍ ရပေပြီ ။

အခန်းတွင်းမှ ထွက်သွားသော လင်းမို့ကို ကြည့်၍ အမွှညီမနှစ်ယောက် အတွေးနက်သွား၏ ။

' လူကောင်းပဲ..'

သူမတို့၏ အလုပ်အကိုင်ထဲတွင် ထိုသို့ လူကောင်းများနှင့် နောက်တစ်ကြိမ်ထပ်​ဆုံရင် မဖြစ်နိုင်သလောက်ပင် ။

ဟိုတယ်နှင့် ကျောင်းက သိပ်မဝေးလှ ။ လင်းမို့ ကျောင်းသို့ပြန်ရောက်ချိန်တွင် ညကိုးနာရီခန့်သာ ရှိသေးသည် ။ ကျောင်းတံခါးပိတ်ရန် နှစ်နာရီ သုံးနာရီ လောက်လိုသေး၏ ။

လင်းမို့ ကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် တက်ကြွအညွှန်းကိန်းများမှ တိုးတက်လာသော ခွန်အားကို ခံစားမိလိုက်သည် ။

' ကျောင်းက ငါ့အတွက် အဆင်ပြေဆုံးပဲ..'

ညနက်နေပြီ ဖြစ်သော်လည်း တက်ကြွအညွှန်းကိန်းက ၃၀၀ နီးပါး ရှိလေသည် ။ ကျောင်းအတွင်းသို့ ရောက်လျှင် ပို၍ပင် မြင့်လာသေးသည် ။

ဟိုတယ် တွင် တက်ကြွအညွှန်းကိန်းမှာ ၀ နီးပါးဖြစ်သည် ။ အခန်းထဲတွင် အမွှာညီီမများ ရှိသော်လည်း သူ့ကို တက်ကြွအညွှန်းကိန်း မပေးနိုင်ကြ ။ တက်ကြွအညွှန်းကိန်း မရသည့် နေရာတွင် မည်သည့်အတွက်ကြောင့် နေရမည်နည်း ။

ထိုစဥ် ရှေ့သစ်ပင်တန်းများကြားမှ ရင်းနှီးနေသော အသံထွက်ပေါ်လာသည် ။

" လင်းမို့.."

လင်းမို့ လှမ်းကြည့်လိုက်ပြီး..

" ယန်ယီမို.. "

လင်းမို့ အံ့သြသွား၏ ။

" နင်လည်း ကျန်းနန် တက္ကသိုလ်တက်နေတာပေါ့.. "

" အင်းလေ.. "

ယီမိုက...

" စိတ်ပညာရှင်တွေက ကျန်းနန်တက္ကသိုလ်ကိုပဲ အများဆုံးလာကြတာလေ.. "

" အော် အေးပါ.."

လင်းမို့ ထိုသည်ကို သေချာမသိ ။

" ညနက်နေပြီ.. နင်ပြန်မအိပ်သေးဘူးလား .."

" ငါခုမှ ပထမဆုံးကျန်းနန်တက္ကသိုလ်ကို ရောက်ဖူးတာလေ.. လမ်းပတ်လျောက်ကြည့်တာ.. "

ယီမိုက ရုတ်တရက်..

" ငါကျောင်းကို ရောက်တဲ့အချိန်တုန်းက နင်နဲ့ ဟောက်ရန်ကို ငါ့ဝမ်းကွဲ ခေါ်သွားတယ်ဆို .. နင်တစ်ယောက်ထဲလား သူတို့နှစ်ယောက်ရော.."

' ငါဘယ်လိုပြောရမလဲ..'

လင်းမို့ အနည်းငယ် ရှက်သွားပြီး..

" သူတို့ အဖမ်းခံလိုက်ရပြန်ပြီ .."

" ဒါ.. "

ယီမို ဆွံ့အသွား၏ ။ ရက်အနည်းငယ်အတွင်း နှစ်ခါ အဖမ်းခံရပြီး သူမတို့၏ မိသားစုကို အရှက်ခွဲနေလေသည် ။

" နင်ကရော ဘာလို့ အဖမ်းမခံရတာလဲ.."

ယီမိုက မေးလိုက်မိ၏ ။

" ငါက အဲ့လိုကောင်လား.."

လင်းမို့က ဖြောင့်မတ်ဟန် အပြည့်ဖြင့် ပြောလိုက်သည် ။

ယီမိုလည်း ထိုသည်မှ စိတ်သက်သာသလို ခံစားမိလိုက်သည် ။

" ကျောင်းထဲ လမ်းပတ်လျောက်ချင်လား.."

ယီမိုက ဖိတ်ခေါ်လိုက်သည် ။

" တော်ပြီ.. "

လင်းမို့က ချက်ချင်း ငြင်းလိုက်ပြီး..

" ငါ့အခန်းကို မသွားရသေးဘူး.. အခန်းသွားကြည့်ရအုံးမယ်.. "

" နင်လုပ်ချင်တာလုပ်.. "

ယီမိုက မျက်စောင်းထိုးလိုက်၏ ။

မကြာမီပင် လင်းမို့ ကျောင်းသားလက်ဆွဲအတိုင်း သူ့အခန်းကို ရှာတွေ့သွားသည် ။

" အဆောင် ၅ အခန်း ၂၀၇.. "

ကျန်းနန် တက္ကသိုလ်ရှိ ကျောင်းသားတိုင်း ကိုယ်ပိုင်အခန်း ရရှိမည်ဖြစ်သည် ။

ကျောင်းသားတိုင်း လေ့ကျင့်ကြသည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် လေ့ကျင့်ပုံခြင်း မတူညီကြချေ ။ အတူတူ တွဲထားလျှင် ပြသနာများ တက်လာနိုင်ပေသည် ။

အခန်းက အရမ်းမကျယ်သော်လည်း လိုအပ်သည်များကို အပြည့်အစုံ ဖြည့်ပေးထားပြီး အသံလုံသည် ။ အရေးအကြီးဆုံးမှာ ခိုင်ခံသော ပစ္စည်းများကိုသာ အသုံးပြုပေးထားခြင်းဖြစ်သည် ။

" မဆိုးဘူး မဆိုးဘူး.."

