ခွေးတွေပဲ ကြိုးစားမှာ ~
Vol. 9 Ch. 134
တက္ကသိုလ်ရှိ အဆောင်များကို အဆင့်အမျိုးမျိုး ခွဲခြားထားသည် ။ ပထမနှစ်ကျောင်းသားများ၏ အဆောင်က သေးငယ်၍ ရိုးရှင်းသည့် အခန်းလေးများ ဖြစ်ကြသည် ။ ကျောင်းရှိ အကောင်းဆုံး အဆောင်မှာ ရှုခင်းလှပသော ဗီလာကြီးများပင် ။
ဤသို့ ခွဲခြားထားရခြင်းမှာ ကျောင်းသားများအား ကြိုးစားချင်စိတ် ပိုလာစေရန် ရည်ရွယ်သည် ။ ထို့ကြောင့် စိန်ခေါ်မှု စနစ်ကို ထည့်သွင်းထားရခြင်းပင် ။ နေစရာ ကောင်းကောင်းလိုချင်လျှင် လုံလောက်သော ခွန်အား ရှိရမည်ဖြစ်သည် ။ လုံလောက်အောင် မသန်မာပါက အငယ်တန်းများ၏ လုယူခြင်းကို ခံရနိုင်ပြီး အရှက်ကွဲမည် ။ မကြိုးစားဘဲ မနေရဲကြတော့ ။
လင်းမို့က နေထိုင်ရန် နေရာကောင်းကို ဂရုမစိုက်သော်လည်း တက်ကြွအညွှန်းကိန်း အမြင့်ဆုံးကို ရယူမည်ဖြစ်သည် ။
' ကျောင်းမှာရှိတဲ့ နေရာတိုင်းကို လေ့လာရမယ်ထင်တယ်.. '
လင်းမို့က တွေးလိုက်၏ ။
' ငါ အားတဲ့အချိန် ကျောင်းကို ပတ်ကြည့်ရမယ်.. '
နေ့တိုင်းအိပ်နေသည်က ကောင်းသော်လည်း ခြေညောင်းလက်ဆန့် အပြင်းပြေ လမ်းလျောက်သင့်ပေသည် ။
' အိပ်တာပဲ ကောင်းတယ်.. '
လင်းမို့သည် သူ၏ ညီအကိုကောင်းနှစ်ယောက် ထောင်ထဲတွင် မည်သို့မည်ပုံ အိပ်နေသည်ကို မသိသော်လည်း အဆောင်သစ်တွင် နှစ်ချိုက်စွာ အိပ်ပျော်သွားခဲ့သည် ။
နောက်တစ်နေ့ မနက်..
လင်းမို့ ပျော်ရွှင်စွာ နိုးထလာ၏ ။
' ငါ့ လက်သီးပြင်းအား မနေ့ညက ကီလို ၂၀၀ တောင်တိုးလာတာပဲ ၃၄၀၀ ကျော်သွားပြီ.. '
လင်းမို့ တက်ကြွသော ကြက်ဖကြီး ဖြစ်သွားသည် ။ အဆင့်တက်မြန်သည်က ကျေနပ်စရာကောင်းလှပေသည် ။
သူ၏ တက်ကြွအညွှန်းကိန်းကို စစ်ကြည့်ရာ ၁၀၀၀ ကျော်နေပြီး လက်သီးပြင်းအားအညွှန်းကိန်း က ၃၀၀ ခန့်ရှိပေသည် ။
' ၃၀၀ ဆိုတော့ ငါ့လက်သီးပြင်းအားက တစ်နာရီကို ၆၀ ကီလို တိုးလာမှာပဲ.. '
လင်းမို့ ကြောက်စရာကောင်းသည့် အချက်ကို ရှာတွေ့သွား၏ ။ တစ်နာရီလျှင် ၆၀ ကီလိုနှုန်းဖြင့် တစ်ရက်လျှင် တစ်တန်ကျော် တိုးလာနေသည် ။
' လက်သီးပြင်းအား တိုးနှုန်းကို တန်နဲ့ တွက်ရတော့မှာလား..'
လင်းမို့ လန့်သွား၏ ။ ဤသည်က အမြန်ဆုံးမဟုတ်သေး ။ သူ တက်ကြွအညွှန်းကိန်း အမြင့်ဆုံး အဆောင်ကို ရှာတွေ့သည့်အခါ ပိုမြန်လာမည်ဖြစ်သည် ။
လက်သီးပြင်းအားတွင်သာမက ကဏ္ဍအားလုံတွင် တိုးလာပေမည် ။
" တက္ကသိုလ် ဘဝက အကောင်းဆုံးပဲကွ.. "
လင်းမို့ ပျော်ရွှင်စွာ အော်ဟစ်နေချိန်တွင် ဖုန်းဝင်လာသည် ။
' ဟောက်ရန်ပါလား..'
လင်းမို့ အနည်းငယ်အံ့သြသွားသည် ။
' သူ ဒီလောက်မြန်မြန် လွတ်လာပြီလား..'