လင်းမို့ သူ၏ အခန်းအား ပတ်ကြည့်ပြီး အလွန်ကျေနပ်သွားသည် ။ ထိပ်တန်းတက္ကသိုလ်ဖြစ်သဖြင့် အခန်းများက အလွန်ကောင်းလှသည် ။

အခန်းဖော်မရှိ၍ သူ၏တက်ကြွအညွှန်း ကိန်းလျော့သွားမည်ဖြစ်သော်လည်း တစ်ယောက်တည်း အေးဆေး ပျင်းရိနိုင်ပေသည် ။ တခြားသူများအမြင်တွင် တစ်ယောက်ထဲ ကျိတ်၍ ကြိုးစားနေသည်ဟု မြင်ကြပေလိမ့်မည် ။

အားလုံးပြင်ဆင်ပြီးနောက် လင်းမို့က တက်ကြွအညွှန်းကိန်းကို သေချာစစ်ဆေးလိုက်သည် ။

[ တက်ကြွအညွှန်းကိန်း ... ၄၇၃ ( အောက်တွင်အသေးစိတ်အချက်အလက်များ )

လက်သီးပြင်းအား ... ၁၀၇

စွမ်းအင်အဆီအနှစ်... ၅၅

စိတ်ထိန်းချုပ်သူ... ၃၂

စိတ်စွမ်းအားရှင်... ၆၈

တိုက်ခိုက်ရေးစွမ်းရည်... ၂၁၁ ]

" ရှီး...... ညဆယ်နာရီထိုးတော့မယ် ဒီလောက်မြင့်နေသေးတာလား.."

လင်းမို့ ကျေနပ်သွား၏ ။ ထိပ်တန်းတက္ကသိုလ် ပီသပါပေသည် ။ သူ၏ အခန်းမှာ ကျန်းနန်တက္ကသိုလ်တွင် အောက်ခြေအဆင့် နေရာတွင်သာ ရှိသည် ။ အလယ်အဆင့်နှင့် ထိပ်တန်းအဆင့် နေရာများတွင် တက်ကြွအညွှန်းကိန်း မည်မျှအထိ မြင့်နေမည်နည်း ။ နေခင်းဘက်ဆိုလျှင် မည်မျှအထိ မြင့်သွားမည်နည်း ။

' ကျန်းနန် တက္ကသိုလ်က ပြည့်စုံလိုက်တာ.. '

သူ အလွန်ကျေနပ်သွားသည် ။ လက်သီးပြင်းအား ၊ စိတ်စွမ်းအား ၊ တိုက်ခိုက်ရေးစွမ်းရည် လစ်ဟင်းသည်ဟူ၍မရှိ ။ အရာအားလုံး ရရှိနိုင်သည် ။

' ဒီမှာ ငါ တစ်နှစ်လောက်နေလိုက်ရင် ဘယ်လောက်အထိ တိုးတက်လာမှာလဲ.. '

ကျန်းနန် တက္ကသိုလ်၏ စတုတ္ထနှစ်ဖြင့် ဘွဲ့ရသူများမှာ ကြယ်ကိုးပွင့် အဆင့်တွင် အများဆုံး ရှိကြသည် ။ မာစတာတန်းကျောင်းသားများက ငွေလအဆင့်ဖြင့် ဘွဲ့ရကြပြီး ပါရဂူတန်း ကျောင်းသားများက နေအလင်းအဆင့်ဖြင့် ဘွဲ့ရကြသည် ။

သို့သော် လင်းမို့သည် သူတစ်နှစ်အတွင်း ငွေလအဆင့်သို့ အေးဆေးရောက်နိုင်သည်ဟု ခံစားမိလိုက်သည် ။ နေအလင်းအဆင့်တော့ သူမမှန်းရဲ ။ နေအလင်းအဆင့်များက ကြောက်စရာကောင်းသော တည်ရှိမှုများ ဖြစ်ကြသည် ။

လင်းမို့ ဤသည်ကို တွေးရင် ဒေါသထွက်လာ၏ ။

' နောက်တစ်ခါ ငါ့ကို ဓားကြီးကစားဖို့ လာခေါ်ရင် မလိုက်တော့ဘူး.. ငါ့တက်ကြွအညွှန်းကိန်းလေးတွေ.. "

လင်းမို့က စားပွဲတွင် ထိုင်လိုက်ပြီး ကျောင်းသားလက်ဆွဲကို ဆက်လေ့လာလိုက်သည် ။ တက်ကြွအညွှန်းကိန်း အမြင့်ဆုံးရရှိရန် မည်သို့ ဗျူဟာ ချရမည်ကို သေချာစဥ်းစားရပေမည် ။ ပျင်းရိနေလျှင်ပင် ပရိုပျင်းရိသူ ဖြစ်ရပေမည် ။

လင်းမို့ အရေးကြီးသော အချက်တစ်ခုကို တွေ့လိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားသည် ။

' ကျန်းနန် တက္ကသိုလ်မှာ စိန်ခေါ်ပြီး အခန်းလုလို့ ရတာပဲ.. '

စိန်ခေါ်၍ အနိုင်ရလျှင် အခန်းလဲနိုင်သည် ။ သူသည် တက်ကြွအညွှန်းကိန်း အမြင့်ဆုံးရှိမည့်အခန်းကို ရှာဖွေရပေမည် ။

All Chapters