" ဟားဟားဟား... အကိုမို့.."
ဟောက်ရန်၏ အသံက စိတ်ဓာတ်ကျနေသည့် ပုံမပေါ် ။ သူထောင်ထဲတွင် အေးဆေးနေခဲ့ရပုံပေါ်သည် ။
" မနေ့ညက ငါမှားတာ သိပြီ.. "
" မင်းအမှားကို မင်းသိပြီလား.."
" ဟုတ်တယ် ငါမှားမှန်း ငါသိပြီ ဒီနေ့က စပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစား မလုပ်တော့ဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်.. " ( ဖအေတူသား😂 )
" အဝါရောင် ကရော.. " ( လိင်မှုကိစ္စကို ရည်ညွှန်းသည် )
လင်းမို့ မေးလိုက်မိ၏ ။
" အဝါရောင်လေးတော့ ချမ်းသာပေးပါ.. ဟီးဟီးဟီး.. မနေ့ညက နတ်ပြည်ရောက်သွားသလိုပဲ.. "
ဟောက်ရန်က ရယ်လိုက်ပြီး..
" ဒါက တက္ကသိုလ်ကျောင်းသားဘဝ ပဲ.. တက္ကသိုလ်ကျောင်းသားဘဝက ကောင်းလိုက်တာ.. "
လင်းမို့ မျက်ဖြူလှန်မတက် ဖြစ်သွား၏ ။ သူ၏ ညီအကိုကောင်းမှာ တက္ကသိုလ် ပထမဆုံးနေ့တွင်ပင် ကျဆုံးခဲ့လေပြီ ။
ကျန်းဝူ သိုင်းဖိုရမ်..
ဤသည်က ကျန်းနန်တက္ကသိုလ်၏ တရားဝင် ဖိုရမ် ဖြစ်သည် ။ တက္ကသိုလ်တွင် ဖြစ်ပျက်သမျှ သတင်းအားလုံးကို သိရှိနိုင်သည် ။
ယနေ့တွင်..
" ဒီနေ့ ကြိုးစားခြင်းနတ်ဘုရား ပေါ်လာပြီတဲ့.. "
" ကျန်း ဝူနတ်ဘုရား အဆင့်ထဲ နောက်တစ်ယောက် ဝင်သွားပြီပေါ့.. "
" သူက သူ့သူငယ်ချင်းတွေနဲ့ ဓားကြီးသွားကစားတာကို တိတ်တိတ်လေး အခန်းထဲမှာ လေ့ကျင့်နေတာ .. ခေါ်ထားတဲ့ အမွှာညီမကို သူလေ့ကျင့်တာကို ထိုင်ကြည့်ခိုင်းထားတာတဲ့.. "
" ငါ ဒီလို ကြိုးစားတဲ့သူမျိုးကို ခုမှ ကြားဖူးတယ်.. "
" နောက်လေးနှစ် အတွင်း သူဘယ်လောက် ကြိုးစားလဲ စောင့်ကြည့်ရမယ်.. "
လင်းမို့လည်း သူ့အတွက်အသုံး ဝင်မည့် သတင်းရှိမလားဟု ကျန်းဝူဖိုရမ်သို့ ဝင်ကြည့်လိုက်ရာ သူ့အကြောင်းများသာ ဖြစ်နေသည် ။
' ငါ.. '
' ကြိုးစားခြင်းနတ်ဘုရားလား.. '
' ငါ့ဟာငါ ကျောင်းသားလက်ဆွဲကို ခဏလေး ဖတ်လိုက်တာကို ဘယ်ကောင် အာချောင်သွားတာလဲ.. '
ကျန်းနန် တက္ကသိုလ်သို့ ဝင်ခွင့်ရထားသူများထဲတွင် မကြိုးစားသူဟူ၍ သူနှင့် ဟောက်ရန်သာ ရှိပေမည် ။ ရေကုန်ရေခန်း ကြိုးစားခဲ့ကြသဖြင့် ကျန်းနန်တက္ကသိုလ်သို့ ဝင်ခွင့်ရသူများသာ ဖြစ်သည် ။ ယခု ထိုလူများက သူ့အား လက်ညိုးထိုး၍ မင်းက ကြိုးစားခြင်းနတ်ဘုရား ဟု ပြောနေကြ၏ ။
' ချီး.. ခွေးတွေပဲ ကြိုးစားမှာကွ..'
နတ်ဘုရား ဆိုလျှင်ပင် သူက ပျင်းရိခြင်း နတ်ဘုရား သာဖြစ်မည် ။ သူ၏ ဂုဏ်သိက္ခာအား စော်ကားနေကြသဖြင့် လင်းမို့ ကျိန်ဆဲလိုက်၏ ။
ကျန်းနန် တက္ကသိုလ် ကျောင်းအုပ် ရုံးခန်း...
ကျောင်းအုပ် ထူနှင့် ကိုယ်ရေးလက်ထောက် ဟယ်ရှင်းတို့ ထိုသတင်းအား အာရုံစိုက်နေကြသည် ။
" လင်းမို့က တော်လိုက်တာ.. "
ထူပင်းချမ်က ချီးကျူးလိုက်သည် ။ သူ မနေ့က လင်းမို့အား စိုးရိမ်ခဲ့သော်လည်း ယခု လိုအပ်တော့ပုံမရ ။ ထိုကလေးက မာနမကြီးဘဲ အချိန်ရှိသရွေ့ ကြိုးစားနေ၏ ။ ကျောင်းသို့ရောက် ရောက်ခြင်းပင် ကျန်းနန်တက္ကသိုလ်၏ ကြိုးစားခြင်းနတ်ဘုရား ဖြစ်သွားလေပြီ ။
" ဆရာ အဲ့တာဆို လင်းမို့နဲ့ စကားပြောအုံးမှာလား.."
ဟယ်ရှင်းက မေးလိုက်၏ ။
" မလိုတော့ဘူး.. "
ထူပင်းချမ်က လက်ယမ်းလိုက်ပြီး...
" လင်းမို့လို ကြိုးစားတဲ့ကလေးက သတိပေးနေစရာ မလိုဘူး သူလေ့ကျင့်နေတာကို အနှောက်အယှက် မဖြစ်စေနဲ့.."
" ဟုတ်ကဲ့ပါ ကျွန်မ နားလည်ပါပြီ.."
ဟယ်ရှင်းက ပြန်ဖြေလိုက်သည် ။
" ပြီးတော့ .. "
ထူပင်းချမ်က...
" လမ်းညွှန်တိုက်ပွဲ ပြီးရင် အဲ့ကလေး ပိုကြိုးစားလာလိမ့်မယ်.. "
ထိုအချိန် ကျန်းနန် တက္ကသိုလ်ရှိ ဒုတိယနှစ် အဆောင်တစ်ခုရှိ အခန်းတစ်ခန်းတွင်...
' လမ်းညွှန်တိုက်ပွဲက နောက်ခုနှစ်ရက်အတွင်း တနဂ်နွေနေ့.. '
ဒုတိယနှစ်ကျောင်းသားက လူယုတ်မာပြုံး ပြုံးလိုက်သည် ။
သူမက ဒုတိယနှစ်၏ အဆင့် ၂ ပါရမီရှင် ချီဖုန့်ပို ဖြစ်သည် ။
စာမေးပွဲရလဒ်အရ လင်းမို့သည် ပထမနှစ်၏ အဆင့် ၂ ဖြစ်သဖြင့် သူမနှင့် တိုက်ခိုက်ရမည်ဖြစ်သည် ။
' အမှတ်ပြည့် သုံးခု ရခဲ့တဲ့ သူလား.. ပြိုင်ဘက်ကင်း ပါရမီရှင်လား.. ကြိုးစားခြင်းနတ်ဘုရားလား.."
ချီဖုန့်ပို က ဖိုရမ်အား ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်သည် ။
'' လင်းမို့..အိုးးး လင်းမို့ .. ငါက နင့်ကို ကျန်းနန်တက္ကသိုလ်မှာ ပထမဆုံး ပညာပေးမယ့်သူပဲ.. "
သူမ လင်းမို့အား ပြိုင်ပွဲတွင် ရိုက်နှက်လျှင် အပြစ်ပေးမခံရရုံသာမက သူ့အား လမ်းညွှန်မှုအတွက် ကျေးဇူးပင် တင်ရမည်ဖြစ်သည် ။ လင်းမို့က သူ့အား ကျေးဇူးတင်ရမည် ဖြစ်သလို အရိုက်လည်းခံရမည်ဖြစ်သည် ။
' သူ အနာဂတ်မှာ ဘယ်လောက်ပဲ သန်မာသန်မာ.. သိုင်းမဟာသခင် အဆင့်ကို ကျော်ပြီး စစ်နတ်ဘုရား ဖြစ်ဖြစ် .. သူငါ့ကို ရှုံးဖူးတာ ပြင်လို့ရမှာ မဟုတ်ဘူး..'
ချီဖုန့်ပိုက တွေးရင် စိတ်လှုပ်ရှားလာ၏ ။ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးအား အနိုင်ယူရသည့် ခံစားချက်ကို သူမ မျှော်လင့်နေသည် ။ သူမ ဘဝ၏ ဂုဏ်အယူရဆုံးအချိန်ပင် ဖြစ်ပေလိမ့်မည် ။
" မဟုတ်ဘူး.. ငါထိုင်နေလို့ မဖြစ်ဘူး.."
ချီဖုန့်ပိုက မတ်တပ်ရပ်လိုက်ပြီး...
" ငါ သူ့ကို သွားရှာရမယ်.. "
လမ်းညွှန်တိုက်ပွဲက လိုသေးသော်လည်း သူမ လင်းမို့အား တွေ့ရန် မစောင့်နိုင်တော့ ။
Chapter 135